Issuu on Google+

နိုင်ငံတော် (၁၁) ဘွဲ့ရ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ ကျိုက်ထိုဆရာတော် အသျှင်နန္ဒောဘာသာဘိဝံသ

တံငါသည်သား ရဟန္တာ တရားတော်


ပုံနှိပ်မှတ်တမ်း စာပေခွင့်ပြုချက်အမှတ်

-

၃၂၀၄၁၄၀၅၀၆

မျက်နှာဖုံးခွင့်ပြုချက်အမှတ် -

၃၂၀၅၆၉၀၅၀၉

ပထမအကြိမ်

-

အုပ်ရေ (၁၀၀၀)

မျက်နှာဖုံး ဒီဇိုင်း

-

နိုင်လင်း (စွယ်တော်)

တန်ဖိုး

-

၅၀၀-ကျပ်

၂၀၁၀ ခုနှစ်

မျက်နှာဖုံးနှင့် အတွင်းပုံနှိပ် စွယ်တော်ပုံနှိပ်တိုက် အမှတ် (၈၇)၊ (၅၆) လမ်း၊ အမှတ် (၁) ရပ်ကွက်၊ ပုဇွန်တောင်မြို့ နယ်၊ ရန်ကုန်မြို့ ။ ထုတ်ဝေသူ ယုံကြည်ချက်စာပေ အမှတ် (၁၁၁)၊ (၃) ထပ် (၃၃) လမ်း၊ ကျောက်တံတားမြို့ နယ်၊ ရန်ကုန်မြို့ ။ ဖြန့်ချိရေး အောင်သစ္စာစာပေ မြို့  -မရမ်းချို အောင်သစ္စာကျောင်းတိုက်၊ ကံ့ကော်ရပ်၊ ကျိုက်ထိုမြို့ ၊ မွန်ပြည်နယ်။ ဖုန်း - ၀၅၇-၆၀၂၃၈။ ၀၉၅၃ ၂၂၅၅၇


မာတိကာ

စာမျက်နှာ

ထေရုပ္ပတ္တိအကျဉ်း

ကျေးဇူးတင်လွှာ

အမှာစာ

စ်

ပလ္လင်ဖွင့် ၀န္ဒနာ မြတ်ဂါထာ

ကြောက်လန့်စရာ သံသရာ

ရပ်ပြစ်ရှစ်ပါး မှတ်စရာများ

၁၀

ချစ်လို့ ပြောတာ နားထောင်ပါ

၁၅

ပုတီးစွဲလျှင် ပြိတ္တာခွင်

၂၃

ကျောင်းကိုစွဲလည်း ပြိတ္တာပဲ

၃၀

ပြိတ္တာဖြစ်ခြင်း အကြောင်းရင်း

၃၆

ငရဲကျခြင်း အကြောင်းရင်း

၄၁

တိရစ္ဆာန်ဖြစ်ခြင်း အကြောင်းရင်း

၄၅

ပြိတ္တာအကြောင်း သိကောင်းစရာ

၄၉

အမျှဝေက ရ၊ မရ

၆၁

အင်္ဂါစုံမှ အမျှရ

၆၇

ပြိတ္တာဘ၀ ရောက်ခဲ့ရသူ

၇၆

တံငါမျိုးမှာ လူဖြစ်လာ

၈၅

အိမ်ကနှင်ချ သာမဏေဘဝ

၈၉

ရဟန္တာဖြစ် ၀ဋ်မှထွက်

၉၉

အစ်ကိုနဲ့မိဘ ပြိတ္တာဘဝ

၁၀၁


အမျှဝေရန် အစ်ကိုတောင်းပန်

၁၀၈

အမျှဝေငှ ချမ်းသာရ

၁၁၅

တရားနာကြား သံဝေဂပွား

၁၂၈

ကျွတ်လမ်းရှာတဲ့ ကြတ်ပြိတ္တာများ

၁၃၂

ပျော်လမ်းရှာတဲ့ ကြတ်ပြိတ္တာများ

၁၄၀

ပြိတ္တာဖြစ်နေတဲ့ ကြောင်ကလေး

၁၄၃

နိဂုံးမေတ္တာ ဆုတောင်းလွှာ

၁၄၇

မာတိကာ ပြီးပါပြီ


ကျိုက်ထိုဆရာတော် အသျှင်နန္ဒောဘာသာဘိဝံသ၏ ထေရုပတ္တိအကျဉ်း

၁၃၁၆ခုနှစ်၊၀ါဆိုလပြည့်ကျော်(၃)ရက်၊စနေနေ့တွင်မကွေးတိုင်း၊နတ်မောက်မြို့ နယ်၊ လင်းဒလူးကျေးရွာ၌ ခမည်းတော် ဦးကျော်ဟိုး + မယ်တော် ဒေါ်ခင်လှ (ခ) ဒေါ်ဆားတို့မှ ဖွားမြင်သည်။ ၁၃၂၉ခုနှစ်(၁၂)နှစ်သားအရွယ်တွင်

မန္တလေးအနောက်ခင်မကန်တိုက်၊

ပုပ္ပါးကျောင်း ဆရာတော်ကို ဥပဇ္ဈာယ်ပြုကာ ဥဒကုက္ခေပသိမ်တော်၌ ရဟန်းဖြစ်ခဲ့သည်။ (၁)

ဧရာဝတီတိုင်း၊ ကျုံမငေးမြို့ နယ်၊ ရေလည်ကျွန်းရွာ၊ နတ်ထိပ်ကျောင်း ဆရာ

တော် (၂) မန္တလေးအနောက် ခင်မကန်တိုက် ပုပ္ပါးကျောင်းဆရာတော်၊ (၃) မိုးတားကျောင်း ဆရာတော် (၄) အုတ်လှေခါးကျောင်းဆရာတော်၊ (၅) မိုးကောင်းကျောင်းဆရာတော်နှင့် (၆) တောင်ပြင် ပေါက်မြိုင်ဆရာတော်တို့ထံတွင် ပညာသင်ခဲ့သည်။ သကျသီဟ၊သာမဏေကျော် ပထမဆင့်၊ အစိုးရ ပထမငယ်၊ ပထမလတ်၊ ပထမကြီး တို့ကို ကိုရင်ဘ၀ဖြင့် အောင်မြင်ခဲ့ပြီး -

၁၉၇၆ ခုနှစ် အစိုးရ သာသနဓဇ ဓမ္မာစရိယဘွဲ့၊

-

၁၉၈၃ ခုနှစ် မန္တလေး ပရိယတ္တိသာသနဟိတ သကျသီဟ ဓမ္မာစရိယဘွဲ့၊

-

၁၉၈၆ ခုနှစ်တွင် ရန်ကုန် စေတီယင်္ဂဏဓမ္မာစရိယ ဂဏ၀ါစကဘွဲ့၊

-

၁၉၉၄ ခုနှစ်တွင် အစိုးရနိကာယ ၀ိနယ၀ိဒူဘွဲ့၊

-

၁၉၉၆ ခုနှစ်တွင် အစိုးရ ဒီဃနိကာယ၀ိဒူဘွဲ့။ (တစ်နိုင်ငံလုံး တတိယ)

-

၁၉၉၉ ခုနှစ်တွင် အစိုးရ အဂုင်္တ္တရနိကာယ၀ိဒူဘွဲ့၊


-

၁၉၉၉ ခုနှစ်တွင် မန္တလေး ပရိယတ္တိသာသနဟိတဓရ ဂုဏ၀ိသိဋ္ဌဘွဲ့၊

-

၂၀၀၀ ခုနှစ်တွင် အစိုးရမဇ္ဈိမနိကာယ၀ိဒဘွူဲ့၊

-

၂၀၀၂ ခုနှစ်တွင် အစိုးရသံယုတ္တနိကာယ၀ိဒူဘွဲ့၊ (တစ်နိုင်ငံ ဒုတိယ)

-

၂၀၀၅ ခုနှစ်တွင် အစိုးရ ခုဒ္ဒကနိကာယ၀ိဒူဘွဲ့၊

-

၂၀၀၆ ခုနှစ်တွင် အစိုးရအဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်တို့ကို ရရှိတော်မူသည်။ ၁၉ နှစ်သားမှစ၍ မန္တလေး အနောက်ခင်မကန်တိုက်၊ မကွေးမြို့  မဟာရတနာရာမ

တိုက်နှင့် ပြည်မြို့  ရတနာပါဒကျောင်းတိုက်များ၌ စာပေပို့ချခဲ့ပြီး၊ ၁၃၅၄ခုနှစ်ကဆုန်လပြည့် ကျော်(၇) ရက်နေ့မှစပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ၊ ကံ့ကော်ရပ်ကွက်၌ မြို့  -မရမ်းချို အောင်

သစ္စာပရိယတ္တိစာသင်တိုက်

တည်ထောင်ဖွင့်လှစ်ကာ

ယခုအချိန်အထိပဓာနနာယကအဖြစ် ဖြင့် ငယ်၊ လတ်၊ ကြီး ဓမ္မာစရိယနှင့် ပါဠိတော် စာဝါများ ပို့ချခြင်း၊ နယ်လှည့်တရားဓမ္မ ဟော ပြောပြသခြင်း စသော ပရိယတ် ပဋိပတ် တာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။

ကျိုက်ထိုဆရာတော် အသျှင်နန္ဒောဘာသာဘိဝံသ မြို့ -မရမ်းချိုအောင်သစ္စာ စာသင်တိုက် ကံ့ကော်ရပ်ကွက်၊ ကျိုက်ထိုမြို့ ၊ မွန်ပြည်နယ်


ကျေးဇူးတင်လွှာ “တံငါသည်သား ရဟန္တာ” တရားစာအုပ် ဖြစ်ပေါ်လာအောင် အသံဖမ်းယူပေးကြ သော(၁)

အရှင်ခေမာစရ (ဓမ္မာစရိယ)

(၂)

အရှင်အဂ္ဂ၀ံသ (ဓမ္မာစရိယ) တို့အားလည်းကောင်း၊

တိတ်ခွေမှ စာမူကြမ်းဖြစ်အောင် ကူးယူပေးသောအရှင်သောဘန (ဓမ္မာစရိယ) အားလည်းကောင်း၊ စာမူကြမ်းမှ စာမူချောဖြစ်အောင် စိစစ် ဆောင်ရွက်ပေးသောအရှင်ဒေ၀ိန္ဒ (ဓမ္မာစရိယ) အားလည်းကောင်း၊ ကွန်ပျူတာ စာစီပေးကြသော (၁)

အရှင်နာယက (ဓမ္မာစရိယ)

(၂)

အရှင်နာဂသေန (ဓမ္မာစရိယ) တို့အားလည်းကောင်း၊

ကျမ်းစာအုပ် ဖြစ်ပေါ်လာအောင် ဝေယျာဝစ္စဆောင်ရွက်ပေးသော သု (သဒ္ဓမ္မရံသီ) နှင့် ကျေးဇူးတင်ထိုက်သူအားလုံးတို့အား ကျေးဇူး အထူးတင်ရှိပါ ကြောင်း ကမ္ဗည်းမှတ်တမ်းတင်အပ်ပါသည်။

(၁၁) ဘွဲ့ရ ကျိုက်ထိုဆရာတော် အသျှင်နန္ဒောဘာသာဘိဝံသ မြို့ -မရမ်းချိုအောင်သစ္စာ စာသင်တိုက် ကံ့ကော်ရပ်ကွက်၊ ကျိုက်ထိုမြို့ ၊ မွန်ပြည်နယ်

အမှာစာ


(၁၁) ဘွဲ့ရ ကျိုက်ထိုဆရာတော် ဟောကြားတော်မူသော “တံငါသည်သား ရဟန္တာ” ဆိုတဲ့ ဒီတရားတော်ဟာ ကျိုက်ထိုဆရာတော်ရဲ့  အုပ် (၂၀) မြောက် ဟောစဉ်တရားစာအုပ် ဖြစ်ပါတယ်။ အုပ်သေး ဆိုက်အားဖြင့် (၁၃) အုပ်မြောက်ပါ။ ရပ်ပြစ်ရှစ်ပါး အပါအ၀င်ဖြစ်တဲ့ ပြိတ္တာဘ၀, ပြိတ္တာ လောကတို့ရဲ့ အကြောင်းအရာများ ပြိတ္တာဘ၀ရောက်ခြင်းရဲ့ အကြောင်းတရား၊ ပြိတ္တာဘ၀မှ ကျွတ်လွတ်အောင်ပြုလုပ်နည်းများ ကို အပြည့်အစုံ သိရှိရလေအောင် လောကီ လောကုတ္တရာ ဗဟုသုတ စုံလင်စွာဖြင့် ဟော ကြားထားတာ ဖြစ်ပါတယ်။ “တံငါနားနီး

တံငါ၊

မုဆိုးနားနီး

မုဆိုး”

လို့

ဆိုရိုးစကား

ရှိခဲ့ပေမယ့်

တံငါမျိုးရိုးမှာဖြစ်ပြီး တံငါနားနီးသော်လည်း တံငါမဖြစ်ဘဲ ဘုရား သာသနာဝင်ရောက်လို့ တရားအားထုတ်ခဲ့တဲ့

အတွက်ကြောင့်

အရိယာ

သူတော်စင်

ရဟန္တာဖြစ်သွားတဲ့

သာဏ၀ါသီ

ရဟန်းတော်ရဲ့

အကြောင်းကို အခြေခံကာ ဟောကြားထားတဲ့အတွက်ကြောင့် “တံငါသည်သား ရဟန္တာ”လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။ ဒီတရားတော်မှာ တံငါလုပ်ငန်းဖြင့်

သာဏ၀ါသီ

ရဟန်းတော်ရဲ

အသက်မွေးနေထိုင်ကြရာမှ

ခန္ဓာ ပျက်ကြွေ

မိဘနဲ့

အစ်ကိုကြီးတို့

စုတေသွားကြသောအခါ

ပြိတ္တာဘ၀ရောက်သွား ခဲ့ကြပါတယ်။ ဆင်းရဲဒုက္ခရောက်နေကြရှာတဲ့ မိဘနဲ့အစ်ကိုကြီး ပြိတ္တာများကို

ပြိတ္တာဘ၀မှ

လွတ်မြောက်အောင်

အရှင်သာဏ၀ါသီမထေရ်မြတ်

ကယ်တင်ခဲ့ပုံကို အတုယူကြရမှာ ဖြစ် ပါတယ်။ အဲဒီလို ပြိတ္တာဘ၀ ရောက်သွားတဲ့ မိဘဆွေမျိုးများကို ကယ်တင်ချင်ရင်(၁)

အလှူခံပုဂ္ဂိုလ်သည် သီလစင်ကြယ်သူ ဖြစ်ရမယ်။

(၂)

အလှူရှင်ပုဂ္ဂိုလ်က နာမည်ကို ခေါ်ပြီးတော့ ကြည်ကြည်လင်လင်နဲ့ အမျှအတန်း

ပေး ဝေရမယ်။


(၃)

ပြိတ္တာကိုယ်တိုင်က ၀မ်းမြောက်စွာ သာဓုခေါ်နိုင်ရမယ် ဆိုတဲ့ အင်္ဂါသုံးချက် ညီညွတ်

ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခါ လှူဖွယ်ပစ္စည်းများလည်း စုံစုံလင်လင် ပေးလှူရမှာဖြစ်ပါတယ်။ ပရဒတ္တူပဇီဝိတပြိတ္တာလို့ခေါ်တဲ့ ပြိတ္တာဘ၀ရောက်ရှိသူ (၁)

စားစာရာနဲ့ ပြည့်စုံရလေအောင် ဆွမ်းခဲဖွယ် ဘောဇဉ်များ လှူဒါန်းပေးရမယ်။

(၂)

ဝတ်စရာနဲ့ ပြည့်စုံရလေအောင် အ၀တ်သင်္ကန်းများ လှူဒါန်းပေးရမယ်။

(၃)

