ThetKhineofMinDin

Page 181

rif; 'if&JUoufcdkif (twJG - 2)

181

အဦး ဆောက်လို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပဲ တိုင်းမှူးရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးနေဝင်းကို မဆက်သွယ်ချင်ဘဲ ဆက်ရပြန်ပါတယ်။ လေးငါးကြိမ်လောက်ဆက်ပြီးမှ ဖုန်းကိုင်သဗျာ။ ကျနော့်က စီမံကိန်းမြေနေရာရှင်းဖို့မြေတူးစက်သုံးရက်လောက်ငှားနိုင်ဖို့မဖြစ်မနေကူညီပါလို့ အကြိမ်ကြိမ်တောင်းပန် ပေမဲ့ လားရှိုးမှာ ရှိသမျှမြေတူးစက်အားလုံး လားရှိုးအထွကမှ်ာ မိုးအကြီးအကျယ်ရွာ၊ တောင်တွေပြို၊ လမ်းတွေ ပိတ် ကုန်လို့ မရနိုင်ဘူးလို့ အကြောင်းပြန်သဗျ။ မြေတူးစက်ရနိုင်ဖို့ နည်းလမ်းကတော့ကုန်သွားပါပြီ။ ရန်ကုန်လို မြို့ကြီး မှာဆိုရင် ပုဂ္ဂလိကကုမ္ပဏီတွေဆီကငှားလို့ရနိုင်ပေမဲ့ လားရှိုးလိုနယ်မြို့မှာ အစိုးရဌာနဆိုင်ရာကမှမကူညီရင် လမ်းဆုံး ပြီပေါ့။

ကျနော်တခါမှ မရောက်ဖူးတဲ့ မြို့မှာ အလုပ်တောင် မစရသေးဘူး၊ အခက်အခဲက စကြုံနေပြီပေါ့ဗျာ။ ဆင်ခြေလျော တောင်စောင်းမှာ ပုံစံပါအတိုင်း ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပုံစံထုတ်စဉ်တုန်းက မြေနေရာကို ကြိုတင် မလေ့လာမိခြင်းရဲ့ ကြီးစွာသော နောက်ဆက်တွဲ ပြဿနာပေါ့။ ဝန်ကြီးကို ပြန်တင်ပြလို့လည်း မဖြစ်ပါဘူး။ ဝန်ကြီးနဲ့ ကျနော်က သိပ်ရင်းနှီးနေတော့ နည်းပညာကိစ္စတွေမှာ သူနားမလည်ဘဲ စွတ်စွတ်တွန်းတတ်တာကို သိနေလို့ ပိုပြီး မပြောချင်ဘူးဗျာ။ နည်းပညာမှာ စစ်ဗိုလ်စစ်သားတော်တော်များများဟာ တကယ်တတ်တ့သဲူပြောရင် နားဝင်တာနည်းတယ်။ သူတို့ကိုယ် သူတို့ အကုန်တတ်တယ်၊ သူ့တို့လုပ်တာမှန်သမျှအမှန်ထင်တတ်တယ်ဗျ။ ရမ်းသမ်းပြောတာမဟုတ်ဘူးဗျာ။ တကယ့် ကို ကိုယ်တွေ့။ ကိုယ်တွေ့မှ ဝန်ကြီးက ကျနော့်ကို သေနတ်နဲ့ပစ်သတ်ပါ့မယ် လုပ်တ့အဲ ထိ တကယ့်ကိုယ်တွေ့။ အဲဒီပြဿနာက ဝန်ကြီးရဲ့သမီး လဲ့လ့နွဲယ်အေးနဲ့ ဗိုလ်ကြီးသန်းထွန်းအောင်တို့ကမွေးတဲ့ ကလေးပေါက်စလေး အတွက် ပုခက်ဆင်ပေးဖို့ ကျနော့်ကို အကူအညီတောင်းရာက စတာပါပဲဗျာ။ အော် ... ခင်ဗျားက ကလေးပုခက် လုပ်ပေးတာနဲ့ သေနတ်နဲ့ ထပစ်မယ်လုပ်တာ မဆီမဆိုင်ထင်နေတယ်ပေါ့။ ဆိုင်သမှ ဆိုင်ဆိုင် ဆိုင်ဆိုင်နဲ့တောင် နေသေးဗျာ။ ဒီလိုဗျ။ ကျနော့်ကို ကလေးပုခက်လုပ်ပေးဖို့ ဝန်ကြီးက လှမ်းပြီးဖုန်းဆက်တော့ ကျနော် သူနေတဲ့ ဇော်ဂျီလမ်းအိမ်ကို သွားလိုက်တယ်။ ဝန်ကြီးကတော်က ကျနော့်ကိုတွေ့တွေ့ချင်း ... ကိုသက်ခိုင်ရေ၊ မမတို့က ခေတ်ပေါ် စင်ကလေး တွေနဲ့ ကလေးပုခက်လေးတွေ မသုံးချင်ဘူး၊ လွှဲရတာအားမရဘူး၊ နောက်ကလေးလည်း တော်တော်နဲ့မအိပ်ဘူးဆိုပဲ။ ဒါကြောင့် အပေါ်ထပ်ကြမ်းခင်းက ယက္မတန်းမှာ ပုခက်ဆင်ချင်သတဲ့။

