ncum_reminder

Page 1

အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည် ဖော် ဖော်ဆောင်ရေး နှိုးဆော်ချက် ၂၀၁၀ ပြည့်နှစ် ၊ မတ်လ (၁၈) ရက် (၂၀၁၀) ခုနှစ်၊ မတ်လ (၈) ရက်နေ့မှ စတင်၍ နအဖ စစ်အုပ်စုမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်း ဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များကို ထုတ်ပြန် ကြေငြာ ခဲ့ပါသည်။ မတ်လ (၁၁) ရက်နေ့ တွင်လည်း အဖွဲ့ဝင် (၁၇) ဦး ပါဝင်သော ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းကြောင်း ကြေငြာ သွားခဲ့ ပါသည်။ အဆိုပါ ရွေးကောက်ပွဲ ဥပဒေများ အနက် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အပိုဒ် (၉၁) (ခ) တွင် “ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် လိုက်လျော ညီထွေ မရှိ တော့သည့် အတွက် ယင်း ရွေးကောက်ပွဲ ရလဒ် များသည် အလို အလျောက် ပျက်ပြယ်သည်” ဟူသည့် အချက်ကို ဖော်ပြ၍ ပြည်သူ လူထု တရပ်လုံးက တခဲနက် ဆန သဘောထား မှန် ပေးထား ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်း ထားခဲ့ ပါသည်။ ယင်းအပြင် နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ အပိုဒ် (၆) ၊ အပိုဒ်ခွဲ (ဂ) တွင် မှတ်ပုံ တင်မည့် နိုင်ငံရေး ပါတီ များသည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုသော ၀န်ခံချက်ကို ပေးရ မည်ဟု ထည့်သွင်း ဖော်ပြ၍ ၂၀၀၈ ခုနှစ်တွင် မတရားသော အမိန့် အာဏာ များဖြင့် အတည်ပြု ထားသည့် ဒီမိုကရေစီ စံနှုန်း စံထား များနှင့် မကိုက်ညီ သော တရားဝင် စစ်ကျွန် ပြုရေး ဖွစဲ့ ည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရန် တဖက်သတ် တွန်းအား ပေးထား ပါသည်။ ယင်း ဥပဒေပါ အပိုဒ် (၂၅) တွင်လည်း တည်ဆဲ ပါတီများသည် နိုင်ငံရေး ပါတီ အဖြစ် ဆက်လက် တည်ထောင် လိုပါက ရက် (၆၀) အတွင်း ကော်မရှင်သို့ လျှောက်ထားပြီး ခွင့်ပြုချက် ရယူသည့် အခါ ဥပဒေပါ ပြဌာန်း ချက်များနှင့် အညီ ဆက်လက် ဆောင်ရက်ွခွင့် ရှိသည်ဟု ဖော်ပြ ထားခြင်း၊ လျှောက်ထားခြင်း မရှိပါက နိုင်ငံရေး ပါတီ အဖြစ်မှ အလို အလျောက် ပျက်ပြယ် သည်ဟု မှတ်ယူ ရမည် ဟူ၍ ရေးသား ထားခြင်း စသည်တမိှု့ာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (၄/၈၈) အရ တရားဝင် ရပ်တည် ခဲ့သော နိုင်ငံရေး ပါတီ များ၏ တရားဝင် မှုကို တိုက်ရိုက် စိန်ခေါ် ခြိမ်းချောက်၍ စစ်ကျွန်ပြု လမ်းပြ မြေပုံ အတိုင်း လိုက်လံ လျှောက်လှမ်း စေရန် ဖိအားပေး လိုက်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် အမျိုးသား လွှတ်တော် ဥပဒေ အပိုဒ် (၄) ၊ အပိုဒ်ခွဲ (က) တွင် ဖော်ပြ ထားသော တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် တခုလျှင် လွှတ်တော် မဲဆန္ဒနယ် (၁၂) နယ်သာ သတ်မှတ် ရမည် ဆိုသည့် အချက်မှာ နယ်မြေ ခွဲခြား သတ်မှတ်မှု၊ နိုင်ငံတော် ဖွစဲ့ ည်း တည်ဆောက် မှုနှင့် ပတ်သက်၍ ပြည်တွင်း ပဋ္ဋိပက္ခများ ရှိနေသော မြန်မာ့ နိုင်ငံရေး အခြေ အနေတွင် စစ်မှန်သော ကိုယ်စားပြု ဒီမိုကရေစီ စနစ်ကို တည်ဆောက နိုင်ခြင်း မရှိသဖြင့် ပြည်တွင်း စစ်မီး တောက်လောင် စေရန် ဖန်တီး လိုက်သကဲ့ သို့ပင် ဖြစ်သည်။ သို့ဖြစ်ရာ နအဖ စစ်အုပ်စုမှ ရေးဆွဲ ပြဌာန်း လိုက်သော ရွေးကောက် ပွဲဆိုင်ရာ ဥပဒေ များသည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေ အနေက တောင်းဆို နေသော သမိုင်း လိုအပ် ချက်များ ဖြစ်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး၊ ဒီမိုကရေစီ စနစ် ရေရှည် တည်တံ့ ခိုင်မြဲရေး လိုအပ်ချက် များကို ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိပဲ တစ်မျိုးသားလုံး စစ်ကျွန် ဘ၀ ရောက်ရှိရေး၊ ပြည်တွင်း စစ်မီး တောက်လောင်ရေး တို့ကိုသာ ဦးတည် နေကြောင်း သိသာ ထင်ရှား နေပေ သည်။ နိုင်ငံရေး တပ်ဦး ပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန် ထားသော ရွှေဂုံတိုင် ကြေငြာချက်ကို လုံးဝ ပစ်ပယ် ထားပြီး၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ကိုလဲ ဥပက္ခာ ပြုလိုက်ကြောင်း ထင်ရှားစွာ သိမြင် နိုင်ပေသည်။


