byethost
Page 1
How to install Wordpress by mmWordPress.com Wordpress install လုပ်ဖို့အတွက် free hosting ကိုရွေးပါတယ်။ (ဖရီးပဲ ကြိုက်တယ်။ ပိုက်ပိုက် ပေးရတာတွေ လာမပြောနဲ့  1. www.byethost.com မှာ sign up လုပ်ပါ။ 2. Sign up လုပ်ပြီးရင် byethost.com မှ e Cpanel url , Cpanel username , Cpanel password အစရှိတဲ့ အရေးကြီး အချက်တွေ ကို pdf နဲ့ ဖေါ်ပြပါလိမ့်မယ်။ save နဲ့ မိမိကျွန်ပြူတာထဲ မှာ သိမ်းထားလိုက်ပါ။ 3. Email မှ Cpanel URL ကို click လုပ်ပါ။ 4. Email မှာ ပေးထားတဲ့ Cpanel username နဲ့ Cpanel password တို့ဖြင့် log in လုပ်ပါ။ 5. ပြထားသောပုံကဲ့သို့ပေါ်လာပါလိမ့်မယ်။
6. ပုံမှ မြှားပြထားသော MySQL database ကိုနှိပ်ပါ။
7. Make a new database ဖြင့် database တစ်ခု လုပ်ပါ။
8. Database name , MySQL Host name တွေကို မှတ်သားထားပါ။
9. Wordpress install လုပ်ဖို့အတွက် domain name ပြောင်းချင်ရင် ပြောင်းလို့ရပါတယ်။ စစချင်း sign up လုပ်တုန်းက ယူခဲ့တဲ့ domain name ကိုမကြိုက်ရင် cpanel / domains / sub domains မှာ sub domain အသစ်လုပ်လို့ ရတယ်။ အဲဒီမှာ iblogger.org ဆိုတာလေး မဆိုးဘူး။ ????.byethost13.com ထက်စာရင် ????.iblogger.org က ပိုမှတ်မိ လွယ်တာပေါ့နော်။ domain name ပြောင်းမယ်ဆိုရင် အောက်က အဆင့်တွေကို ဆက်လုပ်ပါ။ ရှိပြီးသား domain name ကိုသုံးမယ်ဆိုရင် အဆင့်(10) ကိုသွားပါ။ ၁ ။ ။ Cpanel / Domains / Sub domains / ကိုသွားပါ။
၂။ ။ ပုံတွင်ပြထားသည့်အတိုင်း enter your domain တွင် လိုချင်သော နာမည်ကို ဖြည့်ပါ။ ဘေးမှ dropdown list တွင် iblogger.org ကိုရွေးပါ။ Create domain ကိုနှိပ်ပါ။ ????.iblogger.org နာမည်နဲ့ sub domains ရပါပြီ။
10. Cpanel ကိုပြန်သွားပါ။ Software / Service အောက်မှ fantastic type Installer ကိုနှိပ်ပါ။
11. Select the destination domain for the installation: ပေါ်လာပါလိမ့်မယ်။ wordpress install လုပ်ချင်သော domain name ကို ရွေးချယ်ပြီး proceed ကိုနှိပ်ပါ။
12. Packages ဆိုပြီးပေါ်လာ ပါလိမ့်မယ်။ wordpress 2.3.1 ကိုရွေးချယ် click လုပ်ပါ။
13. Destination Folder တွင် ဘာမှထပ်မဖြည့်ပဲ install လုပ်ပါ။
14. Successful installed script to ဆိုပြီး ပေါ်လာပါလိမ့်မယ်။ Link ကို click လုပ်ပါ။
15. Wrodpress တတ်လာပါလိမ့်မယ်။ create a wp-config.php file thought the web interface ကို click လုပ်ပါ။
16. နောက်ထပ် page တတ်လာပါမယ်။ let’s go ကို နှိပ်ပြီး ဆက်သွားပါ။