နေထိုင်စရာ ဘုံဗိမာန်နဲ့ ပြည့်စုံရလေအောင် ကျောင်းလှူဒါန်းပေးရမယ်။ ကျောင်း

တစ်ဆောင်လုံး မတတ်နိုင်ရင် ကျောင်းဆောက်တဲ့အထဲကို နိုင်သလောက်ပါဝင်လှူဒါန်းပေး ရမယ်။ နောက်တစ်နည်းအားဖြင့် ဆောင်းစရာ ထီးများ လှူဒါန်းပေးရမယ်။ ဦးပဉ္ဇင်းတို့ ဆရာသမားတစ်ချို့  ရက်လည် ဆွမ်းကျွေးပွဲတွေမှာ အနုမောဒနာ တရား

ဟောကြားရတဲ့အခါ

ကျောင်းဒါနကုသိုလ်ပါဝင်ရလေအောင်

ဆောင်ရွက်ခဲ့ပုံကို

မှတ်သားခဲ့ရ ပါတယ်။ ဘယ်လိုလဲဆိုတော့“ဤအိမ်ကို သံဃာတော်အရှင်မြတ်တို့အား တာဝကာလိက ခေတ္တခဏအားဖြင့် ကျောင်းအဖြစ်ဖြင့် လှူဒါန်းကြပါကုန်၏ အရှင်ဘုရား။ သံဃာတော်များသည် ဤအိမ်ကို ကျောင်းအမှတ်ဖြင့်

သီတင်းသုံးတော်မူကြပါဘုရား”

ဟု

အိမ်ရှင်များကို

တိုင်ပေးကာကျောင်း အလှူပေးလှူစေခဲ့ပါတယ်။ (၄)

သောက်စရာများ ပြည့်စုံရလေအောင် ရေများ၊ အဖျော်ရည်များ လှူဒါန်းပေးရမယ်။

(၅)

စီးစရာယာဉ်ရထားနဲ့ ပြည့်စုံရလေအောင် ဖိနပ်များ လှူဒါန်းပေးရပါမယ်။

(၆)

အပူသောကများ ကင်းဝေးရလေအောင် ယပ်တောင်များ လှူဒါန်းပေးရပါမယ်။ အဲဒီလို လှူဖွယ်ပစ္စည်းများ စုံစုံလင်လင် စီမံပြီး သီလစင်ကြယ်တဲ့ အလှူခံပုဂ္ဂိုလ်ကို

လှူဒါန်းကာ ချမ်းသာပါစေဆိုတဲ့ စေတနာ၊ မေတ္တာ ရှေ့ ထားလျက် နာမည်ခေါ်ပြီး အမျှဝေမှ ကျွတ်လွတ်ပြီး ကောင်းရာသုဂတိ ရောက်ရှိနိုင်ကြောင်း မှတ်သားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရောက်ဖို့ရန် လွယ်ကူလှတဲ့ ပြိတ္တာဘ၀ကို မရောက်လိုသူများ၊ ရောက်နေ တဲ့ ဆွေမျိုးများကို ကယ်တင်လိုသူများ၊ ပြိတ္တာဘ၀၊ ပြိတ္တာလောကအကြောင်းကို သိလိုသူ


များ ဆောင်ထားသင့် ဆောင်ထားထိုက်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့အတွက်ကြောင့် မြန်မြန်လေးသာ ဆောင်ထားလိုက်ကြပါလို့ ……..

ဆရာပေးသောလက်ဖြင့်

တပည့် - အရှင်ဒေ၀ိန္ဒ (ငဖဲ) (သာသနဓဇ ဓမ္မာစရိယ) မြို့ -မရမ်းချိုအောင်သစ္စာ စာသင်တိုက် ကံ့ကော်ရပ်ကွက်၊ ကျိုက်ထိုမြို့ ၊ မွန်ပြည်နယ်


အမြတ်ဆုံးအလှူ

၁။

အရှင်ခေမာစာရ ဦးချစ်မြ + ဒေါ်လှရီ မိသားစု

၂။

ဦးပျော့ + ဒေါ်သန်း မိသားစု ကျုံမငေးမြို့ ။

၃။

၁၀၀၀၀၀

ဦးကျော်ဟိုး + ဒေါ်နန်းခင် မိသားစု နတ်မောက်မြို့ ။

၎။

၁၀၀၀၀၀

၁၀၀၀၀၀

ကိုမောင်စိုး + မနွယ်နွယ်မျိုး သား - မောင်ထွန်းမြတ်နိုင် (အောင် - စက်ပစ္စည်းရောင်း ၀ယ်ရေး) မိသားစု လုံးခင်းမြို့ ၊ ကချင်ပြည်နယ်

၅။

၁၀၀၀၀၀

ကိုချက် + မအေးအေး မိသားစု လုံးခင်းမြို့ ၊ ကချင်ပြည်နယ်။

၅၀၀၀၀


တံငါသည်သား ရဟန္တာတရားတော် ပလ္လင်ဖွင့် ၀န္ဒနာမြတ်ဂါထာ ၁၃၇၀ ပြည့်နှစ်၊ ၀ါခေါင်လကွယ်၊ မဟာဥပုသ်နေ့၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ၊ ကျိုက် ပေါလောဘုရား

ပရိဝုဏ်အတွင်းရှိ

ဓမ္မပူဇာအလှူရှင်များ

ဖြစ်ကြသည့်

ဒါယကာကြီး

ဦးခင်မောင် + ဒါယိကာမကြီး ဒေါ်တင်လှ မိသားစုတို့၏ အကြိမ်နှစ်ဆယ်မြောက်အဖြစ်ဖြင့် လှူဒါန်းပူဇော်အပ်သော ဓမ္မပူဇာ အလှူတော်ကို ခံယူ၍ ဟောကြားချီးမြှင့်အပ်သော ပေတ ၀တ္ထုပါဠိတော်လာ သာဏ၀ါသီထေရ ပေတ၀တ္ထုကို အမှီအငြမ်းပြု၍ ဟောကြားချီးမြှင့်အပ် သည့် တရားတော်ရဲ့  နာမည်က “တံငါသည်သား ရဟန္တာ” တဲ့။ ဘာပါလိမ့်ဗျာ။ (တံငါသည် သား ရဟန္တာပါဘုရား) “တံငါသည်သား ရဟန္တာ” ဆိုတဲ့ တရားလေး ဟောပေးမယ်လို့။ ဒီတော့ ဒီတရားဒေသနာတော်မြတ်ကို ဟောကြားပေးတော်မူတဲ့ မြတ်စွာဘုရားကို ရည်မှန်းတမ်းတ၍ ရှိခိုးပြီး ပလ္လင်ဖွင့်ကြရအောင် ….. ကရုဏာ သီတလ ဟဒယံ၊ ပညာပဇ္ဇောတ ၀ိဟတ မောဟတမံ။ သနရာမရ လာကဂရုံ၊ ၀န္ဒေ သုဂတံ ဂတိ ၀ိမုတ္တံ။ ကရုဏာ

သီတလ

ဟဒယံ

-

မဟာကရုဏာတော်မြတ်အတွင်းဓာတ်ကြောင့်

လှပ်လှပ်ဖွေးဖြူ အေးမြကြည်လင်သော စိတ်နှလုံး ရှိတော်မူပါပေထသော။ ပညာပဇ္ဇောတ ၀ိဟတမောကဟတမံ - အရဟတ္တမဂ်ဥာဏ်တည်းဟူသော ဆီမီးရောင်ဖြင့် ပယ်ဖျောက်အပ် ပြီးသော အ၀ိဇ္ဇာတည်းဟူသော အမိုက်မှောင်လည်း ရှိတော်မူပါပေထသော။ သနရာမရ လောကဂရုံ - နတ်နှင့်တကွသော သတ္တလောက အပေါင်း၏ ညွတ်ရုံးဦးခိုက် ပူဇော်ထိုက်ရာ လည်း ဖြစ်တော်မူပါပေထသော။ သုဂတံ - စကားခြောက်ခွန်း လူ၌ထွန်းလည်း နှစ်ခွန်းကို သာ အကျိုးရှိရာကို ကောင်းစွာမသွေ ဆိုတော်မူတတ်ပါပေထသော။ ဂတိဝိမုတ္တံ - ဒေ၀, မနုဿ, တိရစ္ဆာန်, လားရန်အရှိ ငါးတန်သော ဂတိတို့မှလည်း ချိုးဖျက်ကင်းလွတ်တော်မူပြီး ထသော။ ဗုဒ္ဓံ - သစ္စာလေးပါး မြတ်တရားကို မျက်ဝါးထင်ထင် ကိုယ်တော်တိုင်လည်း သိမြင် တော်မူ ဝေနေယျသတ္တ၀ါတို့ကိုလည်းပဲ သိစေတော်မူတတ်သော မြတ်စွာဘုရားရှင်


ကိုယ် တော်မြတ်ကို။ မယံ -

တရားဟောပုဂ္ဂိုလ် တရားနာပုဂ္ဂိုလ်ဟု ခေါ်ဆိုသမုတ်

အကျွန်ုပ်တို့ သည်။ ၀န္ဒေ ၀န္ဒာမ

- ကာယ, ၀စီ, မနော ချီ၍ အဉ္ဖလီညွတ်လျှိုး

လက်စုံမိုးကာ ရှိခိုး ကန်တော့လိုက်ပါ၏ မြတ်စွာ ဘုရား။ သာဓု …. သာဓု … သာဓုပါဘုရား ဧတေန သစ္စ၀ဇ္ဖေန - ဤသို့ နှုတ်သံ ဖော်ထုတ်ပြန်၍ ဟုတ်မှန်မကြွား မှန်ကန်စွာ ဆို လိုက်ရသည့် ပဏာမသစ္စာာစကားကြောင့်။ သာဓဝေါ - တရားချစ်ခင် စိတ်ကောင်းဝင်၍ ကြည်လင်ချမ်းသာ ရောက်လာကြကုန် အလုံးစုံသော သင် တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည်။ သုခိတာ - ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ကျန်းမာချမ်းသာကြ ကုန်သည်။

ဟောန္တု

ပြည့်စုံ၊ငွေနဲ့လည်း

-

ဖြစ်ကြပါစေကုန်သတည်း။ဓနသမ္ပန္နာ

ပြည့်စုံ

ကုန်လုံကြွယ်ဝချမ်းသာကြကုန်သည်။

-

ရွှေနဲ့လည်း ဟောန္တု

-

ဖြစ်ကြပါစေကုန်သတည်း။ ပုည သမ္ပန္နော - သာသနာပြုနိုင်သည့် ဘုန်းကံလက္ခဏာနှင့် ပြည့်စုံကြကုန်သည်။ ဟောန္တု - ဖြစ် ကြပါကုန်စေသတည်း။ ယထာသုခံ ယထာသုခေန ကိုယ်စိတ်နှစ်ဖြာ ကြည်ကြည်သာသာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့်။ ဒီဃာယုကာ - အသက်ရာကျော် ရှည်ကြကုန်သည်။ ဘ၀န္တု - မုချပုံသေ ဖြစ်ကြပါစေကုန်သတည်း။ သာဓု …. သာဓု … သာဓုပါဘုရား ကြောက်လန့်စရာ သံသရာ အော် ….တို့ဒကာ ဒကာမတွေ တရားသဘောလေးနဲ့ စဉ်းစားကြည့်တဲ့အခါကျတော့ ကြောက်စရာ လန့်စရာကောင်းတဲ့ သံသရာကြီး။ ပရိသတ်ရေတရားသဘောနဲ့စဉ်းစားကြည့် တော့ သံသရာကြီးဟာကြောက်စရာလန့်စရာ မကောင်းပေဘူးလား။ (ကြောက်စရာကောင်း ပါတယ်ဘုရား)

ဟုတ်တယ်။

ခုနင်က

ဘုန်းဘုန်း

ရွတ်ဆိုပြီးတော့

ပူဇော်သွားတဲ့

ရှင်မဟာဗုဒ္ဓ ဃောသ မဟာထေရ်မြတ် ရေးသားထားတော်မူတဲ့ ဗုဒ္ဓပဏာမ ဘုရားရှိခိုးတဲ့ ဂါထာထဲမှာ ဂတိဝိမုတ္တံ … ဆိုတဲ့ ပါဠိတော်တစ်ပုဒ် ပါတယ်။ ဂ၀ိဝိမုတ္တံ .. ဆိုတဲ့ ပါဠိရဲ့  မူရင်းအဓိပ္ပါယ်က မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် သည် ဂတိငါးပါးမှ ကင်းလွတ်တော်မူပြီလို့ ဒီလို အဓိပ္ပါယ်ရတယ်။ ပရိသတ်ကြီး ပြောကြည့် လိုက်ပါ။ ဘယ်လို အဓိပ္ပါယ်ရပါသလဲ။ (ဂတိငါးပါးမှ ကင်းလွတ်တော်မူပါတယ် ဘုရား) မြတ်စွာဘုရားသည် ဂတိငါးပါးမှ ကင်းလွတ်တော်မူပြီ။ ပြည့်ပြည့်စုံစုံ ပြန်ဖြေပါဦး (မြတ်စွာ


ဘုရားသည် ဂတိငါးပါးမှ ကင်းလွတ်တော်မူပါတယ်ဘုရား) အော် - ဘယ်လောက် ငြိမ်း ချမ်း သွားသလဲ။ ဂတိငါးပါးဆိုတာက - ပါဠိလို ပြောဦးမယ်။ နံပါတ် (၁) ဒေ၀ဂတိ ပြောကြည့်လိုက် ဘာလဲ။ ( ဒေ၀ဂတိပါဘုရား ) ဒေ၀ဂတိဆိုတာ နတ်ပြည်တဲ့နော်… ( မှန်ပါဘုရား ) ကုသိုလ်ကောင်းမှု ပြုသူများ နတ်ပြည်ရောက်သွားတော့ နတ်ခန္ဓာငါးပါး မရပေဘူး လား။ ( ရပါတယ်ဘုရား ) အဲဒါ ဘာဂတိလဲ။ ( ဒေ၀ဂတိ ) နောက်နံပါတ် (၂) က မနုဿဂတိ ဘာဂတိလဲ ( မနုဿဂတိပါဘုရား ) ဒါန, သီလ, ဘာဝနာတွေပြုလုပ်ထားကြတဲ့ ပုဂ္ဂိုလ်များ စုတေသည်၏ အခြားမဲ့မှာ လူ့ပြည်မရောက်ကြဘူးလား။ ( ရောက်ပါတယ်ဘုရား ) ဘုန်းဘုန်းနဲ့အတူ တို့ဒကာ ဒကာမတစ်တွေ အားလုံး ယခု ဘယ်နေရာရောက်နေ ကြသလဲ။ ( လူ့ပြည်ပါဘုရား ) တော်သေးတာပေါ့။ ကျိုက်ပေါလော ဘုရားဝင်းလို့ မပြောလို့နော်။ ဟုတ်တယ်။ လူ့ ပြည်ရောက်နေတာ။ နံပါတ် (၃) နိရယဂတိ …. တဲ့ ပြောကြည့်လိုက် ဘာပါလဲ။


( နိရယဂတိပါဘုရား ) နိရယဂတိဆိုတာ ငရဲကျနေတာနော်။ ကာယဒုစရိုက်, ၀စီဒုစရိုက်, မနောဒုစရိုက် စတဲ့

