ThetKhineofMinDin

Page 28

rif; 'if&JUoufcdkif (twJG - 2)

28

ကျနော်လား၊ အဲဒီနည်းတွေကို အခုထိ မသုံးဖြစ်ပါဘူးဗျာ။ အကြမ်းဖက်တယ်၊ ဖောက်ခွဲဖျက်ဆီးတယ်ဆိုတာ လုပ်တိုင်း ကောင်းတာမျိုးမှမဟုတ်ဘဲဗျ။ နောက် ကျနော့်အကျင့်က ခိုးကြောင်ခိုးဝှက် လုပ်ရတာကို တယ် သဘောမကျလှ ဘူးဗျာ။

ကျနော်လည်း ညနေပိုင်းရောက်လာတော့ ဂျီတီအိုင်အုပ်စုနဲ့ ပေါင်းမိသွားတယ် ဆိုပါတော့။ ဆရာ ဦးအောင်ကျော်ဇော က ကျနော့်ကို သူ့အနားခေါ်ပြီး လူငယ်တွေကို ကြည့်ထိန်းပေးဖို့ ပြောနေတယ်။ အစက ကျနော် တယောက်တည်း မနက်ကိုးနာရီဝန်းကျင်ကတည်းက အဲဒီကုန်သွယ်ရေးရုံးရှေ့ကို ရောက်နေတာဗျ။ ဘယ်လိုဘယ်ပုံ ရောက်နေလဲ မမှတ်မိတော့ပါဘူးဗျာ။ မနက်ကိုးနာရီ လောက်က စလိုက်တဲ့ ပြဿနာဟာ ညနေလေးနာရီခွဲကျော်ကျော်လောက် ကျတော့ ထိန်းမရတော့ ပါဘူးဗျာ။

လူအုပ်ကြီးဟာ ခြောက်ထပ်ရုံး ကိုတထပ်ပြီး တထပ် တက်ပြီး စီးနင်းလိုက်ကြတယ်။ တထပ်တက်လည်း စစ်သားဆိုတာ ရှာမတွေ့၊ နှစ်ထပ်တက်လည်း ရှာမတွေ့၊ နောက်ဆုံး အထပ်အားလုံးသာ ကုန်သွားတယ်၊ စစ်သားဆိုလို့ တကောင်တမြီးမှ မတွေ့တော့ပါဘူးဗျာ။ အေးလေ၊ ကျနော်လည်း တထပ်ချင်း တက် လိုက် သွားတာပေါ့။ အမှနက် ကြားဝင်စေ့စပ်နေတဲ့တဖွဲ့က အရပ်ဝတ်လဲပြီး ခေါ်သွားခဲ့ကြပါပြီ။ ဘယ်အချိန်မှာ ခေါ်ထုတ်သွားမှန်း တောင် မသိလိုက်ကြပါဘူး။ ကောင်းပါလေရဲ့ဗျာ။ ထိပ်တိုက်တွေ့ရင်နှစ်ဘက်စလုံးနာကုန်မယ့်အဖြစ်ကြီးပါဗျာ။ သူတို့ခေါ်ထုတ် သွားတဲ့နည်းကို ကျနော် သဘောကျပါတယ်။ လူတွေက ခက်တော့ခက်တယ်ဗျာ။ စစ်သားတွေလည်း မတွေ့ရော၊ တချို့က စစ်သားတွေ ထားခဲ့တဲ့ သေနတ်တွေကို လူအုပ်ရှိရာ ကိုင်မြှောက်ပြီး အောင်ပွဲခံသလို လုပ်လိုလုပ်၊ အဆိုးဆုံး ကတော့ ရုံးပစ္စည်းတွေ ဖျက်၊ အပေါ်ထပ်တွေမှာ တွေ့တဲ့ ဆန်အိတ်တွေကို အောက်ပစ်ချတဲ့သူကပစ်ချ၊ ထမ်းသွားတဲ့ကောင်တွေကထမ်း၊ တော်တော်တော့ စိတ်ပျက်ဖို့ ကောင်းတဲ့ မြင်ကွင်းပါပဲဗျာ။။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.