17. Database name ကို အဆင့်(8) တွင်မှတ်ထားသော database name ဖြည့်ပါ။ username နှင့် password ကို email ပို့လာသော email မှ MySQL username နှင့် MySQL password ကိုဖြည့်ပါ။ database host ကို အဆင့်(8) တွင် မှတ်ထားသော MySQL host name ကိုဖြည့်ပါ။ table prefix မပြောင်းရင်လဲ ရပါတယ်။ ပြီးရင် submit ကိုနှိပ်ပါ။
18. Wordpress မှာ setup လုပ်လို့ရပါပြီ။ run and install ကို click လုပ်ပါ။
19. First step ကို click လုပ်ပါ။
20. Weblog title နဲ့ email ဖြည့်ပါ။
21. Wordpress login အတွက် username , password နဲ့ login address တွေကို ပေးပါလိမ့်မယ်။ မှတ်ထားပါ။
22. Wordpress ကို login လုပ်ပါ။
23. Wordpress install လုပ်တာ အောင်မြင်ပါပြီ ခင်ဗျာ။
24. Wordpress url က အဆင့်(11) မှာရွေးခဲ့တဲ့ domain name + အဆင့်12 မှာ ပေးခဲ့တဲ့ Destination Folder name ဖြစ်ပါတယ်။ ဥပမာ ကျွန်တော့်ဟာဆိုရင် အဆင့်12 မှာ ဘာမှ ထပ်မဖြည့်တဲ့အတွက် http://smsy.iblogger.org ပေါ့ခင်ဗျာ။
http://mmwordpress.com
Wordpress Themes ပြောင်းမယ် 1. Free Wordpress themes များကို http://www.wpthemesfree.com , http://topwpthemes.com အစ ရှိသည့် website များတွင် ရယူနိုင်ပါသည်။
2. Bytehost ရဲ့ Cpanel / File Manager ကိုသွားပါ။
3. ပုံတွင်ပြထားသည့်အတိုင်း themes folder အထိသွားပါ။ themes folder တွင် classic နှင့် default themes များကိုတွေ့ရပါမည်။ Upload ကိုနှိပ်ပါ။
4. ပုံတွင်ပြထားသည့်အတိုင်း 1.upload to directory မှန်မမှန် စစ်ဆေးပါ။ 2.download ချထားသော theme file ကို ရွေးပေးပါ (zip,tar,tgz,gz ဖိုင်များ ဖြစ်ရပါမည်)။ 3.ကိုနှိပ်ပြီး upload တင်ပါ။
5. Upload တင်ပြီးရင် file manager တွင် တင်ထားသော themes folder များကိုတွေ့ရပါမည်။
6. မိမိ၏ wordpress ကိုဝင်ပါ။ Presentation / Themes တွင် တင်လိုက်သော Themes များကိုတွေ့ ရပါမည်။
7. အချို့ themes များတွင် plugins များပါတတ်ပါသည်။ download ချထားသော theme zip file တွင် စစ်ဆေး ကြည့်ပါ။ ၄င်းတို့ကို /????.iblogger.org/ htdocs/wp-content/themes မှ /????.iblogger.org/htdocs/wpcontent/plugins ထဲကိုပြောင်းပေးရပါမည်။
8. ပုံတွင်ပြထားသည့်အတိုင်း file manager တွင် upload တင်ထားသော themes folder ထဲရှိ plugins file / folder များကို select လုပ်ပါ။ copy သို့ cut ကို နှိပ်ပါ။
9. အ၀ါရောင် ပြထားသော box ( target directory ) တွင် /????.iblogger.org/htdocs/wp-content/plugins လို့ ပြောင်းပေးပါ။
