Page 1


1

ကျွန်တော်နှင့်နတ်ဘုရားရုပ်တု အပိုင်း(၁) ၀ိညာဉ်တစ်ခုက စောင့်ကြပ်သူ လူတစ်ယောက် မတ်တပ်ရပ်နေတယ်။ လူပေါင်းများစွာ သူ့ကို လာရောက် အရိုအသေ ပြုတယ်။ တချို့လူတွေက သူ့ကို လက်ဆွဲ နှုတ်ဆက်ကြတယ်။ ထူးဆန်းတာက သူ့ရဲ့ လက်ဖ၀ါးကို လက်ညှိုးလေးနဲ့ ကုတ,် ကုတ် သွားကြတယ်။ သူတို့ရဲ့ ထူးခြားတဲ့ စည်းကမ်းတစ်ခုပေါ့.....။ တစ်နေရာမှာ အီဂျစ်ဘုန်းတော်ကြီးတစ်ပါးဟာ လက်အစုံကို ဆန့်တန်းထားတယ်။ မျက်လုံးတွေကိုလည်း မှိတ်ထားလေရဲ့။ လေစီးကြောင်းထဲမှာ သူ့ရဲ့ ၀တ်ရုံက တသုန်သုန်လွင့်နေတယ်။ ခဏအကြာမှာ အဲဒီ ဘုန်းတော်ကြီးဟာ ဓာတ်စီးပြီး၊ ဆန်းကြယ်တဲ့ စကားတွေကို တတွတ်တွတ် ပြောလာပါတယ်။ သူ ပြောနေတဲ့ စကားရဲ့ အဓိပ္ပာယ်က….. ``ပလိုတီးနပ်စ´် ´ဟာ မြင့်မြတ်တဲ့ ၀ိညာဉ်တစ်ခုရဲ့ စောင့်ကြပ်ခြင်းကို ခံရသူ…တဲ့။ ပလိုတီးနပ်စ…် .ဟာ သူ့ရှေ့မှာ ရှိတဲ့ လူတွေကို နက်ရှိုင်းတဲ့ ဒဿနတစ်ရပ် သင်ကြားပေးနေတယ်။ နှောင်းခတ်သုတေသီတွေက ``ပလိုတီနစ်ဇင်´´ (Plotinism) လို့ သတ်မှတ်ယူရတဲ့ ဒဿနပေါ့။ ပလေတိဝုါဒကို ပြန်လည်ဆန်းသစ်ထားတာ ဖြစ်လို့လည်း ပလေတိဝုါဒသစ် (Neoplatonism) လို့ခေါ်ကြသေးတယ်။ ဒီစာအုပ်ကလေးဟာ….ပလိုတီးနပ်စ်ရဲ့ အနုပညာဒဿနတွေကို အကျဉ်းအားဖြင့် တင်ပြမယ့် စာအုပ် ဖြစ်ပါတယ်။ သိသူတွေက မျက်ခုံးပင့်ကြပါဦးမယ်။ ကျွန်တော်ဟာ…ပလေတိုရဲ့ အနုပညာဒဿနတွေကို လက်မခံသူမို့လို့ပါပဲ။ ပလေတုဝိါဒသစ်လို့ သတ်မှတ်ကြတဲ့ ပလိုတီနစ်ဇင်ကိုတော့ အတိုင်းအတာတစ်ခုအထိ ကျွန်တော် လက်ခံပါတယ်။ ဘာဖြစ်လို့လ…ဲ .။ ဘာတွေ ကွဲပြားလို့လ…ဲ .။ ဒဿနသစ်နဲ့ ဒဿနဟောင်းကြားမှာ ကွာဟချက် ဘယ်လောက်များလို့လ…ဲ ..။စဥ်းစားစရာ ၊ မေးမြန်းစရာတွေ ဖြစ်လာပါတော့မယ်။ စာအုပ်ကလေးကိုသာ ဆက်ဖတ်သွားပါ…။တဖြည်းဖြည်းနဲ့ ရှင်းလင်းသွားပါ လိမ့်မယ်။ ကျွန်တော့်ရဲ့ ဆိုလိုရင်းကို သဘောပေါက်လာပါလိမ့်မယ်။ ပလေတိုရဲ့ပြဋ္ဌာန်းမှု အရင်ဆုံး ပလေတိုရဲ့ အနုပညာဆိုင်ရာ ဒဿနကို ကျွန်တော်တို့ လေ့လာသုံးသပ်ကြပါမယ်။ စတုတ္ထနှစ်၊ ဒဿနိကဗေဒ ကျောင်းသူကျောင်းသားများအတွက် အဝေးသင်တက္ကသိုလ်က ထုတ်ဝေတဲ့ ``ရသပညာ အတွ(ဲ ၂)´´ ထဲမှာ အောက်ပါအတိုင်း တွေ့ရပါတယ်။ အခန်း(၂)၊ စာမျက်နှာ (၂၀) မှာဖြစ်ပါတယ်။ အနုပညာ၏အနက်အဓိပ္ပယ် ပလေတို၏

အနုပညာအတွေးအခေါ်၌

ပထမဖွင့်ဆိုချက်မှာ “Art

is

mimesis” ဟူ၍

အနုပညာကို

အနက်အဓိပ္ပယ်

နှစ်မျိုးဖြင့်

ဖွင့်ဆိုခဲ့သည်ကို

တွေ့ရသည်။

ဖြစ်သည်။ `အနုပညာဟူသည် ပုံတူကူးခြင်း (Imitation) ဖြစ်သည်´

ဟူ၍

အဓိပ္ပာယ်ရသည်။ “အနုပညာ” ဟူသော စကားလုံးအား “ပုံတူကူးခြင်း’’ဟူသော သဘောအားဖြင့် အဓိပ္ပာယ် သတ်မှတ်ခဲ့သည်။ ဤအဓိပ္ပာယ်

ဖွင့်ဆိုချက်ကို

နားလည်ရန်

ပလေတို၏

ဒဿနအမြင်ကို

သုံးသပ်ရန်

လိုအပ်သည်။

ပလေတို၏

အနုပညာ

အတွေးအခေါ်သည် သူ၏ဒဿနအမြင်ပေါ်၌ အခြေပြုလျက်ရှိသည်။ ပလေတို၏

ဒဿနအမြင်၌

လောကနှစ်ခု

ခွဲခြားထားသည်ကို

တွေ့ရသည်။

တစ်ခုသောလောကသည်

ယေဘုယျနာမ်များ(Universeals) ရှိသော နာမ်လောက (Realm of Ideas ) ဖြစ်သည်။ ၎င်းတို့အား အသိပညာ သို့မဟုတ် သင်္ကပွ


2

(Concepts) များအားဖြင့် သိရှိနိုင်သည်။ ရရှိလာသော အသိသည်။ စစ်မှန်သော အသိပညာ (Knowledge) ဖြစ်သည်။ စစ်မှန်သော အသိပညာ၏ဂုဏရ် ည်သည် သစ္စာတရား (Truth) ဖြစ်သည်။ အခြားသောလောကသည် လူနှင့်တကွ သက်ရှိသက်မဲ့ သီးခြားအရာဝတ္ထုများ (Particulars) ရှိသော ရုပ်လောက သို့မဟုတ် အသွင်လောက (World of Apperance

) ဖြစ်သည်။ ၎င်းတို့အား အာရုံထည်များ (Percepts) အားဖြင့် ချဉ်းကပ်သိရှိနိုင်သည်။

ရရှိလာသော အသိသည် မှန်းဆချက် (Opinion) သာဖြစ်သည်။ ၎င်း၌ရှိသော ဂုဏ်ရည်သည် အသုံးဝင်ခြင်း (Utility) ဖြစ်သည်။ ပလေတို၏ အလိုအားဖြင့် အသွင်လောကရှိ သီးခြားအရာတို့သည် နာမ်လောကရှိယေဘုယျနာမ်းများ၏ အရိပ်အယောင်များ သို့မဟုတ် မှေးမှိန်သော ပုံတူများ (Faint Copies) သာ ဖြစ်သည်ဟု ဆိုသည်။ နာမ်လောကနှင့် ရုပ်လောကကို ပုံတူကူးခြင်း သဘောဖြင့် ဆက်စပ်ခဲ့သည်ဟု ဆိုရမည်။ နာမ်လောကရှိ ယေဘုယျနာမ်များကို ဆင်ခြေသိဖြင့် သိနိုင်သည်။ ရုပ်လောကရှိ သီခြားအရာဝတ္ထုများကို အာရုံသိဖြင့်

သိနိုင်သည်။

အနုပညာလက်ရာများ

အနုပညာဟူသည်

ဟူသည်

အသွင်လောကမှ

သီးခြားအရာများ၏

ပုံတူများ

သီးခြားအရာတို့ကို

ဖြစ်သည်။

ပုံတူကူးခြင်း

ဖြစ်သည်။

သီးခြားအရာများသည်လည်း

သြို့ ဖစ်၍

ယေဘုယျနာမ်များ၏

ပုံတူများဖြစ်သောကြောင့် အနုပညာလက်ရာများသည် ပုံတူများ၏ ပုံတူများသာ ဖြစ်သည်။ ပိုမိုပြည့်စုံစွာ ဆိုရလျှင် အနုပညာဟူသည် ယေဘုယျနာမ်းများ၏ ပုံတူများကို

ပုံတူများဖြစ်သော

ပုံတူကူးယူခြင်း”

သီးခြားအရာများကို

ထပ်ဆင့်ပုံတူကူးခြင်းသာ ဖြစ်၏။

“ Art is Imitation of Imitation”

ဖြစ်သည်ဟု

ထို့ကြောင့်

အနက်

“အနုပညာဟူသည်

အဓိပ္ပာယ်

ဖွင့်ဆိုသည်။

ပလေတို၏ အလိုအားဖြင့် ရုပ်လောကရှိ သီးခြား အရာများသည် နာမ်လောကရှိ ယေဘုယျနာမ်များ၏ ပုံတူများ ဖြစ်သည်ဟု ဆိုသည်။ တဖန် အနုပညာဟူသည် ရုပ်လောကရှိ အရာများကို ပုံတူကူးသည် ဆိုပြန်သည်။ သို့ဖြစ်၍ အနုပညာရှင်ဆိုသည်မှာ ပုံတူကူးသူများ (Imitators) များသာ ဖြစ်သည်။ လှပခြင်း (Beauty) ဟူသော ယေဘုယျနာမ်သည် နာမ်လောက၌ ရှိသည်။ ရုပ်လောက၌ရှိသော

လူနှင့်တကွ

သက်ရှိသက်မဲ့ဖြစ်သော

သီခြားအရာတို့သည်

ယေဘုယျနာမ်းများ`

ပုံတူများဖြစ်သည်။

အနုပညာလက်ရာများသည်ကား ရုပ်လောကရှိ လှပသောအရာများ၏ ပုံတူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် အနုပညာဟူသည် ရုပ်သဘာသ လောကအတွင်းရှိ လှပသောအရာများကို ပုံတူကူးခြင်း ဖြစ်သည်။ ပုံတူကူးခံသော အရာမှာ လောကရှိ လူနှင့်တကွ သက်ရှိသက်မဲ့ သီခြားအရာတို့ဖြစ်သည်။ အနုပညာရှင်များသည် ရုပ်လောကရှိ သီးခြားအရာများကို မတူတူအောင် ပုံတူကူးကြသည် ဖြစ်၍ အနုပညာလက်ရာ တစ်ရပ်၏ လက်ရာမြောက်မှုကို ထိုလက်ရာနှင့် ပုံတူကူး၍ အရာတို့၏ တူညီမှုအပေါ်၌ အခြေပြု ဆုံးဖြတ်သည်။ တူညီမှုသည်

အနုပညာမြောက်မှု၏

နှုန်းစံ

ဖြစ်သည်။

ပုံတူကူးခြင်းအားဖြင့်

အနုပညာ၏

အနက်အဓိပ္ပာယ်ကို

ဖွင့်ဆိုခဲ့သည်။

ဤဖွင့်ဆိုချက်ပေါ် မူတည်၍ ပလေတို၏ အမြင်ကို “သာမာန်ပုံတူကူးခြင်းဝါဒ” (Simple Imitation) ဟု နောက်ပိုင်း၌ ပေါ်ပေါက်လာသော ပညာရှင်များက အမည်ပေးကြသည်။ ပလေတိုရဲ့

အထက်ပါ

အယူအဆကို

ကျွန်တော်

လက်မခံမိပါဘူး။

လက်မခံမိကြောင်းကိုလည်း

ဆောင်းပါးတစ်ပုဒ်

ပြန်ရေးဖူးပါတယ်။ သရဖူ အမှတ်စဉ် (၂၅) ၊ ၁၉၉၆ မှာ ပါဝင်ခဲ့ပါတယ်။ “ကျွန်တော်နှင့် မှန်ကွဲတစ်ချပ်အကြောင်း” ဆိုတဲ့ ဆောင်းပါး ပါ။ ပလေတိုရဲ့

Imitation

Theory

ကို

တခြားအမည်တစ်ခုအနေနဲ့

ကြေးမုံသီအိုရီ

Mirror

Theory

လို့

ခေါ်ကြသေးတယ်။

ဆောင်းပါးလေးက အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဒဿနဆရာ ဒီပြဿနာကတော့ အရစ္စတိုကလိ (Aristoclese) လို့ခေါ်တဲ့ ဂရိလူငယ်လေး တစ်ဦးက ဖန်တီးတဲ့ ပြဿနာ။ သူဟာ ချမ်းသာတယ်။ ရုပ်အဆင်းပြေပြစ်တယ်။ မင်းမျိုးမင်းနွယ်က ဆင်းသက်လာတယ်။ ဆင်ခြေတုံတရားပေါ်မှာ ယုံကြည်မှုအားပြင်းပြီး အနုပညာကို အထင်သေးတယ်။ သူက ပလေတို (Plato) ဆိုတဲ့ နာမည်နဲ့ ဒဿနဆရာတစ်ယောက် ဖြစ်လာတဲ့ အခါ ခု… ပြဿနာပေါ် တော့တာပါပဲ။ သူဟာ ဒဿနဆရာဘ၀မှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တယ်။ Objective Idealism ကို ထူထောင်ခဲ့သူ တစ်ဦးအဖြစ်

ဒဿနသမိုင်းမှာ ထင်ရှားခဲ့တယ်။

မေးခွန်းတစ်ခုကို သူဖြေပြီး ပြန်လာခဲ့တာပါ။

တစ်နေ့မှာ

သူဟာ

မှန်တစ်ချပ်ကိုင်ပြီး လမ်းလျှောက်လာတယ်။ လူတချို

့ရဲ့


3

“အနုပညာပစ္စည်းတစ်ခုကို ဘယ်လိုဖန်တီးရမလဲ”တဲ့။ ပလေတိုဟာ လက်ထဲက “ မှန”် ကို ဥပမာထားပြီး ဖြေပြခဲ့တယ်။ ပြဿနာကတော့ အဲဒီက စတာပါပဲ။ ကြေးမုံသီအိုရီ ပြင်ပပုံသဏ္ဍာန်တွေနဲ့ ထပ်လျက်တူတဲ့ ပုံသဏ္ဍာန်တွေ မှန်သားပြင်ပေါ်မှာ ပေါ်လာသလိုပဲ ဖြစ်ရမယ်…တဲ့။ အနုပညာပစ္စည်းဟာ အဖွဲ့ခံပစ္စည်းနဲ့ ထပ်လျက်တူရမယ်တဲ့။ ဒါမှ အနုပညာမြောက်တယ်တ…ဲ့ ။ ဥပမာ….တောင်တစ်လုံးကို ပန်းချီဆွဲတယ်ဆရို င် အဲဒီ ပန်းချီကားဟာ အဲဒီတောင်နဲ့ ခွဲခြားမရအောင် တူရမယ်။ မတူရင် အနုပညာမမြောက်ဘူးတဲ့။ စာပေမှာဆိုရင်လည်း

အဖြစ်အပျက်တစ်ခုကို

စကားလုံးတွေကတစ်ဆင့်

တသွေမတိမ်း

ကိုယ်စားပြု

တင်ပြနိုင်ရင်

အနုပညာမြောက်တယ်။အဲဒီလိုမှ မဟုတ်ရင် မမြောက်ဘူးတဲ့။ အနုပညာရာဇ၀င်ထဲမှာတော့ ကြေးမုံသီအိုရီ (Mirror Theroy) ဆိုပြီး ကျော်ကြားခဲ့တဲ့ သဘောတရားတစ်ခုပါ။ ပလေတိုက ပြောသေးတယ်။ Art is Mimesis တဲ့။ mimesis ဆိုတာက ပုံတူကူးခြင်း/ တုပခြင်း (Imitation) ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပာယ် အတူတူပဲ ရှိပါတယ်။ အနုပညာဆိုတာကို ပုံတူကူးယူတာပဲလို့ သူက ဆိုပါတယ်။ ဆင်ခြေတုံတရားကို ရပ်တည်သူတစ်ဦးပီပီ အနုပညာဆိုတာဟာလည်း ကျိုးကြောင်း ညီညွတ်ပြီး ဆင်ခြင်နည်းကျတဲ့ ဖြစ်စဉ် ( Rational and Deliberate Process) ဖြစ်ရမယ်လို့ သူက မိန့်ဆိုမှာကြား သွားပါသေးတယ်။ ဆင်နှာမောင်းကိုဘယ်သူနင်းသလဲ ဆင်သွားတော့

လမ်းဖြစ်ပါတယ်။

နောက်ကနေ

လိုက်လျှောက်ဝင်သွားကြပါတယ်။

အနုပညာလောကမှာ

ဒီသီအိုရီကို

ဦးထိပ်ထားခဲ့သူတွေ ဒုနဲ့ဒေးပါပဲ။ နောက်ခတ်တွေမှာ ဒဿနဆရာတစ်ယောက် ဖြစ်လာတဲ့ အင်္ဂလိပ်လူမျိုး Lord Shaftesbury ကလည်း ပလေတိုရဲ့ လေသံအတိုင်း လိုက်ပြောပါသေးတယ်။ ကဗျာဆရာဆိတုာ ဘုရားသခင် ဖန်တီးထားတဲ့ အရာတွေကို ထပ်မံဖန်တီးပြတဲ့ “ ဆင့်ပွားပြုလုပ်သ”ူ တဲ့။ The true poet is “ Second maker” တဲ့။ အနုပညာပစ္စည်းတစ်ခု ၊ အနုပညာလက်ရာ တစ်ခုအပေါ်မှာ ရည်ရွယ်ချက် ၊ စည်းကမ်း ၊ သင်ယူကျွမ်းကျင်မှု စတာတွေနဲ့ တိုင်းတာဝေဖန်ကြပါတယ်။ ပလေတိုရဲ့

အနုပညာအမြင်က

အနောက်တိုင်းရဲ့

အစောဆုံး

အနုပညာအမြင်ပဲ

ဖြစ်ပါတယ်။

နှစ်ကာလများစွာ

သြဇာကြီးခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။ ဆင်တွေ

အသက်ကြီးရင်

သူ့နှာမောင်းသူ

နင်းမိပါတယ်။

သီိအိုရိတွေ

အသက်ကြီးလာတော့လည်း

အဲဒီလိုမျိုးပါပဲ။

ခုမော်ဒန်ခတ်ကြီးရဲ့ အနုပညာသမားတွေဟာ ကြေးမုံသီအိုရီကို ဂရုမစိုက်ကြတော့ပါဘူး။ အစဉ်အလာသမားတွေက ထူးထူးဆန်းဆန်း “ဟန်” တွေ (The Queen Style) ပါလားလို့ မျက်ခုံးပင့်ကြည့်ရတဲ့ ပုံဟန်နည်းနာတွေကို အသုံးပြုနေကြပါပြီ။ ဘာကြောင့်များလဲ….။ ကြေးမုံသီအိုရီက ဘာဖြစ်နေလို့လ…ဲ ….။ အသေနဲ့အရှင် လောကမှာ အနုပညာဆိုတာကို လူက သိတာပါ။ လူကပဲ ခံစားတတ်တာပါ။ ကောင်းကင်ကြီး လှိုင်းထတယ်။ နှင်းဆီတစ်ပွင့် အဆင့်ဆင့်ကြွေတယ်။ ငှက်တစ်ကောင်က သူ့ရဲ့

