ThetKhineofMinDin

Page 119

rif; 'if&JUoufcdkif (twJG - 2)

119

ကြာပွတ်တို့၏ ဒဏ်ချက်များ ဖြစ်သည်။ အခြားအကျဉ်းသားရဲဘက်တို့ လည်း ကြောင်စီစီ ဝိုင်းကြည့်နေသည်။ရဲထွဋ် ကိုင်သော ဘုတ်က အဆောင်နှင့် မဝေးလှသောနေရာမှာ ငုတ်ရှင်းသောဘုတ် ဖြစ်သည်။

ကိုသက်ခိုင် ရောက်လာသည်ကို မြင်သော ရဲဘက်အုပ်စုသည် အသံတိတ်သွား၏။ ကိုသက်ခိုင်က ဒဏ်ရာရနေသော ရဲဘက်ကို သေချာစပ်စုနေသည်။ သူ့နားထင်စောင်းက ဒဏ်ရာမှာ လေးလက္မခန့် ကွဲနေသည်၊ နက်လည်း နက်ပုံရသည်။ အဖြူရောင် အသားတစ်စကိုပင် မြင်နေရသည်။ နောက်က တပ်ကြပ်ကြီး ဌေးအောင်လည်း မောကြီးပန်းကြီး ရောက်လာသည်။ ဦးဌေးအောင်က ကိုသက်ခိုင်ကို ပြန်သတင်းပို့သလို အစီရင်ခံနေပြန်သည်။ “ကျနော်လည်း လေကြောင်းအရံဘက် သွားနေလို့ဆရာ၊ ဘာတွေ ဖြစ်ကုန်ပြန်ပြီလဲ၊ ဦးအေးနိုင်ကလည်း မရှိဘူး၊ ပြဿနာတော့ ရှုပ်ပြန်ပြီ ထင်တယ်” ကိုသက်ခိုင်သည် စကားတခွန်းမှ မပြောချေ။ သူက ဘေးမှာရပ်နေသော ရဲထွဋ်ကို စေ့စေ့လှမ်းကြည့်သည်။ ရဲထွဋ် ဆီက အသံထွက်လာသည်။ “ဒီကောင် ထွက်ပြေးမလို့လုပ်နေလို့ ကျနော် ရိုက်ဖမ်းလာတာ၊ ဆရာကြီးရ” ဒဏ်ရာနှင့် အကျဉ်းသားဆီမှ အသံထွက်လာပြန်သည်။ “ကျနော်က ခြေကျင်းကြီးနဲ့ ထွက်ပြေးရအောင် အရူးမဟုတ်ဘူးဗျ။ ဒီကောင် ကျနော့်ကို လိုင်းမဝင်လို့ သက်သက် ဒုက္ခပေးတာ၊ ထောင်ပိုင်ကို သတင်းပို့ပေးပါ ဆရာကြီး” ကိုသက်ခိုင်က ဘာမှမပြောပြန်ဘဲ ဘေးက ရဲဘက်ပရိဿတ်ဘက်ဆီ မျက်စေ့ဝေ့လိုက်ပြန်သည်။ အသံတချို့ ထွက်လာပြန်သည်။

ကိုသက်ခိုင်ကို

ကြည့်ရသည်မှာ

မျက်လုံးဖြင့်

လျှောက်ကြည့်ပြီး

စိတ်ညှို့နေသည့်

ပုံစံ

ပေါက်နေလေသည်။ “ကျနော်တို့လည်း ဘာမှမသိဘူး ဆရာကြီး၊ ဆရာရဲထွဋ်က ဟေ့ကောင်တွေ လာကြ၊ ဒီကောင့်ကို ဝိုင်းချုပ်ထားကြ ဆိုလို့ ပြေးလာကြတာ” တပ်ကြပ်ကြီး ဌေးအောင်က ကိုသက်ခိုင် မည်သို့ဆုံးဖြတ်မည်ကို သိလိုသောသဘောဖြင့် ကိုသက်ခိုင်ကို လှမ်းကြည့် သည်။ ကိုသက်ခိုင် က ခပ်လေးလေး လေသံဖြင့် ... “ခက်တယ် ရဲထွဋ်ရာ၊ မင်းတို့ အကျဉ်းဦးစီး လက်စွဲ (Burma Jail Manual) မှာ သူ တကယ်ပဲ ထွက်ပြေးတယ် ဆိုစေအုံး၊ ဒီလိုလုပ်ခွင့်မရှိဘူး၊ အခု မင်းတို့ကိုင်ပြီး ရိုက်နေတဲ့ ကြာပွတ်တွေက နွားကိုရိုက်ရင်တောင် မခံနိုင်တာ၊ မလွန်လွန်းဘူးလားကွာ၊ မပြောချင်လို့ ကြည့်နေတာကွ။ သိပ်တုံးလွန်းလို့ ငြိမ်ခံနေတယ်လို့ မင်းထင်နေပုံရတယ်၊ အခု သူ ပြေးတာမပြေးတာ အသာထား၊ ဒီဒဏ်ရာကို ဘယ်လိုရှင်းမလဲ၊ နေက သိပ်ပြင်းနေပြီ၊ သွေးကလည်း သိပ်ထွက်နေပြီ။ ဆရာဌေး၊ ပြေးမပြေး ဆိုတာ ဆရာတို့ ဘာသာဆုံးဖြတ်ရမှာ၊ လောလောဆယ်က သူ့ကို ဘယ်လို ဆေးကုပေးကြမလဲ ဆိုတာက အဓိက ဖြစ်နေပြီ” ဒဏ်ရာရ ရဲဘက် အကျဉ်းသား ထံက နာနာကြည်းကြည်း အသံထွက်လာပြန်သည်။ “နေပေ့စေ ဆရာကြီးရာ၊ ကျနော့်ကို နောက်မှုဖွင့်ဖို့ ရဲစခန်းသာပို့ပါ။ စစ်ချက်ယူပြီးမှ ဆေးကုမယ်၊ ကျနော် လုံးဝ မကျေနပ်နိုင်ဘူး၊ အသက်ချင်းလဲပစ်လိုက်မယ် ဆရာကြီးရာ” ကိုသက်ခိုင်ကအကျဉ်းသားကိုလက်အသာကာပြလိုက်သည်။ တပ်ကြပ်ကြီးဌေးအောင့်မျက်နှာကိုပင် လှမ်းကြည့်သည်။ ဦးဌေးအောင်ကား အသက်ငါးဆယ့်ခြောက်နှစ်ခန့် ထောင်သဘာရင့်နေသော တပ်ကြပ်ကြီးဖြစ်၍ ချင့်ချင့်ချိန်ချိန် စကားဆိုသည်။ “ခက်တယ် ဆရာသက်ခိုင်ရာ၊ စခန်းတာဝန်ခံကလည်း မရှိဘူး၊ ထောင်ပိုင်မသိအောင် ထွက်သွားတာ၊ ပြဿနာက ကျနော့် ခေါင်းပေါ်ရောက်လာမယ်။ ဟေ့ကောင် ရဲထွဋ်၊ သေချာရဲ့လားကွာ၊ ဘက်ပြေးထပ်ဖွင့်ရင် အကုန် အစစ်ခံရ မှာနော်” http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.