10. /????.iblogger.org/htdocs/wp-content/plugins သို့သွားပြီး file / folder များ ရောက်မရောက် စစ်ဆေးပါ။ 11. Blog ကို သွားပါ။ plugins တွင်ကြည့်ပါ။ တင်ထားသော plugins များကိုတွေ့ရပါမည်။ ၄င်းတို့ကို Activate လုပ်ပေးပါ။
12. Presenation / themes ကိုသွားပါ။ upload တင်ထားသော theme ကို ရွေးချယ်ပါ။
http://mmwordpress.com
Wordpress တွင် ဇော်ဂျီဖောင့် assign လုပ်ခြင်း 1. Wordpress / Presentation / themes editor ကိုသွားပါ။ select themes to edit တွင် edit လုပ်ချင်သော themes ကိုရွေးချယ်ပါ။
2. Editing style.css box ထဲမှာ font , font-family ရှိတဲ့၊ နေရာတိုင်း အားလုံးမှာ zawgyi-one ထပ်ထည့်ပေးပါ။ ဒါဆိုရင် မြန်မာလို ကောင်းကောင်းပေါ်ပါပြီခင်ဗျာ။ 3. အလွယ်ဆုံးနည်းကတော့ style.css ထဲက code တွေအားလုံးကို notepad ထဲ copy and paste လုပ်ပြီး search နဲ့ font ဆိုတာကို ရှာပါ။ font , font-family, font-size အစရှိတဲ့ code တွေကို တလိုင်းချင်း လိုက်ကြည့်ပါ။ font name ကို assign လုပ်ထားတဲ့ arial , Trebuchet , Sans Serif, Verdana အစရှိတဲ့ ဖေါင့်နာမည်တွေရဲ့ အရှေ့မှာ Zawgyione, Zawgyi1, Zawgyione ဆိုတာ ထပ်ဖြည့်ပေးလိုက်ပါ။ ပြီးရင် notepad က ဇော်ဂျီထပ်ဖြည့် ထားတဲ့ code အားလုံးကို editing style.css ထဲကို ပြန်ကူးထည့်ပြီး save ပေးလိုက်ရင် အိုကေ ပါပြီ။ ကြုံဖူးတာ တစ်ခုက ဖေါင့်နာမည် အမှန် Zawgyi-one တစ်ခုတည်း ထပ်ဖြည့်တာ အဆင်မပြေပဲ Zawgyi-one, Zawgyi1, Zawgyione ဆိုပြီး သုံးမျိုး ထည့်လိုက်မှ အဆင်ပြေသွားတာ တစ်ခါကြုံဘူးပါတယ်။ (ကိုမျိုးကျော်ထွန်း ၏ Myanmar bloggers community တွင်ဖြေကြားထားချက်မှ Wordpress မှာ wp-content folder ရှိပါတယ်။ အဲ့ဒီ့ရဲ့ အောက်မှာ plugins နဲ့ theme folder ထပ် ရှိပါတယ်။ wordpress admin မှာ ကိုယ်လက်ရှိ select လုပ်ထားတဲ့ theme folder မှာ ရှိတဲ့ style.css ကို တစ်ချက်ကြည့်ကြည့်ပါ။ ပြီးတော့ သက်ဆိုင်တဲ့ declaration တွေမှာ assign လုပ်ပေးပါ။ ဒီလောက်ပါပဲ။ blogger လိုတော့ ပုံသေမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ theme ထွင်တဲ့သူက သူ ကြိုက်သလို css ကို asssign လုပ်ထားတာလို့ပါ။)
Wordpress နဲ့ EOT Eot လုပ်နည်းကို ကိုမောင်လှ ဘလော့ဂ်မှာ အသေးစိတ် တင်ပြထားပါတယ်။ wordpress မှာ eot ထည့်မယ်ဆိုရင် style.css ရဲ့ အပေါ်ဆုံးမှာ ထည့်ရုံပါပဲ။ ဥပမာ style.css ရဲ့အပေါ်ဆုံးမှာ
@font-face {
font-family: Zawgyi-One; font-style: normal;
font-weight: normal; }
src: url(http://kwnaing.googlepages.com/ZAWGYIO0.eot);
ဒါမျိုးလေး ထည့်ပေးလိုက်ရင် ရပါပြီ။
