စတုတ္ထမြောက် ကိုဗစ် ၁၉ အထူးထုတ်တွင် ကိုဗစ်ကာလ စိန်ခေါ်မှုများအပေါ် တုံ့ပြန်ကြသော နိုင်ငံ့ဝန်ထမ်းတို့၏ အခန်း ကဏ္ဍနှင့် စွမ်းရည်၊ အစိုးရနှင့် လူထု ဆက်သွယ်ပြန်ကြားရေး လုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းတို့၏ သေးကျုံ့သွားသည့် အခြေအနေ၊ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးအပေါ် ခြိမ်းခြောက်မှု၊ သမားရိုးကျ မဟုတ်သော လုံခြုံရေး (non-traditional security) ကို တုံ့ပြန်ရာ၌ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၊ ရွေးကောက်ပွဲနှင့် ကိုဗစ် ၁၉ ကပ်ဘေး၊ ကိုဗစ် ကာလ ကျောင်း များပြန်ဖွင့်လျှင် စဉ်းစားသင့်သော မူဝါဒအကြံပြုချက်များ၊ စီးပွားရေးအကျပ်အတည်းများအား အောင်မြင်စွာ ကျော်လွန်နိုင်ခဲ့ ခြင်းမှ သင်ခန်းစာများနှင့် ကိုဗစ်အလွန် မြန်မာနိုင်ငံ၏ အနာဂတ်သစ်အတွက် ပြင်ဆင်ရာတွင် စဥ်းစားသင့်သည့်အချက်များ၊ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်အဖြေရှာမှု.. စသည်ဖြင့် စုံစုံလင်လင် တင်ပြထားပါသည်။