အကုသိုလ်အမှုတွေ

ပြုလုပ်တဲ့

ပုဂ္ဂိုလ်များ

သေသည်၏

အခြားမဲ့မှာငရဲကျမသွားနိုင်ဘူး လား။ ( ကျသွားနိုင်ပါတယ်ဘုရား ) အော် … ငရဲကျသွားလို့ရှိရင် ပရိသတ် ကုသိုလ်လုပ်ခွင့် ရသေးလား။ ( မရတော့ပါဘူးဘုရား ) နံပါတ် (၄) က ပေတဂတိ … တဲ့ ပြောကြည့်မယ်။ ဘာတဲ့လဲ။ ( ပေတဂတိပါဘုရား ) ပေတဂတိ။ ပေတ - ဆိုတာက ပြိတ္တာ၊ ပေတ ဆိုတာက ( ပြိတ္တာပါဘုရား ) ပြိတ္တာတွေ ဖြစ်နေကြတယ်။ သံယောဇဉ်တွေနဲ့ သေသွားကြလို့ ပါဏာတိပါတ စတဲ့ ဒုစရိုက်အမှုတွေ ပြုလုပ်ပြီးတော့ အကုသိုလ်တွေနဲ့ သေသွားလို့ရှိရင် ပြိတ္တာဖြစ်တတ်တယ်။ ဘာဖြစ်တတ်သလဲ။ ( ပြိတ္တာ ဖြစ်တတ်ပါတယ်ဘုရား ) အဲဒီ ပြိတ္တာဘ၀ ရောက်နေလို့ ရှိပြန်ရင်လည်းပဲ ပရိသတ်ရေ ကုသိုလ်လုပ်ခွင့် ရသလား။ ( မရပါဘုရား ) တော်သေးတယ်။ ဘုန်းဘုန်းနှင့်တကွ တို့ဆွေတော် မျိုးတော်များ ပေတဂတိ လွတ် နေတယ်နော်။ ( မှန်ပါဘုရား ) ဒေ၀, မနုဿ, နိရယ - နှင့် ပေတ, တိရစ္ဆာန် - တဲ့။ နံပါတ် (၅) က တိရစ္ဆာနဂတိ။ နံပါတ် (၅)က ( တိရစ္ဆာနဂတိ ပါဘုရား )


တိရစ္ဆာနဂတိ ဂတိလေး တွဲပြောကြကွယ့်နော်။ နံပါတ် (၅) က ဘာဂတိလဲ။ ( တိရစ္ဆာနဂတိ ပါဘုရား ) ဂတိငါးပါးဆိုတာ အဲဒါပဲနော်။ ဒေ၀ဂတိ, မနုဿဂတိ, နိရယဂတိ, ပေတဂတိ, တိရစ္ဆာနဂတိ။ ပြန်ပြောကြည့်ကြပါဦး ( ဒေ၀ဂတိ, မနုဿဂတိ, နိရယဂတိ, ပေတဂတိ, တိရစ္ဆာနဂတိပါဘုရား ) အေး တိရစ္ဆာန်ဘုံ ရောက်နေပြန်ရင်လည်းပဲ ပရိသတ်ရေ ကုသိုလ်ကောင်းမှု ပြုလုပ် ခွင့် ရပါ့မလား။ ( မရပါဘုရား ) အော် - တို့ဒကာ ဒကာမတွေ အ၀ိဇ္ဇာ, တဏှာ ဦးစီးပြီးတော့ ကုသိုလ်ကံတွေ လုပ်ထားလို့ရှိရင် ဒေ၀ဂတိ, မနုဿဂတိ ရောက်မယ် ဟုတ်ပလား။ ( မှန်ပါဘုရား ) အ၀ိဇ္ဇာ,

တဏှာ

ဦးစီးပြီးတော့

ကုသိုလ်ကောင်းမှုတွေ

ပြုလုပ်ထားလို့ရှိရင်

ဘယ်ဂတိ ရောက်မလဲ။ ဒေ၀ဂတိ, မနုဿဂတိ ရောက်မယ်။ ကုသိုလ်ကြောင့်နော် ( မှန်ပါဘုရား ) နောက်က နိရယဂတိ, ပေတဂတိ, တိရစ္ဆာနဂတိတို့က အကုသိုလ်ကြောင့် ရောက် တာ။ ဘာကြောင့် ရောက်သလဲ။ ( အကုသိုလ်ကြောင့် ရောက်တာပါဘုရား ) ဒီတော့ အ၀ိဇ္ဇာ, တဏှာ ဦးစီးပြီးတော့ ပရိသတ်ရေ အကုသိုလ်တွေ ပြုလုပ်လို့ရှိရင် ဘယ်ဂတိတွေ ရောက်မလဲ။ ပေတဂတိ, နိရယဂတိ, တိရစ္ဆာနဂတိ, ငရဲကျမယ်။ ပြိတ္တာဖြစ် မယ်။ တိရစ္ဆာန်ဖြစ်မယ်။ ဟုတ်ပလား။ ( မှန်ပါဘုရား )


အဲဒါပြောတာ ဒါတွေကို နားလည်လို့်ရှိရင် ပရိသတ်ရေ အရမ်း သံဝေဂရဖို့ ကောင်း တာ။


ရပ်ပြစ်ရှစ်ပါး မှတ်သားစရာများ အဲဒီတော့ ရပ်ပြစ်ရှစ်ပါး စာရွက်ကလေးကို အရင်ဆုံး ဝေထားတာ။ ဘုန်းဘုန်းတို့ ဖတ်ကြည့်ရအောင်နော်။ နံပါတ် (၁) စာပိုဒ်ကလေးကို ဖတ်ကြည့်ကြစမ်းပါ။ အားလုံး ပြိုင်တူ ဖတ်ရအောင်နော်။ နံပါတ် (၁) မဂ်, ဖိုလ်ရရန် အခွင့်အခါ မဟုတ်သောအခါကာလ, အခွင့်ကောင်း၊ အခါ ကောင်းမဟုတ်သော ကာလဒေသရှစ်ပါးကို အပြစ်ရှိသောအရပ် (ရပ်ပြစ်) ဟု ခေါ်သည်။ ကိုင်း …. ပရိသတ် ကြည့်စမ်း။ မဂ်, ဖိုလ်ရရန် အခွင့်အခါ မဟုတ်သော အခါကာလ, အခွင့်ကောင်း အခါကောင်း မဟုတ်သော ကာလဒေသ ရှစ်ပါးအရပ်ကို ရပ်ပြစ်ရှစ်ပါးလို့ ခေါ် သတဲ့။ ဘာခေါ်ပါလိမ့်မယ်။ ( ရပ်ပြစ်ရှစ်ပါးပါဘုရား ) အေး … အရပ်ဒေသအနေနဲ့ အပြစ်ရှိတာတော့ မဟုတ်ဘူးပေါ့ကွယ်နော်။ ဒါပေသိ ဒီအရပ် ဒီဒေသမှာ ရောက်နေသည့်အတွက် မဂ်, ဖိုလ် မရနိုင်တာ ပြောတာနော်။ ဘာ မရ နိုင်တာဘဲ။ ( မဂ်ဖိုလ်မရနိုင်တာပါဘုရား ) မဂ်, ဖိုလ် မရနိုင်တာ။ ကိုင်း …. ဒါဖြင့်ရင် အောက်က စာပိုဒ်ကလေး ဖတ်ကြည့်လိုက်စမ်း။ နံပါတ် (၈) ထိ အောင်။ ရပ်ပြစ်ရှစ်ပါးဆိုသည်မှာ …. (၁)

ငရဲ။

(၂)

တိရစ္ဆာန်။

(၃)

ပြိတ္တာ (အသူရကာယ် - အပါအ၀င်)။

(၄)

အသက်ရှည်သော အရူပဘုံ အသညသတ်ဘုံ။


(၅)

ဘုရားနဲ့ ရဟန္တာများ မရောက်သော ပစ္စန္တရာဇ်အရပ်။

(၆)

မိစ္ဆာဒိဋ္ဌိ အယူရှိခြင်း။

(၇)

တရားကို နားလည်နိုင်အောင် ဥာဏ်မရှိသူဖြစ်ခြင်း။

(၈)

ဥာဏ်ရှိသော်လည်း ဘုရားမပွင့်သည့်အခါ လူဖြစ်ရခြင်းတို့ ဖြစ်သည်တဲ့။

ကိုင်း … ပရိသတ်ရေ တစ်ခုချင်းစီ ကြည့်စမ်းပါ။ ငရဲပြည်ရောက်နေပါပြီတဲ့။ မဂ်, ဖိုလ်, နိဗ္ဗာန် ရောက်နိုင်ပါ့မလား။ ( မရောက်နိုင်ပါဘုရား ) တိရစ္ဆာန်ဘ၀ ရောက်နေပါပြီတဲ့။ မဂ်, ဖိုလ်, နိဗ္ဗာန်ရောက်နိုင်ပါ့မလား။ ( မရောက်နိုင်ပါဘုရား ) ပြိတ္တာဘ၀ ရောက်နေပါပြီ။ မဂ်, ဖိုလ်, နိဗ္ဗာန်ရောက်နိုင်ပါ့မလား။ ( မရောက်နိုင်ပါဘုရား ) အရူပဘုံမှာ သွားပြီးတော့ဖြစ်နေပါပြီ။ မဂ် , ဖိုလ်, နိဗ္ဗာန်ရနိုင်ပါ့မလား။ ( မရနိုင်ပါဘုရား ) ဘုရားနဲ့ ရဟန္တာ မရောက်သော ပစ္စန္တရာဇ်အရပ်၊ သာသနာမထွန်းကားတဲ့ အရပ်မှာ သွားပြီးတော့ လူရယ်လို့ ဖြစ်နေပါပြီ။ မဂ်, ဖိုလ်, နိဗ္ဗာန်ရနိုင်ပါ့မလား။ ( မရနိုင်ပါဘုရား ) ကံ, ကံရဲ့  အကျိုးကို မယုံကြည်တဲ့ မိစ္ဆာဒိဋ္ဌိ အယူရှိနေပါပြီ။ မဂ်, ဖိုလ်, နိဗ္ဗာန် ရောက်နိုင် ပါ့မလား။ ( မရောက်နိုင်ပါဘုရား ) တရားနားလည်နိုင်တဲ့ ဥာဏ်မရှိသူ ဖြစ်နေတယ်ဆိုရင်လည်း လူပဲဖြစ်ပေမယ့် မဂ်, ဖိုလ်, နိဗ္ဗာန်ရနိုင်ပါ့မလား။ ( မရနိုင်ပါဘုရား )


ဥာဏ်ရှိသော်လည်းပဲ ဘုရားမပွင့်တဲ့အခါ သာသနာပကာလ လူသွားပြီး ဖြစ်နေရပြီ ဆိုပြန်ရင်ကော မဂ်, ဖိုလ်, နိဗ္ဗာန်ရနိုင်ပါ့မလား။ ( မရနိုင်ပါဘုရား ) အော် …. ဒကာ၊ ဒကာမတို့ ဘုန်းဘုန်း အဲဒါကို စိုးရိမ်တာနော်။ နံပါတ် (၇) ကလေး ကို ဘုန်းဘုန်း တိုက်တွန်းနေတာနော်။ ( မှန်ပါဘုရား ) နံပါတ် ဘယ်လောက်လဲ။ ( ခုနစ်ပါဘုရား ) ဒီကနေ့ ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ်တရားတွေ နာနေကြတယ်။ သစ္စာလေးပါး တရားတွေ နာနေကြတယ်။ နားလည်အောင် နာ-နော်။ ၀ိပဿနာတရားတွေ နာနေကြ တယ်။ ဘယ်လို နာကြမလဲ။ ( နားလည်အောင် နာရမှာပါဘုရား ) နားလည်အောင်နာ။ တို့တော့ကွယ်

တရားတော့

နားမလည်ဘူးဆိုရင်

နံပါတ်

(၇)

ငြိနေပြီ။

ဦးလေးကြီးမြင့် ကြီး သဘောပေါက်ရဲ့ လား။ ( သဘောပေါက်ပါတယ် ဘုရား ) “ခန္ဓာငါးပါးတရားတွေတော့ သွား သွား နာတာပဲကွယ် ဘုန်းကြီးကလည်း ဘာဟော မှန်းတော့ မသိဘူး” ဘုန်းကြီးကတော့ ဒီတရားဟောတာပါပဲ။ အမှန်က ကိုယ်က ဥာဏ်မမှီတာ ဥာဏ်မမှီ ရင် ဘာနဲ့သွားငြိနေမလဲ။ ( နံပါတ် ခုနစ်နဲ့ ငြိနေပါတယ် ဘုရား )


တရားကို နားလည်နိုင်တဲ့ ဥာဏ်မရှိရင် ပရိသတ် ဒီဘ ၀ မဂ်, ဖိုလ်, နိဗ္ဗာန်ရနိုင်ပါ့ မလား။ ( မရနိုင်ပါဘူးဘုရား ) မနစ်နာဘူးလား ( နစ်နာပါတယ်ဘုရား ) စေတနာနဲ့ ပြောတာပါ။ တစ်နည်းပြောမယ်ဆိုရင် ချစ်လို့ ပြောတာပါ။ ဒါလေးတော့ တိုးတိုးပြောမှ၊ တိုးတိုး ပြောမှ ဟတ်ထဲ-ရောက်မှာ၊ အကျယ်ကြီးပြောရင် မရောက်ဘူး။ ချစ်လို့ပြောတာ-နော်။ ( မှန်ပါဘုရား ) အဲဒါကြောင့် ဂရုစိုက်နားထောင်။ ပဋိစ္စသမုပ္ပါဒ်တွေ ဟောနေတယ်။ “ဘာတွေ ဟော မှန်းမသိဘူး။ ဘုန်းကြီးကလဲ” အဲဒီလိုဆိုရင် ဘာနဲ့သွားငြိနေမလဲ။ တရားကို နားလည်နိုင် အောင် ဥာဏ်မရှိသူဖြစ်ခြင်းဆိုတဲ့ အပိုဒ်နဲ့ ငြိမနေဘူးလား။ ( ငြိနေပါတယ် ဘုရား ) ဒီဘ၀ မဂ်ဖိုလ်ရနိုင်ပါ့မလား။ ( မရနိုင်ပါ ဘုရား ) တို့ … ဒကာ ဒကာမတွေအားလုံး ကံကောင်းနေတယ်။ ဥာဏ်ကောင်းတဲ့ဘ၀ ရမနေ ဘူးလား။ ( ရနေပါတယ် ဘုရား )

ချစ်လို့ပြောတာ နားထောင်ပါ။ ကိုင်း … ဆက်ဖတ်ကြည့်စမ်း


“ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကံကောင်း ဥာဏ်ကောင်းသော လူအဖြစ်ကို ရ ခိုက်မှာ ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်ငြိမ်းအေးကြ၍ ခန္ဓာဥာဏ်ရောက်ဝိပဿနာဘ၀နာတရား များ ကြိုးစားပွားများ အားထုတ်နိုင်ကြပါစေ။ အားထုတ်တော်မူကြပါ” တဲ့။ တို့ ဗုဒ္ဓဘာသာတွေ လက်ရှိရရှိထားတဲ့ ဘ၀ရဲ့  အရည်အချင်းကလည်းဘာလဲကွယ်။ ကံကောင်း၊ ဥာဏ်ကောင်း။ ပရိသတ်ရေ ကိုယ့်ဘ ၀လေးကိုလည်း အမွှမ်းတင်နော်။ ( မှန်ပါဘုရား ) ဘုန်းဘုန်း တခါတလေ ကရုဏာဖြစ်တာ ရှိတယ်။ ကရုဏာဒေါသလို့လည်း ပြောရင် ရပါတယ်။ ဘုန်းဘုန်း ပြောပြမယ်။ ဒကာ ဒကာမတို့ ဥာဏ်မီအောင်နားထောင်။ကိုယ့်သားလေး တွေ သမီးလေးတွေကို ပညာတတ်ကြီးတွေမဖြစ်ချင်ကြဘူလား။ ( ဖြစ်ချင်ပါတယ်ဘုရား ) “တို့တုန်းက ဘွဲ့ရအောင် မသင်ခဲ့ရဘူး။ ငါ့ကလေးတွေကျ ဘွဲ့ရအောင်ကိုထားမှာ။ အဆင့်အတန်းမြင့်၊ မြင့်ချင်သလောက်မြင့်ပလေ့စေ။ နောက်ကနေပြီးတော့ ပံ့ပိုးနိုင်အောင် ပံ့ပိုးမယ်” ဆိုပြီးတော့ မိဘမေတ္တာကြီးမားစွာဖြင့် ပညာတတ်မြောက်အောင် ဆောင်ရွက် စီမံ မပေးဘူးလား။ ( ပေးပါတယ် ဘုရား ) ဟော အဲဒီအခါကျတော့ ဟာ… ကျိုက်ထိုလောက်နဲ့တော့ တို့ကလေး ဥာဏ် တစ်အားကောင်းတာ မမှီဘူး။ အဲဒီတော့ ဒီထက်ကောင်းတဲ့ ရန်ကုန်၊ ဒဂုံ (၁) တု,ိ့ ဒဂုံ (၂) တို့ ဒါတွေသွားထားမယ်။ အဲဒီလို မစီမံဘ���းလား။ ( စီမံပါတယ် ဘုရား )


