ThetKhineofMinDin

Page 179

rif; 'if&JUoufcdkif (twJG - 2)

179

အချက်ပဲဗျာ။ တိုင်းမှူးဘဝတုန်းကကိုယ်တပ်နဲ့ကိုယ်၊ ကိုယ့်တိုင်းမှာကိုယ်လုပ်ချင်ရာလုပ်နေရတဲ့ဘဝကနေဝန်ကြီးချုပ် ရုံးက ခိုင်းသမျှ လိုက်လုပ်နေရတဲ့ဘဝမှာ တော်တော်ကို အံမကျတာတွေ တွေ့ရပါတယ်။ ကျနော်က သူ့ကိုယ်ရေး အရာရှိတွင်မက ဝန်ကြီးမိသားစုတခုလုံးနဲ့ ရင်းနှီးနေတော့ ဝန်ကြီးဘဝမှာ မလုပ်တတ်မကိုင်တတ်၊ ကမောက်ကမ ဖြစ်ရပ်တွေအားလုံးကို မြင်နေတွေ့နေရတာပေါ့ဗျာ။ မှတ်မိတာ တခုပြန်ပြောရရင် ကိုးရီးယားနိုင်ငံက မြန်မာအလုပ်သမားတွေ လိုချင်ပါတယ်ဆိုလို့ ကိုးရီးယားလူမျိုး အေးဂျင့် တယောက်ကို ဝန်ကြီး ရုံးခန်းထဲကို ခေါ်သွားဖူးတယ်ဗျာ။ ဒီတုန်းက စကားပြန်အဖြစ် ကျနော်နဲ့ပါသွားတာက နိုင်ငံကျော်အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ ပထမအိမ်ထောင် ဦးတင့်လွင်ဗျ။ တင့်လွင်တူး လို့လည်း ခေါ်တယ်လို့ကြားဖူးတယ်။ သူက ကေတီဦးကျော်တင့်ရဲ့ သားဆိုပဲ။ ပြင်သစ်၊ အင်္ဂလိပ်ဘာသာတွေ တော်တော် ကျွမ်းကျင်တယ်လို့ ဆိုပါတယ်။ ဟိုတုန်းက ဦးတင့်လွင် အရက်သိပ်သောက်တယ် ကြားဖူးပေမဲ့ ကျနော်နဲ့တွေ့တော့ သူမသောက်တော့ပါဘူး။ ယတိပြတ် ဖြတ်လိုက်တယ်လို့ ပြောပါတယ်။

ဝန်ကြီးဟာ ကျနော်ခေါ်လာတဲ့ ကိုးရီးယားအေးဂျင့်ကို အလေးတယူ ဆက်ဆံပါတယ်။ ညွှန်ကြားရေးမှူးချုပ် ဦးစံဒင်အပါအဝင် ညွှန်မှူး လေးငါးယောက်ကိုပါခေါ်ထားပြီး လက်ခံတွေ့ဆုံပါတယ်။ ကျနော်က အားလုံးနဲ့ မိတ်ဆက်ပေးပြီး မြန်မာအလုပ်သမားတွေ ကိုးရီးယားကို ပို့ဖို့ ဆက်ညှိနှိုင်းကြပါတယ်။ အလုပ်အမျိုးအစား၊ အလုပ်လုပ်ခွင့် ပါမစ်၊ အလုပ်ချိန် စတာတွေမှာ အားလုံးအဆင်ပြေကြပါတယ်။ ဒီမှာ တင် ဝန်ကြီးက ကိုးရီးယားအေးဂျင့်ကို ... ကျုပ်တို့ကလေးတွေကို အခြေခံလစာ ဘယ်လောက်ပေးမှာလဲဗျ ... လို့မေးလိုက်ပါတယ်။ တိုက်ရိုက် မဟုတ်ပါဘူး။ စကားပြန်ကတဆင့်ပါ။ ဒီတော့ကိုးရီးယားအေးဂျင့်က ချက်ခြင်းဆိုသလို အမေရိကန်ဒေါ်လာ တထောင့်နှစ်ရာပါလို့ လည်းဖြေလိုက်ရော၊ ဝန်ကြီးက သူ့စကားပြန် ကို ဗမာငွေ ဘယ်လောက်နဲ့ညီသလဲ မေးပြန်ပါတယ်။ ညွန်မှူး တယောက်က ညီမျှတဲ့ ဗမာငွေကိုအနီးဆုံးလည်း တွက်ပြလိုက်ရော ၊ ဝန်ကြီးဟာ ရုတ်တရက် နှုတ်ဆိတ်သွားပါတယ်။ တမိနစ်ကျော်ကျော် လောက်ငြိမ်နေပြီးမှ ... ဒီလစာနဲ့ဆို အလုပ်သမားတွေ ပို့လို့ မဖြစ် ပါဘူးဗျာ ဆိုပြီး ပြောချလိုက်ပါတယ်။ ကိုးရီးယားအေးဂျင့်ဟာ

ဗမာစကားမတတ်ပေမဲ့

ရိပ်မိပုံရပါတယ်။

ကျနော့်ကို ကပ်ပြီး ... ဝန်ကြီး ဘာပြောတာလဲလို့ မေးပါတယ်။ ကျနော်က ... “Misnister disagree your proposed salary” လို့လည်း ခပ်တိုးတိုးဖြေလိုက်ရော သူက ပြာပြာသလဲ ... ဒေါ်လာ တထောင့်ငါးရာအထိ တိုးပေးနိုင်ကြောင်း ဦးတင့်လွင်ကို ပြောခိုင်းပြန်ပါတယ်။ သေချာပြောကြည့်တော့မှ ကျနော်တို့ထင်နေတာနဲ့ ဝန်ကြီးတွေးနေတာ တလွဲတွေ ဖြစ်နေတာသိရပါတော့တယ်။ သူက လစာများလွန်းနေလို့ မပို့နိုင်တာဆိုပဲ။ မြန်မာအလုပ်သမားတွေ ရမယ့်လစာဟာ ဝန်ကြီးလစာနီးပါး ဖြစ်နေလို့ မပို့နိုင်တာတဲ့ဗျား။ အဲဒီလိုနဲ့ အဲဒီနေ့ ဆွေးနွေးပွဲအဆုံးမှာ ဝန်ကြီးက ဦးတင့်လွင်ကို ဒေါ်မာမာအေး ဆိုခ့တဲ့ဲ မေ့ကွက်ကိုရှာ သီချင်းအကြောင်း သူ့ဇနီး ဝန်ကြီးကတော်ကို ပြောပြဖူးသေးတယ် ဆိုတာကို ရယ်မောပြောဆို နှုတ်ဆက်ပြီး အလုပ်ဇယား ပျက်ခ့ေဲ ရာဆိုပါတော့။ အမှန်တော့ မြန်မာအလုပ်သမားလစာများနေတာလေးကိုတောင် အဆင်ပြေအောင် ဘယ်လိုညှိနှိုင်းရမယ်ဆိုတာ သူသိပုံမပေါ်ပါဘူး။ ဒါမှမဟုတ် မြန်မာအလုပ်သမားတွေ လုပ်ခ အများ ကြီး မရစေနဲ့ ဆိုပြီး မြန်မာအစိုးရက မူများချထားလေသလား မပြောတတ်တော့ပါဘူးဗျာ။ ကျနော်တော့ ဒီလောက် အူကြောင်ကြောင်နိုင်လိမ့်မယ်လို့တွေးတောင် မတွေးမိခ့ဘဲူးဗျာ။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.