7-tips-for-mass-and-power-pdf

Page 1

Seven tips for mass and power pdf

ထုထည်နှင့်ပါဝါအတွက်အကောင်းဆုံးအချက်-7-ချက်

ကျွန်တော့်ကိုလူအတော်များများကအမြဲတန်းမေးလေ့ရှိတာကတော့ထုတက်အောင်ဘာလုပ်ရ မလဲ။ခွန်အားပါဝါတက်လာအောင်ဘာလုပ်ရမလဲ။အမေးတွေကတော့အမျိုးမျိုးပေါ့ဗျာ။မေးမြန်း သူအားလုံးအတွက်သင့်လျော်သောအဖြေကိုကျွန်တော်ဒီဆောင်းပါးလေးနှင့်ဖြေလိုက်ပါတယ်။ ခင်ဗျားတို့အားလုံးကျေနပ်မယ်လို့ မျော်လင့်ပါတယ်။ခင်ဗျားတို့ ရဲ့ comment လေးတွေကိုလို ချင်ပါတယ်။ဒီဆောင်းပါးလေးကိုတော့လျော့မတွက်ကြပါနဲ့ ။တစ်ကယ့်ကမ္ဘာကျော်ကာယဗလ ပါရဂူများရဲ့ အကြံပြုချက်တွေပါ။ဒါ့ကြောင့်သေချာလေ့လာမှတ်သားထားပါ။ပြီးရင်လိုက်နာ

Naing oo ---119 intensemuscle@gmail.com

1

www.myanmarfitness.com


Seven tips for mass and power pdf လေ့ကျင့်ကြည့်ပါ။

1-------၀က်ဝံတစ်ကောင်လိုစားပါ သင့်ကြွက်သားများတည်ဆောက်စေရန်အတွက်သင့်ကိုယ်တွင်းအင်အားပြည့်နေစေပြီး ဇီဝဖြစ်ပျက်မူများကောင်းမွန်ကာသဘာဝတက်စတိုစတီရုန်းများအထွက်ကောင်းစေရန်သင်အ စားကိုဝက်ဝံတစ်ကောင်လိုစားသင့်ပါတယ်။အဲဒီလိုပြောလို့ နားလည်မူမလွဲသွားစေချင်ဘူးဗျာ။ ကျွန်တော်ဆိုလိုတာကများများစားပါဆိုတာကယ်လိုရီပါဝင်မူများပြားသောအာဟာရတန်ဖိုးမြင့် သောကာယဗလအစားအစားများကိုပြောတာပါ။သင့်ကိုယ်အလေးချိန်တစ်ပေါင်လျင်ပရိုတိန်း 1-ဂရမ်မှအများဆုံး2-ဂရမ်နှန်းစားပါ။(ဥပမာ-သင့်ကိုယ်အလေးချိန်ကပေါင်တစ်ရာ့ငါးဆယ်ဆိုပါ စို့ ။ဒါဆိုသင်အနဲဆုံးပရိုတိန်းဂရမ် 150 စားသင့်ပါတယ်။တစ်ဂရမ်ဟာမြန်မာအလေးချိန် 6ကျပ်သားလောက်ရှိပါတယ်။ဒါဆိုရင်သင်တစ်နေ့ ကိုအသားဓါတ် 150 ဂရမ်ရဖို့ အသား တစ်ဆယ်သားလောက်စားရမယ်ဆိုတာသင်နားလည်သွားပါပြီလို့ ယူဆပါတယ်)။ကာဗိုဟိုက်ဒ ရိတ်ကိုတော့ကိုယ်အလေးချိန်တစ်ပေါင်လျင်သုံးဂရမ်မှလေးဂရမ်နှုန်းစားသင့်ပါတယ်။သံလွင် ဆီလိုကောင်းတဲ့အဆီတွေကိုစားဖို့ လည်းမမေ့ပါနဲ့ ။ထုတင်တဲ့ကာလမှာ cardio လုံးဝမလုပပ်ါ နဲ့ ။လုပ်ခဲ့ရင်တော့အဲဒါကသင့်ကိုယ်တငွ်းကယ်လိုရီလိုအပ်မူကိုတိုးလာစေမှာပါ။အဲဒါကြောင့်မ လုပ်ပါနဲ့ လို့ ပြောတာပါ။

