ThetKhineofMinDin

Page 91

rif; 'if&JUoufcdkif (twJG - 2)

91

tcef; (53) - armifhudkaoap ĂąTef;a&mhavovm;

အရွယ်မရောက်သေးတဲ့ သမီးငယ်၊ ယောက်ျား လုပ်သမျှ အမြဲမှန်သည် ဆိုတဲ့ ဇနီးသည်၊ ကျနော့် သတင်းတခုခု ကြားရင် အိမ်ကို လူလွှတ်ခေါ်ခိုင်းပြီး ငါ့သား ဘာတွေ လျှောက်လုပ်နေတာလဲ ... အမြဲမေးတတ်တဲ့ အမေ ... ကျနော့် ခေါင်းထဲကို တန်းစီ ဝင်လာတော့တာပဲဗျာ။ ကျနော် အစောင့် စစ်သားမမြင်နိုင်တဲ့ အဝင်တံခါး နဲ့ သုံးပေလောက်အကွာ နံရံကိုကျောမှီထိုင်ပြီး လက်နှစ်ဘက်ကို ဒူးနှစ်လုံးပေါ်တင်လိုက်မိတယ်။ ခေါင်းတော့ မငုံ့ဘူး၊ ခေါင်းငုံ့စရာ မလိုဘူးလေ။ ကျနော် လုပ်ခ့သဲ မျှဟာ ကိုယ်ကျိုးမပါ ခဲ့ဘူး။ ယုံကြည်ရာကို စိတ်သန့်သန့်န့လဲုပ်ခ့တဲာမို့ပါ။ ခဏကြာတော့ စိတ်ထဲမှာ တခုခု လုပ်ချင်စိတ် ပေါက်လာတယ်။ ဘေးဘီကို သေချာရှာလိုက်တော့ ဇီးစေ့ခပ်ကြီးကြီး အရွယ်ရှိတဲ့ အုတ်နီခဲစလေးတစ တွေ့တာနဲ့ ဇတ်ကနဲ ကောက်ပြီး နောက်ကျောက နံရံမှာ ... တိုင်းပြည်နှင့် လူမျိုးကို ချစ်ခြင်း၏ သင်္ကေတ။ သက်ခိုင် ... ၂၉၊ ၀၃၊ ၁၉၈၉ ... ဆိုတဲ့ စာလုံးတွေကို အုတ်နီခဲစ မကုန်မချင်း လျှောက်ခြစ် နေမိတယ်။ တကယ်ချစ်တယ် မချစ်တယ် တော့မေးမနေပါ နဲ့တော့။ အားငယ်သလိုလို ဖြစ်ပြီး မာန်တင်းတဲ့သဘော ထင်ပါရဲ့။

အဲဒီ အချိန်မှာ ကျနော့် ဘေးအခန်းက တဒေါက်ဒေါက် အသံတွေ ကြားနေရတယ်၊ သောကြာရောက်နေတဲ့ အခန်း ကလေ၊ တောက် တောက်၊ တောက်တောက်တောက်၊ တောက်တောက် တဲ့။ ဘာလုပ်နေပါလိမ့်ပေါ့ဗျာ။ နောက်ပိုင်း အပြင်ရောက်မှ သိရတာက အဲဒါ သောကြာက ကျနော့်ကို သင်္ဘောသားတွေလို မော့စ် နဲ့ စကားပြောနေတာတဲ့။ သိပါဘူးဗျာ။ မော့စ် ရိုက်တယ်ဆိုတာ ကျနော့်အိမ်ဘေးက ကိုသက်ဦးဆိုတ့သဲ င်္ဘောသားတယောက် ကျင့်ကျင့်နေတာ တွေ့တော့တွေ့ဖူးတယ်။ ဒစ်ဒစ်ဒါဒါ ... ၊ ဒါဒစ်ဒစ် ဆိုလား။ ဒီလောက်ပဲ သိတယ်။ ခဏကြာတော့ ကျနော် နားမလည်တာ သူသိသွားတယ် ထင်ပါရဲ့။ အသံထွက်လာတယ်။ ကျနော်နဲ့ နီးတဲ့နံရံနားကနေ ကပ်ပြောနေတာ ... ။ http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.