CCNA640‐802 (myanmar version)

Page 292

http://crazystar79.blogpost.com CCNA640‐802

အခြေခံအားဖြင့် ACLs ဆိုသည်မှာ interface တစ်ခုသို့ အ၀င်အထွက် traffic တွေကို filter ပြုလုပ်ရာမှာ အသုံးပြုတဲ့ commands တွေကို၊ အမည် ဒါမှမဟုတ် နံပါတ် တစ်ခုနဲ့ group ပြုထားတဲ့ commands set တစ်ခုဖြစ်တယ်။ ACL commands များသည် permit or deny ပြုလုပ်ရမယ့် traffic ကို အတိအကျ သတ်မှတ်ပါတယ်။ ACLs တွေကို Global Configuration mode မှာ create လုပ်ရပါမယ်။ ACL statements အစုတစ်ခုကို create လုပ်ပြီးတဲ့အခါ၊ သူတို့ကို activate ပြုလုပ်ပေးရမယ်။ interfaces များအကြား traffic ကို filtering ပြုလုပ်ဖို့အတွတ် Interface Subconfiguration mode မှာ ACL ကို activate ပြလုပ်ရပါမယ်။ ၄င်း interface သည် physical (ဥပမာ ethernet 0 or serial0) ဒါမှမဟုတ် logical (ဥပမာ ethernet0.1 or serial0.1) ဖြစ်နိုင်ပါတယ်။ interface တစ်ခုပေါ်မှာ ACL ကို activate ပြုလုပ်တဲ့အခါ၊ မည်သည့် direction အတွင်းမှာ traffic ကို filter ပြုလုပ်မည်ဆိုသည်ကို သတ်မှတ်ပေးရပါမယ် : •

Inbound (external source တစ်ခုမှ interface သို့ traffic ၀င်ရောက်လာတဲ့အခါ)

Outbound (interface တစ်ခုမှ network သို့ traffic ထွက်ခွာသွားတဲ့အခါ)

Inbound ACLs မှာ IOS သည် ၀င်ရောက်လာတဲ့ traffic ကို အခြား interface တစ်ခုသို့ forward မပြုလုပ်မှီ၊ interface ACL နဲ့ compare ပြုလုပ်တယ်။ outbound ACLs မှာ packet ကို interface တစ်ခုမှာ လက်ခံရယူပြီး exit interface သို့ forward ပြုလုပ်တယ်၊ ပြီးမှ packet ကို ACL နဲ့ comapre ပြုလုပ်တယ်။ ACLs ရဲ့ အကန့်အသတ်တစ်ခုမှာ router ကိုယ်တိုင်မှ အစပြုတဲ့ traffic ကို filter မလုပ်နိုင်ခြင်းပဲ ဖြစ်တယ်။ ဥပမာ router မှ ping or traceroute ပြုလုပ်တဲ့အခါ၊ ဒါမှမဟုတ် router မှ အခြား device တစ်ခုသို့ telnet ပြုလုပ်တဲ့အခါ၊ router ရဲ့ interfaces များမှာ apply ပြုလုပ်ထားတဲ့ ACLs များသည် ၄င်း အထွက် connections များကို filter မလုပ်နိုင်ပါ။ ဒါပေမယ့် external device တစ်ခုသည် router သို့ ၊ ဒါမှမဟုတ် router ကို ဖြတ်လျက် remote destination တစ်ခုသို့ ၊ ping or traceroute or telnet လုပ်ဖို့ ကြိုးစားတဲ့အခါ ၊ router သည် ၄င်း packets တွေကို filter လုပ်နိုင်တယ်။ Exam watch! Inbound ACLs မှာ IOS သည် အခြား processing များမပြုလုပ်မှီ ACLs ကို ဦးစွာ process လုပ်တယ်။ outbound ACLs အတွတ်မူ packet ကို interface သို့ route ပြုလုပ်ပြီးနောက်မှသာ ACL ကို process

292


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.