Skip to main content

After Military Coup update Situation 2nd Report

Page 1

Sagaing Region Tamu township, Namphalong, Ward No - 12 (A) Temporary address: Ward No -2 Moreh, Manipur, India Email: ksdfburma@gmail.com

စစ်အာဏာသိမ်းပြီး အိန္ဒိယမြန်မာနယ်စပ်ဒေသ တမူးခရိုင်အတွင်းအခြေအနေများ (၂၀၂၁ သြဂုတ်လ မှ ၂၀၂၂ ဇွန်လအထိ)

အကျဉ်းချူပ် ဤအစီရင်ခံစာ စာတမ်းသည် အာဏာသိမ်းနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်အတွင်း မြင့်တက်နေသည့် ပဋ္ဋိပက္ခအခြေအနေများကို အကျဉ်းချုပ်ဖော်ပြခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် စစ်တပ်မှတိုင်းပြည်အာဏာကိုမတရားသိမ်းယူပြီး စစ်အုပ်ချူပ်ရေး ကောင်စီကိုဖွဲ့စည်းကာ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးလူငယ်များနှင့် လူထုအခြေပြုအဖွဲ့အစည်းများကို လက်နက်အားကိုးမတရားအနိုင်ကျင့် ဖမ်းဆီးလျှက်ရှိသည်။ ထိုသို့မြို့တွင်း၊ ကျေးရွာတွင်း နေ့စဉ်ဆိုသလိုပစ်ခတ်မှုများ၊ နေအိမ်များ မီးရှုံ့ဖျက်ဆီးပြီး လူမဆန်စွာညှင်းပန်း နှိပ်စက်သတ်ဖြတ်မှုများကြောင့် ပြည်သူများနီးစပ်ရာ တဖက်နိုင်ငံ မိုးရေးမြို့နှင့် နီးစပ်ရာကျေးရွာများတွင် ထွက်ပြေး တိမ်းရှောင်လာကြသူများရှိသလို အချို့မှာလည်း လယ်တောများသို့ လွတ်မြောက်ရာလွတ်မြောက် ကြောင်းထွက်ပြေးကြရသည်။ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တဖက်နိုင်ငံ မိုးရေးမြို့နှင့် အခြားနီးစပ်ရာကျေးရွာများမှ လက်ခံကာ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးသော်လည်း မဏိပူရ်အစိုးရ ဌာနဆိုင်ရာများမှ Covid-19 ကို အကြောင်းပြ၍သော်လည်းကောင်း၊ လုံခြုံရေးကိုအကြောင်းပြ၍သော်လည်းကောင်း အချိန်တိုင်း ဖမ်းဆီးခြိမ်း ခြောက်မှုများလုပ်ဆောင်လျှက်ရှိသည်။ ဇွန်လ(၂၈)ရက်နေတွင် Lamka ခေါ်(Churachanpur)ခရိုင် Ngathal ကျေးရွာနှင့် အနီးတဝိုက်အား စစ်ဆင်ရေးပြုလုပ်ကာအသက်မပြည့်သည့် ကလေးငယ် (၂၀)ဦးအပါအဝင် မြန်မာပြည်မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် (၈၀)ဦးကို ဖမ်းဆီးပြီး ၎င်းတို့အား (FIR ref No 107(06)2022 CCP-PS u/s 14)အရ နိုင်ငံခြားသားအက်ဥပဒေဖြင့် တရားဆွဲအရေးယူခဲ့သည်။ ဒါ့အပြင် မိုးရေးမြို့ နှင့်အနီးတဝိုက်ရှိနေရာများကိုလည်းအလားသူ တင်းကြပ်စစ်ဆေးမှုများပိုမိုလုပ်ဆောင်လာသည်ကိုလည်းတွေ့ရှိရ သည်။ တော်လှန်ရေးအရှိန်ပိုမိုမြင့်တက်နေသလို တိုက်ပွဲများလည်း နေ့စဉ်ရက်ဆက် မြင့်တက်လာသည့်အတွက် ဒေသခံပြည်သူလူထုမှာ စားဝတ်နေရေး တစ်နေ့တခြားခက်ခဲလာကာ ဘဝရှင်သန်ရပ်တည်ရေးအတွက် ခရီးကြမ်း ကိုလျှောက်လှမ်းနေရပါသည်။ သို့ဖြစ်ပါ၍ ကူကီးကျောင်းသားလူငယ်များအဖွဲ့ချူပ် အနေဖြင့် ဒီမိုကရေစီနိုင်ငံအကြီးဆုံးနိုင်ငံဖြစ် သည့် အိန္ဒိယအစိုးရသော် လည်းကောင်း မဏိပူရပြည်နယ်အစိုးရအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသတ်ဖြတ်မှုရန်မှ ထွက်ပြေးခိုလုံလာသည့် ပြည်သူလူထုအား လူသားချင်းစာနာထောက်ထားသော အားဖြင့် ကူညီဆောင်ရွက်မှု ပေးနိုင်ရန်နှင့် မိမိတို့အပေါ် အခွင့်အရေးဆိုင်ရာ အပေးအယူမရှိစေရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပေါ်ပြန်လည်ရောက်ရှိလာရေး မားမားမတ်မတ်ရပ်တည်ပေးရန် ဆက်လက်တိုက်တွန်းလိုပါသည်။