အတောင်လက်တက်နှစ်ခုကို ရင်ဘတ်နဲ့ ထိန်းရင်းပျံတယ်။ လောကကြီးထဲမှာ

အနုပညာဆန်ဆန် ဖြစ်ပျက်နေသမျှအရာတွေဟာ လူက ခံစားတတ်လို့ ထင်ရှားနေတာချည်းပါပဲ။


4

လူကသာ

မခံစားရင်၊

မသတ်မှတ်ရင်

အနုပညာဆိုတာ

မရှိပါဘူး။အရာအားလုံးဟာ

သူ့သဘော

သူဆောင်ပြီး

ဖြစ်နေကြတာချည်းပါပဲ။ အနုပညာကို ခံစားတတ်တဲ့လူက အနုပညာကို ဖန်တီးတယ် ဖန်တီးမယ့်သူ၊ “လူ” ကပဲ အရေးကြီးပါတယ်။ သူက “အရှင”် ပါ။ အလုပ်လုပ်မယ့် subject ပါ။ အနုပညာအားဖြင့် ဖန်တီးခံရမယ့် အကြောင်းအရာ အဖြစ်အပျက်တွေက အရေးမကြီးပါဘူး။ သူက “အသေ” ပါ။ အသုံးချခံရမယ့် Object ပါ။ ပလေတိုရဲ့ သဘောတရားမှာ ဖန်တီးမယ့်သူထက်စာရင် ဖန်တီးခံ/အသုံးချ ပစ္စည်းကို ပိုအဓိကထားသလို ဖြစ်နေပါတယ်။ နည်းနည်းလွှဲသွားတာပါ။ အရပ်ထဲက လူတွေလို ပြောရရင် “တစ်လုံးထဲကပ်လ”ွှဲ သွားတာပါ။ ဒါပေမယ့် အဲဒါလေးကတင် ပွဲကြီးကို ပြီးသွားစေပါတယ်။ အနုပညာတောင် တောင်တစ်လုံးကို အာရုံမှတ်သားပြီး အနုပညာဖွဲ့တော့မယ် ဆိုကြပါစို့။ အဲဒီမှာ အဆင့် (၂) ဆင့် ရှိပါတယ်။ ပထမအဆင့်ကတော့ တောင်ကို အာရုမှံတ်သားယူတဲ့ နှလုံးသွင်းယူတဲ့ Attention ကိစ္စပါ။ အဲဒါကတော့ လွယ်ပါတယ်။ အနုပညာသမားကို မဆိုထားနဲ့၊ သာမာန်

“လူ”

တွေကို

မဆိုထားနဲ့၊

တိရစ္ဆာန်တွေတောင်

လုပ်နိုင်ပါတယ်။

(မိလန္ဒပဉ္ဇာ၊

ဒုတိယအဆင့်ကတော့ အဲဒီတောင်ကို အနုပညာပစ္စည်းအဖြစ် ပြောင်းလဲပစ်ရမယ့်

ကိစ္စပါ။

ပုစ္ဆာအမှတ်

၂၇

အရေးကြီးသွားပါပြီ။

) အာရုံ

မှတ်သားထားချက်ကို ဘယ်လိုထုတ်နှုတ် ပိုင်းဖြတ်မလဲဆိုတဲ့ “ပညာ” က အရေးကြီးလာပါပြီ။ ဒီနေရာမှာတော့ ပညာဆိုတာ “ အနုပညာ ဖန်တီးနိုင်စွမ်း” (Creativity) ပါပဲ။ ဖန်တီးတယ်ဆိုတာပာာ “ မရှိသေးတဲ့ အရာတစ်ခုကို ရှိအောင်လုပ်လိုက်တာ ( To bring things Into existence that have not existed before) ပါပဲ။ အနုပညာပစ္စည်း မဟုတ်တဲ့ “ တောင်” ကို အနုပညာပစ္စည်းအဖြစ် ဖန်တီးလိုက်တဲ့အခါ….မရှိသေးတဲ့ အရာတစ်ခု ရှိလာပါတော့တယ်။ သဘာဝတောင် မဟုတ်တော့ပဲ အနုပညာ “တောင်” ပါပဲ။ မူလ…တောင်၊ သဘာဝတောင်နဲ့ အများကြီး ကွဲလွဲသွားနိုင်ပါတယ်။ ကွဲလွဲခွင့်လည်း ရှိပါတယ်။ သူ့ကို ပမာမခန့် လုပ်တယ်ဆိုပြီး ပလေတိုဒေါပွရင်လည်း

မောရုံသာ

ရှိပါလိမ့်မယ်။

အမှန်တော့

တူတာရော၊

ကွဲလွဲတာရောဟာ

အပြစ်မရှိပါဘူး။

အနုပညာဟာ အနုပညာ ဖြစ်နေဖို့ပဲ လိုပါတယ်။ အနုပညာမျက်လုံး တစ်ခုထပ်ပြောရပါဦးမယ် ၊ ရှေ့ပိုဒ်မှာ “လွယ်ပါတယ်” လို့ ပြောထားတဲ့ အာရုံမှတ်သားမှု ၊ နှလုံးသွင်းမှု (Attention) ကိစ္စပါပဲ။ အကွိုင်းနက်စ(် Aquinas) ဆိုသူ ဒဿနပညာရှင်ကြီးက ပြောပါတယ်။ အလှတရားဆိုတာ “စိတ်အာရုံနဲ့ မြင်သိရတဲ့ ကြည်နူးဖွယ်ရာ” ကို ခေါ်တယ်…တဲ့။ အလှတရားဆိုတာက ဒီနေရာမှာ အနုပညာကိုပါ ရည်ရွယ်အကျုံးဝင်ပါတယ်။ စိတ်အာရုံနဲ့ မြင်သိမှု ၊ (vision with mind) ဆိုတာက အရေးကြီးလာပါပြီ။ လူတွေက အနုပညာပစ္စည်းတစ်ခုကို ခံစားတယ်ဆိုတာ အဲဒီအနုပညာထဲက အလှတရားကို စိတ်အာရုံ့နဲ့ မြင်သိလိုက်တာပါပဲ။ ဒါကို ထားလိုက်ပါဦး။ သူတို့အရင်….အနုပညာသမားက အနုပညာဖွဲ့ရမယ့်အရာကို ကြည့်တယ်ဆိုပါစို့။ တောင်တစ်လုံးကိုပဲ ကြည့်တယ်ဆိုပါစို့။ တောင်ထဲက အလှတရားကို သူ့စိတ်အာရုံ့နဲ့ မြင်အောင် ကြည့်သွားတာပါ။ သာမာန်မျက်လုံးနဲ့ ကြည့်တာ မဟုတ်ပါဘူး။ အနုပညာမျက်လုံးနဲ့ ကြည့်သွားတာပါ။ သာမာန်လူရဲ့ အမြင်နဲ့တူမှာ မဟုတ်သလို အနုပညာသမားချင်းလည်း တူကြမှာ မဟုတ်ပါဘူး။ ထွေထွေပြားပြား ကွဲလွဲနေနိုင်ပါတယ်။ ပလေတိုက ဒါတွေ မသိဘူး။ မသိဘဲ ၀င်ပြောတော့ မှားနေပါတော့တယ်။ တောင်ရဲ့ စီးဆင်းမှု


5

လောကကြီးမှာ အကျိုးတရားတွေကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းတရားကြီး နှစ်ရပ်ရှိပါတယ်။ လူတစ်ယောက်ဟာ သစ်တုံးကြီး တစ်တုံးကို ရလိုက်တယ် ဆိုပါစို့။ သစ်တုံးကြီးကို သူ တစ်ခုခု လုပ်မယ်။ သစ်တုံးကြီးကနေ တစ်ခုခု ဖြစ်လာမယ်ဆိုပါစို့။ အဲဒီ သစ်တုံးကြီး က အကျိုးတရားတစ်ခုဆီကို ဦးတည်နေတဲ့ ရုပ၀် တ္ထုဆိုင်ရာ အကြောင်းတရား (Material cause) ဖြစ်ပါတယ်။ ဥပါဒါနကရဏလို့လည်း ဆိုနိုင်ပါတယ်။ အဲဒီသစ်တုံးကြီးကို သူဟာ လှေထွင်းရင် ထွင်းမယ်။ ပန်းပုထုမယ်။ ဝေါယာဉ်ဆောက်ရင် ဆောက်မယ်။ သူရဲ့ ဖန်တီးမှုအပေါ်မှာ တည်ပြီး သစ်တုံးကြီးဟာ အမျိုးမျိုးဖြစ်သွားနိုင်ပါတယ်။ အဲဒီ ဖန်တီးမှုဟာ ဒုတိယအကြောင်းအရာပါပဲ။ Agental cause ဖြစ်ပါတယ်။ နိမိတ္တကရဏလို့လည်း ဆိုနငိုပါတယ်။ အနုပညာသမားတွေအတွက် ရုပ၀် တ္ထုဆိုင်ရာ အကြောင်းတရားကနေ “တောင်” ချင်း ရထားတာ တူရင်တောင် (အမှန်တော့ တောင်ချင်း မတူပါဘူး) ဖန်တီးမှု အကြောင်းတရား တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အပေါ်မှာ မူတည်ပြီး သူတို့ရဲ့ အနုပညာ ပစ္စည်းဟာ အမျိုးမျိုး ကွဲပြားနေပါလိမ့်မယ်။ မူလ “တောင်” နဲ့လည်း ကွဲပြားနေနိုင်ပါတယ်။ ပလေတိုအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒါကတော့ ဒီအတိုင်း ဖြစ်နေမှာပါပဲ။ မှန်မကြည့်သူများ အဆိုးဆုံး အချက်ကိုလည်း ပြောရပါဦးမယ်။ ပလေတိုရဲ့ သဘောတရားအရ “တကယ်ရှိနေတဲ့ ရုပ၀် တ္ထု” အကြောင်းအရာတွေကို ပုံတူကူးပြီး အနုပညာ ဖန်တီးရမယ်ဆိုတာ ရုပ်ကြမ်းဝါဒ ဆန်လွန်းနေပါတယ်။ အနုပညာ၊ ရသပညာဆိုတာ (ဆရာဇော်ဂျီ ပြောသလို ပြောရရင် ) “စိတ်ကိစ”္စ ပါ။ လူတွေမျာ သိထား တာလေးတွေကို အခြေခံပြီး စိတ်ကူး ဖန်တီးယူလေ့ရှိတဲ့ “ဥာဏ်” ပါလာ ပါတယ်။ ဆရာဇော်ဂျီက ပဋိဘာန်ဥာဏ်လို့ ဆိုထားပါတယ်။ အဲဒီဥာဏ်ဟာ အင်မတန် အရေးကြီးသလို အင်မတန် လိုအပ်ပါတယ်။ ယောဂဒဿန အရလည်း လူတွေမှာ ၀ိကပ္ပဆိုတဲ့ ဥာဏ်တစ်မျိုး ရှိပါတယ်။ လူတွေမှာ ရှိတတ်တဲ့ ဥာဏ်တစ်မျိုး ရှိပါတယ်။ လူတွေမှာ ရှိတတ်တဲ့ စိတ်အမျိုးအစားခွဲ (၅) မျိုးထဲက တစ်ခုပါပဲ။ ဖန်တီးတတ်တဲ့ စိတကိုပဲ ဆိုလိုပါတယ်။ မရှိတာကို ရှိသလို ဖန်တီးယူတတ်ပါတယ်။ အနုပညာသမားတွေဟာ အလွန်ဖန်တီးတတ်တဲ့ လူတွေပါ။ အလွန်စိတ်ကူး ကွန့်မြူးတတ်တဲ့ လူတွေပါ။ ရှိတာကို မရှိသလို၊ မရှိတာကို ရှိသလို သူတို့ရဲ့ အတတ်ပညာနဲ့ အမျိုးမျိုး ကစားပြပါလိမ့်မယ်။ ကစားပြနေကြပါတယ်။ ရှိထားပြီးသားအရာကိုမှ ပုံတူကူးမှာ မဟုတ်ပါဘူး။ ပလေတိုကို မုန်းလို့လည်း မဟုတ်ပါဘူး။ ဒါပေမယ်…့  ….. သူ့ “မှန”် ကြီးကို မသုံးကြတော့ပါဘူး။ ခတ်၊ လူငယ်နှင့် မှန်ကွဲစများ “လောကဓိပတေယျံ” ဆိုတဲ့ စကားလေးလည်း ရှိပါတယ်။ လောကရဲ့ သြဇာ….လို့ ပြောနိုင်ပါတယ်။ ဗုဒ္ဓကျမ်းစာတွေထဲက စကားလေးပါ။ ပညာရှင်တွေကလည်း လူဟာ “ခတ်ရဲ့ ရလာဒ်” ( the product of his age) လို့ ဆိုကြပါတယ်။ လောကက လူတွေကို လွှမ်းမိုးတတ်ပါတယ်။ ခေတ်တွေက လူတွေကို လွှမ်းမိုးတတ်ပါတယ်။ ခတ်တွေ ပြောင်းတာနဲ့ အမျှ လူတွေရဲ့ အတွေးအခေါ် နားလည်မှု၊ ဘ၀အနေအထား….တွေဟာ ပြောင်းလဲလာတာပါပဲ။ ခရစ်တော် မပေါ်မီကတည်းက ရှိခဲ့တဲ့ ပလေတိုရဲ့  “မှန”် ကြီးဟာ လိုက်ပြောင်းလဲ မပေးနိုင်ခဲ့ပါဘူး။ အဲဒါကြောင့် သူ ကျန်ရစ်ခဲ့ပါပြီ။ အနုပညာသမိုင်းမှာ ၂၀ ရာစု နောက်ပိုင်း ကာလကို “၀ါဒတွေရဲ့ ခတ်” (The great era of “Isms”) လို့ ပညာရှင်အချို့က သတ်မှတ်ကြပါတယ်။ ထူးခြားဆန်းပြားတဲ့ ၀ါဒတွေ၊ နည်းစနစ်တွေနဲ့ အနုပညာကို ဖန်တီးလာကြပါတယ်။ လိုက်ပါနိုင်အောင် ကြိုးစားရင်းကပဲ ပလေတိုရဲ့ “မှန”် ကြီးဟာ အစိတ်စိတ် အမွှာမွှာ ကွဲကျန်ရစ်ပါတယ်။ ဒီမှန်ကွဲတွေကို ပြန်ဆက်ဖို့ ဒီမှန်ချပ်ကြီးကို ပြန်လည်ထူမတ်ဖို့၊ ဒီမှန်ကို လက်ထမှဲာ ကိုင်ဆောင်ဖို့ ကျွန်တော် မကြိုးစားပါဘူး။ ဒါပေမယ့် အနုပညာဆိုင်ရာ ရဲဘော်ရဲဘက်ဟောင်း တစ်ယောက်အနေနဲ့ သူ့ကို ကျွန်တော် လေးစားပါတယ်။ အသိအမှတ်ပြုပါတယ်။ ဘ၀အဖော်အဖြစ် လက်မတွဲနိုင်သည့်တိုင်အောင် ကျွန်တော် ချစ်ခဲ့တဲ့ လူတွေ၊ အရာတွေထဲမှာ သူ….ပါ ပါတယ်။


6

နှစ်ခြမ်းကွဲ အယူအဆ ပလေတိုရဲ့ “တုပမှု သီအိုရ/ီ ကြေးမုံ သီအိုရ”ီ ကို အဲဒီလို ကျွန်တော် ငြင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ပလေတိုရဲ့ အနုပညာ ဒဿနက မပြီးဆုံးသေးပါဘူး။ ဒီသီအိုရီအပြင် အခြားသီအိုရီ တစ်ခုကိုပါ သူ ထပ်တင်ပြပါသေးတယ်။ ပထမသီအိုရီနဲ့ ဆန့်ကျင် ကွဲလွဲနေပါတယ်။ အဝေးသင် တက္ကသိုလ်ရဲ့ ပြဌာန်းမူအတိုင်း ဆက်လက် တင်ပြလိုက်ပါတယ်။ အနုပညာအား ပုံတူကူးခြင်းအားဖြင့် အနက်ဖွင့်ခဲ့သော အပိုင်းသည် ပန်းချီပန်းပုတို့ အကျုံဝင်း သော ရှုမြင်ခြင်းဆိုင်ရာ အနုပညာပိုင်းနှင့် သက်ဆိုင်သည်။ အခြားသော အနက်အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်မျိုးမှာမှ ကဗျာ ၊ ဂီတတို့နှင့် စပ်လျဉ်းသည်ဟု ဆိုရမည်။ ဤအပိုင်း၌ ပလေတိုက အနုပညာသည် စိတ်ကူးယဉ်မှု (Imagination) ဖြစ်သည်ဟု ဖွင့်ဆိုပြန်သည်။ ပလေတိုအလိုအားဖြင့် အနုပညာသည် အသိပညာမဟုတ်၊ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်သည်။ အနုပညာရှင်တို့သည် မိမိတို့၏ စိတ်ကူးစိတသ် န်းများအရ လှပသိမ်မွေ့သော နိမိတ်ပုံများ (Images) ကို ဖော်ထုတ်ကြသည်။ ပလေတိုသည် အနုပညာနှင့် ပတ်သတ်သည့် ဂရိယဉ်ကျေးမှု၏ ယူဆချက်တစ်ရပ်ကို လက်ခံခဲ့သည်။ ထိုယူဆချက်အရ အနုပညာနယ်ပယ်ကို စိုးမိုးသော တန်ခိုးရှင်များ ရှိသည်။ ဤတန်ချိုးရှင်များ၏ စေ့ဆော်မှုကြောင့်သာ အနုပညာရှင်တို့သည် အနုပညာလက်ရာတို့ကို တီထွင်ဖန်တီးနိုင်စွမ်း ရှိလာသည်။ အနုပညာတီထွင်မှု ရှုထောင့်မှ ကြည့်လျှင် အနုပညာ တီထွင်ခြင်းသည် အနုပညာ မှောဝင် ခြင်း (Inspiration) ဖြစ်သည်ဟု ယူဆသည်။ အနုပညာလက်ရာများသည် စိတ်ကူးစိတ်သန်း တစ်နည်းအားဖြင့် အနုပညာမှောဝင် မှုနှင့် ဆက်စပ်လျက်ရှိသည်။ အနုပညာမှောဝင်မှုအရ အနုပညာလက်ရာများကို တီထွင်သည်။ သိမ်မွေ့သော ပုံသဏ္ဍာန်များ သို့မဟုတ် နိမိတ်ပုံများကို ဖော်ထုတ်သည်။ (အနုပညာ လက်ရာတို့ကို ဖော်ထုတ်နိုင်ရန် အနုပညာမှောဝင် မှုသာ လိုအပ်သည်။ ဆင်ခြင်ခြင်းသည် မလိုအပ်ပေ။ ထို့ကြောင့် အနုပညာမှောဝ် င်မှု သဘောသည် ဆင်ခြင်ခြင်းနှင့် ဆန့်ကျင်သည်။ သဘော သဘာဝအားဖြင့် ဆင်ခြင်နည်း မကျသော သဘော (Irrational)ကို ဆောင်သည်။ သို့ဖြစ်၍ အနုပညာဟူသည် အသိပညာမဟုတ်ပေ။ ပလေတိုသည် စစ်မှန်သော အသိပညာကို ဆင်ခြင်ခြင်းအားဖြင့် ရရှိနိုင်သည်ဟု ခံယူထားသော ဆင်ခြင်ခြင်း အဓိက၀ါဒ (Rationalism) ကို လက်ခံသည့် ဆင်ခြင်ခြင်း အဓိက၀ါဒ ဒီ(Rationalist) တစ်ဦးဖြစ်သောကြောင့် ဆင်ခြင်ခြင်းနှင့် ဆန့်ကျင်သော အနုပညာမှောဝင် မှုကို သိမ်ဖျင်းသော အသိအဖြစ် မြင်ခဲ့သည်။ အနုပညာကိုလည်း ဆင်ခြင်ခြင်းကို အခြေပြုထားခြင်း မဟုတ်၍ ပလေတိုအနေဖြင့် အထင်ကြီးခြင်း မရှိပေ။ ဖြတ်ပြောချင်တဲ့ စကားတစ်ခွန်းရှိလာပါတယ်…။ ပလေတိုရဲ့ ဒဿနကျမ်းတွေနဲ့ ပတ်သတ်လို့ပါပဲ။ ဘာထရန်ရပ်ဆယ်က ပြောဖူးပါတယ်။ ပလေတိုရဲ့ ဒဿနကျမ်းတွေ ဖတ်တဲ့အခါမှာ (ဒဿနကို လက်မခံရင် နေ) သူ့ရဲ့ ပြေပြစ်ချောမွေ့တဲ့ စာပေဖွဲ့စည်းမှုကိုတော့ သဘောကျ လက်ခံမိတာပါပဲ….တဲ့။ ဟုတ်ပါတယ်။ ပလေတိုရဲ့ စကားပြေဟာ ချောမွေ့ ရှင်းလင်းပြီး ဆွဲဆောင်မှုအားကြီးလှပါတယ်။ ဒဿနဆရာ တစ်ယောက်အဖြစ် မဟုတ်ဘဲ ကဗျာဆရာတစ်ယောက်၊ စာပေ အနုပညာရှင်တစ်ယောက်အဖြစ် သူ့ကို မြင်မိပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ အနုပညာရှင်တွေကို ပယ်ပယ်နယ်နယ် ရှုံ့ ချခဲ့လေရဲ့ ။ ဆက်ဖတ်ကြည့်ပါ။

