ThetKhineofMinDin

Page 85

rif; 'if&JUoufcdkif (twJG - 2)

85

ကံဆိုးရင် ကျနော့်ဆရာတောင် အဖော်ပါလာအုံးတော့မယ်။ အမှန်က ကျနော့်ကို ခေါ်လာတဲ့မောင်တွေက ငတုံးတွေမို့ ဗျ။ တကယ်လည်တ့ေဲ ကာင်ဆို ကျနော့်ကို အမှောင်ခန်းထဲမသွင်းခင် တကိုယ်လုံး ပိုက်စိတ်တိုက်ရမှာ ... ။ ကျနော်လည်း ခေါင်းအေးအေးနဲ့ အကြံထုတ်လိုက်တယ်။ ရပြီ ... ကျနော် စီးလာတဲ့ ခြေညှပ် သားရေဖိနပ် မြမာလာ အသစ်ကြီးရဲ့ အောက်ခံသားရေကို အစ မရရအောင်ရှာပြီး အသာလေးခွာတယ်၊ အများကြီး ခွာလို့မရဘူးလေ။ ဒင်္ဂါးတပြားစာသာသာပေါ့။ ပြီးတော့ အဲဒီ အောက်ခံသားရေနဲ့ အပေါ်သားရေကြားကို ဒင်္ဂါးပြားကို ညှပ်နေအောင် သေချာထိုးထည့်လိုက်တယ်။ ကံကြီးပါပေ့ဗျာ။ ကျနော့်လွတ်တ့အဲ ထိ အဲဒီ ဒင်္ဂါးပြားဟာ အပြင်ကို ပြန်ပါလာသဗျာ။

မောင်မောင်မြင့်ကို မျက်နှာပြောင်ပြောင်နဲ့ ဗြောင်လိမ်ပြီး ချန်ထားခဲ့တဲ့ ကိစ္စလား။ ပထမ နှစ်ရက် ကျနော့်ကို စစ်ဆေးနေတဲ့အထိ ဘာပြဿနာမှ မရှိပေမဲ့ နောက် သုံးရက်မြောက်မှာ မောင်မောင်မြင့်ကို ဖမ်းမိတော့ ကျနော် ချောက်ကျတော့​တာပဲ။ သုံးရက်မြောက်မနက်မှာ ကျနော့်ကို တိုက်ပိတ်ထားတဲ့ အခန်းထဲကနေ အပေါက်ကျဉ်းကျဉ်းလေးထဲက ချောင်းကြည့် လိုက်တော့ ခေါင်းကိုနက်ပြာရောင်စွပ်ထားတဲ့ မောင်တယောက်ကိုတွေ့တာနဲ့ သေချာအောင်စပ်စုလိုက်တာ ... ဟာ ... အဲဒါ မောင်မောင်မြင့်ပါပဲဗျာ။ သေချာတာပေါ့။ ကျနော်တော့ ခေါင်းထဲမှာ ချာချာလည်သွားတော့တာပဲဗျို့။ ကွိုင်က တော့ တက်ပြီဗျာ။ အေးလေ၊ မောင်မောင်မြင့်ကို ကျနော်ထားခဲ့တယ်။ နောက်မောင်မောင်မြင့်န့ကျဲနော် လုပ်ခ့သဲ မျှ ကိစ္စတွေကို ကျနော် အားလုံး မလိမ့်တပတ် လုပ်ထားတာလေ။ မကြာပါဘူးဗျာ။ မောင်မောင်မြင့်ကို သွားဆွဲတ့ေဲ မာင်က ကျနော့်ကို ဆွဲခ့တဲ့ေဲ မာင်ပဲ ဆိုတော့ ကျနော့်ကို ထည့်ထားတဲ့ အခန်းရှေ့ကို မောကြီးပန်းကြီး ရောက်လာပြီး သံဇကာပေါက်သေးသေးလေးကနေ ကိုသက်ခိုင် ... မောင်မောင်မြင့်ကို ကျနော်တို့ မိလာပြီ။ ခင်ဗျား တော်တော့်ကို လည်တ့လဲူပဲဗျာ။ ကျနော်တို့ကိုတောင် တပတ်ရိုက်တယ်။ တပ်မှူးသိရင်တော့​ ကျနော် ဒုက္ခ ကောင်းကောင်း ရောက်မယ့်အပေါက် တဲ့။ ခင်ဗျား သတိ ကြပ်ကြပ်ထားပါ တဲ့။ ကဲ ... ။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.