ThetKhineofMinDin

Page 180

rif; 'if&JUoufcdkif (twJG - 2)

180

အော် ... အရေးထဲ ဒေါ်မာမာအေးသီချင်းအကြောင်း သိချင်နေပြန်ပြီ။ ဒီလိုဗျ၊ ဒေါ်မာမာအေးရဲ့ မေ့ကွက်ကိုရှာ သီချင်း ဟာ သူ့ခေတ်နဲ့သူတုန်းက အရမ်းပေါက်ပြီး လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တာကြောင့် ... ဒီသီချင်းဟာ သူ့ အမျိုးသား ဦးတင့်လွင် စိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားတုန်း ခံစားချက်နဲ့ရေးတာ၊ ဆိုတာတဲ့၊ နောက် ဒီသီချင်း ကြားတော့ ဦးတင့်လွင်အိမ်ကိုပြန်လာတယ်၊ ဘာညာဆိုပြီး အရပ်ထဲမှာပြောကြတဲ့အထိပေါ့ဗျာ။ တကယ် ဟုတ်မဟုတ် တော့ ဦးတင့်လွင်ကို ကျနော် မမေးမိပါဘူး။

နောက်တကြိမ်က နိုင်ငံတော်အဆင့် အားကစားပွဲတခုရဲ့ ဆုပေးပွဲမှာဗျ။ ဝန်ကြီးတွေ တယောက်တလှည့် ဆုပေးနေကြ ရတာ ကျနော့်ဝန်ကြီးအလှည့်လည်းရောက်ရော ခြေတုန်လက်တုန်တွေ ဖြစ်လို့၊ တီဗီကွ နေ တိုက်ရိုက်ထုတ်လွှင့် နေတာ ဆိုတော့ တော်တော်ကို အမြင်ရဆိုးတာကလား။ လားရှိုးစီမံကိန်းအတွက် စာချုပ်ချုပ်မူကြမ်း ဝန်ကြီးကို သွားပြတဲ့နေ့ကလည်း ဝန်ကြီးဟာ စာချုပ်ကို အစအဆုံးလည်း ဖတ်ပြီးရော ကောက်ကာငင်ကာ ... ဟေ့၊ ကိုသက်ခိုင်လေး၊ ကိုကျော်ဘတို့၊ ကိုသင့်တို့က သူတို့ဝန်ကြီးဌာနက အလုပ်ချပေးရင် ကန်ထရိုက်ကို ၁၀% ကော်မရှင်ပေးရတာ ကိုရင်သိသလားတဲ့။ ကြည့်၊ ကိုယ်ရေးအရာရှိလုပ်ရမယ့် အလုပ်ကို သူကိုယ်တိုင် ဈေးစကားပြောသဗျာ။ ကျနော်ကလည်း သိပါတယ်ပေါ့။ ၁၀% ဆိုတာ အလုပ်မပီမပြင် ဖြစ်တတ်လို့ အဘကို ၆% ကန်တော့ဖို့ ဆုံးဖြတ်ထားပြီးသားပါပေါ့ဗျာ။ အေးလေ၊ ဘာခက်တာမှတ်လို့။ သူက ကော်မရှင်ခပြောတော့ ကျနော်လည်း ကြိုတင်ငွေ ၄၀% ထုတ်ဖို့ တင်ပြပြီး သူ့ကို ၆% ခွဲပေးလိုက်တာပေါ့။

အေးဗျ၊ ဝန်ကြီးဖြစ်လာတဲ့ တိုင်းမှူးတွေ အိုးနင်းခွက်နင်း မနေတတ်မထိုင်တတ် ဖြစ်ကြတာတော့ သူတယောက်တည်း မဟုတ်ပါဘူးဗျာ။ ဗိုလ်ချုပ်လွန်းသီ ဝန်ကြီးဖြစ်လာကာစကလည်း သူ့သူငယ်ချင်း တိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦး လှဘော်ကို ... ဟေ့ကောင် လှဘော်၊ လျှပ်စစ်ဓာတ်အားတွေက ထရန်စဖော်မာက ထွက်တာမဟုတ်လား၊ ထရန် စဖော်မာ ကြီးကြီးတပ်လိုက်ရင် လျှပ်စစ်ဓာတ်အား များများထွက်တယ်မဟုတ်လားလို့ မေးဖူးသတဲ့။ တိုင်းမှူး လုပ်ပိုင် ခွင့်၊ တိုင်းမှူးဘဝကို ဒါကြောင့် မစွန့်လွှတ်ချင်ကြတာကိုးလို့ ကျနော် သဘောပေါက်လိုက်ပါတယ်။