အနုပညာရှင်နှင့် လူ့အဖွဲ့အစည်း ပလေတိုသည် အနုပညာကို အသိပညာ တစ်ရပ်အနေဖြင့် မှတ်ယူခြင်း မရှိသည့် အားလျော်စွာ အနုပညာရှင်များသည်လည်း ဆင်ခြင်ဥာဏ်ကင်းမဲ့သူများသာ ဖြစ်ကြသည်ဟု ခံယူထားသည်။ အနုပညာသည် လူသားတို့အား ဖမ်းစားဆွဲဆောင်နိုင်သော အနုပညာ မှောဝ် င်စားမှု စွမ်းရည်ရှိသည်။ ထိုစွမ်းရည်သည် နှလုံးသားနှင့် သက်ဆိုင်သော ခံစားမှုသဘောသာ ဖြစ်သည်။ ဆင်ခြင်ဥာဏ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ထို့ကြောင့် အနုပညာလက်ရာများစွာကို တီထွင်ရာ၌ အနုပညာရှင်များအား လွတ်လပ်စွာတီထွင်ခွင(Artistic့် Freedom) ပေးရန်မသင့်ဟု ဆိုသည်။ အနုပညာရှင်များအား ဆင်ခြင်ဥာဏ်ရှိသူ အသိပညာရှင်များ ၊ ဒဿနပညာရှင်များက ထိန်းချုပ်ထား သင့်သည်ဟု ပလေတိုက ဆိုသည်။ ကဗျာလင်္ကာတို့မည်သည် လူသားတို့အား ဖမ်းစားနိုင်စွမ်းသာ ရှိသည်။ ဆင်ခြင်ခြင်းနှင့် သစ္စာတရားကို ကင်းမဲ့သည်ဖြစ်၍ အန္တရာယ်များ ဖြစ်လာနိုင်သည်စု ပလေတို ခံယူခဲ့သည်။ အနုပညာရှင်များသည် မိမိတို့ တီထွင်ထားသော အနုပညာ လက်ရာများနှင့် ပတ်သတ်၍ အကောင်းအဆိုး၊ အမှားအမှန် ခွဲခြားနိုင်ခြင်းမရှိ၊ သစ္စာတရားကိုလည်း အနုပညာရှင်များအား ဆင်ခြင်တုံတရား ကင်းမဲ့သူများအဖြစ် ကြောက်ရွံဟန်ရှိ၍ တိုင်းပြည်ဖွံ့ဖြိုးရေး၏ အဆီးအတားများအဖြစ် မှတ်ယူသည်။ ပလေတိ သည်ု တိုးတက်သော လူမှုအဖွဲ့အစည်း၌ အနုပညာရှင်များအား တစ်ခန်း တစ်ဏ္ဍပေးအပ်ခြင်း မရှိပေ။ ဆင်ခြင်ခြင်းကို အလေးထားခြင်းမရှိ၊ ခံစားမှုကိုသာ ဂရုပြုသူများအဖြစ် အနုပညာရှင်များ၏ အခန်းကဏ္ဍကို နှိမ့်ချခဲ့သည်။ သို့ရာတွင် လူငယ်လူရွယ်များကို ပညာသင်ကြားရာ၌ အနုပညာကို အကျိုးရှိစွာ အသုံးပြုနိုင်သည်။ ဂီတအားဖြင့် လူငယ်များကို ပညာပေးနိုင်သည်ဟူ၍(Republic) ကျမ်း၌ ရေးသားခဲ့သည်။


7

ဒီလောက်ဆိုရင် ပလေတိုရဲ့ အနုပညာဒဿနကို အထိုက်အလျောက် နားလည် တီးခေါက်မိပြီလို့ ဆိုနိုင်ပါပြီ။“ရသပညာအတွ(ဲ ၂)” ထဲမှာပဲ ပလေတိုရဲ့  အနုပညာဒဿနကို အောက်ပါအတိုင်း ပန်ြ လည် သုံးသပ်ပြထားပါတယ်။ အချက်သုံးချက်နဲ့ သုံးသပ်ထားတာပါ။ ၁။အနုပညာကို ပုံတူကူးခြင်းဖြင့် အနက်ဖွင့်ဆိုသောအပိုင်းနှင့် စိတ်ကူးစိတ်သန်း တစ်နည်းအားဖြင့် အနုပညာမှေဝင်ာ် စားမှုအားဖြင့် အနက်ဖွင့်ဆိုသော အပိုင်းနှစ်ခုသည် တစ်ပိုင်းနှင့်တစ်ပိုင်း ဆန့်ကျင်လျက် ရှိသည်။ ပုံတူကူးယူမှုကို အသားပေးသောအခါ၌ တီထွင်မှု၊ ခံစားမှု အပိုင်းတို့သည် မြုပ်ကွယ်လျက် ရှိသည်။ စိတ်ကူး စိတ်သန်းကို အလေးပေးသောအခါ၌ တီထွင်မှု ၊ ခံစားမှု အပိုင်းတို့သည် ရှေ့တိုင်းသို့ ရောက်ရှိလာသည်။ သို့ဖြစ်၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်(၂) မျိုးသည် တစ်ခုနှင့် တစ်ခု ရှေ့နောက် ညီညွတ်မှု မရှိပေ။ ၂။အနုပညာဟူသည် အသိပညာမဟုတ်၊ အနုပညာရှင်များသည် ဆင်ခြင်ဥာဏ်ရှိသူ အသိပညာရှင်များ မဟုတ် တစ်နေရာတွင် ဆိုထားသည်။ အခြားတစ်နေရာ၌မူ အနုပညာရှင်တို့သည် “လှပခြင်း” ဟူသည် ဂုဏ်ရည်ရှိသော နိမိတ်ပုံများကို တီထွင်သူများဟု ဆိုထားသည်။ “လှပခြင်း” သည် ယေဘုယျသဘော ဖြစ်သည်။ ယေဘုယျသဘောကို သိရန် ဆင်ခြင်ဥာဏ် လိုအပ်သည်။ လှပခြင်းဟူသည် ဂုဏ်ရည်ရှိသော နိမိတ်ပုံများကို တီထွင်သူသည် လှပခြင်းဟူသော ယေဘုယျသဘောကို နားလည်သူလည်း ဖြစ်သည်။ ယေဘုယျသဘောကို နားလည်သူသည် ဆင်ခြင်ဥာဏ်ရှိသူလည်း ဖြစ်သည်။ ထိုသို့ဆိုလျှင် လှပခြင်းဟူသော ယေ ဘုယျသဘောကို သိရှိသူ အနုပညာရှင်များအား ဆင်ခြင်ဥာဏ် ကင်းမဲ့သူများဟု အဆိုပြု၍ မရပေ။ ထို့ကြောင့် ပလေတို၏ အဆိုပြုချက် နှစ်ရပ်သည် ရှေ့နောက် ညီညွတ်မှု မရှိပေ။ ၃။အနုပညာရှင်များသည် စိတ်ကူးစိတ်သန်းသာရှိ၍ ဆင်ခြင်ဥာဏ်မရှိသူများ ဖြစ်သည်ဟု ဆိုကာ အနုပညာရှင်များ၏ အခန်းကဏ္ဍကို နှိမ့်ချခဲ့သည်။ သို့ရာတွင် အနုပညာအားဖြင့် ကလေးသူငယ်များကို ပညာပေးနိုင်သည် ဟူသောအချက်ကိုမူ လက်ခံခဲ့သည်။ ယင်းအချက်ကို လက်ခံခြင်းသည် အနုပညာရှင်နှင့် အနုပညာရှင်၏ စွမ်းပကားကို မျက်ကွယ်ပြု၍မရကြောင်း လက်ခံခြင်းနှင့် အတူတူပင် ဖြစ်သည်။ အနုပညာနှင့် အနုပညာရှင်များကို နှိမ့်ချသော အမြင်ထားရှိသော ပလေတိုသည် တစ်ချိန်တည်းမှာပင် အနုပညာနှင့် အနုပညာရှင်တို့၏ တန်ဖိုးကို ထိန်ချန်၍ မရခဲ့ပေ။ ထို့ကြောင့် အနုပညာရှင်၏ အခန်းကဏ္ဍကို တင်ပြရာ၌ ပလေတိုတင်ပြသော သဘောတရားတို့သည် ရှေ့နောက် ညီညွတ်မှု မရှိပေ။ ဒီလောက်ဆိုရင် ပလိုတီးနပ်စရ်ဲ့  အနုပညာဒဿနဆီ ဆက်သွားလို့ ရလောက်ပါပြီ။ လိုရမယ်ရ အရစ္စတိုတယ်လ်ရဲ့  အနုပညာဒဿနကိုလည်း သဘောသွားလေးမျှလောက်ပြောခဲ့ချင်ပါတယ်။ သူလည်း သူ့ဆရာ ပလေတိုနဲ့ သိပ်မထူးလှပါဘူး။ ကွဲလွဲမှုတော့ ရှိပါတယ်။ အရစ္စတိုတယ်လ်ရဲ့  အနုပညာအယူအဆက ပိုတိုးတက်လာတယ်လို့ ဆိုနငိုပါတယ်။ သူကလည်း ပလေတိုရဲ့  ပုံတူကူးခြင်း အယူအဆကိုပဲ ဆက်လက်ကိုင်စွဲပါတယ်။ ပလေတိုရဲ့  ပုံတူကူးမှုဝါဒကို “Imitation of Imitation” လို့ခေါ်ပြီး အရစ္စတိုတယ်လ်ရဲ့  ပုံတူကူးမှုဝါဒကို “Imitation of Essences” လို့ခေါ်ပါတယ်။ ပလေတိုရဲ့  ၀ါဒက သာမာန်သဘောဆောင်တဲ့ အသေးစိတ် ပုံတူကူးယူမှုကို ဆိုလိုပြီး အရစ္စတိုတယ်လ်ရဲ့  ၀ါဒက အနှစ်သာရများ၊ အရာဝတ္ထုတစ်ခုရဲ့  ယေဘုယျသဘောများကို ပုံတူကူးယူခြင်း ဖြစ်ပါတယ်။ ပိုအဆင့်မြင့်လာတယ်လို့ ယူုဆနိုင်ပါတယ်။ ဒါပေမယ့် ပလိုတီးနပ်စ်ရဲ့  ဒဿနလောက် ကျွန်တော့်ကို မထိုးဖောက်နိုင်ခဲ့ပါဘူး။ ပလေတို ၊ အရစ္စတိုတယ်လ်တို့နဲ့ စာရင် ပလိုတီးနပ်စ်က လူသိနည်းပါတယ်။ ခုသူ့ရဲ့  အနုပညာဒဿနာကို ကျွန်တော် ဆက်လက်တင်ပြပါ့မယ်။ အဝေးသင် တက္ကသိုလ်ရဲ့  ပြဋ္ဌာန်းစာအုပ် ဖြစ်တဲ့ “ရသပညာအတွ(ဲ ၂)” မှာ ပလိုတီးနပ်စ် အကြောင်း မပါဝင်ပါဘူး။ ရသဗေဒဆိုင်ရာ နိုင်ငံခြားစာအုပ်စာတမ်းတချို့ကို ကိုးကားပြီး ၊ ကျွန်တော် တင်ပြသွားပါ့မယ်။ အကျဉ်းအားဖြင့်သာ တင်ပြခြင်းဖြစ်ပါတယ်။ ဆက်လိုက်ကြဦးစို့။

အပိုင်း(၂) မြစ်က မွေးလိုက်တဲ့ ပင်လယ် ခရစ်တော်မပေါ်မီ ကာလလောက်ကတည်းက ထင်ပါရဲ့ ။အီဂျစ်ပြည်၊ “အလက်ဇန္ဒရား” မှာ ခမ်းနားတဲ့ စာကြည့်တိုက်ကြီးတစ်ခု ရှိခဲ့တယ်။ စာအုပ်စာတမ်းတွေ ခုနှစ်ရာကျော်ရှိပြီး ပညာရှင်ပေါင်းများစွာ အဲဒီစာကြည့်တိုက်ထဲမှာ စာထိုင်ဖတ်ခဲ့ကြတယ်။ ယူကလစ်၊ အပိုလိုနီးယပ်စ တဲ့ ပညာရှင်တွေကို ပေါ်ထွန်းစေခဲ့တယ်။ အဲဒီအထဲမှာမှ “အမ်မိုနီးယပ်စ် ဆက်ကပ်စ”် (Ammosniusaccas) ဆိုတဲ့ ပညာရှင် တစ်ဦးလည်း စာကြည့်တိုက်ထဲက ထွက်ပြီး မြို့လမ်းပေါ် တက်ခဲ့တယ်။ သူဟာ ထူးချွန်သူ တပည့်ပေါင်းများစွာကို ဆက်လက် မွေးထုတ်နိုင်ခဲ့တယ်။ အဲဒီထဲမှာမှ (ဆရာကောင်းပီသစွာ)


8

သူ့ထက်သာမယ့် တပည့်တစ်ယောက်ကို မွေးထုတ်ခဲ့တယ်။ အဲဒီ တပည့်ရဲ့ နာမည်က ပလိုတီးနပ်စ် (Plotinus) လို့ ခေါ်တယ်။ ပလိုတီးနပ်စ်ကလည်း (တပည့်ကောင်းပီသစွာ) ဆရာထက်တော်အောင် ကြိုးစားနိုင်ခဲ့တယ်။ ပလိုတီးနပ်စ်ဟာ ၂၀၅ အေဒီမှာ မွေးဖွားခဲ့တယ်။ အီဂျစ်မှာပါပဲ ။ ၂၄၅ အေဒီကနေ သူ သေဆုံးတဲ့ ၂၇၀ အေဒီ အထိ ရောမမှာပဲ နေထိုင်ခဲ့တယ်။ လူသူအပေါင်းကို ပညာပြန်လည် သင်ကြားပေးခဲ့တယ်။ သူ့ရဲ့  ဒဿနမှာ အယူဝါဒပေါင်းစုံ ၊ ၀င်ရောက် စုစည်းနေတယ်။ ပလေတိုရဲ့  အတွေးအခေါ်က အဓိက ပါဝင်ပေမယ့် တခြားခေါမ ဒဿနဆရာကြီးတွေရဲ့  အယူအဆတွေလည်း ပါဝင်နေတယ်။ ဥပမာ “ပိုက်သာဂိုရပ်စ”် လို့ ဆိုကြပါစို့။ အာရပ် ဒဿန ပညာရှင်တွေရဲ့  အတွေးအခေါ်တွေ ၊ ဂျုးလူမျိုးတို့ရဲ့  ရိုးရာ အယူအဆတွေထဲက ဖြာထွက်မှု သီအိုရီ (The Emanation Theory ) လို အယူအဆတွေ ခရစ်ယာန် ကိုယ်ကျင့်ဒဿနတွေ ရောပြွန်း ပါဝင်နေတယ်။ တချို့ နေရာတွေမှာတော့ ပလိုတီးနပ်စ်ရဲ့  ဒဿနဟာ ရှေးဟောင်းအိန္ဒိယရဲ့  ဝေဒန္တဒဿနနဲ့ ဆင်ဆင်တူနေတယ်။ သူဟာ ခရစ်ယာန် တစ်ဦး မဟုတ်ဘူး။ သူရဲ့  ဒဿနတွေဟာ သူ့ခတ်ဝန်းကျင်ရဲ့  ကွဲလွဲဆန့်ကျင်နေတဲ့ အခြေအနေအရပ်ရပ်ကြားထဲမှာပဲ ပျံ့ နှံ့အောင်မြင်မှု ရှိခဲ့တယ်။ ခရစ်ယာန်ဒဿနနဲ့ အတူ သူ့ဒဿနဟာလည်း လက်ခံသူ များပြားခဲ့တယ်။ သူက တန်ခိုးရှင် ဆန်တယ်။ တစ်ခါတစ်ခါမှာ ၀ိညာဉ်တွေနဲ့ ဆက်သွယ်တယ်။ လျှို ၀့ှက်လေးနက်တဲ့ သူ့ရဲ့  ဒဿနဟာ ဂမ္ဘီရဆန်တယ်လို့ သတ်မှတ်ခံရတဲ့အထိ ဆန်းကြယ်တယ်။ သူရဲ့  အနုပညာဒဿနကို လေ့လာဖို့အတွက် သူ့ရဲ့  လောကအမြင်ကို ကျွန်တော်တို့တွေ အရင်လေ့လာလိုက်ကြရအောင်။ အမေရိကန်နိုင်ငံထုတ် Dagobert D.Runes တည်းဖြတ်တဲ့ ဒဿနအဘိဓာန် စာအုပ်မှာ ပလိုတီးနပ်စ်ရဲ့  ဒဿနကို စာတစ်ကြောင်းနဲ့ ချုပ်ပြီး ဖွင့်ဆိုထားပါတယ်။ လက်ရှိ ထွေပြားနေတဲ့ အမှန်တရားအားလုံးဟာ ပြည်ဝ့  ခိုင်မာစွာ တည်ရှိနေတဲ့ “တစ်ခုတည်းသော သဘောတရား” ရဲ့  ဖြာထွက်စီးဆင်းမှု အဆင့်ဆင့်အောက်မှာပဲ ရှိနေတယ်…..တဲ့။ တစ်ခုတည်းသော သဘောတရားကို “One” လို့ပဲ သုံးထားပါတယ်။ ရှင်းလွန်းလို့ ရှုပ်သွားပါတယ်။ အခြားကျမ်းအကျယ်တွေမှာတော့ အဲဒီ “တစ်ခုတည်းသော သဘောတရား” ဆိုတာကို “Divine One” လို့ သုံးထားပါတယ်။ ရှင်းရပါတော့မယ်။ တစ်မ…ှ ..သည်….အနန္တဆီသို့ ရာမာခရစ်ရှနာရသေ့ကြီးက ဟောဖူးတဲ့ ပုံပြင်တစ်ပုဒ် ရှိပါတယ်။ အဲဒီ ပုံပြင်ထဲမှာ ဘုရင်ရယ် ၊ မျက်လှည့်ဆရာရယ် ၊ ယောဂီတစ်ပါးရယ် ပါဝင်ကြတယ်။ တစ်နေ့မှာ ဘုရင်က ယောဂီဆီကို ရောက်လာတယ်။ “ကျွန်ုပ်ကို တရားပေးပါ……” “ဘယ်လိုပုံစံနဲ့ အသင်ယူချင်သလဲ” “စကားတစ်လုံးတည်းနဲ့ သင်ပေးပါ…..” ယောဂီက ဘုရင်ကို ဘာမှပြန်မပြောဘူး။ မျက်လှည့်ဆရာတစ်ယောက်ကို သွားခေါ်လာခဲ့တယ်။ ဘုရင့်ကို မျက်လှည့် ပြခိုင်းတယ်။ မျက်လှည့်ဆရာက ဘုရင်ကို တစ်လုံးတည်း ပြောတယ်။ “ကြည်…့  ..” ဘုရင်က ကြည့်တယ်။ မျက်လှည့်ဆရာက သူ့ရဲ့  လက်ကို ဝှေ့ရမ်းလိုက်တယ်။ ဘုရင်ကြီး အံသြတယ်သွားတယ်။ မျက်လှည့်ဆရာရဲ့  လက်ညှိုးက နှစ်ချောင်းထပ်နေလု…ိ့ …. “အိုး…” သေသေချာချာ ထပ်ကြည့်တယ်။ အဲဒီအခါကျမှ နှစ်ချောင်းထပ်နေတယ်လို့ ထင်ရတဲ့ လက်ညှိုးဟာ တစ်ချောင်းတည်း ပြန်ဖြစ်သွားတယ်။ “အိ.ု .ဒါ တရားပဲ…” ဘုရင်ကြီး သဘောပေါက်သွားတော့တယ်။ တစ်ခုတည်းက “သစ္စာ” ၊ နှစ်ခုအဖြစ်ကွဲပြီး မြင်စေတာက “မာယာ” ။ ကွဲပြားအောင် ခွဲခြားမမြင်ဘဲ တစ်ခုကို တစ်ခုတည်း အဖြစ် မြင်နိုင်ရမယ်။ အဲဒါဟာ “တရား” ဖြစ်တယ်။ တစ်ခုတည်းကို အမျိုးမျိုးအထွေထွေခွဲပြီး မြင်နေတတ်တဲ့ လောကသားတွေ ကြားမှာ တစ်ခုကို တစ်ခုအဖြစ်ပဲ မြဲမြဲမြင်အောင် လေ့ကျင့်နေသူဟာ တရားကို လေ့ကျင့်နေသူပဲ ဖြစ်တယ်။ ဒီပုံပြင်လေးထဲမှာ တစ်ခုတည်းသော သဘောတရားကို မျက်ဝါးဝါးထင်ထင် မြင်ရပါလိမ့်မယ်။ သူ့နောက်မှာက မားမား ရပ်နေတဲ့