ဟာ တစ်ခါတည်း ကျောင်းကောင်းကောင်း , ဆရာ ဆရာမကောင်းကောင်း, ကျူရှင် ဆရာ, ဆရာမ ကောင်းကောင်း၊ ပရိသတ်ရေ ကိုယ့်သားလေး သမီးလေးတွေကျတော့ ရွေး ပြီးတော့ မထားပေးဘူးလား။ ( ထားပါတယ်ဘုရား ) ကိုင်း … ကိုယ့်ဘ၀ ကိုယ်ပြန်ကြည့်။ ကိုယ့်သားသမီးရဲ့  ပညာရေးကျတော့ မိမိတို့ မိဘတွေက အလေးထားပြီး ဒဂုံ (၁) ဒဂုံ (၂) စသည်ဖြင့် အဆင့်အတန်း အင်မတန်မြင့်တဲ့ နေရာကြီးတွေကို မရောက်ရောက်အောင် ကြိုးစားပြီး ထားကြတာ။ ပညာတတ်ကြီးတွေ၊ ဘွဲ့ ရကြီးတွေဖြစ်အောင် ထားကြတာ။ ကိုယ့်အတွက်

ပြန်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့

ကိုယ့်အတွက်ကျတော့

ပရိသတ် တရားတောင် လိပ်ပတ်လည်အောင် မနာချင်ဘူး။ ပရိသတ်ကြီး မမှန်ဘူးလား။ ( မှန်ပါတယ်ဘုရား ) တော်စွ လျော်စွနဲ့ ဘ၀ကို ဖြုန်းတီးပစ်လိုက်တာ။ အဲဒါ ဘုန်းဘုန်း စိတ်မကောင်းဘူး။ ကိုယ့်သားသမီး ပညာရေး ကောင်းအောင် ကြိုး စားသလို မိမိအတွက်လည်းပဲ ပရိသတ်ရေ ကံကောင်း ဥာဏ်ကောင်းအောင် ကြိုးစားကြဖို့ မကောင်းဘူးလား။ ( ကြိုးစားဖို့ ကောင်းပါတယ်ဘုရား ) ကဲ ကိုယ်ကျတော့ လွတ်ချပစ်လိုက်ရော “၀ိပဿနာ အားထုတ်မနေပါနဲ့ကွာ” ဟော သွားပြီ။ ဘာနဲ့ သွားငြိနေမတုန်း။ နံပါတ် ခုနစ်နဲ့ သွားငြိနေပြီ။ ဟာ-သွားပြီးတော့ တရားတော့နာတယ်။ ဒါ ဘုန်းဘုန်းတို့ အညာဘက်ဒေသ တရား ဟောတဲ့ ဘုန်းကြီးအကြောင်း ပြောရဦးမယ်။ ကြာတော့ ပရိသတ် အဲဒီဘုန်းကြီးဘွဲ့ကို မခေါ်

တော့ဘူး။

ဘုန်းကြီးဘွဲ့က

ဟောတဲ့တရားက တစ်ပုဒ်တည်း။

ဦးဣန္ဒကတဲ့။

အဲဒီဘုန်းကြီး

ပင့်ထားလို့ရှိရင်


ယံ ကိဉ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ရတနပရိတ်မှာ မြတ်စွာဘုရားဟောထားတာ။ “လောကသုံးပါးမှာ

ဘုရားရတနာသည်

အမြတ်ဆုံးပဲလို့

ဒကာ

ဒကာမတို့

မှတ်ကြပေ ရော့။ သဘောပေါက်ကြရဲ့ လား။ ( ပေါက်ပါတယ်ဘုရား ) အဲဒီမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး အခါကာလမှာလှူဒါန်း

ရတဲ့

ဒါနဆိုတာက

ပွင့်ထွန်းတော်မူတဲ့ နိဗ္ဗာန်တိုင်အောင်

ရောက်နိုင်တယ်။

သဘောပေါက်ကြလား။ ( ပေါက်ပါတယ်ဘုရား ) ကိုင်း ပေါက်ရင် ရေစက်ချရအောင် ကြာတော့အဲဒီဘုန်းကြီးကို

ဦးဣန္ဒကလို့

မခေါ်တော့ဘူး။

ယံကိဉ္စိ

ကိုယ်တော်ကြီးတဲ့။ ဘာကိုယ်တော်ကြီးတဲ့တုန်း။ ( ယံကိဉ္စိ ကိုယ်တော်ကြီးပါ ဘုရား ) ပရိသတ်ရေ အဲဒါလေးနဲ့ပဲ ကျေနပ်နေတာပဲ။ ဒကာတွေက ကျေနပ်နေတော့ နံပါတ် ခုနစ်နဲ့ ငြိမနေဘူးလား။ ( ငြိနေပါတယ် ဘုရား ) သနားလို့ ပြောတာ။ ချစ်လို့ ပြောတာ။


ပဋိစ္စသမုပ္ပါဒ်တွေ နားလည်အောင် လုပ်ကြစမ်းပါ။ ခန္ဓာငါးပါး ၀ိပဿနာတရားတွေ ကို သဘောပေါက်အောင် ကြိုးစားစမ်းပါ။ သစ္စာလေးပါး တရားတွေကို ဥာဏ်နဲ့ စူးစူးရှရှ ခံစား နိုင်အောင် ကြိုးစားကြစမ်းပါ ဟုတ်လား။ ( မှန်ပါဘုရား ) ဘုန်းဘုန်း

ဘာလို့

ဒီစကား

ဖွင့်ပြောတာလဲ။

ချစ်လို့ပါ။

ချစ်တဲ့သူ

ပြောရင်

နားထောင် ရတယ်ဟုတ်လား။ တို့ပရိသတ်ကတော့ ဘုန်းဘုန်းကို ချစ် , မချစ်တော့ မသိဘူး။ ဘုန်းဘုန်းကို ချစ်ရင် ဘုန်းဘုန်းပြောတာ နားထောင်မှပေါ့။ ဟုတ်လား။ ( မှန်ပါဘုရား ) ဥပမာ ဘုန်းဘုန်းကနေပြီးတော့ ဒကာကြီး ဦးခင်မောင်ကို ချစ်တယ်ပေါ့နော်။ ဦးခင် မောင်ပဲ ချစ်ရဲပါတယ်။ အဲဒီတော့ ဒကာကြီး ဦးခင်မောင်ကို ဘုန်းဘုန်းက ချစ်တယ်ဆိုကြပါစို့။ “ဦးခင်မောင် သန်းခေါင်ကျော်အချိန်တွေ မသွားနဲ့နော်။ ဒါတွေ မစားနဲ့။ ဒီအချိန်ရေချိုး။ ဒီအချိန် ရေမချိုး နဲ့” ဆိုလို့ရှိရင် ကဲ … ဘုန်းဘုန်းပြောလို့ရှိရင် ဒကာကြီး နားထောင်မှာ မဟုတ်ပေဘူးလား။ ( နားထောင်မှာပါဘုရား ) ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ချစ်တဲ့ ဘုန်းဘုန်းက ပြောတာကိုနော်။ ( မှန်ပါဘုရား ) အဲသလိုပဲပေါ့။ ပရိသတ်ကဘုန်းဘုန်းကိုချစ်တယ်ဆိုလို့ရှိရင်ဘုန်းဘုန်း

ဘုန်းဘုန်းတို့ ပြောတာ

နားထောင်မှာလား။ ( နားထောင်မှာပါ ဘုရား ) နားထောင်ရင် ချစ်တယ်လို့ မှတ်လိုက်မှာပေါ့။ ဟုတ်လားဗျာ။

နားထောင်ရမှာပေါ့။


( မှန်ပါဘုရား ) ဒါ

စေတနာတွေပါ။

အဲဒီတော့

ပရိသတ်ရေ

ကံယိဉ္စိ

ကိုယ်တော်ကြီးတို့လို

တရားမျိုးနဲ့ ပြီးနေရင် ဒီဘ၀ မဂ်ဖိုလ်ရပါ့မလား။ ( မရပါဘူးဘုရား ) ကိုင်း - သင်္ကြန်တရားလေးအကြောင်း ပြောပြဦးမယ်နော်။ အညာဘက်မှာ သင်္ကြန် ရောက်ပြီဆိုလို့ရှိရင် သွားကြပြီ။ “အေး ဒီကနေ့ ဘာနေ့တုန်းဟဲ့” “မှန်လှပါ သင်္ကြန်အကျနေ့ပါဘုရား” အေး … သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းကွဲ့။ ပြီးခဲ့တဲ့ နှစ်ကလည်း ပြောင်းခဲ့ပြီ။ ဒီနှစ် လည်း ပြောင်းလာပြန်ပြီ။ နောက်နှစ်လည်းပဲ ပြောင်းနေဦးမှာပဲ။ အဲဒါ ဘာခေါ်တုန်း” “သင်္ကြန်ပါဘုရား” အေး … သင်္ကြန်တွင်းလှူတဲ့ ဒါနကြောင့် နိဗ္ဗာန်ရောက်ကြပါစေလို့ ဘုန်းဘုန်းက ဆု တောင်းပေးပြီးတော့ ကဲ ရေစက်ချရအောင်” အဲဒါက သင်္ကြန်ကိုယ်တော်။ ကျန်တဲ့တရား ဘာမှ မပြောင်းဘူး။ သင်္ကြန်လေး စကား တစ်လုံးတည်းနဲ့ အဲဒါ သင်္ကြန်တွင်းတစ်တွင်းလုံး အဲဒီတရားလေး ဟောသွားတာ။ အဲဒီလို သင်္ကြန်တရားလေးနဲ့ပြီးနေရင် ပရိသတ် ဒီဘ ၀ မဂ်, ဖိုလ်, နိဗ္ဗာန်ရပါ့မလား။ ( မရပါဘူးဘုရား ) ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ သားသမီးတွေ ပညာရေး ဂရုစိုက်သလို မိမိရဲ့  ဘ၀ပညာ ရေးကို မြှင့်တင်ပေးပါ။ ၀ိပဿနာပညာကို ပြောတာနော်။ ( မှန်ပါဘုရား ) အေး … ဒါကြောင့် ဗုဒ္ဓဘာသာဝင် သူတော်ဝင်တို့သည် ကံကောင်းတဲ့ဘ၀, ဥာဏ် ကောင်းတဲ့ဘ၀ လူအဖြစ်ကို ရနေတဲ့အချိန်မှာ ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်ငြိမ်းအေးရလေ


အောင် ခန္ဓာဥာဏ်ရောက် ၀ိပဿနာတရားများ ကြိုးစားပွားများ အားထုတ်နိုင်ကြပါစေကုန် သတည်း။ သာဓု … သာဓု …. သာဓုပါဘုရား

ကိုင်း …. ပရိသတ်ကြည့်စမ်း။ အဲဒီ ရပ်ပြစ်ရှစ်ပါးထဲမှာ တို့ နံပါတ် (၁) က လွတ်မနေ ဘူးလား။ ( လွတ်နေပါတယ် ဘုရား ) ငရဲမှ မကျဘဲနဲ့နော်။ နံပါတ် (၂) တိရစ္ဆာန်အဖြစ်ကကော လွတ်မနေဘူးလား ( လွတ်နေပါတယ်ဘုရား ) နံပါတ် (၃) ပြိတ္တာအဖြစ်ကကော ( လွတ်နေပါတယ်ဘုရား ) နံပါတ် (၄) အရူပဘုံ အသညသတ်ဘုံအဖြစ်ကကော ( လွတ်နေပါတယ်ဘုရား ) ကင်းလွတ်နေတယ်။ နံပါတ် (၅) ဘုရားနဲ့ရဟန္တာများ မရောက်တဲ့ ပစ္စန္တရာဇ်ဆိုတဲ့ အရပ်ကကော ( လွတ်နေပါတယ်ဘုရား ) တို့ လွတ်နေပါတယ်။

နံပါတ် (၆) မိစ္ဆာဒိဋ္ဌိ အယူရှိခြင်းစတဲ့ ရပ်ပြစ်ကကော ( လွတ်နေပါတယ်ဘုရား ) လွတ်နေပါတယ်။ အေး ဟုတ်ပြီ။


နံပါတ် (၈) ဥာဏ်ရှိသော်လည်းပဲ ဘုရားမပွင့်တဲ့အခါမှာ လူဖြစ်ရခြင်းဆိုတဲ့ အပြစ် ကကော တို့ လွတ်မနေဘူးလား။ ( လွတ်နေပါတယ် ဘုရား ) အခုဟာ ဘုရားပွင့်ဆဲ ကာလနော်… ( မှန်ပါ ) အဲဒီတော့

နံပါတ်

(၇)

လေးကို

တို့ပရိသတ်

အရယူရမှာ

ပြင်ဆင်ပြီးတော့လေ။တရား ကို နားလည်နိုင်အောင် ဥာဏ်မရှိသူဆိုရင်တော့ ပရိသတ် ဒီဘ၀ မဂ်ဖိုလ်မရဘူး။ အဲဒီတော့ ဘယ်လိုဖြစ်မလဲ။ တရားကို နားလည်နိုင်အောင် ဥာဏ်ရှိတဲ့သူဖြစ်ဖို့ တို့ ကြိုးစားရမယ်။ ဘယ်လိုကြိုးစားရမလဲ။ ( တရားသိတဲ့ ဥာဏ်ရှိတဲ့သူဖြစ်အောင် ကြိုးစားရမှာပါ ဘုရား ) တရားကို နားလည်နိုင်အောင် ဥာဏ်ရှိသူဖြစ်ဖို့ တို့ ကြိုးစားရမယ် သဘောပေါက်ကြ လား။ ( သဘောပေါက်ပါတယ်ဘုရား ) ဘာလို့ ဒီစကား ဘုန်းဘုန်းပြောတာလဲ။ ချစ်လို့ ပြောတာနော်။ ( မှန်ပါဘုရား ) အေး … တို့ဒကာ ဒကာမတွေ အားလုံး သဘောပေါက်ပြီ။


