ThetKhineofMinDin

Page 164

rif; 'if&JUoufcdkif (twJG - 2)

164

ပိုဆိုးသွားတာက ကျနော် ကြားဖြတ် ဖန်တီးလိုက်တဲ့ ရုံးစာပေါ်က လက်မှတ်ပိုင်ရှင် ညွှန်ကြားရေးမှူးဟာ ရုတ်တရက် ညွှန်ကြားရေးမှူးချုပ် တက်ဖြစ်သွားလို့ပါပဲဗျာ။ ဘယ်သူရှိရမလဲဗျာ၊ နောက်ပိုင်း မီးရထား ဒုတိယဝန်ကြီး တက်ဖြစ် လာတဲ့ သူရသောင်းလွင်ပေါ့။ သူ့လက်မှတ်ကို အကြံအဖန် လုပ်တယ်ဆိုတာလည်း သိရော၊ ယမ်းပုံမီးကျ ဒေါပွပြီး ဒီ အမှုကို မပေါ်ပေါ်အောင်စစ်ဖို့ နည်းအမျိုးမျိုးနဲ့ ဖိအားပေး တော့တာပဲ။ အဲဒီမှာတင် လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးက စစ်တယ်၊ ပဲခူးတိုင်းရဲမှူးရုံးက စစ်တယ်၊ ဘယ်လို စစ်စစ် မပေါ်ဘူးဆိုပါတော့။ ဘယ်ပေါ်မလဲဗျာ။ အမှုဖြစ်ပစ္စည်းကသံမဏိစက်ရုံ ရောက် ရုံမက အရည်ပါကျိုပြီး သွားပြီလေ။ အမှန်က ပဲခူးတိုင်း ရဲမှူးရုံးကို ဒီအမှုရောက်တာ ကျနော်မသိလိုက်ဘူးဗျ။ ဒါကြောင့် စီအိုင်ဒီကို ရောက်သွားတာ။

စီအိုင်ဒီက

ကျနော့်ကို

လေးငါးကြိမ်ခေါ်စစ်ပေမဲ့

ရုံးစာဆယ်စောင်မှာ

ခြောက်စောင်မြောက်အထိ

အမှန်။

နံပတ်ခုနစ်စာက အတု၊ ဒါပေမဲ့ အဲဒီ အတုအပေါ်မှာ နောက်ထပ် ရုံးစာအစစ် သုံးစောင်က ထပ်ပြီး အတည်ပြုထား ပြန်တော့ စီအိုင်ဒီလည်း ခေါင်းခြောက်နေပြန်ရော။ ခြောက်ရမယ်ဗျ။ စီအိုင်ဒီအမှုစစ်အရာရှိ သောင်းမြင့်က ကျနော့် ဇ ကို ကောင်းကောင်းသိနေတော့ သူ အကိုင်အတွယ်မတတ်ရင် ပဲခူးတိုင်းထဲမှာ သူပါ ကြယ်ကြွေသောည ဖြစ်သွား နိုင်တယ် ဆိုတာ သိနေတယ်ထင်ပါရဲ့။ နောက်ဆုံးတော့ စီအိုင်ဒီ ရဲမင်းကြီး ဦးမောင်မောင်သန်းကပါ ထပ်ပြီး ဖိအားပေးလိုက်တာ အမှုကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးဘဲ မလိမ့်တပတ်နဲ့ ... ဟင်္သာတ တဖက်ကမ်းက ကျုံလဟာရွာကို ခဏလိုကခ့် ဖဲို့ ကျနော့်ကို ခေါ်သွားပါလေရော။ အမှုအခင်း ဖြစ်တဲ့နေရာမှာ စစ်ဆေးစရာလေးရှိလို့ပါတဲ့။ မီးရထားပေါ်မှာ နှစ်ယောက်သား အတူတူသောက်စားပြီး အဲဒီရွာရဲစခန်းလည်း ရောက်ရော ကျနော့်ကို လက်ထပ်ခတ်လိုက်ပြီး၊ ကိုသက်ခိုင် .. ခင်ဗျားကို ကျနော် ဖမ်းလိုက်ပြီတ့။ဲ ဘယ်လိုမှမျှော်လင့်မထားတော့ ကျနော်နည်းနည်းတော့ တုန်လှုပ်သွားတယ်။ နောက် စိတ်ကြို ငိမ်အောင် ထိန်းလိုက် တယ်။ ဟုတ်တယ်လေ။ ပဲခူးတိုင်းဟာ ကျနော့်နယ်ပဲ။ ဒီကိစ္စကို ကျနော် အပြီးတိုင်ရှင်းနိုင်ရမယ်လို့ ယုံကြည်နေတုန်း ပဲဗျ။ ပုဒ်မလား၊ ခြောက်တစ်လေ။ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှုပေါ့။ အမှန်က သက်သေခံပစ္စည်းမတင်နိုင်ဘဲ ကျနော့်ကို ဖမ်းချုပ်လို့မရတာကို ကျနော်သိနေပါတယ်။ စီအိုင်ဒီအမှုစစ်အရာရှိ သောင်းမြင့်က ဖိအားဒဏ်မခံနိုင်လို့ ဇွတ်လုပ်ချလိုက်တာပါ။ ဒီအမှုနဲ့ ပတ်သက်လို့ ကျနော်ကောင်းကောင်း လေ့လာပြီးနေပြီလေ။