ကူကီးကျောင်းသားလူငယ်အဖွဲ့

1


အာဏာသိမ်း ၁ နှစ်ကျော်ကာလ အိန္ဒိယမြန်မာနယ်စပ် တမူးခရိုင်အခြေအနေ ဒုတိယအကြိမ်ထုတ်ပြန်ခြင်း

(ဒေသအတွင်း တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ဒုက္ခသည်များထွက်ပြေးခိုလုံရာနေရာပြမြေပုံ)

ကူကီးကျောင်းသားလူငယ်အဖွဲ့

2


အာဏာသိမ်း ၁ နှစ်ကျော်ကာလ အိန္ဒိယမြန်မာနယ်စပ် တမူးခရိုင်အခြေအနေ ဒုတိယအကြိမ်ထုတ်ပြန်ခြင်း

ဒေသအတွင်းနေ့စဉ် အဖြစ်အပျက်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ကျူးလွန်မှုများ စစ်အာဏာသိမ်းမှုတစ်နှစ်ကျော် တော်လှန်ရေးတစ်နှစ်ခွဲကာလ ၂၀၂၁ ခုနှစ် သြဂုတ်လ မှ ၂၀၂၂ ခုနှစ် ဇွန်လအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းလက်အောက်ခံ ပျူစောထီများ၏ မတရား သတ်ဖြတ်ညှင်းပန်းနှိပ်စက်မှု ကြောင့် အပြစ်မဲ့ပြည်သူ (၁၉)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၄ )ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်။နေအိမ် (၁၄) လုံးကျော် မီးရှုံ့ဖျက်ဆီးခံရပြီး (၆)ဦးထက်မနည်း မတရားဖမ်းဆီးခံထားရသည်။

စဉ်

ရက်စွဲ

အကြောင်းအရာ ဖြစ်စဉ် ည(၁၀) နာရီအချိန်ခန့်တွင် တမူးမြို့ စန္ဒကူး (၇) ရပ်ကွပ်နေဂေါ်ရခါး အမျိုးသား တစ်ဦး( ကိုရာဂျား) သည် သူငယ်ချင်းအိမ်မှ ပြန်လာစဉ် ကင်းလှည့်နေသည့် စကစ တပ်များနှင့်ပျူစေားထီး အဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက် (၁၁.၉.၂၀၂၁) ရက်နေ့တွင် သေနပ်ကျည်ဆံထိမှန်ဒဏ်ရာများနှင့် ရိုက်နှက်နှိပ်စက် ရာဒဏ်ရာများနှင့်သေဆုံးသည်ကို တွေ့ရှိရသည်။

၁

၁၀၊၉၊၂၁

၂

၂၊၂၊၂၂

၃

၁၂၊၂၊၂၂

၎

၁၄၊၂၊၂၂

၅

၂၁၊၄၊၂၂

တမူးမြို့ရှိ ကောင်းပြည့်ဆီဆိုင် ပိုင်ရှင် ဦးသန်းဝင်းအား PDF များနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ စကစနှင့် ပျူစောထီး များမှ ပစ်သတ်ခဲ့သည်။