9

ဝေဒန္တဒဿန ရှိတယ်။ မီးဟာ…သူ လောင်ကျွမ်းရာ ၊ အရာဝတ္ထုရဲ့  အသွင်သဏ္ဍာန်ကို ဆောင်တယ်။ တစ်ခါတစ်ရံမှာ ဆီမီး ၊ တစ်ခါတစ်ရံမှာ ကောက်ရိုးမီး ၊ တစ်ခါတစ်ရံမှာ တောမီး ၊ ထွေပြားတဲ့ အသွင် သဏ္ဍာန်တွေကို သူ ဘယ်လိုပဲ ဆောင်စေဦးတော့ ….. မီးကတော့ တစ်မျိုးတည်းပါပဲ။ တောင်ထိပ်ပေါ်မှာ မိုးရွာတယ်။ မိုးရေစက်တွေက အရပ်လေးမျက်နှာကို ပြေးဆင်းသွားတယ်။ မိုက်မဲသူကသာ အဘက်ဘက်ဆီခွဲထွက်သွားတဲ့ ရေတွေနောက် လျှောက်လိုက်နေလိမ့်မယ်။ ပညာရှိသူကတော့ ရေဆိုတဲ့ တစ်ခုတည်းသော သဘော တရားကို သိတယ်။ ရေထဲမှာ ရေထပ်ထည့်သလို သူနဲ့ တစ်ခုတည်းသော သဘောတရားကို တစ်သားတည်းဖြစ်အောင် ရောပစ်လိုက်နိုင်တယ်။ အထက်ပါ စာသားတွေဟာ ဥပနိသျှဒ်တစ်ခုထဲက စာသားတွေပါ။ ကထဥပနိသျှဒ်ထဲက စာသားတွေပါ။ တစ်ခုတည်းသော သဘောတရားကို ညွှန်းဆိုပါတယ်။ ဒီသဘောတရားကို ဝေဒန္တဒဿနကသာ ဖွင့်ဆိုတာ မဟုတ်ပါဘူး။ အခြားဖွငဆ့ိုသူလည်း ရှိပါတယ်။ ခေါမအရပ်က ဒဿနိက မှော်ဆရာကြီး ပိုက်သာဂိုရပ်စ်ပဲ ဖြစ်ပါတယ်။ ဝေဒန္တကနေ ပလိုတီးနပ်စ်ဆီ ရောက်ဖို့ ပိုက်သာဂိုရပ်စ်ကို ဖြတ်သန်းလိုက်ကြပါဦးစို့။

တြိဂံတစ်ခုရဲ့  ပိုင်ရှင် ပိုက်သာဂိုရပ်စ်ဟာ ခေါမဒဿနသမိုင်းမှာ အလွန် ကြီးကျယ်ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးပါပဲ။ “နေဗဟိုပြု သီအိုရ”ီ ကိုလည်း ကော့ပါးနီးကပ်စ်နဲ့ ဂယ်လီလီယိုတို့ရဲ့  အရင်နှစ်ပေါင်း နှစ်ထောင်ကျော်စောပြီး တင်ပြနိုင်ခဲ့သူ ဖြစ်တယ်။ ဒီနေ့ခတ်ပညာရှင်အချို့ က ပိုက်သာဂိုရပ်စ်ကို သိပံ္ပပညာရဲ့  ဖခင်ကြီးလို့တောင် တင်စားခေါ်ဝေါ်ကြတယ်။ သူနဲ့ ခတ်ပြိုင်ဖြစ်တဲ့ ခေါမဒဿနပညာရှင်ကြီး ဟေရာကလိုက်တပ်စ်က ပိုက်သာဂိုရပ်စ်ဟာ ဥာဏ်ပညာအထက်မြက်ဆုံး ဖြစ်တယ်လို့ ညွှန်းဆိုခဲ့ဖူးတယ်။ “တစ်ခုတည်းသော သဘောတရား” ကို ပိုက်သာဂိုရပ်စ် တင်ပြသွားပုံကလည်း စိတ၀် င်စားစရာ ကောင်းလှပါတယ်။ အဲဒီ “တစ်ခုတည်းသော သဘောတရား” ကြီးကို “ဧကောဓာတ်တော်” လို့ သုံးနှုန်းလိုက်ကြပါစို့။ ကမ္ဘာလောကကြီးရဲ့  အစဟာ “ဧကောဓာတ်တော်” ပေါ်မှာ တည်တယ်လို့ ပိုက်သာဂိုရပ်စ်က ဖွင့်ဆို သတ်မှတ်တယ်။ “ဧကောဓာတ်တော်” က သူ့ကိုယ့်ကို ဆင့်ပွားယူ လိုက်တဲ့အခါ “တစ်” သဘောကနေ “နှစ”် သဘောဖြစ်လာတယ်။ အဲဒီသဘောတရား နှစ်ခု စွမ်းအင်နှစ်ရပ်ရဲ့  အချိုးအစားအမျိုးမျိုးနဲ့ ပြောင်းလဲဖွဲ့စည်းမှုတွေ အောက်မှာ ကမ္ဘာလောကကြီးနဲ့ လူသတ္တ၀ါတွေ ဖြစ်လာတယ်လို့ သူက ဆိုတယ်။ သူ့အဆိုထဲမှာ စကြာဝဋ္ဌာဟာလည်း အကျုံးဝင်တယ်။ သူဟာ လောကကြီးရဲ့  အဖြေ၊ စကြ၀ဋ္ဌာကြီးရဲ့  အဖြေကို သချာင်္နည်းနဲ့ ဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အမှတ် စက်တစ်ခု ကနေ စတင်ဖော်ဆောင်ပြတာပါပဲ။ အမှတ်စက်နှစ်ခုရှိရင် မျဉ်းတစ်ကြောင်း ဖြစ်လာတယ်။ အမှတ်စက်သုံးခု ရှိတဲ့အခါ ထု သဘော ဆောင်တဲ့ ပုံသဏ္ဍာန်တစ်ရပ် ဖြစ်လာတယ်။ လောကကြီး၊ စကြ၀ဋ္ဌာကြီးဟာ အဲဒီလိုနဲ့ စတင်ပေါ်ပေါက်လာခဲ့တယ်။ မူလအမှတ်စက်တစ်ခုကနေ စတင်ပေါ်ပေါက်လာတာပါပဲ။ “တစ်” (သို့မဟုတ)် “ဧကောဓာတ်တော်” ပေါ့လေ။ “ဧကောဓာတ်တော်” ရဲ့  ဖြာဆင်းလွင့်ထုတ်မှုအရ ကျန်တဲ့အရာတွေ ဖြစ်ပေါ်လာတယ်။ ကျန်တဲ့အရာတွေဟာ ဆင့်ပွားဖန်တီးခဲ့ရတဲ့ မိတ္တူသဘောကို ဆောင်တယ်။ လူသားဟာလည်း ဘ၀အဆက်ဆက်ကို ကျင်လည်ပြီးတဲ့နောက်မှာ “ဧကောဓာတ်တော်” ဆီ ပြန်လည်ပေါင်းဆုံလာတယ်။ နာမ်ဓာတ်တော်ကို အဓိကထားတဲ့ ဒဿနပါ။ သူ တင်ပြတဲ့ ဖြစ်စဉ်ကို နာမ်ဓာတ်တွေရဲ့  ဆင့်ကဲဖြစ်စဉ်လို့ ခေါ်တယ်။ “ဧကောဓာတ်တော်” ပေးစွမ်းတဲ့ အသက်စွမ်းအင်ကြောင့် ဖြစ်တည်နေရတဲ့ စကြာဝဋ္ဌာနဲ့ လောကလူသားတွေဟာ ညီညွတ်မျှတအောင်နေမှ ဖြစ်မယ်။ အချင်းချင်း၊ သဟဇာတဖြစ်ပြီး အချိုးညီညီ နေထိုင်ဖို့ လိုတယ်။ ပိုက်သာဂိုရပ်စ်က သူ့ရဲ့  ဒဿနကို သချာင်္ပုံစံတွေနဲ့ ဖော်ဆောင်ပြလေ့ရှိတယ်။ ဥပမာ….


10

ဂမ္ဘီရပညာလိုက်စားသူတွေ အတွက် “ပိုက်သာဂိုရပ်စ်တြိဂ”ံ ဟာ အင်မတန် အရေးပါတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ကတော့ တြိဂံရဲ့ ဂုဏ်သတ္တိကို သချာင်္ရှုထောင့်ကနေ အံ့သြရုံလောက်ပဲ တတ်နိုင်ပါတယ်။ တြိဂံမှာ နက်ရှိုင်းတဲ့ လျှို ၀့ှက်ချက်တွေ ပါဝင်နေတာကတော့ ငြင်းမရပါဘူး။ ဆိုကြပါစို့။ ရတယ်။ နွားကျောင်းသားကလေးရဲ့  လမ်းဘးသောက်ရေအိုးစင်ကတောင်မှ တြိဂံရဲ့  လျှို ၀့ှက်ဂုဏ်သိတ္တိကို အသုံးချထားတယ်။ တြိဂံပုံ ခြေသုံးချောင်းထဲနဲ့ ရေအိုးစင်ကလေးကို တည်ထားတယ်။ အလွန်ကို ကျစ်လျစ် ခိုင်မာလှတယ်။ ပိုက်သာဂိုရပ်စ်ရဲ့  ဒဿနထဲမှာလောကီသဘောတင် မဟုတ်ဘဲ လောကလွန်သဘောတွေလည်း ပါဝင်နေတယ်။ နက်ရှိုင်းထွေပြားလှတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော်တို့ အနေနဲ့ အောက်ပါအချက်လေးတွေကို နားလည်မှတ်သား မိတယ်ဆိုရင် တော်ပါပြီ။ ၁။စကြ၀ဋ္ဌာရဲ့  အစဟာ “ဧကောဓာတ်တော်” ဖြစ်တယ်။ ၂။လူ ၊ သတ္တ၀ါ (ပြီးတော့ နတ်နဲ့ နတ်ဘုရားတွေ) လောက၊ စကြ၀ဋ္ဌာအားလုံးမှာ ဧကောဓာတ်ရဲ့ 

သက်ဝင်မှု ရှိတယ်။

၃။တစ်နေ့မှာ ဧကောဓာတ်တော်နဲ့ ပြန်လည် ပေါင်းစည်းမိလိမ့်မယ်။ ဒီလောက်ပါပဲ…..။ ပိုက်သာဂိုရပ်စ် ဟာ အနောက်တိုင်းရဲ့  ပထမဦးဆုံး “နာမ်ဝါဒီ” ဖြစ်တယ်။ ပလိုတီးနပ်စ်အပေါ်မှာ သူ့ ၀ါဒ၊ သူ့ ဒဿနက သြဇာလွှမ်းခဲ့တယ်။ ဝေဒန္တဒဿနရဲ့  “တစ်ခုတည်းသော သဘောတရား” ၊ ပိုက်သာဂိုရပ်စ်ရဲ့  “ဧကောဓာတ်တော်” ကိုပဲ ပလိုတီးနပ်စ်က “ONE” “DIVINE ONE” လို့ သုံးနှုန်းထားပါတယ်။ ဒါပေမယ့် ပလိုတီးနပ်စ်ရဲ့  အယူအဆမှာ ဝေဒန္တ၊ ခေါမ ၊ ဒဿနတွေနဲ့ အတူ အခြားဒဿနပေါင်းစုံလည်း ထွေးရော သက်ဝင်နေတယ်လို့ ရှေ့ပိုင်းမှာ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ပလိုတီးနပ်စ်ရဲ့  ဒဿနကို ရုပ်လုံးဖော်နိုင်အောင် ပါရှန်းလူမျိုးတို့ရဲ့  “ဘုရားနှစ်ဆ၀ူါဒ” ကို တင်ပြရပါဦးမယ်။

ဘုရားနှစ်ဆ၀ူါဒ ဒီဒဿနကို ပါရှန်းနိုင်ငံရဲ့  လယ်သမားမိသားစုက ပေါက်ဖွားလာသူ ၊ ဇိုရိုအတ်စတာ (Zoroaster) ဆိုတဲ့ ပုဂ္ဂိုလ်က စတင်ထူထောင်ခဲ့တာ ဖြစ်တယ်။ သူဟာ သူ့တိုင်းပြည်အတွက်လည်း တူရင်နယ်ချဲ့  တွေကို တွန်းလှန်တဲ့စစ်ပွဲမှာ စွမ်းစွမ်းတမံ ပါဝင်ခဲ့တယ်။ အသက်သုံးဆယ်အရွယ်မှာ ဇနီးဖြစ်သူကို ခွင့်ပန်ပြီး လူသူအရောက်ပေါက်နည်းတဲ့ တောင်တန်းဆီမှာ လောကကြီးအကြောင်းကို အဖန်ဖန်အထပ်ထပ် တွေးခေါ်ဆင်ခြင်ခဲ့တယ်။ မြို့တော်ဆီ ပြန်အလာမှာ သူနဲ့အတူ “ဘုရားနှစ်ဆ၀ူါဒ” လည်း ပါလာတယ်။ အဲဒီအယူဝါဒအရ ဘုရားဟာ နှစ်ဆူရှိတယ်။ တစ်ဆူကတော့ ကောင်းမြတ်မှုကို ဆောင်ယူတဲ့ “အလင်းဘုရား” ဖြစ်တယ်။ သြမတ်ဇ် (Ormuzd) လို့ခေါ်တယ်။ အဟုရမဇဒါ (Ahura Mazdah) လို့လည်း ခေါ်တယ်။ နောက်ဘုရားကတော့ ဆိုးသွမ်းမှုကို ဆောင်ယူတဲ့ “ အမှောင်ဘုရား” ဖြစ်တယ်။ အာရိမာန် (Ahriman) လို့ ခေါ်တယ်။ အင်ဂရိုမိန်ညု (Angro Mainyush) လို့လည်း ခေါ်တယ်။ စကြ၀ဋ္ဌာလောကကြီးထဲမှာ အဲဒီဘုရားနှစ်ပါးက အားပြိုင်နေတယ်။ ဒါကြောင့် အကောင်းအဆိုး ဒွန်တွဲတဲ့ လောကကြီး ဖြစ်ပေါ်နေတယ်။လူသားတွေ အနေနဲ့က “အမှောင်ဘုရား” ကို မကိုးကွယ်ရဘူး ။


11

“အလင်းဘုရား” ကိုပဲ ကိုးကွယ်ရမယ်။ ကောင်းမြတ်မှုတွေကိုပဲ ဆောင်ရွက်ရမယ်။ ဇိရိုအတ်စတာဟာ ဘုရားကျောင်းထဲမှာ မီးတွေ ထိန်ထိန်ထွန်းပြီး ၊ အလင်းဘုရားကို ပူဇော်တတ်တယ်။ တစ်နေ့ အလင်းဘုရားကို သူဝတ်ပြုပြီးလို့ ၀တ်ကျောင်းထဲက အထွက်မှာ ဓားနဲ့ ထိုးသတ်ခံရပြီး သေတယ်။ ပါရှန်းနိုငင်ံမှာ ဇိုရိုအတ်စတာဝါဒ (Zoroastranism) ကို တလေးတမြတ် လက်ခံကျင့်သုံးကြတယ်။ ဒါပေမယ့် ဂရိတွေရဲ့  ကျူးကျော်မှု ၊ မူဆလင်တွေရဲ့  ကျူးကျော်မှုတွေကို အဆင့်ဆင့် ခံရပြီးနောက်မှာ ပြိုကွဲပျက်ပြယ်မှုတွေ ရှိခဲ့တယ်။ တခြားတစ်ပါး ဘာသာဝါဒကို လက်မခံပဲ တချို့ လည်း ဒီဝါဒအတွက် အသေခံကြတယ်။ တချို့ လည်း ဒီဝါဒအတွက် တိုင်းတစ်ပါးကို ထွက်ပြေးကြတယ်။ နောက်တော့ ဒီဝါဒကို ပြန်လည်မွမ်းမံအသက်သွင်းတဲ့ မာနီ (Mani) ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက်လာတယ်။ နာမည် အပြည့်အစုံကတော့ မာနီခီးရပ်စ် (Manicheus) လို့ ခေါ်တယ်။ ပလိုတီးနပ်စ်နဲ့ အပြိုင် သူကလည်း သူဝ့ါဒကို ဖြန့်ဖြူး ဟောပြောတယ်။ ပလိုတီးနပ်စ်ရဲ့  အယူဝါဒကို ပြောကြပြီဆို မာနီရဲ့  ၀ါဒ Manichaeism နဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ပြောလေ့ရှိကြတယ်။ ကဲ….ခုလောက်ဆိုရင် ပလိုတီးနပ်စ်ရဲ ၀့ါဒကို မျက်နှာချင်းဆိုင် လေ့လာလို့ ရပါပြီ။ လာကကြီးအတွက် မျဉ်းတစ်ကြောင်း ပလိုတီးနပ်စ်က လောကကြီးဟာ အမှတ်နှစ်ခုကြားထဲက မျဉ်းတစ်ကြောင်းလို့ ယူဆပါတယ်။ အလင်းစတင်ရာ အမှတ်ရယ်၊ အလင်းမရောက်ရှိနိုင်တဲ့ အမှတ်ရယ်၊ အဲဒီနှစ်ခုကြားထဲက အလျားလို့ ယူဆပါတယ်။ ပုံကိုြ ကည့်ပါ။