ပုတီးစွဲလျှင် ပြိတ္တာခွင် အော်

အဲဒီကထဲမှာ

ပြိတ္တာဘဝ

ရောက်သွားရင်

ကြောက်စရာကောင်းတဲ့

အကြောင်း ဘုန်းဘုန်းပြောမလို့နော်။ ပြိတ္တာဖြစ်ဖို့က သတ္တ၀ါအများစုမှာ အလွန် နီးစပ် တယ်။ ပရိသတ်ရေနော်။ ငရဲကျဖို့ဆိုတာ ထားလိုက်ပါဦး။ တိရစ္ဆာန်ဖြစ်ဖို့ဆိုတာ ထားလိုက် ပါဦး။ အဲဒီမှာ နံပါတ် (၄) အရူပဘုံ အသညသတ်ဘုံ ရောက်တယ်ဆိုတာ ဈာန်ရမှ ရောက် တာ။ ထားလိုက်ဦးနော်။ ဘုရားနဲ့ ရဟန္တာမရောက်တဲ့ ပစ္စန္တရာဇ်အရပ်၊ ဒါ ထားလိုက်ဦးနော်။ မိစ္ဆာဒိဋ္ဌိဘ၀ တို့ လွတ်နေတယ်။ ဒီဘ၀။ နံပါတ် (၈) တို့ လွတ်မြောက်နေတယ်။ ဘုရားပွင့်တဲ့ အခါ ဒီမှာ လူဖြစ်နေတယ်။ အဲဒီကတည်းက ပရိသတ်ရေ နောက်ဘ၀ဆိုတာလေးကို စဉ်းစားလိုက်ရင် ပြိတ္တာ ဖြစ်ဖို့ နီးစပ်တယ်။ နောက်ဘ၀ စဉ်းစားလိုက်ရင် ဘာဖြစ်ဖို့ နီးစပ်သလဲ။ ( ပြိတ္တာဖြစ်ဖို့ နီးစပ်ပါတယ်ဘုရား ) ပြိတ္တာဖြစ်ဖို့ နီးစပ်တယ်။ ဒကာ.. ဒကာမတို့ အဲဒါလေး သတိထားရမယ်နော်။ ( မှန်ပါဘုရား ) အော် … ဘုန်းဘုန်း ပြောပြမယ်။ ပြိတ္တာ ဘာလို့ဖြစ်သလဲဆိုရင် အဋ္ဌသာလိနီ အဋ္ဌကထာ ဖွင့်တာလေးကို ဘုန်းဘုန်း ပြောပြမယ်နော်။ ယေဘုယျေန ဟိ သတ္တာ တဏှာယ ပေတ္တ၀ိသယံ ဥပပဇ္ဇန္တိ။ (ဏီ၊ ဋ္ဌ၊ ၁၇၂။) ယေဘုယျေန - များသောအားဖြင့်။ သတ္တာ - သတ္တ၀ါတို့သည်။ တဏှာယ - တဏှာ သံယောဇဉ်ကြောင့်။ ပေတ္တိဝိသယံ - ပြိတ္တာဘုံသို့။ ဥပပဇ္ဇန္တိ - ရောက်ကြရရှာလေကုန်၏။ သတ္တ၀ါတွေဟာ များသောအားဖြင့် တဏှာကြောင့် ပြိတ္တာဖြစ်တာ ဘာကြောင့်လဲ။ ( တဏှာကြောင့်ပါဘုရား )


မှတ်ထားနော်။ ဘာကြောင့် ပြိတ္တာဖြစ်ရတာလဲ။ ( တဏှာကြောင့် ပြိတ္တာဖြစ်ရတာပါဘုရား ) တဏှာဆိုတာ ပရိသတ် သာမန်အားဖြင့် တို့ဒကာ ဒကာမတွေ တစ်ယောက်နဲ့ တစ်ယောက် ရာဂနဲ့ချစ်တာ တဏှာလို့ ထင်ကြမှာပေါ့။ အဲဒါတင် မကဘူး။ အတွယ်အတာ မှန်သမျှ တဏှာချည်းပဲ။ အတွယ်အတာမှန်သမျှ ဘယ်လိုလဲ။ ( တဏှာချည်းပါဘုရား ) တဏှာချည်းပဲနော်။ ဒါ… ဗိုလ်လိုပြောတော့ (ခရေးဗင်း) လို့ ခေါ်တယ်။ အတွယ် အတာ မှန်သမျှ တပ်မက်မှုမှန်သမျှ တဏှာချည်းပဲ။ အဲဒီတဏှာကြောင့် ပြိတ္တာဖြစ်တာ။ တဏှာကြောင့် ဘာဖြစ်လဲ။ ( ပြိတ္တာဖြစ်တာပါဘုရား ) အဲဒါ ဘုန်းဘုန်းတစ်ခု ပြောပြမယ်။ ဒကာမ တစ်ယောက်ကလေ သူက ပုတီးတကုံး ကောက်ရထားတယ်။ သူ့ပုတီးလေးကကိုးလုံးပုတီး၊ ပုတီးမည်းမည်းလေး။ ဆေးပုတီးပေါ့ ဗျာ။ ဆိုကြပါစို့ အဲဒီ ပုတီးလေးရဲ့  အပေါ်မှာ သူက သံယောဇဉ်ဖြစ်နေတာနော်။ (ခရေးဗင်း) ဖြစ်နေတာပေါ့။ အတွယ်အတာလေးဖြစ်နေတာ။ သွားလေရာပါတယ် အဲဒီပုတီးလေး။ အဲဒီတော့ ပရိသတ်ကြီး သဘောပေါက်ထားရမှာက ပုတီးကို မစွဲနဲ့။ ဂုဏ်တော်ကို စွဲ ရမယ်။ ဘာကိုမစွဲနဲ့။ ဘာကိုစွဲရမလဲ။ ( ပုတီးကို မစွဲနဲ့ ဂုဏ်တော်ကို စွဲရမှာပါဘုရား ) “ဟဲ့ .. ငါ့ပုတီးလေး ဘယ်နားထားတုန်း” ပုတီးလေး ပျောက်သွားရင် လိုက်ရှာနေပြီ။ အဲဒါသဘောပေါက်လိုက်။ ပုတီးရဲ့ အပေါ်မှာ ဒါ … အစွဲအလမ်းဖြစ်နေတာ။ ပရိသတ်တို့ ဖြစ် တတ်တယ်နော်။ ( ဖြစ်တတ်ပါတယ်ဘုရား )


ဆေးပုတီးလေးများ ရထားရင် ပိုပြီးတော့ တွယ်တာသေးတယ်။ “ဒါက ကျိုက်ထို ဘုန်းဘုန်းပေးခဲ့တာ။ ပယောဂတွေ ဘာတွေကောင်းသတဲ့။” အံမယ် ကျိုက်ထိုဘုန်းကြီးက လည်း

အရွှီးအရွှမ်း ကလည်း

ရေလေးနဲ့

ကောင်းတာကိုးဗျာ့နော်။

စိမ်သောက်။

ပယောဂဆို

“ဒီပုတီးလေး

တစ်ခါတည်း

ဆောင်ထား။ လွင့်သွားမယ်။”

ကျိုက်ထိုဘုန်းကြီးကလည်း အပြောကောင်းဆိုပဲ။ ကျုပ်တော့ မသိပါဘူး အဲဒီဘုန်းကြီး။ အဲဒါနဲ့ ပရိသတ်တို့ရေ အညာဘက်မှာပါ။ အဲဒီ အမျိုးသမီးတစ်ယောက်က အဲဒီ ကိုးလုံးပုတီးလေးကို အတွယ်အတာလေးဖြစ်နေတာ။ သူ့ပုတီးပျောက်မှာ သိပ်စိုးရိမ်တာ။ တခါတလေများ အထားမှားလို့ရှိရင် တစ်ခါတည်း မူးနောက်နေအောင် ရှာရတာ။ အဲဒါနဲ့ ဆိုကြပါစို့ သူက ပရိသတ်ရေ ဂုဏ်တော်ကို မစွဲဘဲနဲ့ ဘာကိုစွဲနေလဲ။ ( ပုတီးကို စွဲနေတာပါဘုရား ) အမှန်က ဂုဏ်တော်စွဲလို့ရှိရင် ပရိသတ် ပုတီးမပါဘဲလည်းပဲ ပွားနိုင်ရမယ်။ ( မှန်ပါဘုရား ) ပုတီးမပါလည်းပဲ ( ပွားနိုင်ရမှာပါဘုရား ) ပွားများနိုင်ရမယ်။ ပွားများနိုင်တဲ့ အရည်အချင်း ရှိရပါလိမ့်မယ်။ “ငါ့ပုတီးမှ င့ါပုတီးရယ်” လို့ အစွဲအလမ်း ထားလို့ရှိရင်ကတော့ အဲဒါ ပုတီးရဲ့ အပေါ်မှာ အတွယ်အတာ တဏှာဖြစ်ပါပြီဟုတ်လား။ ( မှန်ပါဘုရား ) အဲဒါနဲ့ ဆိုကြပါစို့ဗျာ။ အဲဒါ သူ့ရဲ့ အမျိုးသား သူ့ရဲ့ သားသမီးတွေက “အော် … င့ါဇနီး ငါတို့အမေဟာ သူ့ပုတီးလေးကို သိပ်စွဲတာပဲ ဘယ်သူမှ မကိုင်နဲ့” ဆိုပြီး သေချာသိမ်းပးကြ တယ်။


အဲဒါနဲ့ နောက်ပိုင်းကျတော့ ပရိသတ်ရေ အဲဒီအမျိုးသမီး သေသွားပြီ။ သေသွားတဲ့ အခါကတော့ သူ့ယောက်ျားနဲ့ သားသမီးတွေက အဲဒီပုတီးလေးကို “အော် … တို့အမေ အင် မတန်

နှစ်သက်တဲ့

ပုတီးလေး”

ဆိုပြီး

ခေါင်းထဲ

ထည့်ပေးလိုက်တာ။

ပါသွားပြီ။

ဘယ်နောက် ပါသွားတုန်း။ ( အခေါင်းထဲ ပါသွားတာပါဘုရား ) အခေါင်းထဲ ပါသွားပြီ။ အဲဒီအမျိုးသမီးကကော ဘယ်နောက်ပါသွားတုန်း။ ပုတီးထဲ ပါသွားပြီ။ ဘယ်ထဲပါသွားလဲ။ ( ပုတီးထဲ ပါသွားပါတယ်ဘုရား ) အဲဒါနဲ့ ပရိသတ်ရေ မြှုပ်လိုက်ရောပေါ့ဗျာ။ သုဿာန်ထဲ သွားမြှုပ်လိုက်။ မြှုပ်တဲ့အခါ ကျတော့ ပရိသတ်အားလုံး ပြီးစီးသွား။ ကာလတွေကြာသွားပြီ။ ကြာသွားတဲ့အခါကတော့ အဲဒီနေရာလေးက ဆွေးမြေ့ဟောင်းနွမ်းသွားပြီပေါ့။ ကိစ္စက ပြီးသွားပြီ အောက်မေ့တာ။ ရက်လည်တာကော၊ လလယ်တွေကော၊ နှစ်ပတ်လည်တွေကော အကြိမ်ကြိမ်လုပ်။ အဲဒါနဲ့ နောက်ပိုင်းကျတော့ ဒီမြေစာပုံ အဟောင်းနေရာလေးမှာ၊ ထပ်တူပြီးတော့ နောက်အလောင်းတစ်လောင်း မြှုပ်တော့ ဒီပုတီးလေး ပေါ်လာတယ်။ ပုတီးလေးက မဆွေး သေးဘူး။ အဲဒါနဲ့ အဲဒီပုတီးလေးကို ပရိသတ်ရေ တွင်းတူးတဲ့ လူတွေက ယူလာရော။ အိမ် ရောတော့ ဟော ညကျတော့ လာတောင်းတာပေါ့။ “ငါ့ပုတီး ပြန်ပေး ငါ့ပုတီး ပြန်ပေး” “ဟဲ့

ဘယ်ကပါလိမ့်မတုန်း။

အကြီးကြီး” “ငါ့ပုတီး ပြန်ပေး ငါ့ပုတီး ပြန်ပေး”

အမယ်လေးကြောက်လိုက်တာ

အသံကြီးက


အဲဒါနဲ့ အင်မတန်

ပရိသတ်တို့ရေ အတွယ်အတာ

စုံစမ်းလိုက်တဲ့အခါကျတော့နော် ဖြစ်လွန်းအားကြီးလို့

သူ့ရဲ

အဲဒီပုတီးလေးကို

့မိသားစုက

အခေါင်းထဲ

ထည့်ပေးလိုက်တာ။ အဲဒါ နဲ့ ပရိသတ်တို့ ဟိုက မကျွတ်ဘဲဖြစ်ပြီးတော့ ဘယ်မှာစွဲနေလဲ။ ( ပုတီးမှာပါ ဘုရား ) ပုတီးမှာ စွဲနေတယ်။

ပုတီးမှာ စွဲလို့လည်း

မကျွတ်တာပဲ။

အဲဒါ ပုတီးစိပ်တဲ့

အမျိုးသမီး ပြိတ္တာဖြစ်တယ်။ ပြောရတော့လည်း အားတော့ နာစရာကောင်းပါတယ်။ ပရိသတ်ရေ ဂုဏ်တော်ကြောင့် မဟုတ်ဘူးဆိုတာတော့ သဘောပေါက်ထားနော်။ ( မှန်ပါဘုရား ) ဘာကြောင့် ပြိတ္တာဖြစ်တာလဲ။ ( ပုတီးကြောင့်ပါဘုရား ) ပုတီးကိုစွဲတဲ့ တဏှာကြောင့် တိတိကျကျ ပြောရအောင်နော်။ ဘာကြောင့် ပြိတ္တာ ဖြစ်ရတာလဲ။ ( ပုတီးကို စွဲတဲ့တဏှာကြောင့်ပါဘုရား ) ပုတီးကိုစွဲတဲ့ တဏှာကြောင့် ပြိတ္တာဖြစ်တာ။ အဲဒါနဲ့ အိပ်လို့မရတဲ့အခါကျတော့ သူ က ဆရာတော်ကြီးတွေ သွားလျှောက်။ ဆရာတော်ကြီးတွေက “အော် အဲဒီ ပုတီးကို စွဲသေ တဲ့လူရှိလိမ့်မယ်ကွ။

အဲဒီတော့

မင်းဆွမ်းလေးတစ်အုပ်

သင်္ကန်းလေးတစ်စုံလောက်နဲ့

သံဃာတွေ ဆွမ်းကပ်ပြီးတော့ အမျှအတန်းဝေလိုက်” ဆိုတော့ ပရိသတ်ရေ အဲဒီမှာ အမျှ အတန်းဝေလိုက်တော့မှ ကျွတ်သွားတာ နောက် မလာတော့ဘူးနော်။ ဒါကြောင့် အတွယ်အတာ အင်မတန် ခက်တယ် ဟုတ်လား။ အဲဒီတော့ ပရိသတ် ပြိတ္တာဖြစ်ဖို့ မနီးစပ်ဘူးလား။ ( နီးစပ်ပါတယ်ဘုရား )

ကျောင်းကိုစွဲလည်း ပြိတ္တာပဲ


ဟော … ပရိသတ်တို့ရေ ပြောရဦးမယ်။ မကွေးတိုင်ဖက်မှာ အရပ်ဒေသတွေက ဒီ ဘုန်းဘုန်းရဲ ရွာတွေတော့

့မင်မိုရီထဲမှာ

အကုန်လုံးရှိနေတယ်။

ချန်ထားမယ်နော်။

အဲဒီ

ဒါပေသိ

ကျောင်းက

သူတို့ရဲ

ဆရာတော်က

သိက္ခာအရ

ပရိသတ်တို့ရေ

ဆရာတော်ကြီး ပျံလွန် တော်မူသွားရော။ ပျံလွန်တော်မူသွားတဲ့အခါကျတော့ ဆရာတော်ကြီးကလေ ပျံလွန်တော်မမူခင် ဘာ အားကြီးတုန်းလို့ဆိုတော့ သူ့ကျောင်းသံယောဇဉ် သိပ်အားကြီးတာ။ “င့ါဗီရိုမကိုင်နဲ့။ ငါ့နာရီ မကိုင်နဲ့” ရှိသမျှ ငါ့ပစ္စည်းချည်းပဲ လုပ်တာနော်။ ( မှန်ပါဘုရား ) “ငါ့ပစ္စည်းမကိုင်နဲ့။ ငါ့နာရီ မကိုင်နဲ့။ ငါ့သင်္ကန်းတွေ မကိုင်နဲ့။ ငါ့စာအုပ်တွေ မထိနဲ့။ ဒီ ဟာက ၀တ္ထုထားတာ ဒီနား ဘယ်ကောင်မှ မသွားနဲ့” အဲဒီလို ဖြစ်နေတာနော်။ အဲဒါနဲ့ ဆရာတော်ကြီး ပျံလွန်တော်မူသွားတဲ့အခါကျတော့ ပရိသတ်ရေ အဲဒီမှာ နောက်ဘုန်းကြီး ကျောင်းထိုင်၊ ရက်လည်လည်းလုပ်ပါရဲ့ ။ လလည်ဆွမ်းတွေလည်း လုပ်ပါ ရဲ့ ၊ နှစ်ပတ်လည်တွေလည်း လုပ်ပါရဲ့ ။ ဒါပေသိ ဆရာတော်ကြီး မကျွတ်ဘူး။ အဲဒါနဲ့ ပရိ���တ် ဘာဖြစ်တုန်းဆိုတော့ နောက်ထိုင်တဲ့ ကိုယ်တော်လေးကို ညညကျ ဆွဲ ဆွဲချတာ။ ခြေထောက်ဆွဲချတာ။ “ငါ့ကျောင်း မနေနဲ့” ကိုင်း … ဘယ်လိုလုပ် နေရဲတော့ မလဲ။