၆

၂၄၊၄၊၂၂

ကျွန်းပင်သား ကျေးရွားရှိ မောင်ဆွန်းမင်ထန် အသက်(၂၄) နှင့် မောင်ထန်ဂိုးဂင် အသက်(၂၀) နှစ်သည် ၂၃ရက် ဧပြီလ ညနေ(၄း၃၀) ခန့်တွင် နေအိမ်မှထွက်ခွါကြပြီး သူငယ်ချင်းမင်္ဂလာဆောင်ပွဲ သို့သွားကြရာ အိမ်သို့ပြန်လည် မရောက်သဖြင့် မိသားစုဝင်များ စိုးရိမ်ပူပန်ကြပြီး ရွာသားများမှ လိုက်လံ ရှာဖွေစုံစမ်းကြရာ မြို့သစ်မြို့ နှင့် သနန်ကျေးရွာ ကြားရှိ ကားလမ်းဘေးတွင် ညှင်းပန်းနှိပ်စက်၊ သေနတ်ဒဏ်ရာများနှင့် အင်္ကျီချွတ်လျှက် သေဆုံးနေသော အလောင်းအားတွေ့ရှိကြရပြီး စကစ၏လက်အောက်ခံ ပျူစောထီးများ၏ လက်ချက်ဖြစ်ကြောင်း သိရှိရသည်။

၇

၂၅၊၄၊၂၂

၈

၂၅၊၄၊၂၂

မီးရှို့ ဖျက် စီး

သေ ဒဏ် ဆုံး ရာရ

ဖမ်း ဆီး ခံရ

ကျူး လွန် သူ

-

၁

-

-

စကစ

တမူးမြို့ပြင်ရှိ တမူးမြို့နယ် ပြည်သူ့လွှတ်တော် ဦးနိုင်နိုင်ဝင်း ၏အိမ်ခြံအား စကစတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သည်။

၁

-

-

-

စကစ

မြို့မ(၁၂)မီးသတ်ရုံးနားတွင် စကစနှင့်PDF များတိုက်ပွဲဖြစ်ပွားပြီးနောက် အနီးရှိ ပြည်သူများ၏ နေအိမ်နှင့် ဂိုဒေါင် အား စကစ များမှ မီးရှို့ဖျက်ဆီးခဲ့သည်။

၂

-

-

-

စကစ

-

-

၁

-

စကစ

-

၁

-

-

စကစ

တမူးမြို့နယ် ရန်လင်းဖိုင် ကျေးရွာနေ ဦးအွန်ငမ်း သည်တောင်ယာသို့ သွားစဉ် စကစ မှထောင်ထားသော မိုင်း နင်းမိ၍ ပေါင်မှစခြေထောက်နှစ်ဖက်လုံး ကြေ သွားခဲ့ပြီးရေးပေါ်အခြေအနေရောက်သွားခဲ့သည်။

စကစ တပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် တမူးမြို့ ဘိုးသီလနတ်နန်း အရောက်တွင် လူငယ်တစ်ဦးအား PDF ဟုထင်ကာ ပစ်သတ်ခံခဲ့ရသည်။ တမူးမြို့ စော်ဘွားရပ်ကွက် မြေနီကုန်း အနီးရှိ လူငယ်တစ်ဦးနေအိမ် ဝရံတာမှ ဖုန်းသုံးနေစဉ် စကစ များမှ PDF ဟုထင်ပြီး ပစ်သတ်ခဲ့သည်။

ကူကီးကျောင်းသားလူငယ်အဖွဲ့

-

၂

-

-

ပျူ စော ထီး

-

၁

-

-

စကစ

၁

-

-

စကစ

3


အာဏာသိမ်း ၁ နှစ်ကျော်ကာလ အိန္ဒိယမြန်မာနယ်စပ် တမူးခရိုင်အခြေအနေ ဒုတိယအကြိမ်ထုတ်ပြန်ခြင်း

