Skip to main content

အာဏာသိမ်း ၆ လ တွင်းအခြေအနေ

Page 1

Sagaing Region Tamu township, Namphalong, Ward No - 12 (A) Temporary address: Ward No -2 Moreh, Manipur, India Email: ksdfburma@gmail.com

စစ်အာဏာသိမ်းပြီး အိန္ဒိယမြန်မာနယ်စပ်ဒေသ တမူးခရိုင်အတွင်းအခြေအနေများ (ဖေဖော်ဝါရီ ၁ ရက် မှ ဇူလိုင်လအထိ)

အကျဉ်းချူပ် ဤအစီရင်ခံစာ စာတမ်းသည် အာဏာသိမ်းနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်အတွင်း မြင့်တက်နေသည့် ပဋ္ဋိပက္ခအခြေအနေများကို အကျဉ်းချုပ်ဖော်ပြခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် စစ်တပ်မှတိုင်းပြည်အာဏာကိုမတရားသိမ်းယူပြီး စစ်အုပ်ချူပ်ရေး ကောင်စီကိုဖွဲ့စည်းကာ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးလူငယ်များနှင့် လူထုအခြေပြုအဖွဲ့အစည်းများကို လက်နက်အားကိုးမတရားအနိုင်ကျင့် ဖမ်းဆီးလျှက်ရှိသည်။ သပိတ်စစ်ကြောင်းများအား ဟန့်တားမှုများမှတဆင့် လုံးဝတားဆီးပိတ်ပင်လာပါတော့သည်။ ထိုမှတဆင့် တမူးဒေသ အတွင်းအာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမှာ တိုက်ပွဲသွင်ကူးပြောင်းလာကာ ထိခိုက်သေဆုံးသူရှိသလို ဒဏ် ရာပြင်းထန်ရရှိသူများလည်းရှိလာသည်။ ထိုသို့မြို့တွင်းလူနေအိမ်များအားနေ့စဉ်ဆိုသလိုပစ်ခတ်မှုကြောင့် ပြည်သူများနီးစပ်ရာ တဖက်နိုင်ငံ မိုးရေးမြို့တွင် ထွက်ပြေးတိမ်းရှောင်လာကြသူများရှိသလို အချို့မှာလည်း လယ်တောများသို့ လွတ်မြောက်ရာလွတ်မြောက် ကြောင်းထွက်ပြေးကြရသည်။ ပြည်သူလူထုမှလည်း ရရာလက်နက်ကိုင်ဆောင်ကာ မြို့တွင်း၌ပင်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြသည်။ သို့သော် လက်နက်အင်အားမမျှသမှုကြောင့် ပြည်သူ့ဖက်က ရဲဘော်များမှာလည်း တဖက်နိုင်ငံ မိုးရေးမြို့ရှိ Hill Trible Council နှင့် ကူကီး Community ၏အစစအရာရာကူညီစောင့်ရှောက်မှုဖြင့် ထွက်ပြေးနေထိုင်ကြရသည်။ ဇွန်လ(၁) ရက်နေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်းဆိုမှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ကိုဖွဲ့စည်းကာ ကူကီးအမျိုးသားတပ်မတော် (KNA-Burma)အဖွဲ့မှ စစ်သင်တန်းပေးခဲ့ပြီး ဇွန်လ(၂၀)ရက်မှ စတင်ကာ ပြောက်ကျားစနစ်ဖြင့် ယနေ့ထိလှုပ်ရှားလျှက်ရှိကြသည်။ ထိုသို့ စစ်တပ်၏ မတရားလုပ်ရပ်များကြောင့် လက်ရှိတွင် မတရားဖမ်းဆီးခံထားရသူ၊ ရိုက်နှက် စစ်ဆေးကာ ငွေဒဏ်(၅သိန်း)ဖြင့် ပြန်လည်လွတ်မြောက်လာသူနှင့် ပစ်သတ်ခံရသူဟူ၍ တနေ့တခြားမြင့်တက် လာသည်။

ကူကီးလူငယ်ကွန်ရက်

1


Turn static files into dynamic content formats.

Create a flipbook
အာဏာသိမ်း ၆ လ တွင်းအခြေအနေ by Seigin - Issuu