ဆရာတော်ကြီး

သက်တော်ရှစ်ဆယ်ကျော်မှ

ပျံတော်မူသွားတာ။

အဲဒီ

ဆရာတော်ကြီး က ပြောပြတာ ဘုန်းဘုန်းကို။ အဲဒါနဲ့ ဆရာတော်ကြီးဦးကောသလ္လအပါအ၀င်ပေါ့ဗျာ။ သံဃာတွေ ညနေစောင်း ကျောင်းပေါ်ပင့်ပြီးတော့ ပရိရွတ်ကြမလို့။ ဒကာ၊ ဒကာမတွေက ပရိတ်မရွတ်ခင် တစ်ခါ တည်း သံဃာတွေကို လက်ဖက်ရည်နဲ့ ထန်းလျက်ခဲ ကပ်ထားတာ။


ညနေ လက်ဖက်ရည်ကြမ်းနဲ့ ထန်းလျက်ခဲ ကပ်ထားတဲ့အခါကျတော့ အဲဒီမှာ စားပွဲ မှာ ထိုင်ပြီးတော့ သံဃာတွေ ဘုဉ်းပေးနေလိုက်တာ။ ဒီနား တစ်ဝိုင်း။ ဟိုနားတစ်ဝိုင်းပေါ့။ တစ်ဆယ့်ငါးပါးလောက်ရှိတယ်။ ပရိသတ်ရေ

ဘေးကဆရာတော်တွေ

ကြောက်စရာကောင်း။

ဆရာတော်

ပင့်ထားတာ။

အဲဒီမှာ

ဦးကောသလ္လတို့ဝိုင်းက

ရေနွေးခရားကြီးက ပရိသတ်ရေ ကောင်းကင်တက်သွားတာ လွင့်လွင့် လွင့်လွင့်နဲ့။ “ဟာ …ဟာ ဘယ်လိုတုန်း ” လန့်ကုန်ပြီ။ ခေါင်းတွေ ကြီးကုန်ပြီ။ ဟိုကျောင်းခေါင်မိုး ကို ထိခဲ့ပြီးတော့မှ ဖြည်းဖြည်းချင်း ပြန်ကျလာတာ။ အမယ် သူက ပညာသားတော့ပါတယ်။ တကယ့်ဖြစ်ရပ်နော် ပရိသတ်။ အဲဒါနဲ့ စားပွဲပေါ် အသာလေး ပြန်ကျတော့ ရေနွေးခရားကို မကိုင်ရဲ ကိုင်ရဲနဲ့ ကိုင် ကြည့်လိုက်တော့ ရေနွေးတစ်စက်မှ မပါတော့ဘူး။ သူ သောက်နိုင်တယ်နော်။ သရဲကြီး သောက်နိုင်တယ်။ ပြိတ္တာကြီး ရေနွေးအပူတွေ သောက်နိုင်တယ်။ ကပ်ပြီး စုပ်လိုက်မှာပေါ့။ သူက ပြီးသွားပြီနော်။ တစ်ပေါက်မှ မပါတော့ဘူး။ ရေနွေးတွေ။ ဟာ … တစ်ခါတည်း ဘုန်းကြီးတွေ ပရိတ်မရွတ်ရဲတော့ဘူး။ “ကိုင်း .. ဒကာတို့ တို့တော့ ပြေးပြီဟေ့” ဘုန်းကြီးတွေက စထွက်ပြေးတော့ ဒကာတွေလည်း မနေနိုင်တော့ ဘူး။ ဟာ … ဖိနပ်တွေ နေခဲ့ ကောက်မနေတော့ဘူး နေပလေ့စေ။ ကျောင်းပေါ် ဘယ်သူမှ မကျန်တော့ဘူး။

ထွက်ပြေးတာ။

အကုန်ထွက်ပြေးပြီးတော့

ပရိသတ်ရေ

ဘုန်းကြီးတွေကော ဒကာမတွေကော ရွာထဲသွားတိုင်ပင်ကြပြီ။ “တို့ … ဘယ်လို လုပ်မလဲ။ ဒီဘုန်းကြီးပြိတ္တာ သိပ်ကြမ်းတာ” ဟုတ်တယ်။ ပရိသတ် ဘုန်းကြီးများ ပြိတ္တာဖြစ်ရင် သိပ်မလွယ်ဘူး။ ကျွတ်ဘူး။ ကြည့်လေ သူတို့က ပရိတ်ကြီး (၁၁) သုတ် အကုန်ရထားတာလေ။ သမန္တာ စက္က၀ါဠေသု - ဆိုရင် သူက အတြာဂစ္ဆန္တု ဒေ၀တာ - ဆိုတယ်။ ပဋ္ဌာန်းရွတ်မလား လာခဲ့။ ဟေုတပစ္စယော - ဆိုရင် သူက အာရမ္မဏ ပစ္စယော ဆိုတယ်။ ဘယ်လိုလုပ် ရွတ်မတုန်း။


ဒါကြောင့် ဘုန်းကြီးပြိတ္တာက ပဌာန်းလည်း မနိုင်ဘူး။ ကမ္မ၀ါလည်း မနိုင်ဘူး။ သုဏာတု မေ ဘန္တေ သံဃော -ဆုရိ င် သူက ဣမေ - ဆိုပြီးတော့ ရှေ့ ကချည်းသွားနေတာ။ သရဏဂုံလည်း မကြောက်ဘူး။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဟိုက ကြောက်ကြောက်နဲ့ ဆိုရင် သူက ဓမ္မံ သရဏံ ဂစ္ဆာမိ ဆိုတယ်။ ရှေ့ က သွားနေတာ။ အဲဒီလိုဆိုတော့ ကျွတ်ဖို့ မလွယ် တော့ဘူး။ အဲဒါနဲ့ “ကိုင်း ဒီလိုဆိုရင် ဘယ်လိုလုပ်မလဲ” “ပယောဂ ဆရာပင့်မယ်” ပရိသတ် ဘာဆရာလဲ ( ပယောဂဆရာပါဘုရား ) ဒီဘုန်းကြီးပြိတ္တာကို

နှင်ထုတ်ဖို့တဲ့။

ဒါကြောင့်

သတိထားနေရတယ်နော်။

ဘုန်းဘုန်းတို့ လည်းပဲ တရားပဲ ဂရုစိုက် အားထုတ်နေရတယ်။ တော်ကြာ ပယောဂဆရာ အပ်မှာ ကြောက်ရတယ်။ အဲဒါနဲ့ ပယောဂဆရာ ငှားရောပေါ့ဗျာ။ ပင့်တော့ ပယောဂဆရာ လာတယ်။ ကျောင်းပေါ်မတက်ရဲဘူး။ ပယောဂဆရာကလည်းပဲ တစ်ခါတည်း ကျောင်းရဲ့  ခေါင်း ရင်းမှာ သူက စည်းဝိုင်း ၀ိုင်းလိုက်တယ်။ ဟိုဘက် ထန်းပင် ဒီဘက်ထန်းပင်၊ ဟိုဘက် အုန်း ပင်၊ ဒီဘက် အုန်းပင်၊ ဟိုဘက်က တင်းကုတ်၊ ဒီဘက်က တိုင်ပေါ့။ အဲဒီမှာ လေးရပ်နယ် စည်း သတ်မှတ်ပြီးတော့ အဲဒီကတည်းက ပွဲတွေထိုးတာ။ ပွဲတွေ ထိုးပြီးတော့ တစ်ခါတည်း မန်းမှုတ်ပေါ့လေနော်။ ဘုရားငါးဆူအမိန့် ဘာညာ တွေပေါ့လေ။ သူ့အမိန့်ကတော့ ဘာမှမရှိဘူး။ သူက အမိန့်မပေးနိုင်ဘဲနဲ့ ဘုရားငါးဆူ အမိန့် ဆိုပြီးတော့ သူက အမိန့်တွေ ဘာတွေ ပေးပြီးတော့ မန်းမှုတ်နေတုန်းမှာ အပေါ်က စာရွက် တစ်ရွက်ကျလာတာ။ အဲဒီက အထဲကို စာရွက်က ၀ါနေပြီ။ စာရွက်ဟောင်းကြီး။ “ဟေ့ စာရွက်ကျလာပြီ”


စာရွက်က အဲဒီစည်းထဲ တည့်တည့်ကျလာတာ။ ကောက်ဖတ်ကြည့်လိုက်တော့ ပရိသတ်ရေ ပြိတ္တာရေးတဲ့စာ၊ ဘုန်းကြီးပြိတ္တာ စာပါတတ်တာနော်။ “ပယောဂဆရာ မင်းမသေချင်ရင် မြန်မြန်ပြန်” ဟာ … ပရိသတ်ရေ ပယောဂဆရာ ဖိနပ်တောင် မကောက်နိုင်ဘူး။ ထပြေးတာ။ အဲဒီတော့ ပရိသတ်တို့ ဘာလုပ်ရမှတ်သလဲ။ အဲဒီကျောင်းကြီးကို ဘယ်ဘုန်းကြီးမှ မထိုင်ရဲ ဘူး။အဲဒီတော့ဘုန်းကြီးမရှိလည်းမဖြစ်တော့။အဲဒီကကျောင်းခြံထဲမှာပဲကျောင်းတစ်ကျောင်း အသစ် ထပ်ဆောက်ရတယ်။ အသစ် ထပ်ဆောက်ပြီးတော့ အသစ်ဆောက်တဲ့ ကျောင်း ပေါ်မှာ ဒကာတွေနဲ့ ညညစောင့်အိပ်ပြီး နောက်ဘုန်းကြီးက နေရတယ်။ အဲဒီ

မူလကျောင်းဟောင်းကြီးပေါ်ကို

တက်လို့မရတော့နောက်ဆုံးဖျက်ပြီး

ဘယ်လိုမှ

တော့ ပုံထားရတယ်ဗျာ။ ကျောင်းကြီးဖျက်ပြီးတော့

ပုံထားတော့မှ ပြိတ္တာကြီး နေစရာ မရှိ တော့ ဘယ်ရောက်သွားတုန်း မပြောတတ်ပါဘူးနော်။ ကျိုက်ထိုဘက် ရောက်လာတယ်လို့ တော့ မပြောရဲဘူး။ ညည ကြောက်မှာစိုးလို့။

ပြိတ္တာဖြစ်ခြင်း အကြောင်းရင်း အဲဒီတော့ ပရိသတ်ရေ ဆိုလိုတာက ပြိတ္တာဖြစ်ဖို့ မနီးစပ်ဘူးလား။ ( နီးစပ်ပါတယ်ဘုရား ) ပြိတ္တာဖြစ်ဖို့ နီးစပ်တယ်။ အဲဒါကြောင့် အဋ္ဌသာလိနီ အဋ္ဌကထာမှာ ဖွင့်ထားတယ်။ ယေဘုယျေန ဟိ သတ္တာ တဏှာယ ပေတ္တ၀ိသယံ ဥပပဇ္ဇန္တိ။ (ဏီ၊ ဋ္ဌ၊ ၁၇၂) ယေဘုယျေန - များသောအားဖြင့်။ သတ္တာ - သတ္တ၀ါအပေါင်းတို့သည်၊ တဏှာယ တဏှာကြောင့်။ ပေတ္တ၀ိသယံ - ပြိတ္တာဘုံသို့။ ဥပပဇ္ဇန္တိ - ရောက်ကြရလေကုန်၏။ ဣတိ ဤသို့လျှင်။ ဒဋ္ဌဗ္ဗော - ကောင်းစွာမသွေ မှတ်ထိုက်ပါပေတော့သတည်း။


သာဓု … သာဓု … သာဓု ပါဘုရား

ပြိတ္တာဖြစ်တာ ဘာကြောင့်လဲ။ ( တဏှာကြောင့်ပါဘုရား ) တဏှာကြောင့် ရောက်တာလို့နော်။ အဲဒီတော့ တဏှာရယ်၊ လောဘရယ်၊ ရာဂရယ် ပရိသတ် တစ်သဘောတည်းပဲနော်။ ( မှန်ပါဘုရား ) တစ်သဘောတည်းပဲ လောဘ ဆိုတာကျတော့ ဘာလဲ။ လောဘသည် ဆင်းရဲခြင်းရဲ့  အကြောင်းတရား။ လိုချင်မှုပေါ့။ တဏှာဆိုတာကျတော့ တွယ်တာတပ်မက်မှု စွဲလမ်းမှု (ခရေးဗင်း) လို့ ခေါ် တယ်။ ရာဂဆိုတာကျတော့ ပရိသတ်ရေ လိုချင်တပ်မက်တတ်တဲ့ တရားတဲ့။ ရာဂဆိုတာ ဘာတရား။ ( လိုချင်တပ်မက်တဲ့ တရားပါဘုရား ) အဲဒါ တော်တော်ခက်တယ်နော်။ (အဲ့တဲ့ခ်ျမဲ့န်တ်) ဆိုတာ တို့ပရိသတ်သိပါတယ်။ (အဲ့တခဲ့်ျမဲ့န်တ်) လို့ ပြောလိုက်ရင် သံယောဇဉ်မရှိဘူး ဆိုပေမယ့်လို့ ပရိသတ်ရေ အတွယ် အတာလေးတော့ ရှိတယ်။ ဘာလေးတော့ ရှိသလဲ။ ( အတွယ်အတာလေးတော့ ရှိပါတယ်ဘုရား ) အဲဒီ အတွယ်အတာလေး တွေကြောင့် ပြိတ္တာ ဖြစ်တာ၊ တစ်ချို့ ဇာတ်ကားတွေထဲမှ ဘုန်းဘုန်းတို့က ဒီတရားသဘောလေးတွေ သိနေတဲ့အခါကျတော့ ဟာ တစ်ခါတည်း သူ့ ချစ်သူ သူ့ဇနီးကိုပေါ့လေ တအားလွမ်းပြီးတော့ သေဆုံးသွားကြတယ်။ ဇာတ်လမ်းအရပေါ့။ သေခါနီး သူ့ဇနီးက သွားတွေ့တယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း မတည့်တဲ့အခါ ကျတော့ လက်ကို ဆွဲချင်လို့ လက်ကလေး ကမ်းတယ်။ ဟိုကလည်းပဲ မတည့်တော့ လက်


