ThetKhineofMinDin

Page 96

rif; 'if&JUoufcdkif (twJG - 2)

96

ဒီထက်ပိုရှုပ်လာတာက ကိုရန်ဝင်း ထွက်ချက်တွေကိုပါ ယူလာပြန်ရောဗျာ။ နှစ်ယောက်တောင် မတူတာ၊ သုံးယောက် ဆိုတော့ ပိုဆိုးကုန်ပြန်တာပဲဗျို့။ ကျနော်နဲ့ ကိုရန်ဝင်း ကလည်း သိပ်အဆက်အသွယ်ရှိလှတာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဒါကို သူတို့က မယုံပြန်ဘူး။ မနက်ခြောက်နာရီလောက်မှာ တနာရီလောက် အိပ်ခွင့်ပေးပြီး ထပ်စစ်ပြန်ပါရောဗျာ။ ကျနော့်စိတ်ထဲမှာ မြန်မြန်ပြီး ပြီးရော ဆိုတ့စဲိတ်တွေပေါ်နေပါပြီ။ ဒါကြောင့် ခင်ဗျားတို့ သဘောအတိုင်း တခြားလူထွက်ချက်တွေနဲ့ ကျနော့် ထွက်ချက် ညီအောင်သာ ရေးလိုက်ပေတော့ ပြောတော့လည်း ... တော်ပါတော့ကိုသက်ခိုင်၊ နောက်တခါ ဒုက္ခ ထပ် မပေးပါနဲ့တော့တ့။ဲ နောက်တနေ့ နေ့လည်လောက် ရောက်လာပြန်ပါတယ်။

ဒီနေရာမှာ တခုပြောချင်တာက တကယ်တော့ ကျနော် အမှန်တွေချည်း ပြာတော့မယ်လို့ ဆုံးဖြတ်ပြီးနေပြီဗျ။ အေးလေ၊ လိမ်နေလည်း အပိုပဲဖြစ်နေပြီလေ။ ကိုရန်ဝင်းလည်း အမှန်၊ မောင်မောင်မြင့်လည်း အမှန်၊ ကျနော် တယောက်ထဲ ထွက်ချက်ကွဲနေတာ။ ဒါကို ရွှေကိုယ်တော်တွေက ကျနော့်ကို လိုတာပိုပြီး အထင်ကြီးနေတာဗျ။ သူတို့ စိတ်ထဲမှာ ကျနော်က ရဲရဲတောက်သွေးနဲ့အာခံနေတယ် ထင်နေတာ။ ဘယ်ကလာ ရဲရမှာလဲ၊ ပါတားနီ ဖြစ်နေပြီ။ ပါတားနီ ဆိုတာတောင် မသိဘူးလား ဗျာ ။ ကျနော်တို့ငယ်ငယ်တုန်းက ဒန်အိုးဒန်ခွက် အဟောင်းတွေကို ပါတားနီလို့ခေါ်တဲ့ ဆေးနီဆိုးထားတဲ့ ပဲလုံးလေးတွေ နဲ့လဲလို့ရတယ်။ အဲဒီပါတားနီက စားလိုက်ရင် ပါးစပ်မှာ နီကုန်တယ်၊ စားတုန်းခဏပဲ နီတာ၊ နောက် ခဏကြာရင် ပျောက်သွားရော။ ကျနော်နဲ့ ကာလူးချဖက် အလံနီလူထွက် ကိုတင်ထွန်းကို ကျနော် ပေးထားတဲ့နာမည်က ပါတားနီ။ သူက သခင်စိုး တပည့်အရင်း။ အခု ကျနော်လည်း ပါတားနီ ဖြစ်နေပြီလို့ဆိုလိုတာလေ။ တခုတော့ ကျနော် အသေအကြေ ဖုံးကွယ်ထားတာရှိတယ်။ ဒါက ဗိုလ်ကြီးခင်ဇော်ကိစ္စ။ ထောက်လှမ်းရေးတွေ ခြေချင်းလိမ်နေတဲ့အချိန်၊ ကျနော် မုပန်ွရေတပ်စခန်းမှာ သွားသွားအိပ်နေတဲ့ကိစ္စ။ မလုပ်ကောင်းဘူး၊ မဖြစ်သင့်ဘူး ထင်လို့ပါဗျာ။ မတော်တဆပေါ်သွားရင် ခင်ဇော် ခမျာ မိန်းမရတာတောင် မကြာသေးဘူး၊ တခါတည်း တန်းပြုတ်ပြီး ထောင်ထဲဝင်ရမယ့် ကိန်းလေ။ ဒါတော့ ကျနော် ထိန်းရမယ်။ ကံကောင်းချင်တော့ ခင်ဇော့်ကို ကျနော်အဖွ့ေဲ တွ တယောက်မှ မသိကြဘူး။

နေဦး၊ ကြုံတုန်း ခင်ဇော့်ကို ကျနော်ဂျီကျတာပြောရအုံးမယ်။ ဘုန်းကျော်၊ ရွှေသွေးနဲ့ ရဲမွန်လှိုင်တို့လည်း လွတ်သွား ရော၊ ကျနော်က မုပန်ွရေတပ်မှာရှိတဲ့ ခင်ဇော့်အခန်းမှာ သွားအိပ်နေလိုက်တယ်။ သုံးညလောက်ရှိမယ်။ ဒီကောင် ကလည်း

ဗိုလ်ကြီးဖြစ်မှ

ဘာသောက်သလဲ

မမေးနဲ့၊

အရက်ဆို

လာသာလာခဲ့၊

အချိန်မရွေးဆိုတ့အဲ ထဲက။

အကာလိကောလည်း ချတာပဲ။ ကျနော်န့ေဲ တာ့ တကယ့်ကို ဘက်ကျနေတာပဲ။ ကျနော် မော်လမြိုင်ကို လာတာ ငန်းတေး လျှပ်စစ်စက်ရုံက မီးထိုးဆီပျက်တွေ လေလံဆွဲမလို့လာတာလို့ ပြောထားတာ၊ သူကလည်း တခွန်းမှ ထပ် မမေးဘူး။ ကျနော်ကလည်း မမေးလေ ကြိုက်လေ။ လူချင်းတွေ့တာနဲ့ ပုလင်းဖွင့်တာပဲ။ အရက်က အာမီလေ။ သူ့ အခန်းမှာ အလုံအလောက် ရှိတယ်။ တည ခင်ဇော်န့ကျဲနော် မူးပြီး တပ်အပြင်ဘက်ထွက်တယ်။ သောက်ပြီး ထမင်းစားမလို့ ဟင်းထွက်ဝယ်တာ ထင်တယ်။ ခင်ဇော့်မိန်းမက ရန်ကုန်ခဏ ပြန်သွားတယ်လေ။ ဒါကြောင့် သူ့အိမ်မှာ ဘာမှ စားစရာမရှိတာ။ ဘာဝယ်ပြီး ပြန်လာ မှန်းတောင် မမှတ်မိတော့ပါဘူးဗျာ။ တပ်ထဲ ပြန်အဝင်မှာ စခန်းအဝင်ဝက ဆိုင်းဘုတ်ကြီးကို ကျနော် ကြည့်ပြီး အသံပြဲ ကြီးနဲ့ အော်ဖတ်ပစ်လိုက်တယ်။ တပ်မတော်သားအမိ၊ တပ်မတော်သားအဖ၊ ဒို့သားအဖ သုံးယောက် ... လို့။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.