Cbox နှင့် အခြား Widgets များ Cbox နှင့် အခြား widgets များကို presentation / widgets တွင် ထည့်သွင်းနိုင်ပါတယ်။ blogger က eidt layout အတိုင်းပါပဲ။ blogger မှာ add a page elements / html/java script ထဲမှာ ထည့်သလို wordpress မှာ Text widget ထဲမှာ ထည့်လို့ ရပါတယ်။ text widget ကို ထပ်တိုးချင်တယ်ဆိုရင် အောက်က ပုံမှာ ပြထားသလို တိုးနိုင်ပါတယ်။
Blogger မှ ပို့စ် အဟောင်းများကို Wordpress သို့ Import လုပ်မယ် ကျွန်တော် Free Host မှာ install လုပ်ထားတဲ့ wordpress မှာ blogger က ပို့စ် အဟာင်းကို import လုပ်တာ မအောင်မြင်ပါဘူး။ wordpress.com မှာကြတော့ အဆင်ပြေတယ်။ ဘာကြောင့် error ဖြစ်နေတာလဲ ဆိုတာ အပင်ပန်းခံ လိုက်ရှာမနေတော့ဘဲ အလွယ်နည်းသုံးလိုက်ပါတယ်။ 1. Wordpress.com မှာ ဘလော့ဂ် တစ်ခုလုပ်ပါ။ 2. Dashboard / Manage / Import / Blogger မှ blogger ပို့စ်အဟောင်းများကို Import လုပ်ပါ။ 3. Dashboard / Manage / Export မှ download export file ကိုနှိပ်ပြီး download ချပါ။ XML ဖိုင်တစ်ခု ရပါမယ်။ 4. Free Host မှာ လုပ်ထားတဲ့ wordpress ကိုသွားပါ။ 5. Dashboard / Manage / Import / Wordpress ကို ရွေးပါ။ download ချထားတဲ့ XML ဖိုင်ကို upload တင်ပေးလိုက်ပါ။ 6. Free Host က wordpress ကို ပို့စ်အဟောင်းတွေ ရောက်ပါပြီ။
Wordpress တွင် မြန်မာပို့စ် တင်ခြင်း ကိုဘုရင့်နောင် Blog မှ ပို့စ်ရေးသော အခါတွင် Write post တွင် Visual နှင့် Code ၂မျိုးကို တွေ့ပါလိမ့်မည်။ Code ကိုသွားပါ။ ထို့နောက် ဒီ HTML ကို အသုံးပြုပါ။ myanmar sar ။ myanmar sar တွင် မိမိတင်လိုသော ပို့စ်ကို notepad ပေါ်တွင် ရေးကာ တခုလုံးကို paste လုပ်၍ လည်းကောင်း၊တိုက်ရိုက် type ပြီးအသုံးပြုချင်ရင် မိမိရေးလိုသော စာလုံးအစ ၁လုံး ၂ လုံးကို ရေးပါ။ ပြီးလျှင် Visual ကို ပြန် နှိပ်ပါ။ မြန်မာလို ပေါ်နေပါလိပ့်မယ်။ ထို့နောက် ရေးချင်တာကိုဆက်လက် ရေးသားပါ။ ဘလော့တွင် မြန်မာလို ကောင်းစွာပေါ်ပါသည်။
Sidebar တွင် မြန်မာလို လင့် များ ၊ မြန်မာလိုပြောချင်တာများကို ရေးသားချင်ရင် Presentation > widgets >Text widgets ကို အသုံးပြုပါ။ Text widgets ကို ဖွင့်ပါ။ ခေါင်းစဉ်ကို အင်္ဂလိပ်လိုရေးပါ။ စာသားတွေကို myanmar sar ဖြင့်ရေးပါ။ မိမိလိုသလို HTML tag များကိုသုံးနိုင်ပါတယ်။ ဖောင့်ဆိုက်၊ ကာလာ ကိုပြောင်းချင်ရင် myanmar sar ဆိုပြီးသုံးပါ။ လင့်များ ရေးတဲ့အခါ ဘုရင့်နောင် စသည်ဖြင့် အသုံးပြုပါ။ တခုထက်ပိုသော လင့်များကိုအသုံးပြုရန်  အဆုံးတွင်
ကိုထက်ထည့်ပါ။ ဘုရင့်နောင်
ခံပြီးရေးပါ။
မောင်သင်္ကြန် http://mmwordpress.com
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.