စဉ်

ရက်စွဲ

မီးရှို့ သေ ဒဏ် ဖျက် ဆုံး ရာရ စီး

အကြောင်းအရာ ဖြစ်စဉ်

ဖမ်း ဆီး ခံရ

ကျူး လွန် သူ

၁၊၅၊၂၂

တမူးမြို့ မြို့မ(၁၂ ခ) ပါဟဲ တံတားအနီးတွင် ဆိုင်တစ်စီးဖြင့် တင်ဆောင်လာကြသည့် လူငယ်(၃) ဦးကို စကစ လက်အောက်ခံ ပျူစောထီး များမှ ပစ်သတ်ခဲ့သည်။

-

၃

-

-

ပျူ စော ထီး

၅၊၅၊၂၂

တမူးမြို့ စန္ဒာကူးရပ်ကွက်နေ ကိုသောင်းနိုင်ထွန်းအား လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်သည်ဟု စကစ မှ မတရားစွပ်စွဲကာ ဖမ်းဆီးခဲ့ကြပြီး အိမ်ထဲရှိ ဖုန်း(၄) လုံးကိုလည်း ယူဆောင်သွားကြသည်။

-

-

-

၁

စကစ

၁၁

၁၀၊၅၊၂၂

တမူးမြို့ မြို့မ (၁၂-ခ) တွင်နေထိုင်သော ကိုမျိုး အသက်(၄၆)နှစ် ကို ပန်းချီ ချမ်းမြေ့ခေါင်းဆောင်သော ပျူစောထီး များမှ သေနတ်ဖြင့် အကြောင်းမဲ့ပစ်သတ်ခဲ့ကြပြီး အလောင်းအား ပါဟဲချောင်းထဲသို့ စွန့်ပစ်ခဲ့ကြောင်းသိရှိရသည်။

-

၁

-

-

ပျူ စော ထီ

၁၂

၁၂၊၅၊၂၂

၁

-

-

-

စကစ

၁၄၊၅၊၂၂

တမူးမြို့စော်ဘွား(၁၁)ရပ်ကွပ်နေ ကိုစိုးနိုင် နှင့် မအေးပေါ တို့လင်မယားသည် ကွန်းတောင်းကျေးရွားဘက် တောထဲတွင် ဆိုင်ကယ်ဖြင့် မှိုလုံး ရှာသွားရာတွင် စကစမှ ထောင်ထားသော မိုင်းနှင်းမီပြီး ဆိုင်ကယ်စုတ်ပြတ်သွားပြီး ဇနီးသည်မှာ ခြေဖနှောက် ပျက်ထွက်ဒဏ်ရာများ ရရှိခဲ့သည်။ ၎င်းနေရာသည် ယခင်က PDF များလှုပ်ရှားသွားလာ နေသောနေရာဖြစ်၍ စကစ များမှ PDF များ မသွားလာနိုင်ရန် ကြိုတင်ပြီး မှိုင်းထောင်ထားခြင်းဖြစ်သည်။

-

-

၁

-

စကစ

၁၅၊၅၊၂၂

တမူးမြို့ ဈေးတန်း(၈)ရပ်ကွက်နေ မသီတာမိသားစုဝင် (၂)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် (၅)ဦးအား PDF များနှင့်ဆက်နွယ်သည်ဟု စွတ်စွဲကာ အကြမ်းဖက် စကစတပ်များမှ ဖမ်းဆီးသွားကြသည်။

-

-

-

၅

စကစ

၁၈၊၅၊၂၂

တမူးမြို့စော်ဘွားရပ်ကွက် ညနေ(၆း၃၀)ဝန်းကျင် တွင် ပျူစောထီးအဖွဲ့ဝင်များနှင့် ပြည်သူတစ်ဦး စကားများရန်ဖြစ်ရာမှ ပျူစောထီးများမှ သေနတ်ဖြင့် ပစ်ခတ်ရာ ဗိုက်တွင်ကျည်ဆန်မှန်ပြီး ဒဏ်ရာရရှိသွားသည်။ ည(၉)နာရီခန့်တွင်လည်း အသက်(၂၀)အရွယ် လူငယ်တစ်ကိုလည်း ပစ်သတ်သွားခဲ့သည်ဟု သိရှိရသည်။

