ThetKhineofMinDin

Page 47

rif; 'if&JUoufcdkif (twJG - 2)

47

သူတက်ပစ်ရင်လည်း ဖြစ်မယ်ထင်နေတာကိုး။ ကိုလှရွှေက သူ့သားကိုတော်တော်ချစ်ရှာတယ်ဗျ။ ချော့မော့ပြီး အဖေနဲ့ ပြန်လိုက်ခ့ပဲါ သားရယ် ဆိုပြီးခေါ်တယ်။ သားက ခပ်မာမာ၊ ခပ်ပြတ်ပြတ်ငြင်းတယ်။ ဒါနဲ့ကိုလှရွှေက သူ့သားကို မင်းစစ်တပ်အကြောင်း ဘယ်လောက်သိလို့လဲကွ။ နေရာတကာမှာ ပစ်ကုန်ပြီ။ မင်းပြန် မလိုက်ဘူးလား လိုက်မလား ခပ်ကြမ်းကြမ်းလုပ်ပါလေရော။ သူတို့သားအဖ အချေအတင် ဖြစ်နေတာက တကယ့် လူအုပ်ကြီးထဲမှာ ဆိုတော့ အားလုံးလည်း ဝိုင်းကြည့်နေကြတဲ့အချိန် ထင်ပါရဲ့ဗျာ။

နောက်ပိုင်းမှာ ကျနော့်ကို ကိုလှရွှေကိုယ်တိုင်ပြန်ပြောဖူးတယ်။ မိန်းမရှာလိုနေတဲ့ ကျနော့်သားကဗျာ၊ လူအုပ်ကြီးထဲမှာ ကျနော့်ကို ... အဖေက ကွန်မန်ဒိုစစ်သားသာ ပြောနေတာ၊ အခြောက်လောက်တောင် သတ္တိမရှိဘူး လို့ခံလည်း တွန်းလိုက်ရော၊ ကျနော်ဗျာ ... သေသွားတာကမှကောင်းဦးမယ် ဆိုပြီး ... ကဲ ... ကဲ ... ငါ့သား မင်းတက်မပစ်န့ေဲ တာ့၊ မင်း ဒီလောက်ပစ်ချင်နေတဲ့ စစ်တပ်ကို အဖေကိုယ်တိုင် တက်ပစ်ပေးမယ်ကွာ ဆိုပြီး ကျနော် သားနေရာမှာ ဝင်စီ လိုက်ပြီး လက်ရွေးစင်တပ်ဖွဲ့ကို ဦးစီးခဲ့တာပါပဲတ့။ဲ အားလုံးပေါင်း ရှစ်ယောက်။

ကဗျာ ဆန်ဆန်ပြောရရင် ရှစ်ယောက်၊ ရှစ်လက်နဲ့ ရှစ်လေးလုံး သွေးကလဲ့စားလို့တောင်

ပြောလို့ရသဗျာ။

သေနတ်တွေ

ဝေတော့ ညနေလေးနာရီ ဝန်းကျင်ဗျ။ အားလုံးဟာ

စစ်မှုထမ်းဟောင်းတွေချည်းပဲ။

တပ်ကြပ်ကြီး၊

တပ်ကြပ်၊ ဒု တပ်ကြပ်၊ တပ်သား အစုံပေါ့ဗျာ။ သေနတ် နဲ့ ကျည်ဆံတွေလည်း ကိုယ်စီလည်း ဝေခြမ်းပြီးရော ဘယ်သူက ဘယ်သေနတ်ကို

ကိုင်မယ်၊

ဘယ်သူနဲ့

တွဲလျက်ရှိမယ်၊

ဘယ်လို နေရာယူမယ်၊ ဘယ်သူက အမိန့်ပေးမယ် ဆိုတာ တွေကို အသေးစိတ်ညှိကြသတဲ့။ ကျည်ဆံအင်အား၊ သေနတ်တွေရဲ့ကြံ့ခိုင်မှု၊ အရာရောက်မှု၊ တယောက်ချင်းရဲ့စစ်သက်၊ စစ်ရေးကျွမ်းကျင်မှုတွေကိုပါ ထည့်တွက်ကြရသတဲ့ဗျာ။ သိနေကြတယ်လေ။ တံခါးပိတ်အစည်းအဝေးမှမဟုတ်တာ၊ လူအုပ်ကြီးရှေ့၊ ဂိုဒေါင်ရှေ့ မြေပြင်မှာ ဒုတ်နဲ့ မြေပုံခြစ်ပြီး စစ်ဆင်ရေးကို ဇယားဆွဲနေကြတာတဲ့။

ရဲဘော် ရှစ်ယောက် ဟာ ရန်ကုန်ဘက်ကနေ အင်းစိန်ဘက်ကို တလမ်းချင်း သိမ်းပြီး ၊ ဆန္ဒပြ အပြစ်မြဲ့ ပည်သူတွေကို စိတ်တိုင်းကျ ပစ်ခတ် တက်လာနေတဲ့ မြန်မာ့တပ်မတော်ကြီးရဲ့ တခုသော စစ်ကြောင်းကို ရန်ကုန် အင်းစိန် လမ်းမ ကြားဖြတ် တနေရာကနေ ရင်ဆိုင်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြသတဲ့ဗျာ။ အဲဒီလို ဆုံးဖြတ်ပြီး လူအုပ်ကြီး ဝန်းရံ ချီတက် လာတဲ့ အုန်းမြင့်တို့အဖွ့ကဲို လမ်းမှာ ကျနော်တိုးခဲ့တာပေါ့။။

ကျနော် မမူးချင်ဟန်ဆောင်စရာ မလိုတော့ပါဘူး။ တကယ့်ကို အမူးပြေသွားပါပြီ။ ကျနော် အုန်းမြင့်နောက်ကို လိုက်မှ ဖြစ်တော့မယ်လို့ဆုံးဖြတ်ပြီး ရေချိုးခန်းထဲ ဝင်၊ ခေါင်းကို ရေလေးငါးခြောက်ခွက်လောင်းချ၊ အဝတ်အစား ကောက်လဲ ပြီး အုန်းမြင့်တို့၊ ကိုလှရွှေတို့ ချီလေတဲ့ လှည်းတန်းဘက်ကို ဦးတည်ပြီး ဂမူးရှူးထိုး ထွက်ခ့ပဲါတော့တယ်။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.