အဲဒီ ကျုံလဟာအချုပ်မှာ ကျနော် တပတ်အချုပ်ခံခ့ရဲ တယ်။ ဒါလည်း ပျင်းစရာတော့ မကောင်းပါဘူးဗျာ။ ဇီးဖြူသောင် ရွာက လူသတ်မှုတခုမှာ တကယ်သတ်တ့ချဲာတိတ်က အဖမ်းမခံဘဲ ဝမ်းကွဲညီအကိုနှစ်ယောက်က လူစားထိုးပြီး အဖမ်းခံတဲ့ ကိစ္စကို ဝင်ရှင်းနေရသေးတယ်။ အဲဒီနယ်ဘက်က တော်တော်စရိုက်ကြမ်းတယ် ပြောရမယ်။ ဘာမှ မဟုတ်တ့ကဲိစ္စလေးနဲ့ အသက်နှစ်ဆယ်ကျော်လေးတွေလူသတ်မှုဖြစ်လာကြတာ။ ရဲကလည်း အမှုစစ်တာ ပညာသား ပါပါ

စစ်ဆေးတတ်ပုံမရဘူး။

အစားထိုးအဖမ်းခံတဲ့

ချာတိတ်တွေကို

ထုထောင်းထားလိုက်တာ

မြင်လို့တောင်

မကောင်းဘူး။ မျက်နှာတွေစုတ်ပြတ်၊ ပါးစပ်ထဲက သွေးတွေအန်နဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်ပြီဗျာ။ ကျနော်လည်း အမြင်မတော်ပါဘူးဆိုပြီး အမှုစစ်အရာရှိကိုဝင်ညှိပြီး ကြားဝင်လိုက်ရတယ်။ ဟုတ်ပါတယ်။ အသက် နှစ်ဆယ်ဝန်းကျင်ကလေးတွေဟာ ငယ်စိတ်ကလေးတွေနဲ့ ခံနိုင်ရည်ရှိမယ်ထင်ပြီး လူသတ်မှုကို လူစားထိုး အဖမ်းခံ ခဲ့ပေမဲ့ လူစားထိုးလို့ ရလောက်တဲ့ ပြင်ဆင်မှု ဘာမှလုပ်မလာခဲ့ကြဘူးလေ။ ဒါမျိုးက ပိပိရိရိ ဇာတ်လမ်းတခု ဖန်တီးရ

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.