တတ်နိုင်သမျှ ဘက်စုံတုံ့ပြန်မှုများအတွက် အကြံပြု တင်ပြထားပါသည်။ ကိုဗစ်-၁၉ ကူးစက်ဘေးသည် အချိန်တို အတွင်း လျှော့ပါးသွားဖွယ် မမြင်သေးပါ။ ကာကွယ်ဆေး ပေါ်ပေါက်၍ ကမ္ဘာ့လူထုအများသို့ ဖြန့်ဝေနိုင်ချိန် ရောက်သည့်တိုင် သတိကြီးကြီးဖြင့် နေထိုင်၊ စုစည်းမှုဖြင့် တုံ့ပြန်ကြရမည် ဖြစ်ပါသည်။ ဤသို့ ဆောင်ရွက်ကြရာတွင် အရေးကြီးသည့် အခြေခံအအောက်အအုံများကို ဖြည့်တင်းတည်ဆောက်၍ ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း မြှင့်ကြရပါမည်။ တဖက်တွင် ထိရောက်သော၊ အင်အားစုအားလုံး လွှမ်းခြုံမှုရှိသော၊ တုံ့ပြန်မှုကောင်းသော အုပ်ချုပ်မှုစနစ် နှင့် အားကိုးရသော ခိုင်လုံသည့် ဒေတာ အချက်အလက်စနစ်များကိုလည်း မြှင့်တင်ကြရပါမည်။ အစိုးရကဏ္ဍ၏ ဆန်းသစ် တီထွင်မှုများလည်း လိုအပ်ပါမည်။ အကျပ်အတည်းများသည် တပြိုင်နက်တည်းမှာပင် အခွင့်အလမ်းများလည်း ဖြစ်နေကြသည်။ နိုင်ငံတကာ ပညာရှင်များ၊ အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍ စီးပွားရေး လုပ်ငန်းအကြားတွင် ကိုဗစ်-၁၉ အလွန် ကမ္ဘာအတွက် ဆွေးနွေးပြောဆိုမှုများ အကြီးအကျယ် ဖြစ်ထွန်းနေသည်။ ဤအနာဂတ်သို့ မိမိတို့ လက်ပလာ၊ ခြေပလာ ပြင်ဆင်မှု တစုံတရာမရှိဘဲ မရောက်စေလိုပါ။