ပုံမှန်ဆွေးနွေးပွဲ

Page 1

ဦးဆောင်ကော်မတီဝင်များ ပုံမှန်ဆွေးနွေးပွဲ ၂၀၁၁.၀၉.၀၃ တက်ရောက်သူများ ။ ။ ဆရာတော် ဥုးနန္ဒာစာရ၊ ကိုအတာ၊ ကိုကျော်သက်၊ ကိုအောင်တင့်၊ ကိုချမ်းငြိမ်း၊ မသီတာနိုင်၊ ကိုဇော်မျိုး ဆွေးနွေးချက်ခေါင်းစဉ်များ။ ။ ပြီးစီးသွားသော အလုပ်တာဝန် များကိုပြန်လည် သုံးသပ်ဆွေးနွေးခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု များအား ဆွေးနွေးခြင်း ၊ ဆရာတော်နှင့် လုပ်ငန်းတာဝန်(၃)ရပ်၊ ဆရာတော်ရဲ့ CSN ကိစ္စ တင်ပြဆွေးနွေး သူများနှင့် ဆွေးနွေးချက်များ ကိုအတာမှ လုပ်ဆောင်ပြီးစီးခဲ့သော လုပ်ငန်းအားနည်းချက် အားသာ ချက်များကို ရှင်းပြ၊ တာဝန်ယူမှု တာဝန်ခံမှုများတွင် နာလည်မှုလွဲနိုင် စရာ များ ရှိနေသည်ကို ရှင်းပြပြောဆို၊ တာဝန်ရှိသူ အားလုံးတာဝန် အသီးသီး ယူသွားပေးနိုင်လျှင် ပိုမိုကောင်းမွန်


မည်ဟုဆွေးနွေး တင်ပြခဲ့သည်။ မသီတာနိုင်မှ တာဝန်ယူမှု အပိုင်း များတွင် မီသားစု အခြေအနေ ကြောင့် အချိန်ပေးဖို့ ရန် အခက်အခဲရှိနေကြောင်း တင်ပြဆွေးနွေး ခဲ့သည်။ ကိုချမ်းငြိမ်းမှ လုပ်ငန်းလုပ်ဆောင်မှုများတွင် တာဝန်ရှိသူအားလုံးက ဦးဆောင်မှုအခန်းများမှ အားတက်သရော ပါဝင်ရန်လိုအပ်ကြောင်း၊ တစ်ဦး ချင်း တာဝန်ယူမှု အားနည်းလာသည်နှင့် တပြိုင်တည်း လုပ်ငန်းလုပ်ဆောင် မှုတိုင်းတွင် တာဝန်ယူမှု တာဝန်ခံ လုပ်ဆောင်နေသူများမှာ ပိုမိုဝန်ပိလာ ကြောင်း ဆွေးနွေး တင်ပြခဲ့သည်။ ကိုဇော်မျိုးမှ တာဝန်ရှိသူများ တာဝန်ယူမှုအပိုင်းတွင် ယခင်ကထက် ပိုမိုတိးု တက်လာ စေရန် တိုက်တွန်းဆွေးနွေး ခဲ့သည်။