ပလိုတီးနပ်စ်ရဲ့  အမြင်အရ “ဧကောဓာတ်” ဟာ အဆုံးအစမရှိ ပြီးပြည့်စုံတယ်။ အရောအနှောမရှိ လင်းသန့်စင်တယ်။ အဲဒီ “ဧကောဓာတ်” ရဲ့  စွမ်းအင်ဖြာဆင်းမှုကြောင့် လောကစကြ၀ဋ္ဌာကြီး ဖြစ်ပေါ်လာတယ်။ တောတောင်တွေ ပင်လယ်သမုဒ္ဒရာတွေ ၊ မြေနဲ့ကောင်းကင်တွေ ၊ ဒါတွေမှာမှ မဟုတ်ဘူး။ လမ်းဘေးက မြက်ကလေးတစ်ပင် ၊ ဆောင်းရာသီရဲ့  မြူနှင်းတစ်စက်၊ အဲဒါတွေမှာ ဧကောဓာတ်ကြီးရဲ့  အသက်စွမ်းအင်တွေ ကိန်းဝပ် ဖြစ်တည်နေတယ်။ ဖြာဆင်းမှု ဒီဂရီအနည်းအများသာ ကွာတယ်။ (အဲဒါကြောင့် စွမ်းအင်အထူအပါး ၊ ဂုဏ်အနိမ့်အမြင့်တွေ ကွဲပြားတယ်) မူလသဘောတရားကတော့ တစ်ခုတည်းပါပဲ ၊ ဧကောဓာတ်ကနေ စီးဆင်းလာတယ်။ မာနီရဲ့  ၀ါဒအရတော့ အလင်းနဲ့ အမှောင်လို့ပဲ “ဒိ”ွ သဘောခွဲပါတယ်။ မာနီရဲ့  ဘာသာရေးအတွေးခေါ်ကိုက Dualist religious philosophy ဖြစ်ပါတယ်။ လောကကြီးကို ရှုမြင်ရာမှာ ဆန့်ကျင်ဘက်နှစ်ခုရဲ့  အားပြိုင်မှုအဖြစ် ရှုမြင်ပါတယ်။ နှစ်ခု သဘောဆောင်ပါတယ်။ ပလိုတီးနပ်စ်ကတော့ နှစ်ခုသဘောကို လက်မခံပါဘူး။ သူ့ဒဿနကို တစ်ခုသဘောနဲ့ပဲ ဖော်ဆောင်ပါတယ်။ အလင်းတစ်ခုကိုသာ သတ်မှတ်ဆွဲကိုင်ပါတယ်။ အမှောင်ဆိုတာ “အလင်း မဆိုက်ရောက်ရာ” ဖြစ်တယ်။ အခြေခံသဘောဟာ အလင်းတစ်ခုတည်းပေါ်မှာပဲ တည်တယ်။ မူလသဘောဟာ “ဧကော” တစ်ခုတည်းသာ ဖြစ်တယ်။ ဧကောဓာတ်ကြီးကနေ လူသားတွေကို ၀ိညာဉ်သွင်းပေးတယ်။ အင်္ဂလိပ်လို Soul လို့ ရေးပြီး သူ့အခေါ်အဝေါ်အရ ဆိုင်ခီ (Psycle) လို့ ခေါ်တယ်။ သူ့အရင်မှာ ဥာဏ်စိတ်ကို ပထမ သွင်းပေးတယ်။ အင်္ဂလိပ်လို Mind လို့လည်း ပြန်ဆိုတယ်။ Intelligence လို့လည်း ပြန်ဆိုတယ်။ သူ့အခေါ်အဝေါ်အရတော့ နုစ် (Nous) ဖြစ်တယ်။ အဲဒီဥာဏ်စိတ်ဟာ “ဧကောဓာတ်တော်” ဆီကို ပျံတက် ပူးပေါင်းနိုင်တယ်။ လူဟာ (လူအပါအ၀င်အရာအားလုံးဟာ) ဧကောဓာတ်ကြီးရဲ့  ဖြာဆင်းမှု (Emanation) ကြောင့် ဖြစ်ပေါ်လာသလို ဧကောဓာတ်ကြီးဆီကိုလည်း ပျံတက်ပူးပေါင်းမှု (Epistrophe) ပြုနိုင်တယ်။ တစ်ခုတည်းအဖြစ် ရေထဲမှာ ရေရောသလို စပ်ဟပ်လိုက်နိုင်တယ်။ ပလေတိုရဲ့  အယူအဆနဲ့  ကွဲပြားသွားပါပြီ။


12

ဒီသဘောတရားတွေကို ပလိုတီးနပ်စ၀်ါဒီတစ်ဦးဖြစ်သူ (ပလေတိဝုါဒီ လက်သစ်တစ်ဦးဖြစ်သ)ူ ကမ္ဘာကျော် စာပေသမား ရှယ်လီရဲ့  ကဗျာတွေထဲမှာ တွေ့ ရှိနိုင်ပါတယ်။ နည်းနည်းလေ့လာကြည့် လိုက်ကြရအောင်။ အပိုင်း(၃) ကဗျာဘက်မှ ခုခံခြင်း ရှယ်လ(ီ P.B Shelley) ဟာ အင်္ဂလိပ်လူမျိုး၊ ကဗျာ ဆရာတစ်ဦးဖြစ်ပါတယ်။ ငယ်ငယ်ရွယရ်ွယ်နဲ့  ကျော်ကြားပြီး ၊ အသက်သုံးဆယ်မပြည့်ခင်မှာ သေဆုံးသွားတဲ့ ပါရမီရှင်အနုပညာသမားတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့  ပရိုမီးသီးယပ်လွတ်မြောက်ခြင်း (Promethenus Unbound) ဆိုတဲ့ ကဗျာရှည်ဟာ အလွန်ကျော်ကြားပါတယ်။ သူသေပြီးကာမှ “ကဗျာဘက်မှ ခုခံချေပချက်” (A defence of poetry) ဆိုတဲ့ စာတမ်းတစ်စောင် ထွက်လာပါတယ်။ မသေဆုံးခင် တစ်နှစ်အလိုမှာ သူ ရေးခဲ့တဲ့စာတမ်းပါ။ ပလေတိုက အနုပညာသမားတွေကို နှိမ်တယ်။ နတ် ဒေ၀တာတွေရဲ့  ပူးဝင်ရူးသွပ်မှု (Divine Madness) ကြောင့်သာ ကဗျာတွေ အနုပညာတွေ ထွက်ပေါ်နေတယ်။ အနုပညာသမား ကိုယ်တိုင်ကတော့ ဘာကိုမှ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိဘူး ။ အမှန်အမှား ၊ အကောင်းအဆိုးကို ခွဲခြားနားလည်နိုင်စွမ်း မရှိဘူး။ “အနုပညာသမားဆိုတာ အရူးတစ်ပိုင်းပါပဲ” လို့ သတ်မှတ်ခဲ့တယ်။ တိုင်းနိုင်ငံတစ်ခုရဲ့  ဖွံ့ဖြိုးမှုအတွက် အဟန့်အတား အနှောင့်အယှက် တွေလို့ ဆိုတယ်။ အဲဒီကြားထဲမှာ ရှယ်လီက ဘာတွေကို ခုခံချေပခဲ့သလဲ။ ကဗျာဘက်က ဘယ်လိုရပ်တည်ခဲ့သလဲ။ ဘာကြောင့်လဲ။ စဉ်းစားစရာပါပဲ။ ရှယ်လီက ဂျစ်ကန်ကန်နိုင်တယ်။ သူ့ရဲ့  အစောဆုံး စာမူက အောက်စဖို့တက္ကသိုလ်မှာ ကျောင်းတက်စဉ်က ရေးခဲ့တဲ့ “ဘုရားမဲဝ့ါဒလိုအပ်ခြင်း” (The Necessity of Atheism) ဆိုတဲ့ စာမူပါပဲ။ အဲဒီတုန်းက သူ့အသက်ဟာ (၁၉) နှစ်ပဲ ရှိသေးတယ်။ တစ်ခါကလည်း ဓာတုဗေဒပန်းအပြာတွေကို စမ်းသပ်ယူပြီး မာရ်နတ်ကို ပင့်နေတာလို့ လျှောက်ပြောသေးတယ်။ အဲဒီလိုနဲ့ပဲ သူ့ကို ကျောင်းက ထုတ်ပစ်လိုက်ကြတယ်။ (အခုတော့လည်း အောက်စဖို့တက္ကသိုလ်ဟာ သူတို့ကျောင်းမှာ ရှယ်လီတက်ခ့ဖဲူးတယ်ဆိုတဲ့ အချက်ကို တဖွဖွ ဂုဏ်ယ၀ူ င့်ကြွားနေကြတော့တယ်) ထားလိုက်ပါတော့။ သူက ပြောဖူးတယ်။ “ပိုလေ့လာလေလေ ၊ ကိုယ် ဘာမှမသိသေးကြောင်း ပိုသိလေလေပဲဗျာ……”

(The more we study the more we discover our ignorance) ပလေတိုကသာ ကဗျာဆရာတွေကို ဆင်ခြေဥာဏ် မရှိဘူး ပြောတယ်။ ရှယ်လီရဲ့  စကားက ပညာအရာမှာ ဘယ်လောက်တာသွားလိုက်သလဲ။ ပြီး….သူက ပြောသေးတယ်။ “သမိုင်းဆိုတာ လူတွေရဲ့  အမှတ်တရကာလကို ရေးဖွဲ့ထားတဲ့ သံသရာကဗျာတစ်ပုဒ်ပါပဲဗျာ…”

(History is a cyclic poem written by time upon the memories of man.) သူဟာ အရာရာကို ကဗျာမျက်စိနဲ့ ကြည့်တယ် ထင်ပါရဲ့  ။ “ကဗျာဆိုတာ အတော်ဆုံး ၊ အပျော်ဆုံး လူတွေရဲ့  အကောင်းဆုံး ၊ အပျော်ဆုံး ဖြစ်ရပ်တွေကို ရေးစပ်ထာတဲ့ မှတ်တမ်းပဲ …..”

(Poetry is the record of the best and the happiest moments of the happiest and the best minds.) အဲဒါက ကဗျာအတွက် ပြောတာပေါ့။ ကဗျာဆရာအတွက်လည်း ထပ်ပြောလိုက်သေးတယ်။ “ကဗျာဆရာဆိုတာ လောကကြီးက အသိအမှတ်ပြုမထားတဲ့ ဥပဒေပြု ပညာရှင်တွေပ…..”ဲ

(Poets are the unacknowledged legistaltor of the world.) အဲဒီလို ရှယ်လီပြောနိုင်ဖို့အတွက် နောက်ခံအကြောင်းအချက်တွေ ရှိရလိမ့်မယ်။ အဲဒီအကြောင်းအချက်တွေမှာလည်း ခိုင်မာတဲ့ ဒဿနအမြင်တွေ ပါဝင်နေလိမ့်မယ်။ ရှယ်လီက ပလိုတီးနပ်စ်ကို လေးစားတယ်။ သူရဲ့ ဒဿနတွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံတယ်။ ပလိုတီးနပ်စ်ရဲ့  ဒဿနအမြင်ထဲမှာ ကဗျာဆရာဟာ (အနုပညာသမားတွေဟာ) ပလေတိုပြောသလို အသိဥာဏ်နုံနဲ့သူ မဟုတ်ဘူး။ လူတစ်ပိုင်း ၊ အရူးတစ်ပိုင်း မဟုတ်ဘူး။ သာမာန်လူတွေထက် ပိုပြီး ထူးမြတ်တယ်။ ပလိုတီးနပ်စ် ဘယ်လိုသုံးသပ် ပြခဲ့သလဲဆိုတာကို အချက်တစ်ချက်အနေနဲ့ ဒီနေရာမှာ ကျွန်တော်တို့ လေ့လာကြည့်ကြမယ်။ မူလသို့ ပြန်ခြင်း အနုပညာသမားတွေဘက်ကနေ ပလိုတီးနပ်စ်က ခိုင်ခိုင်မာမာ ၀င်ရပ်ပေးထားပါတယ်။ ၁။ အနုပညာသမားတွေကို သဘာဝကို တုပသူအဖြစ် ကဲ့ရဲ့  ရှုံ့ ချချင်လို့ မရဘူး။


13

(If anyone condemns the arts, because they create by way of imitation of nature.) ၂။ အဲဒီ သဘာဝပစ္စည်းတွေ ကိုယ်၌ကကို အတုအပတွေ ဖြစ်တယ်ဆိုတာကို သတိရှိရမယ်။

(First, we must observe that natural things themselves are an imitation of something further.) ၃။ သူတို့ဟာ မြင်တွေ့နေရတဲ့ အရာတွေကိုပဲ တုပဆင့်ပွားပေးရုံ မဟုတ်ဘူး။ (အမြင်သက်သက်ကို မိတ္တူကူးပေးနေတာ မဟုတ်ဘူး။) (And next, we must bear in mind that the arts do not simply imitate the vissible.) ၄။ သဘာဝဆီ ပြန်သွားနိုင်အောင် ခေါ်ဆိုနေတာ ဖြစ်တယ်။ (မူလ “ဧကော” ဓာတ်ဆီကို ပျံတက်ပူးပေါင်း စေတာဖြစ်တယ်) (But , go back to the reasons from which nature comes.) ၅။ နောက်ပြီး သူတို့ရဲ့  အနုပညာပစ္စည်းတွေဟာ သူတို့ရဲ့  ကိုယ်ပိုင်ဖန်တီးမှုတွေ ဖြစ်တယ်။ (တုပထားတဲ့အရာ မဟုတ်ဘူး။ ပစ္စည်းအတု မဟုတ်ဘူး။ အသစ်ပေါ်ပေါက်လာတဲ့ ပစ္စည်း ဖြစ်တယ်)

(And further, that they create much out of themselves) ပလိုတီးနပ်စ်က အဲဒီလိုမျိုးပြောသွားပါတယ်။ ကဗျာဆရာတွေ ၊ အနုပညာသမားတွေရဲ့  အခန်းကဏ္ဍဟာ ပိုပြီး လေးနက်မြင့်မားလာပါတယ်။ ကဗျာဆရာတွေဟာ ဧကောဓာတ်ကြီးရဲ့  စွမ်းအင်ဖြာဆင်းမှုကို အခြားလူတွေထက် ပိုရရှိတယ်။ (အဲဒါကြောင့် ဖန်တီးနိုင်စွမ်း ကြီးတယ်။) ဧကောဓာတ်ကြီးနဲ့ ပြန်လည် ပူးပေါင်းဖို့ အတွက်လည်း အခြားလူတွေထက်စာရင် ပိုပြီးအားကောင်းတယ်။ အခြားအရာတွေ ဧကောဓာတ်ကြီးဆီ ပြန်လည် ပေါင်းဝင်နိုင်အောင်တောင် သူတို့က ဆောင်ကျဉ်းပေးနိုင်တယ်။ (စကားစပ်လို့ ပြောရရင် အဲဒီလို သဘောမျိုးကို အိန္ဒိယရသပညာမှာလည်း တွေ့ရပါတယ်။ ခံစားသူကို ၀ိညာဉ်စင်ကြယ်စေတဲ့ ၀ိသုဒ္ဓိရသ၊ ခံစားသူကို ၀ိညာဉ်လတ်ွမြောက်မှု ပေးနိုင်မယ့် ၀ိမုတ္တိရသ၊ …စတာတွေပါ။ အနုပညာက ပေးစွမ်းတဲ့ ၀ိညာဉ်ဆိုင်ရာတန်ဖိုး Spiritual Value လို့ ခေါ်တယ်။) အောက်ပါ သချာင်္ဥာဏ်စမ်းလေးကို ဥပမာအဖြစ်ကြည့်ပါ။ ၁ x ၂ x ၃ x ၄ + ၁ = ၂၅ = ၅၂ ဂဏန်းစဉ်လေးက လှပါတယ်။ ဆန်းကြယ်မှုလည်း ရှိပါတယ်။ အစဉ်လိုက်ဂဏန်းလေးလုံးကို မြှောက်ပြီး တစ်နဲ့ ပေါင်းလိုက်ရင် ရတဲ့ အဖြေဟာ နှစ်ထပ်ကိန်းပြည့်တစ်ခု ဖြစ်နေပါတယ်။ ၁ x ၂ x ၃ x ၄ + ၁ ဆိုတဲ့ ကိန်းစဉ်တန်းလေးဟာ လှပဆန်းကြယ်တဲ့ အနုပညာပစ္စည်းတစ်ခုလို့ ဆိုကြပါစို့။ အဲဒါကို ပေါင်းစည်းရင် (၂၅) ရမယ်။ အဲဒီ (၂၅) ကို ထပ်ပြီး စင်ကြယ်စေတဲ့အခါ (နှစ်ထပ်ကိန်းကို စင်ကြယ်စေတဲ့အခါ ) (၅) ကို ထပ်ရပါတယ်။ (၅) ဟာ မူလပါပဲ။ ဒီကိန်းစဉ်တန်းလေးဟာ သူ့ဆီကနေ ဖြာဆင်းသွားပါတယ်။ တစ်မျိုး ထပ်ပြောပါ့မယ်။ အနုပညာသမားဟာ ၁ x ၂ x ၃ x ၄ + ၁ ဆိုတဲ့ အနုပညာပစ္စည်းကို ၅ ဆိုတဲ့ “မူလ” ဆီ ပြန်ပို့ပေးပါတယ်။ ဥပမာအနေနဲ့ ပြောတာပါ။ ဂျပန်လူမျိုးတွေရဲ့  “အီကေဗားနား” ပန်းစိုက်ပညာကို ကြည့်လိုက်ကြဦးစို့။ ပန်းတွေကို အိုးကလေးထဲမှာ အနုပညာမြောက်အောင် စိုက်ထား ဆင်ထားပါတယ်။ ဒါပေမယ့် အိုးကျဉ်းကျဉ်းလေးထဲက ပန်းကလေးတွေက အပြိုင်းအရိုင်း ပွင့်နေပုံဟာ လွင်ပြင်ကျယ်ကျယ်ထဲက ဥယျာဉ်တွေ ၊ အပြိုင်းအရိုင်းပွင့်နေပုံနဲ့ သဘောတူသွားစေပါတယ်။ ဧည့်ခန်းစားပွဲပေါ်က ပန်းတွေကို မူလဆီ ပြန်ပို့ခြင်း တစ်မျိုးပါပဲ။ (ရှယ်လီကလည်း အဲဒါမျိုးကို မြင်မိတွေ့မိမှာပေါ့) အဲဒီလိုနဲ့ ရှယ်လီဟာ အနုပညာဘက်က ရဲရင့်ခဲ့တယ်။ အနုပညာသမားတွေဘက်က ခိုငမ်ာခဲ့တယ်။ ရှယ်လီရဲ့  ကဗျာတွေထဲမှာကို ပလိုတီးနပ်စ်ရဲ့  ဒဿနတွေ အကြိမ်ကြိမ် အထပ်ထပ် ပါဝင်ခဲ့တယ်။ သူ့ကဗျာတွေကို ခွဲစိတ်လေ့လာကြည့်ကြမယ်။

အချစ်ရဲ့  ဒဿန ရှယ်လီဟာ သူ့ရဲ့  နာမည်ကျော် ပရိုမီးသီးယပ်စ်ထဲမှာ ကဗျာဆရာအကြောင်းထည့်ရေးခဲ့ပါတယ်။ ကဗျာဆရာရဲ့  နှုတ်ဖျားပေါ်မှာ ပရိုမီးသီးယပ်စ်က တက်အိပ်ခဲ့တယ်….တဲ့။ အဲဒီမှာ ကဗျာဆရာကို သူက အခုလို ဖွဲ့ထားတယ်။

ဘယ်အရာတွေ ဘာဖြစ်နေသလဲဆိုတာကို သူဟာ…. မမြင်ဘူး။ အရေးလည်း မစိုက်ဘူး ဒါပေမယ့် အဲဒါတွေထဲကပဲ


14

သက်ရှိလူသားထက် စစ်မှန်တဲ့ အရာတွေကို သူဟာ…..ဖန်ဆင်းနိုင်တယ်။ သေခြင်းကင်းမဲ့ရာ ရုပ်လွှာတွေကိုပေါ့….။ နောက်ဆက်တွဲ (က) ကဗျာဆရာရဲ့  အစွမ်းအစကို မြင့်မြင့်မားမား ဖော်ကျူး ပြထားတာပါပဲ။ “လမင်းသိ”ု့ လို့ အမည်ရှိတဲ့ ကဗျာထဲမှာလည်း ဒဿနတစ်ရပ်ကို ၀ှက်ထည့်ထားတယ်။ တည်ကြည်ခိုင်မြဲတဲ့ လမင်းဟာ တည်ကြည်ခိုင်မြဲမှု မရှိတဲ့ ( တကွဲတလွဲ ပေါ်ထွက်နေတဲ)့ ကြယ်အမျိုးမျိုးကြားထဲမှာ လှည့်လည်သွားလာနေတယ်…..တဲ့။ နောက်ဆက်တွဲ (ခ) တစ်ခုတည်းသော သစ္စာတရား (ဧကောဓာတ်) ဟာ အမျိုးမျိုးအသွယ်သွယ်ထွေပြားနေတဲ့ မာယာတရားတွေကြားထဲမှာ တည်ရှိ ထင်ရှားနေတယ်လို့ ဆိုချင်ပုံပါပဲ။ နောက်ထပ်ကဗျာတစ်ပုဒ်ကို ကြည်ပ့ါဦး။ ကဗျာရဲ့  အမည်ကို “အချစ်ရဲ့  ဒဿန” လို့ သူပေးထားတယ်။ ချောင်းတွေက မြစ်နဲ့ ဆုံတယ် မြစ်က သမုဒ္ဒရာနဲ့ ရောယှက်သွားတယ်။ ကောင်းကင်လေစီးတွေဟာလည်း ခံစားချက်ချိုချိုတွေနဲ့ အမြဲတမ်း ရောယှက်နေတတ်တယ်။ မရောယှက်တဲ့ အရာဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူးကွဲ့  တစ်ခုတည်းသော ၀ိညာဉ်မှာ အားလုံးဟာ ပေါင်းဆုံရတယ်။ မင်းနဲ့ ငါကျမှ…. ဘာကြောင့် မပေါင်းဆုံနိုင်ရမှာလဲ….။ နောက်ဆက်တွဲ (ဂ) ချစ်သူနဲ့ နီးစပ်ဖို့ကိုတောင်မှ ပလိုတီးနပ်စ်ရဲ့  ဒဿနနဲ့ပဲ သူ တွေးပါတယ်။ သူ့ဘာသာသူလည်း ခိုင်မာပုံ ရပါတယ်။ သူရဲ့  “မိုးစွေငှက်သ”ို့ ဆိုတဲ့ ကဗျာတစ်ပုဒ်ဟာလည်း အလွန်ထင်ရှားပါတယ်။ အသံသာယာရုံ ၊ စကားလုံးအင်အား ကောင်းရုံတင်မဟုတ်ဘဲ ကျယ်ပြန့်ရှိုင်းနက်တဲ့ အဓိပ္ပာယ်တွေပါ ပါဝင်နေပါတယ်။ ကဗျာကို ငှက်ကလေး (သို့မဟုတ)် လာခြင်း ကောင်းသော ၀ိညာဉ်ကလေးရေ….လို့ သုံးနှုန်းဖွဲ့ ဆိုထားပါတယ်။ အဲဒီထဲက ငှက်ကလေးဟာလည်း တစ်စတုံ စ်ရာကို ကိုယ်စားပြုထားသယောင် ရှိပါတယ်။ သင်္ကေတသဘော ဆောင်နေပါတယ်။ ဖတ်ကြည့်ရင် “ဧကောဓာတ်” ကို ပြေးမြင်မိလာပါလိမ့်မယ်။ နောက်ဆက်တွဲ (ဃ)

