Skip to main content

PDC Monthly News Commentary - April 2010

Page 1

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ၈၈ မျိုးဆက်ကျောင်းသားများ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် စာအမှတ် ။ ရက်စွဲ ။

။ ၆/၂၀၁၀(မဃတ+၈၈+ဗကသ) ။ ဧပြီလ ၇ ရက်၊ ၂၀၁၀ ခုနှစ်။ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

သို့ နိုင်ငံတော်အကြီးအကဲများ၏ ထိပ်သီးအစည်းအဝေး အရှေ့တောင်အာရှ နိုင်ငံများအသင်း မှ တဆင့် မစ္စတာစူးရင်းပစ်ဆူဝမ် အတွင်းရေးမှူးချုပ် အရှေ့တောင်အာရှနိုင်ငံများအသင်း အကြောင်းအရာ။ ။ မြန်မာ့အရေးနှင့်ပတ်သက်၍ ထိထိရောက်ရောက် ကူညီဖြေရှင်းပေးပါရန် မေတ္တာရပ်ခံပန်ကြားခြင်း။ လေးစားအပ်ပါသော နိုင်ငံ့ခေါင်းဆောင်များခင်ဗျား ခေါင်းဆောင်ကြီးများ သိရှိပြီးဖြစ်သည့်အတိုင်း ကျွန်ုပ်တို့၏ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နိုင်ငံရေးအရ တည်ငြိမ်မှု ကင်းမဲ့လျက်ရှိပြီး ရေရှည်တွင်လည်း တည်ငြိမ်အေးချမ်းလာနိုင်သည့်အခြေအနေများသို့ ဦးတည်နေသည်ကိုမတွေ့ရှိရပါ။ နိုင်ငံ တော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ၂ဝ၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော အထွေထွေ ရွေးကောက်ပွဲဆိုင်ရာဥပဒေများမှာ ကျွန်ုပ်တို့၏ တိုင်းပြည်အခြေအနေများအား ပိုမိုဆိုးဝါးသည့်အခြေအနေသို့ တွန်းပို့ခဲ့ပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ထုတ်ပြန်ကြေညာခဲ့သောဥပဒေများမှာ လူကြီးမင်းတို့ အစဉ် တစိုက် တောင်းဆိုခဲ့သော မြန်မာပြည်တွင် အမျိုးသားပြန်လည်သင့်မြတ်မှုပေါ်ထွန်းရေးနှင့် ၂ဝ၁ဝခုနှစ်အတွင်း တရားမျှတ၍ ပွင့်လင်းမြင်သာသည့် နိုင်ငံတကာ အသိုင်းအဝန်းမှ လက်ခံနိုင်သော အထွေထွေရွေးကောက်ပွဲတခု ဖြစ်ပေါ်လာနိုင်ရေးတို့နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိပေသည်။ ၎င်းတင်းကြပ်သော ဥပဒေများအရ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများနှင့် တက်ကြွသောနိုင်ငံရေးလှုပ်ရှားသူများအား မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်နိုင်မှုကို ပိတ်ပင်တားမြစ် ထားပါသည်။ ထို့အပြင် ထိုဥပဒေများအရပင် ၁၉၉ဝ ခုနှစ်က မြန်မာပြည်သူအများစုမှ ရွေးချယ်တင်မြှောက်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ၂ဝ၁ဝ ခုနှစ် မေလ ၇ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဖျက်သိမ်း ပစ်တော့မည်ဖြစ်ပါသည်။ ထို့အပြင် ၎င်းတို့၏ ပြည်သူ့လွှတ်တော်ဥပဒေ ၃/၂ဝ၁ဝ ဖြင့် ယခုထက်တိုင် အကောင်အထည် ဖေါ်ပေးခြင်းမရှိသေးသည့် ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလာဒ်အား တဖက်သတ် ဖျက်သိမ်းခဲ့ပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ထိုတရားမျှတမှုမရှိသော တဖက်သတ်ဆောင်ရွက်မှုများသည် ကျွန်ုပ်တို့၏တိုင်းပြည်တွင် ပိုမိုဝမ်းနည်းဖွယ်ကောင်းမည့် နိုင်ငံရေးအခြေအနေများနှင့် ရင်ဆိုင်လာရနိုင်ပြီး ပတ်ဝန်းကျင်နိုင်ငံ

