ThetKhineofMinDin

Page 60

rif; 'if&JUoufcdkif (twJG - 2)

60

ဆက်ပြေးကြရတော့ တာပေါ့။ ဂျာဝါးက လှိုင်ဘက်ကိုပြေးတယ်။ ကျနော်က ဆင်ရေတွင်း ကမာရွတ်ဘက်ခြမ်းကို ပြေးတယ်။ တကယ်ဗျ။ ကျနော့် အကျင့်က တော်ရုံန့ေဲ နာက်မဆုတ်ချင်ဘူး။ စောစောကတော့ ကြောက်တာပေါ့ဗျာ။ ကျနော် ဒီဘက်ကိုလာတာက တိုက်ပွဲမှာ အုန်းမြင့်ကျတာ ဟုတ်မဟုတ်သိချင်တာလေ။ ဒါကြောင့် စောစောက တိုက်ပွဲ ဖြစ်တ့ေဲ နရာကို ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ထားတာ။ စစ်တပ်က တနာရီကျော်လောက် တက်ပစ်ပြီး ဟံသာဝတီဘက်ကို ပြန်ဆုတ်သွားပြီဗျ။ ဒါပေါ့၊ ကျနော် စောစောက တိုက်ပွဲဖြစ်ခ့တဲ့ဲ နေရာကိုရောက်တယ်။ ကျသွားတာ လှခင် ခေါ် ကရင်ကြီးဆိုတာ သေချာသိလိုက်ရတယ်။ အလောင်း ကို တပ်ကြပ်ကြီးလှရွှေတို့ မရ ရအောင် ပြန်ဆွဲသွားတယ်တ့။ဲ

စံရိပ်ငြိမ်ဘဏ်ရဲ့ရှေ့တည့်တည့် ဟိုဘက်ပလက်ဖောင်းဘေးက ရေမြောင်းထဲမှာ အလောင်းတလောင်း တွေ့လို့တောင် မြောင်းပေါ်ဆွဲတင်ပေးခဲ့ရသေးဗျာ။ လူငယ်လေးဗျ။ ဆယ့်ခြောက်နှစ်လောက်ပဲ ရှိမယ်။ အကျီလက်တို အဖြူရောင်နဲ့ သူ့ဗိုက်ရဲ့ဘယ်ဘက်မှာ သေနတ်မှန်ထားတယ်။ နောက်တချက်ကနဖူးမှာ။ ကျပ်ပြားဝိုင်းလောက် အပေါက်ကလေး တွေ့ရတယ်။ အနီးကပ်ပစ်သတ်သွားတာပေါ့ဗျ။ ဒီကလေးက ဘယ်လိုလပု ဒီလို အပစ်ခံရတယ် ဆိုတာ ကျနော်လည်း မတွေးတတ်တော့ပါဘူး။ အလောင်းကို ဆိုက္ကားတစီးပေါ်တင်ပေးပြီး လှိုင်မြို့နယ်ဖက်ကို ပြန်လာတယ်။အဲဒီမှာလည်း နောက် ဆိုက္ကားတစီးနဲ့နောက်တလောင်းတင်ထားတယ်၊ တွေ့ပြန်ရော။ မဲမဲမြင်စွတ်ပစ်သွားတယ် ဆိုတာ ယုံလိုက် ပေတော့ဗျာ။ အဲဒီအလောင်းက လှခင် ခေါ် ကရင်ကြီး အလောင်းထင်လို့လား။ မဟုတ်ဘူး။ လှခင့် အလောင်းက လှိုင်မြစ်လမ်းထဲက ကျနော့်အိမ်ရှေ့မှာရောက်နေပြီ။ ဟုတ်တယ်။ ကျနော့် အိမ်ရှေ့မှာတင် မဟုတ်ဘူး။ ကျနော် ပြန်လာတာကို အလောင်းက စောင့်နေတာ ။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.