ကမ်းမပေးဘူး။

အဲဒီအချိန်အခါမှာ

ပရိသတ်ရေ

ယောက်ျားဖြစ်တဲ့

ပုဂ္ဂိုလ်ကတမ်းတပြီးတော့ သေသွားတယ်။ ကိုင်း … ပရိသတ် စဉ်းစားကြည့်စမ်း။ တရားသဘောနဲ့။ အဲဒီယောက်ျား ပြိတ္တာဖြစ်ဖို့ မသေချာဘူးလား။ ( သေချာပါတယ်ဘုရား ) ကိုင်း … ပရိသတ် ဘယ်လို သေကြမတုန်း။ ပြိတ္တာဖြစ်ဖို့က တော်တော်ကို သေချာ တယ်။ ကြည့်လေ ပရိသတ် ရှေးတန်းက ဒါတရားသဘောနဲ့ ပြောမလို့ပါ။ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို အင်မတန် ချစ်တယ်။ အင်မတန် ချစ်တဲ့အခါကျတော့ အဲဒီကောင်မလေးဆီက ဓာတ်ပုံလေးယူပြီးတော့ အမြဲတမ်း သူ့ ဓာတ်ပုံလေး ကြည့်ကြည့်ပြီးတော့ သီချင်းလေး ညည်းသတဲ့ ပရိသတ်ရေနော်။ “ချစ်ပင်ချစ်ရိုး ချစ်လိုက်ပါတဲ့ … မေ” ဓာတ်ပုံလေး ကြည့်ပြီးဆိုတာ။ ဘုန်းဘုန်းဆိုတာ မဟုတ်���ူး။ အဲဒီ ကောင်လေး ဆို တာနော်။ “ချစ်ပင်ချစ်ရိုး ချစ်လိုက်ပါတဲ့ … မေ။ သဉ္ဇာညောင်ဗွေ အမြဲပင် တမ်းတနေ၊ မောင် ကြည့်လေ လွမ်းမပြေ၊ မေ့ဓာတ်ပုံလေး ပြုံးယောင်သမ်းလို့ …. နေ” သူ့ရဲ့ ချစ်သူ မေရဲ့ ဓာတ်ပုံလေးက အမြဲတမ်းပြုံးနေတာ။ အံမယ် သဘောတွေကျလို့ ဓာတ်ပုံတစ်ကိုင်ကိုင်နဲ့။ ပြိတ္တာဖြစ်ဖို့ မသေချာဘူးလား။ ( သေချာပါတယ်ဘုရား ) ““ချစ်ပင်ချစ်ရိုး ချစ်လိုက်ပါတဲ့ … မေ။ သဉ္ဇာညောင်ဗွေ အမြဲပင် တမ်းတနေ၊ မောင် ကြည့်လေ လွမ်းမပြေ၊ မေ့ဓာတ်ပုံလေး ပြုံးယောင်သမ်းလို့ …. နေ” ဓာတ်ပုံလေးက အမြဲတမ်း ပြုံးနေတာပေါ့ နော်။ အဲဒါနဲ့ ပရိသတ် တစ်နေ့သောအခါ ကျတော့ အိမ်သာတက်ရင်း ဆိုတယ်။


သူ့ဓာတ်ပုံက အမြဲတမ်းပါသွားနေတာကို၊ အိပ်ကပ်ထဲ အမြဲပါသွားတော့ အိမ်သာ အပေါက်ပိတ်ပြီးတော့ ပရိသတ်ရေ အိမ်သာထဲမှာ ထိုင်ပြီးတော့ တစ်ခါတည်း နောက်ဖေး သွားရင်းနဲ့ သီချင်းဆိုနေတာ။ ဆိုနေရင်းနဲ့ ပရိသတ် ဓာတ်ပုံလေးက အောက်ကျသွားရော။ ဓာတ်ပုံလေး အောက်ကျသွားတော့ ဘယ်သူမှသိတာမှ မဟုတ်ဘဲနဲ့

အိမ်သာကလည်းပဲ

ဒီခေတ်လို ရေအိမ်သာမဟုတ်ဘူး။ တွင်းကြီး။ ရွာသူ ရွာသားတွေ စွန့်ထားတာလို့ဆိုတော့ တစ်ခါတည်း မိလ္လာတွေပြည့်ခါနီးနေပြီ။ အဲဒီမှာ သူ့ချစ်သူဓာတ်ပုံက ပရိသတ် မှောက်ဝါးထိုးလေးကျတာ။ချစ်သူဓာတ်ပုံလေး က မျက်နှာလေး အောက်ကကျ။ မရရအောင် လှမ်းကောက်တယ်။ လက်ပြင်တွေများ အောင့်လို့တဲ့။ သူပြောပြတာ။ ပြန်ယူလိုက်တော့ ဟော သီချင်းစာသားက ပြောင်းသွားပြီ။ ဆိုကြည့်လေ … “ချစ်ပင်ချစ်ရိုး ချစ်လိုက်ပါတဲ့ … မေ။ သဉ္ဇာညောင်ဗွေ အမြဲပင် တမ်းတနေ၊ မောင် ကြည့်လေ လွမ်းမပြေ၊ မေ့ဓာတ်ပုံလေး ချီးတွေပေလို့ …. နေ” စာသားက ပြောင်းသွားတာ။ အဲဒီတော့ ပရိသတ်ရေ ဒါ-ပြိတ္တာဖြစ်ဖို့ မနီးစပ်ဘူးလား။ ( နီးစပ်ပါတယ်ဘုရား ) ဟုတ်တယ် ပရိသတ် ဒါ ဘုန်းဘုန်းက ဥာဏ်ဖွင့်ပေးနေတာနော် ( မှန်ပါဘုရား ) “မေ့ဓာတ်ပုံလေး ချီးတွေပေလို့ နေ” အဲဒီလို ဖြစ်သွားတာနော်။ ပြိတ္တာဖြစ်ဖို့ နီးစပ်တဲ့အကြောင်း ဘုန်းဘုန်း ပြောပြတာ နော်။ အဲဒါကြောင့် တဏှာ, လောဘ, ရာဂ, သံယောဇဉ်လေးနဲ့ သေလိုက်ရင် ပရိသတ် ဘာဖြစ်ဖို့များသလဲ။ ( ပြိတ္တာဖြစ်ဖို့ များပါတယ်ဘုရား )


ငရဲကျခြင်း အကြောင်းရင်း အော် … စကားဆုံးအောင် ပြောရဦးမယ်။ ဒေါသနဲ့ သေလို့ရှိရင်ကတော့ ပရိသတ် တို့ရေ ငရဲကျတတ်တယ်တဲ့။ ဒေါသနဲ့သေရင် ဘာဖြစ်လဲ။ ( ငရဲကျတတ်ပါတယ် ဘုရား ) ဒေါသေန ဟိ စဏ္ဍဇာတိတာယ ဒေါသသဒိသံ နိရယံ ဥပပဇ္ဇန္တိ။ (ဏီ၊ ဋ္ဌ၊ ၁၇၂) ဒေါသေန - ဒေါသကြောင့်။ စဏ္ဍဇာတိတာယ - ကြမ်းတမ်းသော သဘောရှိသည်၏ အဖြစ်ကြောင့်။ ဒေါသသဒိသံ - ဒေါသနှင့်တူလှစွာသော။ နိရယံ - ငရဲသို့။ ဥပပဇ္ဇန္တိ - ရောက် ကြရလေတယ်လို့။ ဒဋ္ဌဗ္ဗော - ကောင်းစွာမသွေ မှတ်ထိုက်ပါပေတော့သတည်း။ သာဓု … သာဓု …. သာဓုပါဘုရား

ဒေါသ - ဆိုတာ ပရိသတ်ရေ ဖြစ်လာရင် စိတ်တွေမကြမ်းတမ်းလာဘူးလား။ ( ကြမ်းတမ်းပါတယ်ဘုရား ) ဒေါသဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ ပရိသတ် နူးညံ့နေသလား။ ကြမ်းတမ်းနေသလား။ ( ကြမ်းတမ်းနေပါတယ်ဘုရား ) နောက်တစ်ခါ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကော ကြမ်းတမ်းမလာဘူးလား ( ကြမ်းတမ်းလာပါတယ်ဘုရား ) အဲဒီလိုဆိုရင် ပရိသတ်ရေ သုံးဆယ့်တစ်ဘုံထဲမှာ ကြမ်းတမ်းတဲ့ဘုံရှိတယ်။ ငရဲဘုံ၊ ကြမ်းတမ်းတဲ့ဘုံ ဘယ်ဘုံလဲ။ ( ငရဲဘုံပါဘုရား ) အဲဒါကြောင့် “ဟေ့ တို့ကတော့ ခပ်ကြမ်းကြမ်းပဲ” ဆိုတဲ့လူတွေ သေရင် ဘယ်သွား မတုန်း။


( ငရဲသွားမှာပါဘုရား ) ခင်ဗျားတို့

ပြောတာနော်။

ကျုပ်ကို

တရားခံမချနဲ့။

ဒေါသအားကြီးရင်

ဘယ်သွားမလဲ။ ( ငရဲသွားမှာပါဘုရား ) ဗျာ။ ဒေါသအားကြီးရင် ဘယ်သွားမလဲမေးတော့ ငရဲသွားပါ မယ်ဘုရားဆိုတော့ ပြန်ဆွဲထားရသေးတယ်။ ကိုယ့်ဒကာတွေများ သွားမလို့လားလို့ မသွား ကြနဲ့နော်။ အဲဒါ သဘောပြောပြတာပါ။ ဒေါသဖြစ်လာရင် စိတ်တွေကြမ်းတမ်းတယ်။ နှုတ်တွေ ကြမ်းတမ်းတယ်။ အဲဒီလို ကြမ်းတမ်းတဲ့အခါကျတော့ ကြမ်းတမ်းတဲ့ဘုံဖြစ်တဲ့ ငရဲဘုံ ရောက်သွားတာ။ အဲဒါကြောင့် တစ်ခါတစ်လေ ဘုန်းဘုန်းတို့ သံဝေဂတွေရတယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်တွေဖြစ် ပြီးတော့ ဓားခုတ်, လှထိုး, လက်နက်တွေနဲ့ သေဆုံးသွားကြတဲ့ ပုဂ္ဂိုလ်တွေ စဉ်းစားကြည့် စမ်း ပရိသတ်တို့ ဘယ်ရောက်ဖို့များသလဲ။ ( ငရဲရောက်ဖို့ များပါတယ်ဘုရား ) “မင်းကဘာပဲ

ငါကဘာပဲ”

ဆိုပြီးတော့လေ

အဲဒီအချိန်အခါမှာ

သေသွားရင်

ဘယ်သွား။ ( ငရဲသွားမှာပါဘုရား ) ကြောက်စရာကြီးနော် ( မှန်ပါဘုရား ) ဒါက ကြမ်းတမ်းတဲ့အချိန်။ ဟော .. ပရိသတ်တို့ သေခါနီးလေး ရောက်ပြန်တော့လည်းပဲ စဉ်းစားပါဦး။ ကျန်းမာ ရေးကလည်း မကောင်း။ မိသားစုကလည်း ကိုယ့်အပေါ် ဂရုမစိုက်ဘူး။ ဆေးလည်း ကုမပေး ဘူး။ ဒီကြားထဲ ကိုယ်က လေမိထားတယ်ဆိုပါတော့ အခင်းကြီး အခင်းလေးက အိပ်ယာထဲ မှာပဲ ပေလူးနေတာ။ အဲဒီတော့ စိတ်ဆွေ ဆင်းရဲပြီး ဒေါသဖြစ်တာ။


“မင်းတို့ ငယ်ငယ်တုန်းက ငါပြုစုခဲ့ရတယ်။ အခုတော့ ငါ လေမိလေဖြတ်တဲ့အခါ ကျတော့ ငါ့ကို ဂရုမစိုက်ဘူး။ ဟင်း … ငါ လုံးဝမကျေနပ်ဘူး” မကျေနပ်ဘူး ပြောနေတာ လေမိထားလို့ လုံးဝ မလှုပ်နိုင်ဘူး။ အဲဒီလိုဆိုရင် ပရိသတ်ရေ ဒီအချိန်မှာ စိတ်ဆင်းရဲပြီးတော့ ဒေါသနဲ့ သေလိုက်ရင် ပရိသတ် ပြောစမ်း ဘယ်ရောက်ဖို့ နီးစပ်သလဲ။ ( ငရဲရောက်ဖို့ နီးစပ်ပါတယ်ဘုရား ) ကြောက်စရာကြီးနော်။ ပရိသတ် တရားမရှိရင် အရမ်းကြောက်ဖို့ ကောင်းတာ။ တကယ့်တကယ် ကိုယ့်နားမှာ ကိုယ့်ကို ငြိမ်းချမ်းအောင် ပြုလုပ်ပေးမှာက တရားပဲရှိတာ။ ပရိသတ်ကြီး သဘောပေါက်ကြလား။ ( သဘောပေါက်ပါတယ်ဘုရား ) ကိုယ့်ကို ငြိမ်းချမ်းအောင် လုပ်ပေးနေမှာက ဘယ်သူလဲ။ ( တရားပါဘုရား ) ဒါကြောင့် တရားကို များများ အားထုတ်ကြပါလို့ ဘုန်းဘုန်းက တိုက်တွန်းနေတာပါ။ ဘာလို့ ဒီစကားတွေ ပြောနေတာလဲ။ ( ချစ်လို့ပါဘုရား ) ချစ်လို့ပါနော်။ ( မှန်ပါဘုရား ) တို့ ပရိသတ်တို့က ပြောမှာပါ့ “အမယ်လေး ကိုခင်မောင် + မတင်လှတို့ ပင့်လို့ လာ ဟောနေတာကိုများ” လို့။ အဲဒီလို မဟုတ်ပါဘူး။ ကျောင်းမှာလည်း ပြောနေတာပါပဲနော်။ ( မှန်ပါဘုရား ) ချစ်လို့ ပြောတာပါလို့။ အဲဒီတော့ ဒေါသနဲ့ သေရင် ငရဲရောက်တတ်တယ်။


တိရစ္ဆာန်ဖြစ်ခြင်း အကြောင်းရင်း မောဟေန ဟိ နိစ္စသမ္မူဠံ တိရစ္ဆာနယောနိ ဥပပဇ္ဇန္တိ။ (ဏီ၊ ဋ္ဌ၊ ၁၇၂) မောဟေန - မောဟကြောင့်။ နိစ္စသမ္မူဠံ - အမြဲတစေ တွေဝေ၍ နေရသော။ တိရစ္ဆာ နယောနိ - တိရစ္ဆာန်ဘုံသို့။ ဥပပဇ္ဇန္တိ - ရောက်ကြရလေကုန်၏။ ဣတိပိ - ဤသို့လည်း။ ဒဋ္ဌဗ္ဗံ - ကောင်းစွာမသွေ မှတ်ထိုက်ပါတော့သတည်း။ သာဓု … သာဓု .. သာဓုပါဘုရား

ကိုင်း … ပရိသတ်ရေ လူတစ်ယောက်ဟာ မောဟအားကြီးတယ်။ ရုပ်မှန်း၊ နာမ်မှန်း မသိဘူး။ ကိုယ့်ခန္ဓာကြီးကို။ “ဒါ .. ဘယ်သူ့ခန္ဓာ” “ဟာ … ကိုယ့်ခန္ဓာကြီးပေါ့ ဘယ်သူ့ခန္ဓာကိုယ် ဖြစ်ရဦးမလဲ။ “မနေ့တုန်းကကော” “မနေ့ကလည်း ငါပဲလေ” “ဒီနေ့ကော” “ဒီနေ့လည်း ငါပဲပေါ့” “မနက်ဖြန်ကော” “အို ပြောစရာလိုသေးလား ငါပဲပေါ့” ရုပ်မှန်း နာမ်မှန်းမသိလို့ ပြောနေတာ ဖြစ်ပါတယ်။ အဲဒီတော့ ပရိသတ် ရုပ်မှန်း နာမ်မှန်းမသိတော့ အမြဲတမ်း တွေဝေနေတာ အဲဒီက ပုဂ္ဂိုလ် ပရိသတ်ရေ တရားအားထုတ်ဖြစ်ပါ့မလား။ ( မဖြစ်ပါဘူးဘုရား ) တရားလည်း အားမထုတ်ဘူး။ အားထုတ်ပြန်တော့လည်း ၀ိပဿနာဥာဏ်ပေါက် ရောက်အောင် အားမထုတ်ဖြစ်ဘူး။ အားထုတ်ပေမယ်လို့ ပရိသတ် ၀ိပဿနာဥာဏ်ဖြစ် အောင် အားထုတ်မှဖြစ်တာ။