Page 1 of 2


များဖြစ်သော လူကြီးမင်းတို့နိုင်ငံများအနေဖြင့်လည်း ရတက်မအေးဖွယ်ရကိုခတ်မှုများနှင့် ရင်ဆိုင်လာရနိုင်ပါသည်။ မြန်မာပြည် သည်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး အခြေအနေများနှင့် ပိုမို၍ အလှမ်းကွာဝေးလာနိုင်ပါသည်။ ထိုမျှမက ပတ်ဝန်းကျင်နိုင်ငံများနှင့် ဆက်စပ်လျက်ရှိသော တိုင်းရင်းသား လူမျိုးစုများနေထိုင်ရာ ဒေသအသီးသီးတွင် လည်း ယနေ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ စေ့စပ်ဆွေးနွေးလိုခြင်းမရှိသည့် တဖက်သတ် မူဝါဒ သဘောထားများကြောင့် သေနတ်သံများ ပြန်လည်၍ ဆူညံလာစရာအကြောင်းများ ရှိနေပေသည်။ အရှေ့တောင်အာရှနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီး သီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ရန် ဆောင်ရွက်နေစဉ်တွင် ကျွန်ုပ်တို့ မြန်မာပြည်တွင်မူ ပြည်တွင်းစစ်မီး ပြန်လည်တောက်လောင်မည့်၊ နိုင်ငံရေးမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားမည့် အခြေအနေများနှင့် ရင်ဆိုင်နေရပါသည်။ မိတ်ဆွေအိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှု၏ အကျိုးဆက်များဖြစ်သော ဒုက္ခသည်ဆိုင်ရာ ဝန် ထုတ်ဝန်ပိုးများ၊ အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းနေထိုင်သူများ၏ ဝန်ထုတ်ဝန်ပိုးများ အပါ အဝင် အခြားနိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဝန်ထုတ်ဝန်ပိုးများအားလည်း ဆက်လက်ထမ်းပိုးရပေလိမ့်မည်။ ထို့ကြောင့် လူကြီး မင်းတို့၏ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာပြည်ဆိုင်ရာအရေးကိစ္စအား လေးလေးနက်နက်ဆွေးနွေးကြ၍ မြန်မာပြည်သူတို့အား ထိထိရောက်ရောက် အကူအညီပေးနိုင်သည့် ဆုံးဖြတ်ချက်များချမှတ်ပေးပါရန် တောင်းဆိုအပ်ပါသည်။ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော (၁၅) ကြိမ်မြောက် ထိပ်သီး ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ခဲ့သည့် အာဆီယံဥက္ကဌ၏ မြန်မာပြည်ဆိုင်ရာ ထုတ်ပြန်ချက်ပါ “မြန်မာပြည်၌ အမျိုးသား ပြန်လည်သင့်မြတ်မှု ပေါ်ထွန်းရေး၊ အားလုံးပါဝင်နိုင်သည့် ပွင့်လင်း၍ ထင်သာမြင်သာရှိသော နိုင်ငံတကာ အသိုင်းအဝန်းမှ လက်ခံနိုင်သည့် ဂုဏ်သိက္ခာရှိသည့်ရွေးကောက်ပွဲတရပ် ၂ဝ၁ဝတွင်ပေါ်ထွန်းရေး”ဟူသည့်သဘောထားကိုပင် နအဖစစ်အစိုးရ ၏ဆောင်ရွက်ချက်များက အသိအမှတ်လုံးဝမပြုပဲ ပစ်ပယ်လိုက်ခြင်းဖြစ်ပါသည်။ ဤ (၁၆) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကြီးတွင် မိတ်ဆွေအာဆီယံနိုင်ငံများအနေဖြင့်… အဖွဲ့ကြီး၏ သဘောထားနှင့် ဆန့်ကျင်၍ ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့် ၄င်း တို့၏

ရွေးကောက်ပွဲဆိုင်ရာဥပဒေများအား

ကန့်ကွက်ရှုတ်ချပါရန်၊

မြန်မာပြည်တွင်

အမျိုးသားပြန်လည်သင့်မြတ်မှုဖြစ်စဉ်

လက်တွေ့ကျကျဖြစ်ထွန်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များ နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့် စစ်အစိုးရအား ဖိအားပေး တိုက် တွန်းပါရန်၊ အရှေ့တောင်အာရှမိတ်ဆွေနိုင်ငံများ၏ သဘောဆန္ဒများအား ဆက်လက်ဆန့်ကျင်နေပါက ၎င်းတို့၏ရွေးကောက်ပွဲ နှင့် ၎င်းရွေးကောက်ပွဲရလာဒ်အား အသိအမှတ်မပြုရန်နှင့် မြန်မာအစိုးရအား အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ထားခြင်းကဲ့ သို့သော် ပြင်းထန်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပါရန် ကျွန်ုပ်တို့မှ လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ သစ္စာရှိစွာဖြင့်

အရှင်သြဘာသ

ထွန်းမြင့်အောင်

ဇာနည်

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး

၈၈ မျိုးဆက်ကျောင်းသားများ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

abma07@gmail.com

88gstudent@gmail.com

abfsu.07@gmail.com

Page 2 of 2


Turn static files into dynamic content formats.

Create a flipbook
PDC Monthly News Commentary - April 2010 by Mr Ronal - Issuu