ThetKhineofMinDin

Page 65

rif; 'if&JUoufcdkif (twJG - 2)

65

အာဏာသိမ်းတော့ ကျနော်ခြေငြိမ်သွားတယ်ထင်လို့လား။ မၿငိမ္ဘူးဗ်ာ။ ကျနော့်အကျင့်ကိုက ခက်ခက်ကိုမှ လိုချင် တာ။ ဒီစစ်တပ်ကို ဘယ်နည်းနဲ့ ဒုက္ခပေးရမယ်၊ ပြိုအောင် ဖြိုရမလဲ ဆိုတာ ကျနော် ဆက်ကြံတာပေါ့။ အဲဒီအချိန်မှာ ကျနော့်ဆရာဦးအောင်ကျော်ဇောက သူ့မိတ်ဆွေ ဦးခင်ဝင်းနဲ့မိတ်ဆက်ပေးတယ်။ ဦးခင်ဝင်းရဲ့သားက အရေးအခင်းမှာ အပစ်ခံရလို့ ဆုံးသတဲ့။ သူက ဓာတုဗေဒနဲ့ ပတ်သက်ပြီး တော်တော်နှံ့စပ်တ့ပဲုဂ္ဂိုလ်။ ဆရာဦးအောင်ကျော်ဇောက လျှာမှာ ကင်ဆာဖြစ်နေလို့ သိပ်မနေရတော့ဘူးဆိုတာ ကျနော်သိနေတယ်။ သူ့ပါးစပ်ပါးချောင်မှာ နွယ်ချိုမြစ်ကလေး ဝါးရင်း အရေးအခင်းတလျှောက်လုံး သံရုံးပေါင်းစုံကို ကျနော်န့ေဲ လျှာက်သွားနေတာ။ စာပို့တာ၊ အကူအညီတောင်းတာ မျိုးစုံပဲ။ အားကိုးရလို ရငြားပေါ့ဗျာ။ ဆရာက ကျနော့်ကို တော်တော်အားထားပုံရတယ်။ ဦးခင်ဝင်းနဲ့ မိတ်ဆက်ပေးတာ ဟာ ကျနော်ဘာဆက်လုပ်သင့်တယ်ဆိုတာ ပညာသားပါပါ လမ်းညွှန်လိုက်တယ်လို့ ကျနော် ထင်တယ်။ ဟုတ်ချင်မှ လည်း ဟုတ်မယ်ပေါ့ဗျာ။

ခင်ဗျားကို ဟိုတခါ ကျနော်ပြောခဲ့သလိုပေါ့။ ဓာတ်ဆီတိုင်ကီတွေကို ဂုံးကျော်တံတားတွေလို ဆင်ခြေလျှောနေရာမှာ ထားပြီး စစ်ကားတွေ လာတာနဲ့ လှိမ့်ပြီးမီးရှို့တာကနေ အဝေးထိန်းခလုတ်ပါတဲ့ကစားစရာတွေနဲ့ ထိန်းချုပ်ဖောက်ခွဲ တာတို့အထိ အမျိုးကိုစုံအောင်ကျနော်လျှောက်လေ့လာခဲ့ပါသဗျာ။ ဖြစ်နိုင်မဖြစ်နိုင်တာထက် ကျနော့်စိတ်မှာထက်သန် နေလို့လျှောက်လုပ်နေတာဗျ။ ဆရာ ဦးခင်ဝင်းနဲ့ တလလောက် တွဲလိုက်ပြီး ရုတ်တရက် အဆက်အသွယ် ပြတ်သွား တယ်။ ပြတ်မယ်လေ။ ဖမ်းတာ၊ ဆီးတာ၊ စစ်တာ၊ ဆေးတာတွေ လုပ်လာနေပြီကိုး။ သူဘာဖြစ်လေသလဲတော့ မသိ ဘူး။ ကျနော့်ကို ပို့ချနေတဲ့ သင်ခန်းစာတွေကတော့အဲဒီမှာ တစခန်းရပ်သွားတော့တာပဲ။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.