ကျနော်တို့လားရှိုးသွားခါနီးမှာ ဝန်ကြီးက တိုင်းမှူးဗိုလ်ချုပ်အေးကျော်ဆီကို လိုအပ်တဲ့ မိတ်ဆက်စာတွေ၊ ရုံးစာတွေ အပြည့်အစုံရေးပေးလိုက်ပါတယ်။ ဒီလိုနဲ့ ၁၉၉၅ခုနှစ် နိုဝင်ဘာလထဲမှာ ကျနော်ရယ်၊ အောင်မင်းရယ်၊ ကိုမြင့်ဌေးရယ် လေယာဉ်ခရီးနဲ့ လားရှိုးကို ရောက်ခ့ေဲ ရာပေါ့ဗျာ။ ဒီမှာတင် ဝန်ကြီးဖြစ်သွားတဲ့ တိုင်းမှူးတွေအပေါ် လက်ရှိတိုင်းမှူးတွေ ဘယ်လိုသဘောထားတယ်ဆိုတာ သိရပြန်ရော ဗျာ။ ဗိုလ်ချုပ်အေးကျော်ဟာ ကျနော်တို့ကိုလက်ခံမတွေ့ပါဘူး။ တကယ်တော့ ဒါကို ကျနော်မျှော်လင့်ထားပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ ဝန်ကြီး ဗိုလ်ချုပ်အေးသောင်ကသာ ဗိုလ်ချုပ်အေးကျော်ကို တပည့်လိုသဘောထားပြီး လိုတဲ့ အကူအညီတောင်းပါလို့ မှာလိုက်ပေမဲ့ ဗိုလ်ချုပ်အေးကျော်က အလုပ်သမားဝန်ကြီးကို အစာမကြေဘူးဆိုတာ အပြင် လောကမှာ သတင်းထွကေ် နတာကိုး။ တိုင်းမှူးရုံးကနေ တိုင်းမှူးရဲ့ ကိုယ်ရေးအရာရှိနဲ့သာဆက်သွယ်ပါဆိုပြီး တယ်လီဖုန်းနံပါတ် ပေးလိုက်ပါတယ်။ အမှန် တော့လည်း ကျနော့်အကျင့်က ရှောင်နေမှန်းသိရင် ထပ်မဆက်ချင်ဘူးဗျာ။ ဒါနဲ့ ကိုယ့်အားကိုယ်ကိုးမှပဲ ဆုံးဖြတ်ပြီး အဆောက်အဦး ဆောက်မယ့် မြေနေရာကို သွားကြည့်ကြတယ်ဗျ။ ရပ်ကွက်ကိုတော့ ကျနော်မမှတ်မိတော့ဘူးဗျ။ မှတ်မိတာက လားရှိုးဆေးရုံအုပ်ကြီးလုပ်ခ့တဲ့ဲ ကမ္ဘောဇခင်လှိုင်ရဲ့အိမ်နဲ့ ကားလမ်းပဲခြားတယ်ဗျာ။ နေရာကလည်း မြေပြန့်မဟုတ်ဘူး။ ကုန်းစောင်း ဆင်ခြေလျောမြေနေရာကြီး ဖြစ်နေတယ်။ ဆင်ခြေလျောအောက်ဘက်မှာတော့ ဘောလုံးကွင်းတကွင်းရှိတယ်။ ဒီတော့ဒီမြေနေရာကိုယန္တရားမသုံးဘဲ အဆောက်

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.