၉

၁၀

၁၃

၁၄

၁၅

တမူးမြို့ စန္ဒာကူးရပ်ကွက် ရမ်းသမ်းပစ်ခတ်မှုကြောင်

တမူးမြို့နယ်

အမှတ်(၅) ကျောင်းနားတွင် စကစများ၏ ပြည်သူနေအိမ်တစ်လုံး မီးလောင်ပျက်ဆီး သွားခဲ့သည်။

ပန်းသာကျေးရွာတွင်း

များတိုက်ပွဲများမကြာခဏ

စကစပျူစောထီးပူးပေါင်းအဖွဲ့နှင့်

ဖြစ်ပွားသည့်အတွက်

-

၁

၁

-

ပျူ စော ထီး

-

၃

-

-

ပျူ စော ထ

PDF

နေအိမ်တွင်မနေရဲတော့ပဲ

နေရပ်စွနခ့်ွါကြရသည်။ မောင် ဆေးမင်ထန်သည် နေ့ခင်းအခြေအနေငြိမ်နေသည့် ၁၆

၈၊၆၊၂၂

အချိန်တွင်

ကျေးရွာတွင်းသို့

တိုက်ပွဲထပ်မံဖြစ်ပွားသည့်အတွက် အိမ်

ဦးစိန်မောင်နှင့်

ခဏအလည်လာသည့်အချိန်တွင် ကြောက်လန့်ကာ

ကိုမိုးနိုင်ဝင်းတို့

နီးစပ်ရာ

အိမ်တွင်းပုန်းခိုနေကြချိန်တွင်

စကစနှင့်ပျူစောထီးပူးပေါင်း အဖွဲ့တို့မှ ည(၇)ခန့်တွင် ၎င်းတို့အား PDF များဟု စွတ်စွဲကာ ဖမ်းဆီးသွားကြပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည်။

ကူကီးကျောင်းသားလူငယ်အဖွဲ့

4


အာဏာသိမ်း ၁ နှစ်ကျော်ကာလ အိန္ဒိယမြန်မာနယ်စပ် တမူးခရိုင်အခြေအနေ ဒုတိယအကြိမ်ထုတ်ပြန်ခြင်း

စဉ်

ရက်စွဲ

၁၇

၉၊၆၊၂၂

၁၈

၁၀၊၆၊၂၂

၁၉

၁၃၊၆၊၂၂

မီးရှို့ ဖျက် စီး

အကြောင်းအရာ ဖြစ်စဉ်

သေ ဒဏ် ဆုံး ရာရ

ဖမ်း ဆီး ခံရ

ကျူး လွန် သူ

တမူးမြို့နယ် ရန်လင်းဖိုင်ကျေးရွာတွင် စကစနှင့် PDF များတိုက်ပွဲဖြစ်ပွားပြီး စကစများမှ ကျေးရွာရှိ (TBA) ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် တပ်စွဲပြီး ဘုရားကျောင်းထဲရှိ ထိုင်ခုံများ နံရံများ များစွာပျက်စီး သွားကြောင်းသိရှိရသည်။

၁

-

-

-

စကစ

ညနေပိုင်း (၇)နာရီ ဝန်ကျင်တွင် အလုပ်မှ အိမ်ပြန်လာသည့် ဒေါ် ငိုင်ရှမ်းနဲမ် အား တမူးမြို့ရှိ စစ်တပ်ကုန်းအနီးရောက်ချိန်တွင် အကြမ်းဖက်စကစမှ ရမ်းသ မ်းပစ်ခတ်မှုကြောင့်သေဆုံးခဲ့သည်။

-

၁

-

-

စကစ

၁

-

-

-

ပျူ စော ထီး

တမူးမြို့

စောဘွာ(၉) ရပ်ကွက် ရှိပြည်သူနေအိမ် တစ်လုံးအား ပျူစောထီးအဖွဲ့များမှ မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။