တခြား ညွှန်းချင်တဲ့ ကဗျာတစ်ပုဒ်ရှိပါတယ်။ ဒီကဗျာကိုလည်း ရှယ်လီရဲ့  ကဗျာတွေထဲမှာတော့ လူသိများလှပါတယ်။ အိုဇီမန်ဒီယပ်စ်ဆိုတဲ့ အီဂျစ်ဘုရင်တစ်ပါးအကြောင်းပါ။ ကဗျာနာမည် အပြည့်အစုံက အီဂျစ်က အိုဇီမန်ဒိယပ်စ် (Ozymandias of Egypt) ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်။ ကန္တာရထဲက ဘုရင် “Ozymandias Of Egypt” I met a traveler from an antique land Who said : Two vast and trunkless legs of stone Stand in the desert. Near them on the sand, Half sunk, a shatter’d visage lies, whoses frown And wrinkled lip and sneer of cold command


15

Tell that its sculptor well those passions read Which yet survive, Stamp’d on these lifeless things, The hand that mock’d them and the heart that fed; And on the pedertal there words appear; “My name is Ozynandias, king of kings: Look on my works, ye Mighty, and despair” Nothing beside remains. Round the decay Of that colossal wreck, boundless and bare, The lone and level sands stretch far away. P.B Shelley ဆွန်းနက်ကဗျာအမျိုးအစားပါ။ အကျော်အမော် စာပေဝေဖန်ရေးဆရာတစ်ဦး ဖြစ်သူ၊ အိုင်အေရစ်ချတ်(I.A Richard) နဲ့ အတူ တခြားပညာရှင်များစွာက ဒီကဗျာကို သုံးသပ်ဝေဖန်ခဲ့ကြဖူးပါတယ်။ အိုင်အေရစ်ချတ်ကို ခေါင်တပ်ပြောရတာကတော့ သူဟာ ဝေဖန်ရေးသစ်ဝါဒ (New Critic) တွေရဲ့  ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်နေလို့ပါပဲ။ ရှယ်လီက ဒီကဗျာကို တစ်ဆင့်ကြားရတဲ့ စကားအဖြစ် ပြန်ရေးထားပါတယ်။ “ရှေးဟောင်းနယ်မြေတစ်ခုမှာ ကမ္ဘာလှည့်ခရီးသည်ကြီးတစ်ယောက်နဲ့ ငါတွေ့တော့ သူက ပြောတယ်…. ကြံ့ခိုင်ကြီးမားပြီး ခန္ဓာကိုယ်မရှိတဲ့ ကျောက်ခြေထောက်ကြီး နှစ်ချောင်းဟာ သဲကန္တာရထဲမှာ ရပ်နေတယ်တ”ဲ့ ကဗျာက သဲကန္တာရထဲမှာ ပျက်စီးနေတဲ့ ရှေးဟောင်း အီဂျစ်ဘုရင်တစ်ပါးရဲ့  ရုပ်တုကြီး အကြောင်းရေးဖွဲ့ထားတာပါ။ အိုဇီမန်ဒိယပ်စ်ဆိုတာ အဲဒီဘုရင်ကြီးရဲ့  ဘွဲ့ အမည်ပေါ့။ သက်ရှိထင်ရှားရှိစဉ်က သူဟာ ဘုန်းတန်ခိုး အတော်ကြီးမားခဲ့ပုံပဲ။ ကျောက်ရုပ်မျက်နှာမှာ မာန်မာနတွေ လျှံမောက်နေတုန်းပဲ။ သူ့အကြောင်းကိုလည်း ကျောက်ရုပ်မှာ ကမ္ဗည်းထိုး ကြွေးကြော်ထားသေးတယ်။ ဒါပေမယ့် ကမ္ဘာလှည့်ခရီးသည်ကြီးက တွေ့ရှိချိန်မှာ အဲဒီကျောက်ရုပ်ဟာ အပိုင်းပိုင်းအစိတ်စိတ် ပြိုပျက်နေပါပြီ။ ကိုယ်အင်္ဂါတွေ ပြိုလဲပြန့်ကျဲပြီး ရယ်မောစရာ ၊ သံဝေဂရစရာအဖြစ် မြင်တွေ့နေရပါပြီ။ ကဗျာအဆုံးပိုဒ်မှာ -Nothing beside remains. Round the decay Of that colossal wreck, boundless and bare, The lone and level sands stretch far away. လို့ “O” စာလုံးတွေ ဆက်တိုက်သုံးပြီး ရေးဖွဲ့ပါတယ်။ “O” ဟာ အထီးကျန်ခြင်း၊ ယိုယွင်းခြင်း ၊ ဆိတ်သုန်းခြင်းတို့အတွက် ကိုယ်စားပြုတဲ့ စာလုံးပါ။ ကျောက်ရုပ်ကြီးရဲ့  ကျဆုံးမှုကို ပြဆိုပါတယ်။ ဒါတွေကို ထားလိုက်ပါတော့။ ပြောချင်တဲ့ တခြားအချက် ရှိပါတယ်။ ကျောက်တုံး ပြန်ဖြစ်တော့မယ့် ကျောက်တုံး အကြောင်းပါ။ ဒီဘုရင်ရုပ်တုဟာ အစကတော့ ကျောက်တုံးတစ်တုံးပါပဲ။ ကျောက်ဆစ်ပန်းပုဆရာဆီက ဖြာဆင်းလာတဲ့ အနုပညာ ဒီဂရီတစ်ခုအောက်မှာ သူဟာ လှပရဲရင့်တဲ့ ကျောက်ပန်းပုရုပ်တစ်ခု ဖြစ်လာတယ်။ ၀ံ့ဝံ့ကြွာကြွားရပ်တည်ခဲ့ဖူးမယ်။ နောက်တော့


16

(ဒီကဗျာထဲကအတိုင်း) အစိတ်စိတ်အမွှာမွှာ ပြိုလဲပျက်စီးနေတယ်။ ကာလတွေ ထပ်ကြာရင် နေဒဏ်လေဒဏ်တွေအောက်မှာ သူ…ကျောက်တုံး ပြန်ဖြစ်သွားမယ်။ “မူလ” ဆီကို ပြန်သွားတာပါ။ “တစ်ခုတည်းသောသဘော” မှာ ပြန်ပေါင်းဆုံတာပါပဲ။ တကယ့်ဘုရင်ကြီးကကော…။ အစကမရှိဘူး။ နောက်တော့ ရှိလာတယ်။နောက်တော့ မရှိတော့ပြန်ဘူး။ ဒါပါပဲ။ အားလုံးဟာ “မူလ”အတိုင်း ပြန်ဖြစ်သွားကြပါတယ်။ “တစ်ခုတည်းသော မူလသဘော”မှာ ပြန်လည်ကိန်းဝပ်သွားကြပါတယ်။ ရှယ်လီကဗျာတွေထဲမှာ တွေ့ရဲတဲ့ ပလိုတီနစ်ဇင် အရိပ်အငွေ့တွေကို ဒီလောက်ကောက်နှုတ်ပြရင် လုံလောက်ပါပြီ။ ပလိုတီးနပ်စ်ရဲ့  အနုပညာ အယူအဆတွေဆီကို ဆက်လိုက်ကြဦးစို့။ အပိုင်း(၄) အလင်းဒဿန (ဘုရားသခင်) သည် အလင်းရောင်နှင့် တူ၏ ။ ပိတ်ထားသော တံခါး၏ရှေ့တွင် စောင့်ဆိုင်းသည်။ တံခါးကို ခေါက်ခြင်း၊ တွန်းခြင်း မပြု။ တံခါးအဖွင့်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းသည်။ တံခါးအနည်းငယ် ပွင့်လာသည်နှင့် တစ်ပြိုင်နက်…. အလင်းသည် အတွင်းသို့ ဖြန်ဝ့  င်ပြီး အိမ်ကို လင်းစေသည်။ အမှောင်ကို ပယ်ရှင်းလေသည်။ အဲဒီစာသားတွေဟာ ခေတ်သစ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ “ဆိုင်းဘာဘာ”ရဲ့  အဆိုအမိန့်တွေထဲက ဖြစ်ပါတယ်။ အလင်းသဘောကို စူးစူးရှရှ သိမြင်ရပါတယ်။ ပလိုတီးနပ်စ်ရဲ့  အနုပညာ အယူအဆတွေထဲမှာလည်း အလင်းသဘောကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်။ အလင်းနဲ့ အလှကို အတူအမျှထားပြီး ပြောဆိုပါတယ်။ ပလိုတီးနပ်စ်ရဲ့  “ဧကောဓာတ်တော်” ကို ဂရိဘာသာအားဖြင့် တူဟန်း(To hen) လို့ ခေါ်ပါတယ်။ ပြီးပြည့်စုံရာ သဘောကိုဆောင်ပြီး၊ အချက်သုံးချက်တို့ ညီညွတ်စုဝေးပါတယ်။ (၁) မူလဖြစ်ခြင်း ( To proton) (၂) မြတ်ခြင်း (To agathon) (၃) လှခြင်း

(To kalon )

လှပတဲ့ အရာတွေ ၊ တစ်နည်းအားဖြင့် အနုပညာပစ္စည်းတွေမှာ “လှခြင်း” သဘောတရားအပြင် “မြတ်ခြင်း” သဘောတရားနဲ့ “မူလ” ဖြစ်ခြင်း သဘောတရားတွေလည်း သက်ဝင် ပါရှိတယ်။ အလှပစ္စည်း၊ အနုပညာပစ္စည်းတွေမှာ “ဧကောဓာတ်”တည် ရှိတယ်။ ပြီးပြည့်စုံတယ်။ (The ideas of beauty is one and perfect according to Plotinus) အမှောင်ဆိုတာ အလင်းမ၀င်သေးတာပဲ ဖြစ်တယ်။ ဒီအတိုင်းပဲ….။ ရုပ်တရားတို့ရဲ့  အလှဆိုတာ သူ့ဆီက အလင်းသက်ရောက်မှုသဘောနဲ့ သက်ဆိုင်တယ်။ အမှောင်ပေါ် အလင်းအုပ်ခြင်းဟာ လှတယ်။ အလင်းဟာ ဥာဏ်ဓာတ်သဘောဖြစ်တယ်။ တစ်မျိုး ထပ်ပြောကြပါစို့။ “ဧကောဓာတ်တော်” ဟာ အလှတရားတို့ရဲ့  “မူလ” ဖြစ်တယ်။ First Beauty လို့ သုံးတယ်။ မူလအလှတရားရဲ့  ဖြာဆင်းမှုအောက်မှာ အခြားအလှတရားလေးတွေ ဖြစ်လာတယ်။ ဖြာဆင်းမှုရဲ့  ဒီဂရီအနိမ့်အမြင့်အလျောက်သူတို့ရဲ့  အလှတရား အနိမ့်အမြင့်ဟာလည်း ကွာဟမှု ရှိတယ်။ ကဗျာဆရာတွေ ၊ အနုပညာသမားတွေဟာ “ဧကောဓာတ်” ရဲ့  ဖြာဆင်းမှု (မူလအလှတရားရဲ့  ဖြာဆင်းမှု) ကို သာမာန်ထက် သိပ်သည်းစွာ ခံယူတတ်တယ်။ အလှပစ္စည်း ၊ အနုပညာပစ္စည်းတွေကို ထပ်ဆင့် ဖြာဆင်းပြုလုပ်တယ်။ ဖန်တီးတယ်။ ပလိုတီးနပ်စ်ရဲ့  ၀ါဒကို ပလေတိဝုါဒသစ်လို့ ဆိုကြပေမယ့် ကွဲလွဲတာတွေက အတော်များတယ်။ ၀ါဒဟောင်းနဲ့ ၀ါဒသစ်တို့မှာ ခြားနားဆန့်ကျင်မှုတွေ ရှိတယ်။ ဒီနေရာမှာလည်း သူတို့ ၀ါဒနှစ်ခုရဲ့  ကွဲလွဲမှုကို တွေ့ရပြန်တယ်။ ပလေတိုရဲ့  ၀ါဒမှာ လောကနှစ်ခု ရှိတာကို သတိပြန်ပြုဖို့ လိုပါလိမ့်မယ်။ ယေဘုယျနာမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ “သဘော” လောက (Realm of Ideas) နဲ့ အဲဒီသဘောလောက၊ နာမ်လောကကို တုပပြီး အသွင်ဆောင်ထားတဲ့ “ရုပ”် လောက/ အသွင်လောက (World of Appearance ) ဆိုတာတို့ပါပဲ။ နှစ်ခု ကွဲနေတာ “နှစ်ခ”ု သဘောဆောင်နေတာကို သတိပြုရပါလိမ့်မယ်။ ပလိုတီးနပ်စ်ရဲ့  ၀ါဒမှာတော့ “တစ်” သဘော ၊ “တစ်ခုတည်းသော သဘော” ကိုပဲ တွေ့ရပါလိမ့်မယ်။ လက်ရှိ ရုပ်လောကဟာ မူလသဘောလောကကို တုပကူးယူပြီး ဖော်ဆောင်ထားတဲ့ မိတ္တူလောက် မဟုတ်ပါဘူး။ မူလကနေ ဖြာဆင်းလာတဲ့ မူလနဲ့


17

ဆက်စပ်ဖြစ်ပေါ်လာတဲ့ တစ်ခုတည်းသော လောကပါပဲ။ အဲဒါကြောင့် အနုပညာသမားရဲ့  ရပ်တည်မှုဟာ မြင့်မားလာပါတယ်။ ဘာဖြစ်လို့လဲဆိုတာကို ဆက်ရှင်းပါမယ်။ နတ်ဘုရားရုပ်တု ပလေတိုရဲ့  အဆိုအရ အနုပညာသမားဟာ ရုပ် လောက (အတုလောက) ကို ကူးယူတုပပြီး အနုပညာပစ္စည်းကို ပြုလုပ်တာပါ။ Imitation of Imitation ပါ။ ပလိုတီးနပ်စ်ရဲ့  အဆိုအရ အဲဒီလို မဟုတ်တော့ပါဘူး။ အနုပညာသမားဟာ အစစ်အမှန်တရား (ဧကောဓာတ်) ရဲ့  ဖြာဆင်းမှုကို သာမာန်ထက် ပိုမိုခံယူနိုင်စွမ်းရှိပြီး (ဧကောဓာတ်) ရဲ့  အစိတ်အပိုင်းဖြစ်တဲ့ အလှ ပစ္စည်း၊ အနုပညာပစ္စည်းတွေကိုပါ ထပ်ဆင့် ဖန်တီးပေးသူ ဖြစ်တယ်။ အတုကို ကူးယူတာ မဟုတ်ပါဘူး။ အစစ်ကို ထပ်ဆင့် ဖန်တီးတာပါ။ အတုကို ထပ်တုပြီး မူလနဲ့ ပိုမိုဝေးကွာနေသူ မဟုတ်ပါဘူး။ အစစ်တွေကို ထပ်ဆင့်ဖန်တီးပြီး မူလနဲ့ ပိုမနိုီးကပ်လာသူ ဖြစ်ပါတယ်။ ကဲ……ပလိုတီးနပ်စ်ရဲ့  နတ်ဘုရားရုပ်တု ဥပမာကို ဆက်လိုက်ကြဦးစို့။ ပလိုတီးနပ်စ်က အနုပညာနဲ့ ပတ်သက်ပြီး သမိုင်း ၀င်စေမယ့် စကားတစ်ခွန်းကို ပြောသွားခဲ့ပါတယ်။ သူ့ခတ်ကာလရဲ့  အနေအထားဟာဆိုရင် အတော်စွန့်စားရတဲ့ စကားဖြစ်ပါလိမ့်မယ်။ အတော်ကို တာဝန်ကြီးခဲ့ပါလိမ့်မယ်။ ဒါပေမယ့် သူကတော့ ရဲရဲရင့်ရင့် ပြောခဲ့ပါတယ်။ ဖီးဒီးယပ်စ် (Pheidias) ဆိုတဲ့ အနုပညာသမားတစ်ယောက်ကို ကိုးကားပြီး ပြောခဲ့တာပါ။ ပလေတိုရဲ့  တုပမှုသီအိုရီ (Imitation Theory) ကို ငြင်းလိုက်တဲ့ စကားပါ။ပလိုတီးနပ်စ်က ဆိုတယ်။ “ဖီးဒီးယပ်စ်ဟာ နတ်ဘုရားရဲ့  ရုပ်တုကို သူသိထားပြီးသား ပုံသဏ္ဍာန်တွေ အတိုင်း မဖော်ဆောင်ဘူး။ နတ်ဘုရားက ကိုယ်ထင်ပြလာခဲ့ရင် ဖြစ်လာနိုင်တဲ့ ပုံသဏ္ဍာန် ၊ သူ့စိတ်နဲ့ သူဖန်တီး ဖော်ဆောင်တယ်။ (Since Pheidias did not create Zenus after any such as he would be if Zenus deigned to appear to mortal eyes.)” အနုပညာသမားတစ်ယောက်ရဲ့  လွတ်လပ်စွာ ဖန်တီးမှုကို အသိအမှတ်ပြုလိုက်တဲ့ စကားပါပဲ။ အနုပညာ လွတ်လပ်ခွင့် (Freedom of Art ) ဆီကို ဦးတည်တဲ့ စကားပါပဲ။ ကျွန်တော် အင်မတန် လေးစားမိတဲ့စကား ဖြစ်ပါတယ်။ Bernard Bosanquet ဟာ “ရသဗေဒသမိုင်း” အမည်ရှိ ကျမ်းထဲမှာ ဒီစကားနဲ့ ပတ်သတ်ပြီး အချက်နှစ်ချက်ကို ဆွဲထုတ်ပြပါတယ်။ ပထမအချက်ကတော့ ခေတ်သစ်ရိုမန်တစ်ဝါဒရဲ့  အရိပ်အယောင်ကို တွေ့ရှိကြရတာပါပဲ (If freely interpreted, we saw a foreshadowing of the profoundest modern romanticism.) …..ဆိုတဲ့ အချက်ပါပဲ။ စိတ်ကူးကွန့်မြူးမှုကို လွတ်လပ်စွာဖော်ဆောင်နိုင်တဲ့ ရိုမန်တစ်ဇင် (Romanticism) ဟာ အနုပညာသဘောထားတစ်ခု ဖြစ်သလို အနုပညာလှုပ်ရှားမှု (Art movement ) တစ်ရပ်လည်း ဖြစ်ပါတယ်။ အစဉ်အလာ သဘောတရားတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပါ။ အစဉ်အလာ သဘောတရားဆိုတာက …ပလေတိုနဲ့ အရစ္စတိုတယ်လ်တို့ရဲ့  သဘောတရားတွေကို အဓိက ဆိုတာပါပဲ။

