
1 minute read
Chapter 7 Activity Monitor
Activity Monitor

Advertisement


Activity Monitor ဆိုတာကတော့ ကျွန်တော့် Mac ကို စစဖွင့်ဖွင့်ချင်း အရင်ဆုံး ဖွင့်တဲ့ App ဆိုရင်လည်းမမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ App လေးက အင်မတန်အသုံးဝင်လို့ပါ။


စက်တစ်ခုလုံးရဲ့ လုပ်ဆောင်နေတဲ့ Process တွေကိုလည်းကြည့်ရှူနိုင်ပါတယ်။ Memory အခြေအနေကိုလည်း ကြည့်ရှုနိုင်ပါ တယ်။ Battery စားနှူန်းတွေကိုလည်းကြည့်ရှူနိုင်ပါတယ်။Harddisk ရဲ့အခြေအနေတွေကိုလည်း ကြည့်ရှူနိုင်ပါတယ်။ Network ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှူနိုင်တဲ့အတွက်ကြောင့် ကိုယ့်စက်ရဲ့ အခြေအနေတွေကို သိနိုင်စေ တဲ့ App ကောင်းလေးတစ်ခုဖြစ်ပါတယ်။ Windows အသုံးပြုဖူးသူတွေဆိုရင်တာ့ Activity Monitor က Task Manager နဲ့တူပါတယ်။ CPU Tab : CPU Tab မှာဆိုရင်တော့ လက်ရှိ ကိုယ့်ရဲ့ Mac OSX မှာ Run နေတဲ့ Process တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အကယ်၍များ App တစ်ခုခု Hang နေပြီဆိုရင် Force Quit ပါလုပ်လို့ရတဲ့နေရာလေးပါ။ ဘယ်လိုလုပ်ရမလဲဆိုရင်တော့ ကိုယ် Force Quit လုပ်ချင်တဲ့ App ကိုရွေးလိုက်ပြီး အောက်ပါပုံလေးအတိုင်း Force Quit ပြုလုပ်နိုင်ပါတယ်။
တစ်ခုသတိပေးထားချင်တာက System က Run နေတဲ့ System Process တွေကိုတော့ လုံးဝသွားမပိတ်လိုက်ပါနဲ့..ပိတ်လိုက် ရင် OSX ကိုထိခိုက်သွားနိုင်တဲ့အတွက်ကြောင့်ပါ။ နောက်တစ်ခု Memory Tab ပါ။ Memory Tab ကတော့ ကိုယ့်စက်ရဲ့ Memory အခြေအနေကို သိရှိနိုင်ပါတယ်။ဘယ် App ရဲ့ ဘယ် Process က Memory ဘယ်လောက်စားနေတယ် ဆိုတာကိုလည်း ကြည့်ရှူနိုင်ပါတယ်။





Energy Tab ကတော့ စက်ရဲ့ Energy စားနှူန်းကို ဖော်ပြပေးတဲ့နေရာပါ။ ဘယ် App က Energy စားနှူန်းအများဆုံးလည်း ဆိုတာ ဖော်ပြပေးတာကို ကြည့်ရှူနိုင်ပါတယ်။
Disk Tab ကတော့ စက်ရဲ့ Harddisk ထဲကို Data တွေရေးမှတ်နေတာ.. Read လုပ်နေတဲ့အခြေအနေတွေကို ကြည့်ရှုနိုင် ပါတယ်။
Network Tab ကတော့ ကိုယ့်စက်ရဲ့ Network အခြေအနေတွေကိုကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ Internet Connection ကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ Activity Monitor ကို အသုံးပြုတတ်သွားပြီလို့မျှော်လင့်ပါတယ်။