၂၀

၁၉၊၆၊၂၂

တမူးမြို့ ကျွန်းပင်းကုန်းစေတီအနီးတွင် ဇွန်လ(၁၈)ရက် နံနက် (၁၁)နာရီခန့်တွင် ဆိုင် ပျူစောထီးများမှ ပြည်သူများကို တားစီးခြိမ်းခြောက်ကာ ဆိုင်ကယ်(၁၅) ကယ် စီး အပါဝင် လက်ကိုင်ဖုန်းများစွာကိုလဲ လုယူသွားကြပြီး နောက်နေ့ နံနက် ၁၅ (၅)နာရီဝန်းကျင်ခန့်တွင် ဦးဝင်းတင့်(ခ)ဦးရှည်ကြီး အသက်(၆၀) ခန့်အား စီး ပါဟဲတံတား အနီးတွင် ပျူစောထီးများမှ ပစ်သတ်သွားကြောင်းသိရသည်။ ဖုန်း

၂၁

၂၃၊၆၊၂၂

တမူးမြို့နယ် ရန်လင်းဖိုင်ကျေးရွားအား အကြမ်းဖက်စကစ များမှ PDF များနှင့် ချိတ်ဆက်မှုရှိသည်ဟု ဆိုကာ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်(၆)လုံး မီးလောင် ပြာကျသွားခဲ့သည်။

၆

-

-

-

စကစ

၂၄၊၆၊၂၂

တမူးမြို့နယ် ရန်လင်းဖိုင်ကျေးရွာရှိ မောင်ပေါင်တင်းထန် ဦးဟောင်လင်မန်း နှင့် ခွန်မွန်းနွန်ကျေးရွာသား ဦးဆေးခိုထန်တို့သည် အလုပ်မှပြန်လာချိန် သေနတ်သံကြားသဖြင့် ကြောက်လန့်ကာ ရွား၏စာသင်ကျောင်းတွင် ပြေးပုန်းနေကြစဉ် စကစများမှ ဖမ်းဆီးသွားပြီးသေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။

-

၃

-

-

စကစ

၁

-

၁

-

စကစ

၁

-

-

-

စကစ

၁၉

၎

၆

၂၂

စကစများသည် ကျးရွားထဲတွင် ၂၃

၂၆၊၆၊၂၂

ခန့်အရွယ်

စစ်ကား(၆)စီးဖြင့် သေနတ်များ

ခွန်မွန်နွန်သား

ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး

-

-

ခွန်မွန်းနွန်၊နမွန်းတား၊ရန်လင်းဖိုင်ေ

ရမ်းသမ်းပစ်ခတ်မှုကြောင့် PaSang

၁

ပျူ စော ထီး

အားခြေထောက်

ဦးထန်မင်းလင်နှင့်

အသက်(၆၀) ကျည်ထိမှန်ပြီး

ဒေါ်လမ်းခိုနိမ်တို့၏

ဝက်(၂)ကောင်ကိုလဲ သတ်စားကြသည့်အပြင် အခြားသော လူနေအိမ်များ တွင်လည်း ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများကို ယူသွားကြသည်။ တမူးမြို့နယ် တီးတိန်ယံကျေးရွာ အတွင်း အကြမ်းဖက် စကစ များဝင်ရောက်ပြီး ၂၄

၂၇၊၆၊၂၂

သေနတ်များရမ်းသမ်းပစ်ခတ်ကာ

မီးရှို့မှုကြောင့်

လူနေအိမ်တစ်လုံးပျက်စီး

လူမရှိတော့သည့် အိမ်များသို့ အကြမ်းဖက် စကစများ ဝင်ရောက်ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများ ရွှေ၊ငွေနှင့် ဖုန်းများကို ယူသွားကြကြောင်းသိရသည်။

စုစုပေါင်း ၁၄

ကူကီးကျောင်းသားလူငယ်အဖွဲ့

5


အာဏာသိမ်း ၁ နှစ်ကျော်ကာလ အိန္ဒိယမြန်မာနယ်စပ် တမူးခရိုင်အခြေအနေ ဒုတိယအကြိမ်ထုတ်ပြန်ခြင်း