ရိုမန်တစ်အလင်းတန်းများ ရိုမန်တစ်ဆိုတဲ့ စကားလုံးကို ဂျာမနီက ရှေးဂဲလ် (Schlegel ) ညီအစ်ကိုက စတင်သုံးစွဲခဲ့ပါတယ်။ အတိအကျပြောရရင်တော့ A.W Schlegel နဲ့ F.Schlegel တို့ ဖြစ်ပါတယ်။ သူတို့ဟာ ရိုမန်တစ်ကဗျာတွေနဲ့ ပတ်သတ်ပြီး ၊ ဘာလင်တက္ကသိုလ် မှာလည်း ဟောပြောခဲ့ကြဖူးပါတယ်။ သူတို့ရဲ့  ဟောပြောချက်တွေထဲမှာ ပလိုတီးနပ်စ်ရဲ့  ဒဿနတွေ ပါဝင်တယ်။ ဖီးဒီးယပ်စ်ရဲ့  နတ်ဘုရားရုပ်တုလည်း ပါဝင်တယ်။ ပလိုတီးနပ်စ်ရဲ့  ၀ါဒဟာ အင်္ဂလိပ် ကဗျာဆရာ၊ စာရေးဆရာတွေပေါ်မှာ အလွန်လွှမ်းမိုးခဲ့တယ်လို့ ဆိုပါတယ်။ ချားလ်ဝီလီယံ (Charles Williams) လို စာရေးဆရာမျိုးဟာ ခေတ်သစ်ဥပမာတစ်ခုပဲလို့ ၁၉၉၅၊ လန်ဒန်ထုတ် စာပေအဘိဓာန် တစ်အုပ်က ဆိုတယ်။ ၁၉၈၆ ထုတ်၊ ဗြိတိသျှအိတ်ဆောင်စွယ်စုံ ကျမ်းတစ်အုပ်ကတော့ ပလိုတီးနပ်စ်ရဲ့  ၀ါဒဟာ အလယ်ခတ်ကို ဖြတ်သန်းပြီး ၁၇၊ ၁၈ ၊ ၁၉ ရာစု ကဗျာဆရာ၊ စာရေးဆရာတွေဆီအထိ သြဇာသက်ရောက်မှုရှိတယ်လို့ ဆိုတယ်။ ရိုမန်တစ်ဝါဒီတွေအတွက်ကတော့ ဆိုဖွယ်ရာ မရှိဘူးပေါ့။ ရိုမန်တစ်ကဗျာဆရာတစ်ဦးဖြစ်သူ ဂျွန်ကိစ် (John Keats) ရဲ့  စကားကိုလည်း နားထောင်ကြည့်ပါဦး။ “လှပတဲ့ အရာတွေဟာ ထာဝရပျော်ရွှင်ဖွယ်ရပဲ….တဲ့။ (A thing of beauty is a joy forever) ရိုမန်တစ်ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ ၀ီလီယံ ဘလိတ်ခ် (William Blake) ရဲ့  “Joy and Woe are woven fine” ဆိုတဲ့ ကဗျာလေးကို ကြည့်ပါဦး။ ပျော်ရွှင်ခြင်းနဲ့


18

ဝမ်းနည်းကြေကွဲခြင်းတွေဟာ….. ၀ိညာဉ်ရဲ့ ……. တစ်ထည်တည်းသော အကျီ င်္သာဖြစ်တယ်။ နောက်ဆက်တွဲ (င) William Wordsworth ရဲ့  သက်တန့်ဆိုတဲ့ ကဗျာကလေးကိုလည်း ကြည့်ပါဦး။ ကလေးဟာ…. လူကြီးကို မွေးဖွားပေးတယ်…. ရှင်သန်နေထိုင်ရဆဲ ငါ့ရဲ့ နေ့တွေ နေ့တွေမှာ…. သဘာဝဘာသာတရားကိုသာ ငါ…ရိုကျိုးနေမိခ…ဲ့ ..။ နောက်ဆက်တွဲ (စ) ယိစ် (W.B. Yeats) က သူ့ကဗျာတစ်ပုဒ်ရဲ့  ခေါင်းစီးမှာ ပလိုတီးနပ်စ်ရဲ့ အမည်ကိုတောင် ထည့်ပြီး ရေးစပ်ဖူးတယ်။ “The Delphic Oracle Upon Plotinus” တဲ့။ နောက်ဆက်တွဲ (ဆ) အစဉ်အလာကနေ လွတ်မြောက်လာတဲ့ အနုပညာသမားများစွာကို ပလိုတီးနပ်စ်က မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဝါဒဟာ ဖန်တီးနိုင်စွမ်းရှိတဲ့ စိတ်ကူးဥာဏ်ဝါဒ ဖြစ်တယ်။ Creative Imagination ဟာ သူ့ဆီက စတင် စီးဆင်းသွားတာပါပဲ။ သင်္ကေတဖွဲ့ထုံး “ဗားနတ်ဘိုစံခေး” က ထပ်ပြီးဆွဲထုတ်ပြတဲ့အချက် ရှိပါသေးတယ်။ ပလိုတီးနပ်စ်က နတ်ဘုရားရုပ်တု ဥပမာကို ပေးသွားပြီးတဲ့ အချိန်မှာ “ခုချိန်ကစပြီး ကျွန်တော်တို့နားလည်နိုင်ပြီ။ အနုပညာဆိုတာ ပုံတူကူးတင်ပြတာ မဟုတ်ဘူး။ သင်္ကေတပြု တင်ပြတာဖြစ်တယ်…..” လို့ ပြောလိုက်ပါတယ် ။(It is hence forth understood that art is not imitative but symbolic) . ပလိုတီးနပ်စ်ပြောတဲ့ သင်္ကေတသဘောဟာ သစ်ဆန်းပါတယ်။ ရှိထားပြီးသား အစဉ်အလာက ပြဋ္ဌာန်းပြီးသား သင်္ကေတမျိုးမဟုတ်ပါဘူး။ အနုပညာသမားက စိတ်ထဲမှာ ကွန့်မြူးဖန်ဆင်းပြီး ဖော်ထုတ်တဲ့ သင်္ကေတကို ဆိုလိုတာ ဖြစ်ပါတယ်။ ရိုမန်တစ်ဝါဒီတွေဟာ သင်္ကေ၀ါဒဆီ ဆက်လက်ရွေ့လျားသွားကြတယ်လို့ သုတေသီတချို့ က သတ်မှတ်ပါတယ်။ သင်္ကေတ၀ါဒဟာ ၁၉ ရာစုနှောင်းပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ စာပေအနုပညာအဖွဲ့ အနွဲ့ တစ်မျိုး ဖြစ်ပါတယ်။ နောက် ပေါ်ပေါက်လာမယ့် နိမိတ်ပ၀ုါံဒီ (Imagist) တွေ ဆာရီရယ်လစ်(စ်) (Surrealist) တွေကိုလည်း သြဇာညောင်းခဲ့ပါတယ်။ သင်္ကေတ၀ါဒနဲ့ ပတ်သတ်ပြီး ကျမ်းတစ်ကျမ်းက အောက်ပါအတိုင်း ဖွင့်ဆိုထားပါတယ်။ ၁။သင်္ကေတ၀ါဒသည် သရုပ်မှန၀်ါဒနှင့် ဂန္တ၀င်ဝါဒ အဖွဲ့အနွဲ့တို့မှ ကင်းလွတ်သည်။ (The movement away from realism and classicism) ၂။အများသိ သင်္ကေတများကို မသုံးဘဲ ကိုယ်ပိုင်သင်္ကေတများကိုသာ သုံးသည်။ (Employing private rather than public symbols) ၃။တိုက်ရိုက်ဖွင့်ဆိုမှုကို မသုံးဘဲ ဖော်ညွှန်းသော သဘောကိုသာ သုံးသည်။ (Working by suggestion rather than by direct statement) ၄။အနုပညာဖန်တီးမှု ဖြစ်စဉ်အတွက် သင်္ကေတသည် အခြေခံတစ်ခု ဖြစ်သည်။ (Symbolism, however, is a fundamental aristic process) ၅။အနုပညာသမား၏ စိတ်ထဲမှ အလိုအလျောက် စိမ့်ထွက်သည်။ (More often arises spontaneously) ၆။အနုပညာသမား၏ ကိုယ်ပိုင်အမြင်မှ ထွက်ရှိသည်။


19

(Within in individual context) ရိုမန်တစ်ဝါဒီဆိုပေမယ့် သင်္ကေတ…သဘောတွေကို အများကြီး ယူလာခဲ့တယ်ဆတိဲု့ အဂ္ဂါအယ်လင်ပိုးရဲ့  ကဗျာတစ်ပုဒ်ကို လေ့လာကြည့်ရအောင်။ အား… အား… ငါ့အတွက်တော့ ….. ဘ၀ရဲ့  အလင်းတန်းတွေ ခြောက်ခန်းသွားပြီ။ မရှိတော့ဘူး မရတော့ဘူး… နောက်ထပ် မရတော့ဘူး…. (ငြိမ်သက်နေတဲ့ ပင်လယ်ကို ဘာသာစကားက သဲကမ်းစပ်အထိ ဆွဲစုပ်ယူလိုက်တယ်…) မိုးကြိုးခတ်ထားတဲ့ သစ်ပင်မှာ အပွင့်တွေ ဝေလာလိမ့်မယ် ဒဏ်သင့်အမောတွေနဲ့ လင်းယုန်ကလည်း ပျံသန်းသွားလိမ့်ဦးမှာပဲ…..။ နောက်ဆက်တွဲ (ဇ) “မီရာဘိုးတံတား” ဆိုတဲ့ `အပိုလိုန´ဲ ရဲ့  ကဗျာတစ်ပုဒ်ကို လေ့လာကြည့်ပါဦး။`အပိုလိုန´ဲ ဟာ ထင်ရှားတဲ့ ပြင်သစ်ကဗျာ ဆရာတစ်ဦးဖြစ်တယ်။ အသစ်တီထွင်ဖန်တီးမှုကို ဦးဆောင်တဲ့ သင်္ကေတ၀ါဒီတစ်ဦးလည်း ဖြစ်တယ်။ မီရာဘိုးတံတားအောက်မှာ စိန်းမြစ်ဟာ ငါတို့ရဲ့  အချစ်တွေနဲ့အတူ စီးဆင်းနေတယ်။ ခံစားချက်နောက်က လိုက်ပါလာတတ်တဲ့ ပျော်ရွှင်မှုကို သတိရနေရမှာလား…. ညက ရောက်လာကောင်း ရောက်လာမယ်… နာရီက အော်မြည်ကောင်း အော်မြည်မယ် မင်းရဲ့  အရိပ်ထဲမှာ ငါ ပိတ်မိနေခဲ့ပေါ့….။ နောက်ဆက်တွဲ (ဈ) မော်ဒန်အကြို ၊ မော်ဒန်နှင့် ပို့မော်ဒန် ပညာရှင်တစ်ဦးက အတွင်းအပြင် သဘောတရားကို အခြေပြုပြီး မော်ဒန်ဖြစ်တည်မှုကို အထိုက်လျောက် ရှင်းလင်း တင်ပြဖူးပါတယ်။ ချီကာဂိုတက္ကသိုလ်မဂ္ဂဇင်းမှာ ဆောင်းပါးတစ်ပုဒ်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူ့အဆိုအရ မော်ဒန်အကြို အတွေးအခေါ်ဟာ အတွင်းလူအပေါ်မှာ အခြေတည်ပါတယ်။ အတွင်းလူတွေကသာ သူတို့အကြောင်းသူတို့ ပြောရေးဆိုခွင့် ရှိတယ်။ ဥပမာ… သမ္မာကျမ်းစာဟောင်း အကြောင်းကို ဂျူးလူမျိုးတွေကသာ ပြောရေးဆိုခွင့် ရှိတယ်ဆိုတာမျိုး။ မော်ဒန်အတွေးအခေါ်မှာတော့ အပြင်လ(ူ The outside) က အရေးပါလှပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အသိဥာဏ် (Global


20

Knowledge) ကို ခံယူတွေးခေါ်ပါတယ်။ လူတစ်ယောက်အတွက် မှန်ရင် အားလုံးအတွက် မှန်ရမယ်။ အတွင်း လူထက် အပြင်လူက ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မြင်တယ်။အစွဲ နည်းမယ်။ ဥပမာ… အမေရိကန်တွေရဲ့  လူမှုဘ၀အကြောင်းရေးတဲ့ အကောင်းဆုံးလက်ရာတွေဟာ အမေရိကန်မဟုတ်သူတွေရဲ့  လက်ရာ ဖြစ်တယ်။ အပြင်လူတွေရဲ့  လက်ရာပဲ ဖြစ်တယ်။ ပို့စ်မော်ဒန်လွန် အတွေးအခေါ်မှာတော့ စံနှုန်းတွေကို ပြောင်းလဲတပ်ဆင်ကြတယ်။ တစ်ခုနဲ့တစ်ခုကို နေရာချင်းလဲတယ်။ ဥပမာ…အမေရိကန်ဘေ့စ်ဘောလ်ကို ဂျပန်က ကမကထလုပ်တယ်။ ကာရစ်ဘီယန်ပညာရှင်တစ်ဦးက ရှေးဟောင်းဂရိစာပေတွေကို ဖော်ထုတ်တယ်။အဲဒါမျိုးပါ။ ပလိုတီးနပ်စ်ရဲ့  အနုပညာ အယူအဆဟာ မော်ဒန် အနုပညာဆီ “ ခေါင်းလှည”့် ထားတယ်လို့ ကျွန်တော် ယူဆပါတယ်။ အထိုက်အလျောက်လည်း တင်ပြခဲ့ပြီးပါပြီ။ ဖီးဒီးယပ်စ်က နတ်ဘုရားရုပ်တုကို ထုတဲ့နေရာမှာ “အတွင်းလူ” အနေနဲ့ ထုဆစ်တာ မဟုတ်ဘဲ “အပြင်လ”ူ အနေနဲ့ ထုဆစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ (၂၀) ရာစု ၊ အစောပိုင်းကာလမှာ ပုံသဏ္ဍာန်ဝါဒ (Formalism) ဆိုတဲ့ မော်ဒန်အနုပညာအမျိုးအစား တစ်ရပ် ပေါ်ပေါက်လာပါတယ်။ သူတကို့ အနုပညာဆိုတာ တုပထားတဲ့ ပုံသဏ္ဍာန် (Imitative form) မဟုတ်ဘူး။ ဖန်တီးထားတဲ့ ပုံသဏ္ဍာန် (Creative form) ပဲ ဖြစ်တယ်လို့ ဆိုကြတယ်။ အဲဒီ သဘောသွားကို ပလိုတီးနပ်စ်ရဲ့  နတ်ဘုရားရုပ်တု အယူအဆမှာလည်း ကျွန်တော်တို့ တွေ့ခဲ့ကြပြီးပြီပဲ။ ပလိုတီးနပ်စ်ဟာ နော့စတစ် (Gonostic) လို့ ခေါ်တဲ့ ဆန်းကြယ်နက်နဲသော ဥာဏ်ပညာဂိုဏ်းတစ်ဂိုဏ်းရဲ့  ခေါင်းဆောင်ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာ တင်ပြခဲ့သလို အနုပညာနဲ့ ပတ်သတ်တဲ့ (Creative Imagism)ကို ဖော်ထုတ်ခဲ့သူလည်း ဖြစ်တယ်။ ခု…ဒီစာအုပ်ကလေးထဲမှာ သူ့ရဲ့  ဒဿနတွေကို အသေးစိတ်အားဖြင့်တော့ မတင်ပြနိုင်ခပဲ့ါဘူး။ အတိုင်းအတာတစ်ခုအထိ ခြုံငုံမိအောင်တော့ တင်ပြခဲ့ပါတယ်။ လောကကြီးမှာ ပလိုတီးနပ်စ်ရဲ့  ၀ါဒဟာ ဤရွေ့ဤမျှပဲလား။ ပြီးဆုံးသွားပြီလား။ ကျွန်တော်တို့ စဥ်းစားရပါဦးမယ်။ စောင့်ကြည့်ရပါဦးမယ်။ အီတာလျံကဗျာဆရာကြီး ဒန်တီ (Dante)ရဲ့  စကားတစ်ခွန်း ရှိပါတယ်။ “နေ့တိုင်းဟာ ဘ၀တစ်ခု ဖြစ်ပြီး၊ ဘ၀တစ်ခုလုံးဟာ ပြန်ရောက်လာတဲ့ နေ့တစ်နေ့ပ…ဲ ”တဲ့ ။ (Everyday is life and one whole life is but a day repeated.) ပလိုတီးနပ်စ်ဟာ နေ့တစ်နေ့လား။ ဘ၀တစ်ခုလား။ ကျွန်တော်တို့ စောင့်ကြည့်ကြမယ်။ သူ…ပြန်ရောက်လာဦးမှာလား။ အပိုင်း(၅) ပလိုတီးနပ်စ(် Plotinus)ရဲ့ စိတ်ကူးအာရုံ လွင့်လူးတီထွင်မှု (Creative Imagination) အတွက် အောက်ပါစာပိုဒ်များနှင့် အတူ၊ စမ်းသပ်လေ့ကျင့်နိုင်ပါသည်။ ၁။ လူငယ်နှစ်ဦးလရောင်အောက်တွင် လမ်းလျှောက်နေကြသည်။ ဖြာကျစီးဆင်းနေသောလရောင်၏ အရသာကို ခံစားရင်း သူတ့ေို လာကကို မေ့နေကြ၏။ “အိုး…..” ပထမလူငယ်က ကျောက်တုံးလေး တစ်တုံးကို ခလုတ်တိုက်မိ၏။ ရှက်ရယ်ရယ်ရင်း “ကျောက်တုံးတစ်တုံးပဲ….” ဟု ရေရွတ်၏။ ဒုတိယလူငယ်က မှုန်လဲ့တောက်ပနေသော လရောင်ကို တစိမ့်စိမ့်ငေးကြည့်ရင်း…. “ဟင့်အင်း….လရောင်အောက်က ကျောက်တုံး…ပါ…”ဟု အပြုံးတစ်ဝက်ဖြင့် ပြောသည်။ သူတို့ပြောသော “ကျောက်တုံး” နှင့် “လရောင်အောက်က ကျောက်တုံး” ဟူသော စကားလုံးတို့ကြားမှာ၊ အာရုံခံစားချက် မည်သို့ ကွာဟပါသနည်။ အချက်မည်မျှကို သင် ဆွဲထုတ်ပြနိုင်မည်နည်း။ ၂။ အခန်းထဲသို့ ဆရာမ ၀င်ရောက်လာချိန်တွင် သူ ငိုက်မျဉ်းနေခဲ့၏။ ဆရာမ၏ မြေဖြူသံတတောက်တောက်ကို ကြားသော်လည်း၊


21

ဘာတွေ ရေးနေမှန်း သူမသိ။ ခဏနေကျတော့…. “ကဲ…ဒါတွေ ခု စ ရေးကြတော့…” ကျောက်သင်ပုန်းမှ စာများကို အားယူ လှမ်းကြည့်လိုက်သောအခါ သူ့မျက်လုံးတွေ ၀ိုင်းစက် ပြူးကျယ် သွားရတော့၏။ ကျောက်သင်ပုန်းပေါ်မှာ ရေးထားသည်က… “အောက်ပါ နာမ်သုံးခု အကြောင်းကို ကွန့်မြူးရေးသားပါ။” (က)အခေါင်း (ခ)အလောင်း (ဂ)ခေါင်းလောင်း သင်လည်း၊ ထိုအခန်းထဲမှ ကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည် ဆိုပါစို့။ သင်…့  စိတ်ကူးဥာဏ် ကွန့်မြူးရေးသားထားမှုကို ဖတ်လိုလှပါဘိ။ သင်… ဘယ်လိုရေးမလဲ….။ ၄။ တနင်္ဂနွေ အားလပ်ရက်မို့၊ ကလေးငယ်များ ရေဒီယိုနားတွင် စုဝေး၀ိုင်းဖွဲ့နေကြ၏။ “ဟော…ပုံပြင်လက်ဆောင်လာပြီ” တွတ်ထိုးနေသော ကလေးများ ငြိမ်သက်သွားကြ၏။ သူတို့ နားထောင်ဖူးသော ပုံပြင်လေး ဖြစ်နေသော်လည်း သူတို့ ငြိမ်သက်စွာ စိတ၀် င်တစား နားထောင်နေကြသည်။ ခဏကြာတော့ ပုံပြင်လေးက ပြီးဆုံးသွားတော့၏။ ထိုအချိန်မှာပင် ကလေးနှစ်ဦးသည် ပုံပြောသူနှင့် အပြိုင် အဆုံးသတ်စကားတစ်ခွန်းကို ပြိုင်တူပြောလိုက်မိကြ၏။ “ပုံပြင်လေးကတော့ ဒါပါပဲကွယ”် “ပုံပြင်လေးကတော့ ဒီလောက်ပါပဲကွယ…် .” ပုံပြောသူက ဘယ်လိုပြောလိုက်သည်ပင် မကြားလိုက်ရ။ ကလေးငယ်နှစ်ဦး တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာေ၀၀ါးနေကြလေသည်။ ထိုစကားနှစ်ခွန်း မည်သို့ ကွာခြားပါသနည်။ စနစ်တကျ ဖြေဆိုပါ။