Naing oo ---119 intensemuscle@gmail.com

2

www.myanmarfitness.com


Seven tips for mass and power pdf

2-------အခြေခံကစားနည်းတွေကိုသာအားပြုကစားပါ ထုထည်နှင့်ပါဝါအတွက်ဖန်စီဆန်သောစက်ပစ္စည်းများနှင့်လုံးဝမကစားသင့်ပါ။အခြေခံလေ့ ကျင့်ခန်းများဖြစ်သောအလေးထမ်းအပြည့်ထိုင်ထ၊ရင်အုပ်ဘားရှည်တနွ်း၊ကြမ်းပြင်ပေါ်ချထား သောအလေးကိုမယူခြင်းစသောလေ့ကျင့်ခန်းများနှင့်ဘားရှည်စုံတွန်း၊ဘားရှည်လက်မောင်း ရှေ့ ကွေးနှင့်ပက်လက်အိပ်လက်မောင်းနောက်အကျဉ်းတွန်းစသည်တို့ ကိုအားပြုကစားပါ။ အဲဒါတွေကချန်ပီယံအားလုံးရဲ့ ကစားနည်းတွေပါ။

3------အားသွန်ခွန်စိုက်လေ့ကျင့်ကစားပါ ထုတက်ဖို့ ဟဲဗီးကစားပါ။ပြင်းပြင်းထန်ထန်းညှစ်ပြီးကစားပါ။အဖော်တစ်ယောက်ရဲ့ အ ကူအညီနဲ့ သင်နိုင်တဲ့အလေးထက်ပိုတိုးပြီးအင်နှင့်အားနှင့်ကစားပါ။တစ်ကျော့လျင်6ကြိမ်မှ 8-ကြိမ်သာညှစ်ကစားပါ။

Naing oo ---119 intensemuscle@gmail.com

3

www.myanmarfitness.com


Seven tips for mass and power pdf

4-ကောင်းကောင်းနားပါ (အိပ်ပါ) ကာယဗလသမားအတော်များများကအနားယူခြင်းကိုလျော့တွက်နေကြတယ်ဗျ။အား ကစားရုံမှာလောင်ကျွမ်းပျက်စီးခဲ့တဲ့သင့်ကြွက်သားအမျှင်တွေဟာအိပ်ချိန်မှာသာ ပြန်လည်တည်ဆောက်နိင်တာပါ။လုံလုံလောက်လောက်မအိပ်ပဲနဲ့ တော့သင်စိတ်ကူး ယဉ်သလိုသင်ထွားလာမှာမဟုတ်ပါဘူး။သင့်ကိုယ်ကလိုအပ်သောအိပ်ချိန်ကိုသင့်အ ပြည့်ဖြည့်ပါ။အကြံပေးချင်တာကတော့သင်အိပ်ခါနီးကိုသင့်အိပ်ရာနားမှာရှိတဲ့နှိုးစက် နာရီကိုလွင့်ပစ်လိုက်ပါ။

5-လေ့ကျင့်မူ့ မလွန်ပါနဲ့  လေ့ကျင့်မူ့ လွန်ကဲခြင်းကသင့်ကိုအချိန်ပေါင်းများစွာအနားပေးလိုက်နိုင်ပါတယ်။ဒါ ကြောင့်သင်ကြွက်သားအုပ်စုတစ်ခုကိုတစ်ပါတ်လျင်တစ်ကြိမ်သာလေ့ကျင့်ပါ။အိပ်ချိန် လိုပဲကစားချိန်တစ်ချိန်နှင့်တစ်ချိန်ကြားမှာသင့်ကြွက်သားတွေကိုအနားပေးဖို့ အရေး ကြီးပါတယ်။ကြွက်သားအစိတ်အပိုင်းတစ်ခုစီကိုလေ့ကျင့်ခန်းသုံးမျိုးမှလေးမျိုးစုစုပေါင်း ဆယ့်နှစ်ကျော့ထက်ပိုပြီးမကစားပါနဲ့ ။ဒါကလွယ်လယ်ွလေးလို့ သင်မထင်ပါနဲ့ ။ဒီထက် ပိုပြီးကစားခဲ့ရင်သင်ဟာဒဏ်ရာအနာတရဖြစ်ဖို့ သိပ်နီးစပ်သွားမှာပါ။ကျွန်တော့်ကိုယုံပါ။