ဓါတ်ပုံမှတ်တမ်းများ

စကစလက်နက်ကြီးရမ်းတမ်းပစ်ခတ်မှုကြောင့် စန္ဒာကူးရပ်ကွက် နေအိမ်တလုံးမီးလောင်ကျွမ်း

ကျွန်းပင်သာကျေးရွာလူငယ် ၂-ဦးအသတ်ခံရသည့်ပုံ

ရန်လင်းဖိုင် TBA ဘုရားရှိခိုးကျောင်းအား ပစ်ခတ်ဖျက်ဆီးသည့်ပုံ

ရန်လင်းဖိုင်ရွာသား ၂-ဦးနှင့် ခိုမွန်းနွမ်ရွာသား ၁-ဦးအသတ်ခံရသည့်ပုံ

မြန်မာပြည်မှ စစ်ရှောင်ပြည်သူ ၈၀ဦးအား မဏိပူရ် ရဲတပ်ဖွဲ့မှ Lamka တွင်ဖမ်းဆီးနေပုံ

ကူကီးကျောင်းသားလူငယ်အဖွဲ့

6


အာဏာသိမ်း ၁ နှစ်ကျော်ကာလ အိန္ဒိယမြန်မာနယ်စပ် တမူးခရိုင်အခြေအနေ ဒုတိယအကြိမ်ထုတ်ပြန်ခြင်း

စစ်ကောင်စီတပ်ဖွဲ့များမှ တပ်အင်အားထပ်မံတိုးချဲ့မှု စစ်ကိုင်းတိုင်းဒေသကြီး အနောက်ဘက် အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်ဒေသတွင် စစ်တပ် တပ်ရင်း-၂၆၆ မှအထိငု တ် ည်ရြှိ ပီး ပုမံ နှ အ်ားဖြင့် အင်အား (၅၀)ဝန်းကျင်သာရြှိ ပီး ကလေးမြို့တပ်ရင်းများမှ အခြေအနေပေါ်မူတည်ပြီး ထိန်းချူပ်ကွပ်ကဲလျှက်ရှိသည်။ အခြားတဖက်တွင်လည်း အိန္ဒိယအစိုးရကို ပုန်ကန်နေသည့် ကသည်းလက်နက် ကိုင်တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်အင်အားတခုအနေဖြင့် ထားရှိကာ နေရာအနှံ့လှုပ်ရှားစေခဲ့သည်။ ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်တပ်မှတိုင်းပြည်အာဏာသိမ်းပြီးသည့်နောက် မတ်လတွင် တပ်မ- ၉၉ နှင့် တပ်မ-၁၀၁ တို့ထပ်မံတိုးချဲု့ပြီး စာသင်ကျောင်းများ၊ မီးသတ်စခန်းများတွင်တပ်စွဲထားသော်လည်း လက်ရှိတွင် ခလရ (၈၆)တပ်ရင်းအား ရွေ့လျားတပ်ဖွဲ့အဖြစ်ထပ်မံရောက်ရှိလှုပ်ရှားနေပြီး တပ်အင်အား မည်မျှရှိသည်ကို မသိရှိနိုင်သော်လည်း ၎င်းတို့လက်အောက်ခံ ပျူစောထီး လက်နက်ကိုင်အင်အား (၂၀၀) ဝန်းကျင်ရှိသည်ဟုသိရပါသည်။