၅။ အေးစက်နေပြီဖြစ်သော လက်ဖက်ရည်ခွက်များကို စိုက်ကြည့်ရင်း လူငယ်တစ်ယောက်က ဆို၏။ “ဖြစ်နိုင်မယ်ဆိုရင်…..ကလေးဘ၀ကို ပြန်ရချင်တယ်ကွာ…” လက်ဖက်ရည်ဆိုင်မှ ဖွင့်ထားသော သီချင်းသံလေးကို စည်းချလိုက်နေရင်းမှ အခြားလူငယ်တစ်ယောက်က ပြုံးကာ ဆို၏။ “ငါကတော့ ရနိုင်မယ်ဆိုရင် ကျောင်းသားဘ၀လောက်ပဲ ပြန်ရရင် ကျေနပ်ပါပြီကွာ….” သူတို့ စကားဝိုင်းလေး၊ လက်ဖက်ရည်ခွက်များနှင့်အတူ အေးစက်ငြိမ်သက်သွားတော့၏။ သင်ကော…..ဘ၀မှာ ရနိုင်မည် ဆိုရင် နောက်တစ်ကြိမ် ပြန်လိုချင်သောအရာ ရှိပါသလား။ တစ်ခုကို ပြောပြပါ။ အကြောင်းပြချက်ကိုလည်း ခြယ်မှုန်းတင်ပြပေးပါ။ ၆။ ကြီးမားလှသော ဆုံးရှုံးမှုတစ်ခုအတွက် မျက်ရည်ပေါက်ကြီးများ တလိမ့်လိမ့် ကျဆင်းလာသည်ထိ တသိမ့်သိမ့် ငိုရှိုက်နေသော၊ သူငယ်ချင်းမလေးကို ကြည့်ကာ…သူတွေးမိသည်။ မျက်ရည်စက်ကြီးများနှင့် မျက်ရည်စက်ငယ်များအကြားမှာ… ကြီးနိုင်ငယ်ညှဉ်းသဘောတရားများ ရှိပါသလား….ဟု ရှိရင်ကော…ဘယ်လိုပုံစံနှင့် ရှိနေမလဲ…။ သူ့အတွေးတွေ ခရီးဝေးထွက်ခွာသွားကြ၏။ သင်ကော…..။ ကျွန်ုပ် တွေးသလို တွေးမိပါသလား။


22

တွေးမိလျှင်…ရှိနိုင်မရှိနိုင်။ ရှိနိုင်လျှင် မည်သည့်ပုံစံဖြင့် ရှိမည်က….လှို ပစွာ တင်ပြပေးပါ။ ၇။ ခရီးဝေးမှ လာသော၊ ခရီးသည် နှစ်ယောက်၊ အရိပ်ကောင်းသော သစ်ပင်အောက်တွင် တစ်ထောက်အတူ နားခိုရင်း ဆုမိံ ကြ၏။ ပထမ ခရီးသည်က…စိမ်းဝေနေသော သစ်ပင်များကို လှမ်းကြည့်ရင်း ဆိုသည်။ “ကျွန်တော်က သစ်ပင် သိပ်ဖြစ်ချင်တာ…” သူ့စကားကို ကြားတော့ ဒုတိယ ခရီးသည်က ၀မ်းသာအားရနှင…့် . “ဟုတ်တယ်…ကျွန်တော်လည်း သစ်ပင် သိပ်ဖြစ်ချင်တာ…” “ဘာကြောင့်လ…ဲ ” ပထမ ခရီးသည်က ဒုတိယခရီးသည်ကို မျက်မှောက်ကြုတ်ကာ မေး၏။ “သစ်ပင်ဖြစ်မယ်ဆိုရင်ဗျာ….အပွင့်တွေ ပွင့်နိုင်မယ်၊ အသီး သီးနိုင်မယ်၊ အခက်အလက်တွေ ဝေဖြာနိုင်မယ်၊ အရိပ်ဖြန့်ဝေပေးနိုင်မယ်၊ မျိုးဆက် ချန်ခဲ့နိုင်မယ်ဗျာ…။ ဒါထက် ခင်ဗျားကရော ဘာကြောင့် ဖြစ်ချင်ရတာလဲ…” “ဒီလိုဗျာ….. ….. ….. ….. …. …. ….. ….. ….. …. …. …… ….. ….. ….. …. …. …… ……” သင်သာ ပထမခရီးသည် ဆိုလျှင်၊ မည်သို့ အကြောင်းပြမည်နည်း။ ဒုတိယခရီးသည်၏ အကြောင်းပြ ချက်နှင့် မတူရပါ။ ၈။ ပလက်ဖောင်းတစ်ခု၏ ဘေးတွင် ကားတစ်စီး ရပ်ထား၏။ ခဏကြာသောအခါ စီးပွားရေးလုပ်ငန်းရှင်တစ်စု ရောက်လာကြပြီး၊ သူတို့ ကုန်ပစ္စည်းတစ်ခု ကြော်ငြာရန်အတွက် ပလက်ဖောင်းဘေးတွင် အေးအေးလူလူ ရပ်တန့်ထားသော ကားလေးကို ယူသုံးလိုက်ကြ၏။ သူတို့၏ ကုန်ပစ္စည်းသည် ကပ်အားအလွန်ကောင်းသော ကော် (Super Glue) ဖြစ်သည်။ ကားကလေးကို သူတို့၏ ကောင်းမွန်လှသော ကော်ကို အသုံးပြု၍ တိုက်နံရံတွင် ကပ်ထားလိုက်ကြသည်။ (ကားတစ်စီးလုံးပင် ကပ်ထားနိုင်သည်ဟူသော သဘော…) လူတွေကတော့ ကော်ကို အထင်ကြီးကြသည်။ ရင်သပ်ရှုမောကြသည်။ ချီးကျူးကြသည်။ ကားကလေးမှာတော့……. နံရံတွင် တန်းလန်းဖြစ်နေသော ကားကလေး၏ ခံစားချက်ကို ကားကလေး၏ ကိုယ်စား တင်ပြပေးပါ။ ၉။ ဒေါသထွက်နေသော မိခင်က၊ သူ့သားကို ဆူပူကြိမ်းမောင်းရင်း ဆုံးမ၏။ “….. ….. ….. ….. ၊ မင်းကို ငါ ဘယ်လို လူလားမြောက်အောင် ပြုစုပျိုးထောင်ယူခဲ့ရသလဲ၊ ခု လူလုံးလုံး ဖြစ်ခဲ့ပြီ၊ လူလို သူလို နေစမ်းပါ သားရယ်…” သားက ငြိမ်သက်စွာ နားထောင်နေခဲ့၏။ တစ်နေ့….သူ ဆောင်းပါးတစ်ပုဒ်ကို အထိတ်တလန့် ဖတ်လိုက်ရသည်။ ထိုဆောင်းပါးထဲတွင် နောက်နှစ်ပေါင်းများစွာ ကြာသည့်အခါ လူတွေ ဘယ်လိုဖြစ်လာမည်ဆိုတာကို ရေးသားထား၏။ ဆောင်းပါးရှင်က နောက်နှစ်ပေါင်းများစွာကြာလျှင် လူတွေ အလုပ်လုပ်စရာ မလိုတော့..။ ခလုတ်ပင် နှိပ်စရာ မလိုတော့။ စိတ်ကူးလိုက်ရုံနှင့် ဆိုင်ရောနစ်လှိုင်းများက အလုပ်လုပ်သွားကြလိမ့်မည်။ အလုပ်လုပ်စရာ မလိုသဖြင့် လူ့ခန္ဓာကိုယ်ကြီးက ၀,လုံးလာလိမ့်မည်။ ခြေလက်တို့ကို အသုံးပြုစရာ မလိုတော့သဖြင့် ခြေလက်များ တုဝိ င်သွားကြလိမ့်မည်။ အသုံးမပြုသော ဦးခေါင်းသည်လည်း ခန္ဓာကိုယ်ထဲသို့ ပုဝင်သွားလိမ့်မည်။ လူသည်….အလုံးကြီးတစ်လုံးပမာ ဖြစ်လာလိမ့်မည်…ဟု ဆိုထားသည်။ မကြာသေးမီကပင် အမေက သူ့ကို “လူလုံးလုံး ဖြစ်ခဲ့ပြီ” ဟု ဆိုခဲ့သည်။ ဒါဆိုလျှင်… တကယ်လို့ လူလုံးကြီးသာ ဖြစ်လာခဲ့ရင် သူ့တစ်နေ့တာ လုပ်ငန်းတွေသည် ဘာတွေဖြစ်မလဲ…၊ သူ မြင်ယောင်ကြည့်နေမိသည်။ သင်က…သူ့ကိုယ်စား မြင်ယောင်ပြောပြပေးပါ။ သင်လည်း လူလုံးကြီး ဖြစ်ခဲ့ရင်ပေါ့။ ၁၀။ ဟင်းလင်းပြင်ကြီးက သူ ဘာမှ မရှိလို့ ၀မ်းနည်းပက်လက်ဖြစ်နေရှာတယ်။


23

သူ့ခံစားချက်တွေကို ရင်ဖွင့်ပြချင်နေတယ်။ ဒီလိုနဲ့ သူ ရင်ဖွင့်ပါလေရော။ နဂိုကတည်းက ဘာမှမရှိတဲ့ သူ့အရင်ကို ဖွင့်ပြတော့ လူတွေက ဘာမှ မမြင်ရဘူးပေါ့။ အဲဒါကို သူထပ်ဆင့် ၀မ်းနည်းရတဲ့အကြောင်း….ခံစားချက်တွေကို ပြောပြချင်နေတယ်တဲ့လေ…။ အဲဒီ ဟင်းလင်းပြင်ရဲ့ ခံစားချက်ကို သူ့ကိုယ်စား….ရေးပေးပါ။ ၁၁။ လူတစ်ယောက်….။ ဖုန်းခလုတ…် . ခြောက်ခုကို သွက်သွက်လက်လက် နှိပ်လိုက်သည်။ တစ်ဖက်မှ ထူးသံကို ကြားရ၏။ “ဟဲလ…ို .” “အရေးကြီးတဲ့ တယ်လီဖုန်းပါ…” သူ့စကားအဆုံးတွင်၊ တစ်ဖက်မှ ဖုန်းချသွား၏။ သူ ထပ်ခေါ်ပြန်သည်။ တစ်ဖက်မှ ထူး၏။ “ဟဲလ…ို .” “အရေးမကြီးတဲ့ တယ်လီဖုန်းပါ…” တစ်ဖက်မှ ဖုန်းချသွားပြန်သည်။ တတိယအကြိမ် သူ ထပ်ခေါ်၏။ တစ်ဖက်မှ ထူးသံမကြားခင်သူ စဉ်းစားနေမိသည်။ အရေးကြီးသည်ဆိုတော့လည်း ချပစ်၏။ အရေးမကြီးဆိုတော့လည်း ချပစ်၏။ ဒီတစ်ခါ…..သူ ဘာပြောမလဲ။ “အရေးမကြီးတကြီး တယ်လီဖုန်းပါ” ဟူသော အဖြေမျိုးကိုတော့ မလိုချင်ပါ။ ၁၂။ လူတစ်ယောက် ခရီးအဝေးကြီးမှ ရောက်လာသည်။ ထိုအချိန်တွင် သူ၏ ပထမဆုံးခြေလှမ်းနှင့် နောက်ဆုံးခြေလှမ်းတို့ အငြင်းအခုံ ဖြစ်နေကြ၏။ ပထမဆုံး ခြေလှမ်းက…. “ကျုပ်က ခင်ဗျားတို့ကို ဆွဲခေါ်သွားရတာ…” နောက်ဆုံးခြေလှမ်းက ဒေါသတကြီးဖြင်…့  “မဟုတ်ဘူး….ခင်ဗျားတို့ကို ကျုပ်က မောင်းသွင်းလိုက်တာ….” …… …… ….. …… …… ….. …… …… ….. သင်သာ ခုံသမာဓိတစ်ဦးအဖြစ် ဤအငြင်းအခုံကို ဆုံးဖြတ်ချက်ပေးရမည်ဆိုလျှင်….မည်သို့ ပေးမည်နည်း။ စီရင်ချက်ကို ရေးပြပါ။ ၁၃။ အင်္ဂါနေ့လေး တစ်နေ့ ရှိတယ်။ နွေရာသီမှာ ရှိတာမိ…ု့ နွေအင်္ဂါနေ့လေးဟာ ပူတယ်။ နောက်….အင်္ဂါနေ့လေးတစ်နေ့လည်း ရှိတယ်။ ဆောင်းရာသီမှာ ရှိတာမို့ ဆောင်းအင်္ဂါနေ့လေးဟာ အေးတယ်။ တစ်နေ့မှာ…… လောကရဲ့  ထောင်ခ့ျိုးတစ်ခုမှာ နွေအင်္ဂါ နဲ့ ဆောင်းအင်္ဂါတို့ ထိပ်တိုက်တွေ့ကြပါလေရော။ သူတို့ဟာ အင်္ဂါချင်းတူပေမယ့် အပူအအေးချင်း မတူဘူးလေ…။ တစ်ယောက်နဲ့ တစ်ယောက် ဘာတွေပြောကြမလဲ…။သူတို့ ပြောမယ့်စကားတွေ အတွက် သင့်စိတ်ကူးထဲက အဖြေကို ပေးပါ။ လေးစားစွာ……. တာရာမင်းဝေ 25.11.98


24

နောက်ဆက်တ(ွဲ က) The Poet’s Deram On a poet’s lips I slept Dreaming like a love-adept In the sound his breathing kept; Nor seeks nor finds he mortal blisses But feeds on the aerial kisses Of shapes that haunt thought’s will dernesses He will watch from dawn to gloom The lake – reflected sun illume The yellow bees in the ivy – bloom, Nor heed nor see what things they be; But from these create he can Form more real than living man, Nurslings of immortality! P.B. Shelly

နောက်ဆက်တွဲ (ခ) To The Moon Art thou pale for weariness Of climbing heaven, and gazing on the earth, Wandering companionless Among the stars that have a different birth,And ever – changing, like a joyless eye That finds no object worth its constancy? P.B. Shelly

နောက်ဆက်တ(ွဲ ဂ) Love’s Philosophy The fountains mingle with the river And the rivers with the ocean, The winds of heaven mix for ever With a sweet emotion; Nothing in the world is single, All things by a law divine In one another’s being mingle – Why not I with thine? See the mountains kiss high heaven And the weaves clasp one another; No sister – flower would be forgiven If it disdian’d its brother :


25

And the sunlight clasps the earth, And the moonbeams kiss the sea – What are all these kissing worth, If thou kiss not me? P.B. Shelly

နောက်ဆက်တွဲ (ဃ) To A Skylark Hail to there, Blithe Spirit! Bird thou never wert, That from heaven, or near it, Pourest thy full heart In profuse Strains of unpremeditated art. Higher still and higher From the art thou springest Like a cloud of fire; The blue deep thou wingest, And singing still dost soar, and soaring ever singer. In the golden lighting Of the sunken sun, O’er which coulds are brightening Like an unbodied joy whose race in just begun. The pale purple even Melts around thy flight; Like a Star of heaven In the broad daylight Thou art unseen, but yet I hear thy shrill delight Keen ar are the arrows Of the silver sphere, Whose instense lamp narrows In the white dawn clear Until we hardly see, we feel that it is there. All the earth and air With thy voice is loud, As, when night is bare, From one lonely cloud The moon rains out her beams and Heaven is overflow’d What thou art we know not; What is most like thee? From rainbow clouds there flow not Drops so bright to see


26

As from thy presence showers a rain of melody. Like a poet hidden In the light of thought, Singing hymns unbidden, Till the world is wrought To sympathy with hopes and fears it heede not : Like a high-born maiden In a palace tower, Soothing her love – laden Soul in secret hour With music sweet as love, which overflows he bower : Like a glow – worn golden In a dell of dew, Scattering unbenholden Its aerial hue Among the flowers and grass, which screen it from the view : Like a rose embower’d In its own green leaves, By warm winds deflower’d, Till the scent it gives Makes faint with too much sweet these heavy-winged thieves Sound of vernal showers On the twinkling grass, Rain – awaken’d flowers, All that ever was Joyour, and clear, and fresh , thy music doth surpass. Teach as, sprite or bird, What sweet thought are thine : I have never heard Praise of love or wine That panted forth a flood of rapture so divine. Chorus hymeneal, Or triumphal chant, Match’d with thine would be all But an empty vant – A thing wherein we feel there is some hidden want. What objects are the fountains


27

Of thy happy strain? What fields, or waves, mountains? What shapes of sky or plain? What love of thine own kind? What ignorance of pain? With thy clear keen joyance Languor cannot be : Shadow of annoyance Never came near thee : Thou lovest; but ne’er knew love’s sad satiety. Waking or asleep Thou of death must deem Things more true and deep Than we mortals dream, Or how could thy notes flow in such a crystal stream? We look before and after, And pine for what is not : Our sincerest laughter With some pain is fraught; Our sweetest sons are those that tell of saddest thought. Yet, if we could scorn Hate, and pride, and fear ; If we were things born Not ot shed a tear, I know not how thy joy we ever should come near. Better than all measurer Of delightful sound, Better than all treasurers That in books are found, Thy skill to poet were, thou scorner of the ground! Teach me half the gladness That thy brain must know, Such harmonious madness From my lips would flow The world should listen then, as I’m listening now! P.B Shelley

နောက်ဆက်တွဲ (င)


28

Joy And Woe Are Woven Fine Joy and woe woven fine, A clothing for the soul divine; Under every grief and pine Runs a joy with silken twine. It is right, it should be so; Man was made for joy and woe; And when this we rightly know, Thro’s the world we safely go. William Blake

နောက်ဆက်တွဲ (စ) The Rainbow My heart leaps up when I behold A rainbow in the sky; So was it when my life began; So it is I’am a man; So be it when I shall grow old. Or ler me die! The child is father of the man; And I could wish my days to be Bound each to each by natural piety. William Wordsworth နောက်ဆက်တွဲ (ဆ) The Delphic Oracle Upon Plotinus Behold that great Plotinus swim, Buffeted by such seas; Bland Rhadamanthus beckons him, But the Goledn Race looks dim, Salt blood blocks his eyes. Scattered on the level grass Or winding through the grove Plato there and Minus pass, There stately Pythagoras And all the Choir of Love. W.B. Yeats နောက်ဆက်တ(ွဲ ဇ) The One In Paradise Thou wast that all to me, love, For which my soul did pine – A green isle in the sea, love,


29

A fountain and a shrine, All wreathed with fairy fruit and flowers, And all the flowers were mine. Ah, dream, too bright last! Ah, starry Hope! That didst arise But to be overcast! A voice from out the Future cries, “On! On!” – but o’er the Past (Dim gulf!) my spirit hovering lies Mute, motionless, aghast! For, alas! Alas! With me The light of life is o’er! No more – no more – no more – (Such language holds the solemn sea To the sand upon the shore) Shall bloom the thunder – blasted tree, Or the stricken eagle soar! And all my days are trances, And all my nightly dreams Are where thy grey eye glance, And where thy footstep gleams – In what eternal dance, By what eternal streams. Edgar Allan Poe နောက်ဆက်တ(ွဲ စ်) The Mirabeau Bridge Under the Mirabeau bridge the Seine Flows with our loves; Must I remember once again Joy followed always after pain? Night may come and clock may sound, Within your shadow I am bound. Clasp hand in hand, keep face to face, Whilst here below The bridge formed by our arm’s embrance The waters of our endless Langing pass. Nitght may come and clock may sound, Within your shadow I am bound. And like this stream our passions flow, Our love goes by; The violence hope dare not show Follows time’s beat which now falls slow.


30

Night may come and clock may sound Within your shadow I am bound. The days move on; but still we strain Back towards time past; Still to the waters of the Seine We bend to catch the echo gone. Night may come and clock may sound Within your shadow I am bound. Guillaume Apollinarie

mayzaw

natpayar  

I don't know surely.

Read more
Read more
Similar to
Popular now
Just for you