ဆရာတော်နှင့် လုပ်ငန်းတာဝန်(၃)ရပ် ကိုအတာမှ ဆရာတော်အား လျှောက်ထားရာတွင် (၁) ဆရာတော်မှ ဒေသစာရီ ကြွချီရာ နေရာတိုင်း ၊ နိုင်ငံတိုင်းတွင် ဘုန်းတော်ကြီးကျောင်း ၀ယ်ယူနိုင်ရေးအတွက် အလှူငွေကောက်ခံခြင်းများ လုပ်ဆောင် သွားရန်၊ (၂) ဒကာ၊ ဒကာမများအား ဟော်ဖော် ညွှန်ပြ စည်းရံုး သွား နိုင်ရန်၊ (၃) ဘုန်းကြီး ကျောင်း တစ်နှစ်တာ လုပ်ငန်းစဉ်များကို ရေးဆွဲပေးရန် လျှောက်ထားတင်ပြ ခဲ့သည်။ ဆရာတော်မှလည်း တရားစခန်း တစ်ပတ်တစ်ခါ လုပ်ဖြစ်နေကြောင်း မိန့် ကြားသည်။ တစ်နှစ်တာ လုပ်ငန်းစဉ်များကို ဆရာတော် ဥုးသောပနနှင့် တိုင်ပင်ပြီး လုပ်ဆောင်ပေး သွားမည်ဟု မိန့် ကြားခဲ့သည်။ ကိုကျော်သက်မှလည်း ဆရာတော်များ အနေဖြင့် Website မှတဆင့် ကြိုတင်အသိပေးနိုင်လျှင် ပိုမိုကောင်းမွန်မည် ဟုလျှောက်ထား ခဲ့သည်။ ဆရာတော်ရဲ့ CSN ကိစ္စ ဆရာတော်ရဲ့ CSN ကိစ္စ အခက်အခဲများကို ရှင်း ပြမိန်ကြားခဲ့သည်။ အထွေထွေ ဆွေးနွေးချက် ခေါင်းစဉ်များ။ ။ (၁) စုပေါင်း ရှင်ပြုပွဲ လုပ်ရန်၊ (၂) အဖွဲ့ ဝင်ကိစ္စ၊ (၃) ဘဏ္ဍာရေး ကိစ္စ၊


(၁) စုပေါင်း ရှင်ပြုပွဲ လုပ်ရန် ကိုအတာမှ စုပေါင်းရှင်ပြုပွဲ လုပ်ရန်ဆွေးနွေး လျှောက်ထားသည်။ ဆရာတော်မှလည်း ပိုမိုကောင်းမွန်သည် ဟုမိန့် သည်။ ကိုကျော်သက်မှ လုပ်သင့်သည် သို့ သော် တာဝန်ယူနိုင်မှု ပိုမိုကောင်းဖို့ လိုအပ်ကြောင်း ဆွေးနွေး တင်ပြခဲ့သည်။ ထိုအဆိုတင်သွင်းမှုကို ကော်မတီဝင်အားလုံးမှ လက်ခံသဘောတူသည်။ နောက်ပိုင်း အသေးစိတ်ကို ဆက်လက်ဆွေနွေး သွားမည်ဟု သဘောတူ ဆုံးဖြတ်ချက်ချမှတ် ခဲ့ကြသည်။ (၂) အဖွဲ့ ဝင်ကိစ္စ ကိုချမ်းငြိမ်းမှ ပြီးခဲ့သည့် မြို့ နယ်တာဝန်ခံများနှင့် တွေဆုံခြင်းကို ကိုကျော်သက်အား ပြန်လည်ရှင်းပြပြောဆိုခဲ့သည်။ ကိုကျော်သက်မှ အတက် နိုင်ဆုံး ကြိုးစားပြီး လုပ်ဆောင်ပေးနေ ကြောင်းပြောဆိုခဲ့သည်။ (၃) ဘဏ္ဍာရေး ကိစ္စ မသီတာနိုင်မှ နိုင်ငံခြားငွေများ လည်းလှယ်ရာတွင် အခက်အခဲရှိနေ ကြောင်းတင်ပြဆွေးနွေးခဲ့သည်။ ဌင်းဝါဆိုသင်္ကန်းအလှူငွေ ၇၀၀၀ခရိုနာနှင့် အခြားငွေများကို အရေးပေါ်လိုအပ်လာပါက အသုံးချနိုင်ရန် ငွေအရှင်အဖြင့် ထားရန်သဘောထားကျသည်။ မှတ်တမ်း တာဝန်ခံ သတင်းနှင့်ပြန်ကြားရေး ကိုဇော်မျိုး


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.