နိဂုံး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယမြန်မာနယ်စပ် တမူးခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း(၄)အထိ တိုးချဲ့ဖွဲ့စည်းကာ တော်လှန်ရေး တစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲပေါင်း (၅၀) ကျော်ဖြစ်ပွားခဲ့သည့်အနက် (၈)ကြိမ်ဟာ တိုက်ပွဲထိတွေ့မှုပြင်းထန် သည်ဟုဆိုရမည်။ တိုက်ပွဲများအတွင်း ယနေ့ချိန်ထိ PDF ဘက်မှ(၆)ဦးကျဆုံးပြီး စကစဘက်ကျဆုံးမှု (၅၀) ဝန်းကျင်ရှိသည်ဟုတာရှိသူထံမှသိရသည်။ စကစနှင့် ၎င်းတို့အပေါင်းပါ ပျူစောထီး လက်နက်ကိုင်များ၏ အပြစ်မဲ့ပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု၊ ကျေးရွာများ မီးရှို့ဖျက်ဆီးမှုများမှာ ကူကီးလူငယ်များနှင့် ကူကီးကျေးရွာများကိုသာ အဓိကဦးတည်ကျူးလွန်နေသည်ကိုတွေ့ရှိရသည်။ ဤအခြေအနေကိုကြည့်ခြင်းအားဖြင့် စကစသည် အရင်ဆယ်စုနှစ်က နအဖလမ်းစဉ်အတိုင်း မိမိတို့ ကူကီးလူမျိုးနှင့် ကျေးရွာများအပေါ် ခွဲခြားကာ ပစ်မှတ်ထား တိုက်ခိုက်နေသည်ကိုလည်း တွေ့မြင်နေရပါသည်။ လက်ရှိ(NUG)အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တော်လှန်ရေးအရှိန် တစ်ဆင့်တိုးမြင့်ကာ မြို့သိမ်း တိုက်ပွဲများဆင်နွဲနိုင်ရန် ရည်ရွယ်လုပ်ဆောင်နေသည့် အခြေအနေများဖန်တီးလာသည့်အပေါ်ဒေသအတွင်း ပဋ္ဋိပက္ခများ ၊ တိုက်ပွဲများပိုမိုပြင်းထန်လာမည့်အခြေအနေကိုမြင်တွေ့ရပါသည်။ ဒေသခံပြည်သူလူထုများအနေဖြင့် တော်လှန်ရေးအလျှင်အမြန်အောင်မြင်နိုင်ရေးကိုမျှော်ကိုးစောင့်ကြိုနေကြသော်လည်း အခြားတဖက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ခြိန်းခြောက်မှု၊ ပစ်မှတ်ထားမှုများ ဒီထက်မက ပိုမိုတွေ့ကြုံလာရမည့်အပေါ် အလွန်ပင်စိုးရိမ်နေကြရပါသည်။

ကူကီးကျောင်းသားလူငယ်အဖွဲ့

7


အာဏာသိမ်း ၁ နှစ်ကျော်ကာလ အိန္ဒိယမြန်မာနယ်စပ် တမူးခရိုင်အခြေအနေ ဒုတိယအကြိမ်ထုတ်ပြန်ခြင်း

အကြံပြုချက်များ အိန္ဒိယအစိုးရအနေဖြင့် 1. မြန်မာစစ်တပ်မှတိုက်ခိုက်မှုများနှင့်

ညှဉ်းပန်းနှိပ်စက်မှုများကြောင့်

ထွက်ပြေးလာသော

ဒုက္ခသည်များအတွက် တရားဝင်အသိအမှတ်ပြုလက်ခံမှုနှင့် အကာအကွယ်များ ပေးရန်။ 2. လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အေဂျင်စီများအား ဒုက္ခသည်များအတွက် ဝင်ရောက်ကူညီခွင့်ပြုရန်။ 3. ပဋ္ဋိပက္ခဒဏ်ခံ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးစုများအား နယ်စပ်ဖြတ်ကျော် ပို့ဆောင်ခွင့် ပြုရန်နှင့် နိုင်ငံရေး အကျိုးအမြတ်မဟုတ်သော ရပ်တည်ကူညီမှုပြုရန်။

နိုင်ငံတကာအလှုရှင်များ 1. စစ်ဒဏ်ကြောင့်ထွက်ပြေးလာသော

ဒုက္ခသည်များအပေါ်

လူသားချင်းစာနာ

ထောက်ထားမှု

အကူအညီများပံ့ပိုးပေးရန်။ 2. စစ်အစိုးရအတွက်အကျိုးရှိစေမည့် မည်သည့်အထောက်အပံ့ကိုမဆိုရပ်ဆိုင်းရန်။ 3. တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချူပ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို

ထောက်ခံမှု

အားလုံးရပ်ဆိုင်းရန်။

• • • •

ဆက်သွယ်ရန် ကိုဆေးဂင် - +919362658704 ကိုမန်ဘွိုင်း - +959762013822 Email: ksdfburma@gmail.com

ကူကီးကျောင်းသားလူငယ်အဖွဲ့

8


Turn static files into dynamic content formats.

Create a flipbook