-၂သိပု့ါ၍ မိမိတို့ ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ အနေဖြင့်

စစ်အာဏာရှင် စနစ် ဆိုးကြီး မြန်မာ့ မြေပေါ်တွင်

အဆုံးသတ် သွားစေရန် ပြည်တွင်း ပြည်ပ နိုင်ငံရေး အင်အား စုများ အပါအ၀င် မြန်မာ ပြည်သူ တစ်ရပ်လုံးဖြင့် လက်တွဲ၍ အောက်ပါ လုပ်ငန်း စဉ်များ ဖြစ်သော

(၁)တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မြို့ရွာ တိုင်းတွင် နအဖ စစ်အုပ်ချုပ်ရေး ယန္တရားကို တွန်းလှန် ဖယ်ရှားမည့်

အဖွဲ့

အစည်းများ၊ အစု အဖွဲ့များ နှင့် သမဂ္ဂများ ပေါ်ပေါက် လာရေး၊ (၂)တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး နှင့် နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့ အစည်းများ အနေဖြင့် နအဖ စစ်အာဏာရှင် စနစ်ကို မိမိတို့ ဘာသာ ကိုယ့်အား ကိုယ်ကိုး၍ တွန်းလှန် ဖယ်ရှား နိုင်ရမည် ဟူသော ခိုင်မာသည့် ယုံကြည် ချက်အား တည်ဆောက် နိုင်စေရေး၊ (၃)ထွက်ပေါ် လာသည့် အဖွဲ့ အစည်းများ နှင့် ပူးပေါင်း ပါဝင် လိုသူများ အနေဖြင့် တူညီသည့် လုပ်ငန်းများ၊ လှုပ်ရှားမှု ကင်ပိန်း များကို အတူ တကွ ပူးတွဲ လုပ်ဆောင် ခြင်းဖြင့် စုစည်း ညီညတ်ွပြီး ခိုင်မာသည့် စွမ်းအားများ တိုးပွား လာစေရေး နှင့် အောင်ပွဲ ရသည်ထိ အတူ တကွ ချီတက် လုပ်ဆောင်ရေး၊ (၄)နအဖ စစ်အာဏာရှင် အုပ်ချုပ်ရေး ယန္တရား အတွင်း မလွှဲ မရှောင်သာ ပါဝင် နေကြရသည့် အမျိုးကောင်းသား၊ အမျိုးကောင်း သမီး ပညာတတ်များ၊ စစ်တပ် တွင်းမှ တိုင်းချစ် ပြည်ချစ် အရာရှိ ၊ အရာခံ ၊ အကြပ် ၊ တပ်သားများ၊ လုံခြုံရေး အဖွဲ့ဝင်များ၊ စွမ်းအား ရှင်များ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ နှင့် အုပ်ချုပ်ရေး ဝန်ထမ်းများ အားလုံး အမျိုသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး တွင် ပူးပေါင်း ပါဝင်လာ စေရေး၊ (၅)ကနဦး ကာလတွင် မြို့ပြ ပျောက်ကျား သပိတ် တိုက်ပွဲ များမှ တဆင့် နအဖ စစ်အုပ်စု တို့၏ နိုင်ငံရေး အာဏာကို အသက်ဆက် ပေးနေသည့် အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံး လုံးဝ ပြိုကျ သွားသည် အထိ အဆုံး အဖြတ် ပေးမည့် တိုက်ပွဲ (သို့) အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အဆုံးသတ် တိုက်ပွဲကို အကောင် အထည် ဖော်ဆောင်ရေး (၆)ပြည်သူ လူထုကို အမှန် တကယ် ကိုယ်စားပြု ဦးဆောင် နိုင်သည့် အစိုးရ တစ်ရပ် ပေါ်ထွက် လာရေး နှင့် (၇)အသွင် ကူးပြောင်း ကာလကို အောင်မြင်စွာ အသွင် ကူးပြောင်း နိုင်ရေး စသည်များ ပါဝင်သည့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး ကို အရှိန်မြှင့် အကောင် အထည် ဖော်ဆောင် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာ အပ်ပါသည်။ စစ်အာဏာရှင် စနစ် ဆိုးကြီး မြန်မာ့ မြေပေါ်မှ ပျောက်ကွယ် သွားစေမည့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှား မှုကြီးကို ပြည်တွင်း ပြည်ပ နိုင်ငံရေး အင်အားစုများ၊ ပြည်ပရောက် မြန်မာများ၊ အလုပ်သမား၊ ကျောင်းသား၊ တောင်သူ လယ်သမား၊ ရဟန်း သံဃာတော်များ အပါအ၀င် မြန်မာ တစ်မျိုးသားလုံး လက်တွဲ၍ ဆင်နွှဲ တိုက်ပွဲ ၀င်ကြ ပါရန် တိုက်တနွ်း နှိုးဆော် လိုက်ပါသည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး

-

ဒို့အရေး

စစ်ကျွန်ပြု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ

-

အလိုမရှိ

အာဏာရှင်ရွေးကောက်ပွဲ

-

အလိုမရှိ

မတရားတဲ့ အမိန့်အာဏာမှန်သမျှ

-

ဖီဆန်ကြ

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု

-

အောင်ရမည်။ အောင်ရမည်။

ဗဟိုနိုင်ငံရေးဦးဆောင်ကော်မတီ ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.