ThetKhineofMinDin

Page 86

rif; 'if&JUoufcdkif (twJG - 2)

86

tcef; (52) - rif;vnf;a,mufsm;? igvnf;a,mufsm;

ကျနော့်ကို ဖမ်းလာပြီး ပထမနှစ်ရက်မှာ စစ်ပုံဆေးပုံလေးကို အသေးစိတ်ပြောပြမှ ပြည့်စုံပါလိမ့်မယ်ဗျာ ...။ အမှောင်ခန်းထဲကိုထည့်ထားပြီး ကျနော်လည်းဒင်္ဂါးပြားကိုဖိနပ်အောက်ထိုးသွင်းပြီးရော ကိုယ်တော်နှစ်ယောက် ရောက် လာပြီး ကျနော့်ကိုပြန်ထုတ်သွားကြတယ်။ ခေါင်းစွပ်တော့မစွပ်တော့ဘူးဗျာ။ အခန်းတခုထဲကိုရောက်တော့ ကုလား ထိုင်တလုံးမှာ ထိုင်ခိုင်းတယ်။ ကျနော်တို့ခေတ်က မင်္ဂလာဆောင်တွေမှာသုံးတဲ့ သစ်သားခေါက်ကုလားထိုင်မျိုးပါဗျာ။ အခန်းက စစ်ဖို့ဆေးဖို့ သီးသန့်လုပ်ထားတဲ့အခန်းဗျ။ ဘာမှ ရုံးသုံးပစ္စည်းမရှိဘူး။ စာပွဲသေးသေးတလုံးနဲ့ ကုလားထိုင် သူတလုံး၊ ကိုယ်တလုံး။ သူ့ကုလားထိုင်က ကျနော့်လိုမဟုတ်ဘူး။ လက်တန်းနဲ့လက်တင်န့။ဲ ဘာမှတောင် မမေးရသေးဘူးဗျာ။ ဘယ်ကရောက်လာမှန်းမသိတဲ့ မောင်တကောင်က ကျနော့်ရှေ့ကစားပွဲကို လက်ဝါး နဲ့ ဝုန်းကနဲ ခပ်ပြင်းပြင်းရိုက်လိုက်တယ်။ ပြီးတော့ ပြောသေးတယ်၊ ကောင်းကောင်းမေးတာကို ကောင်းကောင်းဖြေတဲ့။

ရုတ်တရက်တော့ လန့်သွားတာအမှန်ပဲ။ နောက်ချက်ချင်းဒေါကန်သွားတယ်။ သက်ခိုင်ဗျာ၊ ဒင်န့ဒဲိတ် ဆိုတ့လဲူမိုက်တွေ ကြားမှာ ကြီးလာတာ။ ဟိုဒင်းကို ဟိုဒင်းနဲ့လာခြောက်သလိုဖြစ်နေလို့။ ကျနော့်ကို စစ်မယ့်မောင်က လုပ်သေးတယ်၊ အဲဒီလူက ခါးပတ်နက်တ့။ဲ အေးပေါ့ဗျာ၊ ခါးပတ်နက်နဲ့ ခြောက်တော့လည်း ဖြေလိုက်ရတာပေါ့။ ဖြေလိုက်တာမှ အရေးကြီးတဲ့ နေရာတွေမှာ ယောင်ဝါးနဲ့အမှားကြီးပဲ။ ဒါလည်း ကျနော့်အကျင့်ဗျ။ ကျနော်က ခြိမ်းလားခြောက်လား၊ မင်းဘာလဲ၊ ငါဘာလဲ လုပ်တ့ေဲ ကာင်တွေကို ဖြိုရမှ အရသာရှိတယ် ထင်တ့ေဲ ကာင်။

ကျနော့်မျက်နှာရှေ့မှာ ဓာတ်ပုံရိုက်တ့အဲ ခန်းတွေထဲမှာသုံးတဲ့ အားကောင်းကောင်း မီးဆလိုက်တလုံး ထိုးထားပြီး စ စစ် တော့တာပဲဗျို့။ ကျနော့်ကိုစစ်တ့အဲ ဖွဲ့ခေါင်းဆောင်နာမည်က စိုးသန်းတဲ့။ တပ်ကြပ်ကြီး အဆင့်။ ကျနော့်ကို လာဖမ်းတဲ့ မောင်ပဲ လေ ... ။ နာမည် ... သက်ခိုင်၊ တခြားနာမည်ရှိသေးလား၊ အဖေနာမည်ပြော ဆိုတာတွေနဲ့ ညရှစ်နာရီလောက်က စလိုက်တာ မနက်ခြောက်နာရီထိုးရော။ အဲဒီတော့ ခဏအိပ်ဆိုပြီး စစ်တ့ေဲ မာင်က ထွက်သွားတယ်။ နောက် ခြောက်နာရီခွဲတော့ နောက်တယောက် ရောက်လာတယ်။ ထတော့တ့။ဲ မျက်နှာသစ်လိုက်တ့။ဲ ဒန်ခွက်ခပ်ကြီးကြီးနဲ့ရေတခွက် လာချပေး တယ်။ မျက်နှာတောင် သစ်မပြီးသေးဘူး၊ ဗိုလ်မှူးကြီးစိန်မြအကြောင်း ဆက်ကြရအောင်တ့။ဲ ဆက်လိုက်တာ ညနေ လေးနာရီထိုးပြန်ရော။ ထမင်းချိန်တော့ ထမင်းပန်းကန် လာလာချပြီး စားရင်းနဲ့ဖြေပါ လုပ်တယ်ဗျ။ ဘယ်စားနိုင်မလဲ ဗျာ။ စားချင်စိတ်လည်း မရှိဘူးဗျ။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.