Naing oo ---119 intensemuscle@gmail.com

4

www.myanmarfitness.com


Seven tips for mass and power pdf ကစားချိန်တစ်ချိန်ကိုမိနစ် 90-ထက်ပိုပြီးလေ့ကျင့်ပါကသင်ဟာလေ့ကျင့်မူလွန်ကဲခြင်း (OVER TRAINING) ဆိုတဲ့အခြေအနေကိုရောက်သွားမှာပါ။

6-အိမ်မှာနားပါ။gym-မှာမနားပါနဲ့  တစ်ကျော့နဲ့ တစ်ကျော့ကြားမှာဘယ်တော့မှနှစ်မိနစ်ထက်ပိုပြီးမနားပါနဲ့ ။နှစ်မိနစ်ထက်ပိုပြီးနား ခြင်းဟာသင့်ကြွက်သားတွေအပြည့်အ၀ညှစ်အားမရှိတော့ပါဘူး။ပြီးတော့ကစားရာမှာလည်းထိ ရောက်တော့မှာမဟုတ်တော့ပါဘူး။

7-စွဲမြဲစွာလေ့ကျင့်ပါ Naing oo ---119 intensemuscle@gmail.com

5

www.myanmarfitness.com


Seven tips for mass and power pdf

စွဲမြဲစွာလေ့ကျင့်ပါဆိုတာကသင့်လေ့ကျင့်ရေးရုံသွားခါနီးမှာတီဗွီကြည့်နေလို့ ၊သူငယ်ချင်း တွေနဲ့ ပါတီပွဲသွားစရာရှိလို့ ဆိုပြီးအကြောင်းပြချက်များနဲ့ မလေ့ကျင့်ဖြစ်တာကိုဆိုလိုတာပါ။ အခြားသောအားကစားတွေထက်ကာယဗလကပိုပြီးစွဲမြဲရန်အရေးကြီးပါတယ်။အထူးသဖြင့် အောက်ပိုင်းကစားမဲ့နေ့ တွေမှာသင်တန်းကိုမပျက်မကွက်သွားရောက်ကစားသင့်ပါတယ်။ ကစားရာမှာငြီးငွေ့ ခြင်းမဖြစ်အောင်ကစားတဲ့ပရိုဂရမ်တွေကိုအလှည့်အပြောင်းလုပ်ကစားပါ။ ကြွက်သားတွေလည်းထောင့်စုံပိုထိရောက်တာပေါ့။ဒီအချက်လေးတွေကိုဂရုစိုက်လုကိနာလိုက် ပါ။သင့်ရည်မှန်းချက်တွေအကောင်အထည်ပေါ်လာမှာပါ။ ခင်ဗျားတို့ သတိထားမိမှာပါ။အခုနောက်ပိုင်းကျွန်တော့်ဆောင်းပါးလေးတွေကို နည်းနည်းရှည်လာပြီဆိုရင် e-book အဖြစ်ပြောင်းပြီးတင်ပေးတာကိုပါ။တစ်ချို့ အင်တာ နက်သုံးတာအခက်အခဲရှိတဲ့နယ်ကပရိတ်သတ်တွေအတွက်ပါ။ပြီးတော့ခင်ဗျားတို့ ကျွန် တော့်စာအုပ်နာမယ်လေးတွေကို google ထဲမှာပါရိုက်ပြီးရှာရင်ရအောင်လို့ ကျွန်တော် ကြိုးစားနေတာပါ။အခုတော့မရသေးပါဘူး။ဒါပေမဲ့မကြာမှီဖြစ်လာမှာပါ။

Naing oo ---119 intensemuscle@gmail.com

6

www.myanmarfitness.com


Seven tips for mass and power pdf

တင်ပြသူ----

နိုင်ဦး-----119 Email-----intensemuscle@gmail.com www.myanmarfitness.com

Naing oo ---119 intensemuscle@gmail.com

7

www.myanmarfitness.com


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.