ယခုစာအုပ်တွင် အစိုးရတာဝန်ရှိသူ များ၊ တပ်မတော်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များကို မေးမြန်း၍ စုံလင်အောင် တင်ပြထားပါသည်။ ထို့အပြင် မိုးဦးကျရာသီ ဖြစ်သည့် အလျောက် လယ်ယာစိုက်ပျိုးရေး နှင့် မွေးမြူရေးကဏ္ဍ အရေးကြီးပုံကို တင်ပြထားသည့် ဆောင်းပါးများ၊ ကူးစက်ကပ် ဘေးကြောင့် ကျား-မတန်းတူရေးကဏ္ဍ (Gender equality) တွင် အမျိုးသမီးများအပေါ် မမျှမတ သက်ရောက်နေရပုံ၊ ကိုဗစ်အလွန်ပညာရေး၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍ စသည်တို့ကို တင်ပြထားသည့် ဆောင်းပါးများ ပါဝင်ပါသည်။ ISP-Myanmar အဖွဲ့သားများ၏ မြန်မာအစိုးရက စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan- CREP) အပေါ် သုံးသပ်ချက်၊ ကပ်ဘေးအလွန် ပထဝီနိုင်ငံရေးက မြန်မာနိုင်ငံ အပေါ် ရိုက်ခတ်လာနိုင်ခြေ၊ မြန်မာပြည်အနောက်ပိုင်းမှ စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေတို့ကိုလည်း တင်ပြထားပါသည်။