ဇော်ဂျီလမ်းက ဝန်ကြီးနေတဲ့ အိမ်က ရှေးအိမ်ကြီးဗျ။ အောက်ထပ်ကြမ်းခင်းနဲ့အပေါ်ထပ်ယက္မဟာ ၁၆ပေကျော်ကျော် အမြင့်ရှိတယ်။ ဒီလောက်ထုတ်တန်းအမြင့်ကြီးမှာ ပုခက်ဆင်ရင် အန္တရာယ်ကင်းဖို့လိုတယ်ဆိုတာ ကျနော် ကြိုတင် သိနေတယ်ဗျာ။ ဒါနဲ့ပဲ ကြမ်းခင်းနဲ့ ထုတ်တန်း အမြင့်ကိုတိုင်းပြီး ကျနော်ပြန်လာလိုက်တယ်။ နောက်တော့ ထုတ်တန်းယက္မကိုဖောက်ပြီး ၆-မူးလုံးသံကွင်းကို ဂဟေဆော်ထားတဲ့ ဒီဇိုင်းဆွဲပြီး ဝန်ကြီးဆီကို ပုံစံ တင်ပြလိုက်တယ်။ ကြီးကျယ်တာမဟုတ်ဘူးဗျ။ ဒါမျိုးကပြဿနာဖြစ်တတ်လွန်းလို့။ ဒါနဲ့ကျနော်က ဂဟေဘာကြောင့် ဆော်သင့်တယ်။ ဘယ်လိုခိုင်မာမှုရှိတယ် ရှင်းပြတော့ ဝန်ကြီးက ကျနော့်ကို သေချာစိုက်ကြည့်ရင်း ခေါင်းရမ်းတယ်။ ကိုသက်ခိုင်ရာ၊ ကလေးပုခက်လေးလုပ်တာ ဂဟေတွေဘာတွေ လုပ်နေစရာမလိုပါဘူး။ ကိုယ်ပြောပြမယ်။ ယက္မကို လွန်နဲ့ဖောက်လိုက်၊ ဘိုတူတလုံးစွပ်လိုက်၊ အဲဒီဘိုတူကို ယူပုံသံပြားနဲ့ ဆက်လိုက်၊ ယူပုံသံပြားရဲ့အောက်မှာ ဘိုတူ ပေါက် ဖောက်လိုက်။ အဲဒီဘိုတူပေါက်မှာ ကြိုးထည့်လိုက် ... ဆြိုပီး ဘိုတူဒီဇိုင်းထွင်တော့တာပဲဗျ။ ကျနော်လည်း ဘယ်လျှော့မလဲဗျ။ အဘ ... ဘိုတူက အမြဲတန်းလှုပ်နေမယ့် ပုခက်မှာ ကြာရင် ပြုတ်ကျတတ်တယ်။ အန္တရာယ်မကင်းဘူး လို့ အထပ်ထပ်ရှင်းပြတာလည်း လက်မခံဘူးဗျား ... ။ မောင်ရင် လျှာမရှည်နဲ့၊ ကိုယ်ခိုင်းတဲ့ အတိုင်းသာလုပ်တ့။ဲ သူခိုင်းတဲ့ အတိုင်းလုပ်လိုက်တာ ပုခက်ဆင်ပြီး ဆယ့်ငါး ရက်လောက်လည်း ရှိရော မနက်ကိုးနာရီလောက် ဗိုလ်ကြီးကျော်ဇော ကျနော့်အိမ်ကို ဖုန်းဆက်တော့တာပဲဗျာ။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.