တို့ .. ရောဂါဖြစ်တော့ ဆေးစားသလိုပေါ့။ ဆေးပတ်လည်အောင် သောက်ရတယ် နော်။ ဆေးပတ်မလည်လို့ရှိရင် အာနိသင် ပြပါ့မလား။ ( မပြပါ ဘုရား ) မပြဘူး။ သုံးခွက်ကုန်မှ အာနိသင်ပြမည့်ဆေးကို သုံးခွက်ကုန်အောင် သောက်မှ ဖြစ် တာ။ အဲဒီလိုပဲ ပရိသတ် တရားအားထုတ်တယ်ဆိုတိုင်း ၀ိပဿနာဥာဏ်ပေါက်တယ်လို့ တစ်ထစ်ချမှတ်ထားလို့ မဖြစ်ဘူးနော်။ ( မှန်ပါဘုရား ) စနစ်တကျ အားထုတ်မှဖြစ်တာ။ ဘယ်လိုအားထုတ်မှလဲ။ ( စနစ်တကျ အားထုတ်မှပါဘ���ရား ) စနစ်တကျ အားထုတ်မှဖြစ်တာ။ အဲဒါမှ ရုပ်နာမ် ဖြစ်ပျက်ကို သိတာ။ အဲဒီတော့ စနစ်တကျ မဟုတ်ဘဲနဲ့ ပရိသတ် တရားထိုင်နေသော်လည်းပဲ ရုပ်နာမ် မကွဲဘူး။ ဟုတ်ပလား။ ( မှန်ပါဘုရား ) အဲဒီတော့ ရုပ်နဲ့နာမ်မကွဲတော့ ပရိသတ် မောဟရှိနေတာပေါ့။ ဘာရှိသလဲ။ ( မောဟ ရှိနေပါတယ် ဘုရား ) ကိုင်း … ပရိသတ်ရေ တရားလည်း အားမထုတ်ဖူးဘူး။ အားထုတ်ပြန်တော့လည်း ၀ိပဿနာဥာဏ်ဖြစ်အောင် အားမထုတ်တတ်ဘူး။ အဲဒီပုဂ္ဂိုလ် ပရိသတ်သေခါနီးပြီ ဆိုကြပါ စို့။

သေခါနီးတဲ့

အခါကျတော့

မှိန်းပြီးတော့နေတာ။

စကားလည်း

မပြောဘူး။

မျက်လုံးလည်း မဖွင့်ဘူး။ တရားလေး ရှုနေနော် ဆိုပေမယ့် ဘယ်လို ရှုရမှန်းလည်းမသိဘူး။ မှိန်းပြီးတော့

ပရိသတ်ရေ

မောဟ

အားကြီးနေတာ။

ပရိသတ်

အဲဒီ


မောဟအားကြီးနေတဲ့အချိန်မှာ

သေ

လို့ရှိရင်

ဘယ်ဘုံရောက်မလဲ။

တိရစ္ဆာန်ဘုံ၊

ဘယ်ဘုံရောက်မလဲ။ ( တိရစ္ဆာန်ဘုံပါဘုရား ) အော် … ဒကာ ဒကာမတို့ ဘုန်းဘုန်းကလေ ကိုယ့်ဒကာ ဒကာမတွေကို အရမ်း သိစေချင်တာ သိလား။ အရမ်းသိစေချင်တာ။ သစ္စာတရားတွေ၊ ၀ိပဿနာဥာဏ်တွေ တကယ်ဖြစ်စေချင်တာ။ ဒါ - ရင်ထဲက စကားပါနော်။ ( မှန်ပါဘုရား ) ပါးစပ်ဖျားက လာတဲ့ စကားမဟုတ်ပါဘူး။ အဲဒီလိုဆိုတဲ့အခါကျတော့ ဒကာ၊ ဒကာမ တို့ ၀ိပဿနာဥာဏ်ဖြစ်အောင် ဂရုစိုက်ပြီးတော့ အားထုတ်ကြစမ်းပါလို့နော်… ( မှန်ပါဘုရား ) အဲဒါ ဘုန်းဘုန်း သေချာပေါက် တစ်ခု ပြောပြမယ်။ မိမိရဲ့ ဘ ၀ကို တကယ်ငြိမ်းချမ်းမှု ပေးနိုင်မယ့် အဖော်မွန်ဆိုတာ တရားပဲရှိပါတယ်လို့။ ( မှန်ပါဘုရား ) ပရိသတ် ကိုယ့်ဘ၀ကို အေးချမ်းမှုရှိအောင် ကယ်တင်မှာ ဘာပဲရှိလဲ။ ( တရားပဲ ရှိပါတယ်ဘုရား ) ကဲ .. သေခါနီး တရားမသိလို့ မောဟနဲ့သေရင် ဘယ်သွားမလဲ။ ( တိရစ္ဆာန်ဘုံကိုပါဘုရား ) မောဟေန - မောဟကြောင့်။ နိစ္စသမ္မူဠံ - အမြဲတစေ တွေဝေ၍ နေရသော။ တိရစ္ဆာ နယောနိ - တိရစ္ဆာန်ဘုံဋ္ဌာနဆီသို့။ ဥပပဇ္ဇန္တိ - ရောက်ကြရကုန်တယ်ရယ်လို့။ ဒဋ္ဌဗ္ဗံ ကောင်းစွာမသွေ မှတ်ထိုက်ပါပေတော့သတည်း။ သာဓု … သာဓု …. သာဓုပါဘုရား

ပြိတ္တာအကြောင်း သိကောင်းစရာ


ကိုင်း .. . ပရိသတ်ရေ အဲဒီလိုပေါ့လေနော် (အတဲ့ခ်ျမဲ့န်တ်) ဆိုတဲ့ ဒီအတွယ်အတာ လေးတစ်ခုနဲ့ သေရင် ဘယ်ဘုံရောက်မလဲ။ ပြိတ္တာဘုံ၊ ဒေါသလေးနဲ့ သေရလို့ရှိရင် ငရဲ၊ ရုပ် မှန်းနာမ်မှန်းမသိဘဲနဲ့ တွေတွေဝေေ၀ကြီးနဲ့ သေရတယ်လို့ဆိုရင် တိစ္ဆာန်ဘုံ။ ကိုင်း … အဲဒီလိုဆိုရင်တော့ ပရိသတ် “ပြိတ္တာတိုင်း အမျှဝေလို့ ရသလား” ဆိုတဲ့ မေးခွန်းလေးကို တို့ပရိသတ် သိထားဖို့ လိုတယ်နော်။ ( မှန်ပါဘုရား ) ပြိတ္တာလေးမျိုးရှိတယ်။ ပရိသတ် ပြိတ္တာဘယ်နှစ်မျိုးလဲ။ ( လေးမျိုးပါဘုရား ) နံပါတ် (၁) ပရဒတ္တူပ ဇီဝိတ ပြိတ္တာ။ ဆိုကြည့်စမ်းပါကွယ် (ပရဒတ္တူပဇီဝိတ ပြိတ္တာပါဘုရား) အေး အဓိပ္ပာယ်က ဒီလိုကွဲ့ ။ သေတဲ့အခါ ပြိတ္တာ ဖြစ်သွားပြီ။ ပြိတ္တာ ဖြစ်သွားတဲ့အခါကျတော့ ကိုယ့်ဆွေနားမျိုးနားမှာပဲ ကပ်ပြီးတော့

နေနေရတာ။

သူကတော့

အိမ်ကလူတွေကိုအကုန်တွေ့နေရတယ်။ဟိုကတော့ မတွေ့ရဘူး။ တစ်ခါတစ်လေ သူတို့ ကိုယ်ထင်ပြရင်တော့ တွေ့လို့ရတယ်။ ကိုယ်ထင်မပြရင် တော့ မမြင်ရဘူး။ အဲဒီတော့ ကိုယ့်အိမ်နားမှာပဲ ပြိတ္တာကြီးဖြစ်ပြီးတော့ နေနေရတာ။ စားလည်း မစားရ ဘူး။ သောက်လည်း မသောက်ရဘူး။ ၀တ်စရာလည်း မရှိဘူး။ အဲဒီအခါမျိုးမှာ ပရိသတ်ရေ သူက ဘာလုပ်တတ်တုန်းလို့ဆိုတော့ တစ်ချို့က အသံဗလံ ပေးတတ်တယ်နော်။ အိမ်ထဲ ၀င်လာပြီးတော့ အိမ်စောင့်နတ်နဲ့ သူပေါင်းလိုက်တာပေါ့။ “ကျုပ်အရင်ဘ၀က ဒီအိမ်ကပါခင်ဗျာ။ အိမ်စောင့်နတ် ကျွန်တော့်ကို ခွင့်ပြုပါ” ဟို ကလည်း မှတ်မိတယ်။ “အေး ရတယ်” အဲဒီလိုဆိုတော့ ပရိသတ် ညကျတော့ အိမ်ထဲဝင် ဒန်အိုးတွေ ဂျောက်ဂွတ်လုပ်။


“ဟဲ့ … ညတုန်းက ဒန်အိုးအသံကြားတယ်။ မီးဖိုချောင်ထဲက။ အင်း အမယ်ကြီး မကျွတ်ဘူးနဲ့တူတယ်” အမှန်က အမျှဝေစေချင်လို့။ ဘာဖြစ်လို့တုန်း။ ( အမျှအတန်း ဝေစေချင်လို့ပါဘုရား ) အမျှမဝေဘဲနဲ့ ဘာလုပ်တုန်းဆိုတော့ “ဟဲ့ … ကြောက်တယ် ကြောက်တယ်။ အဲဒီ တော့ ဘုန်းကြီးငါးပါး ပင့်ပြီး ပရိတ်ရွတ်မှာပဲ” ဒုက္ခရောက်လို့ အမျှအတန်းလေးရအောင် ဆိုပြီးတော့ ဒန်အိုးလေး ၀င်တီးပါတယ်။ ကမ္မ၀ါနဲ့ချောက်ထုတ်။ ဘုန်းကြီးငါးပါးကလည်း ကြွလာပြီး သီလပေးပြီးတဲ့ အခါကျတော့ အိမ်သူအိမ်သားတွေကို မေးတယ်။ “လူကို မူးအောင် ဝေအောင် ပြုလုပ်တတ်သော အစိမ်းသရဲ သင်းကွဲပြိတ္တာများရှိတာ ကို နှစ်သက်လား။ မနှစ်သက်ပါဘူးလား” ဘုန်းကြီးက မေးတော့ “ မနှစ်သက်ပါဘူးဘုရား ” စောစောကတည်က သင်ထားတာ။ “တို့က မေးမယ် မနှစ်သက်ဘူးပြောနော်” ဘုန်းကြီးကလေ။ အဲဒီကတည်းက ပြိတ္တာ က စိတ်ပျက်နေပြီ။ “အမျှလိုချင်လို့ လုပ်ပါတယ်ဆိုမှပဲ မနှစ်သက်ပါဘူး လုပ်နေပြန်ပါပြီ” ဟို က စိတ်ပျက်နေပြီ ပြိတ္တာက။ “လူကိုမူးအောင် ဝေအောင် ပြုလုပ်တတ်သော တစ္ဆေသရဲ သင်းကွဲပြိတ္တာများ ရှိတာ ကို အိမ်သူအိမ်သားတွေက နှစ်သက်ပါသလား။ မနှစ်သက်ပါဘူးလား” “ မနှစ်သက်ပါဘူးဘုရား” “ဤကဲ့သို့

သုံးကြိမ်သုံးခါ မေးပါသော်လည်းပဲ

မနှစ်သက်ကြောင်း

သိရှိကြရ၍

ပဗ္ဗာဇနိယ ကမ္မ၀ါစာ, အန္တရာယ်ကင်း ကမ္မ၀ါစာကို သံဃာတော်များ ချီးမြှင့်ကြမယ်။ လူကို


မူးအောင်ဝေအောင် ပြုလုပ်တတ်သော တစ္ဆေသင်းကွဲပြိတ္တာအပေါင်းတို့နတ်မင်းကြီးလေးပါး ထံ သွားပြီးတော့ နေရာတောင်း၍ နေကြတော့” “စရိတ်မရှိလို့ ဘယ်မှ မသွားနိုင်တဲ့ဟာကို နတ်မင်းကြီးလေးပါးဆီ လွှတ်နေပြန်ပြီ” သေချာတယ်နော် ပရိသတ် စရိတ်ရှိရင် ဒီကောင်သွားမှာပေါ့။ စရိတ်ကမလုံလောက် ဘူး။ ဘာစရိတ်လဲ။ ဒါန - စရိတ်, သီလ-စရိတ်, ဘာဝနာ - စရိတ်၊ ပြောကွယ့် ဘာစရိတ်လဲ။ ( ဒါန-စရိတ်, သီလ-စရိတ,် ဘာဝနာ-စရိတ်ပါဘုရား) ဒါနံ ပါထေယျ မုတ္တမံ။ ဒကာကြီး ဦးဝင်းညွန့်တို့ အမြဲရွတ်နေတဲ့ ပါဠိတွေပေါ့နော်။ ဒါနံ သဂ္ဂဿ သောပါနံ၊ ဒါနံ ပါထေယျ မုတ္တမံ။ ဒါနံ ဥဇုဂတံ မဂ္ဂံ၊ ဒါနံ မောက္ခပဒံ ၀ရံ။ အော် ဒါနဆိုတာ သံသရာရိက္ခာ၊ အဲဒီရိက္ခာမလုံလောက်လို့ ဘေးမသွားနိုင်တာ။ ဒီနားတင်ကပ်နေတာ ဦးလေးမြင့်ရဲ့ ။ အဲဒါကို “ကိုင်း - တို့က ကမ္မ၀ါနဲ့ နှင်ထုတ်ပြီ။ ဒီမှာ မနေ ကြနဲ့။ နတ်မင်းကြီးလေးပါးထံ သွားပြီးတော့ နေရာတောင်း၍ နေကြချေ” တဲ့။ သံဃာတော်တွေက လုပ်ပြီ။ နတ်မင်းကြီးလေးပါးထံ သွားတဲ့။ ပုန်းလျှိုးကွယ်လျှိုးနဲ့ ကုန်းကြောင်း သွားရတာပေါ့။ ဟို… ရောက်တော့ “ဟဲ့ကောင် မင်း ဘာကိစ္စ” “နေစရာ မရှိလို့ပါခင်ဗျာ။ ဘုန်းကြီးတွေကလည်း နှင်ထုတ်လို့။ အဲဒါ နေရာလေး လာ တောင်းတာပါ” “ဟာ …. တို့မှာလည်း ဒီမှာ နေရာမရှိတော့ဘူးကွ။ အားလုံး ဝေငှပြီး ယူပြီကုန်ပြီ” “ကိုခင်မောင်တစ်ယောက်တည်းတင် ဆယ်ကွက်လောက် ယူထားတာ။ သူ့အမျိုး တွေဖို့လို့ “နတ်မင်းကြီးလေးပါးက ပြောပါတယ်။ “မတင်လှကလည်း သူ့အမျိုးတွေပေးဖို့


အကွက် နှစ်ဆယ်လောက် ယူထားတယ်။ မရှိတော့ဘူး။ အဲဒီလိုဖြစ်နေတယ်။” နေစရာမရှိ တော့ဘူးဆိုတော့ ပြန်လာတာပေါ့။ ပြန်လာတော့ ငြိမ်ငြိမ်မနေဘူး။ “အော် … အမျှလေး ရလိုရငြား။ ကဲ ဒီတစ်ခါတော့ တစ်ခါတည်း အိမ်တံခါးထုမှပဲ” စောစောကတော့ ဒန်အိုးခေါက်လို့ ကမ္မ၀ါနဲ့ အနှင်ခံရတယ်။ ပြိတ္တာက ဒီတစ်ခါ တံခါးထု တယ်။ ညကျတော့ တစ်ချက်တီး နှစ်ချက်တီးလောက် အိပ်မောကျတဲ့အချိန်မှာ တစ်ခါ တည်း ဒေါက် ဒေါက်နဲ့ထုတော့။ “ဟဲ့ … ဘာလဲဟဲ့ တံခါးဖွင့်ကြည့်စမ်း” ဆိုတော့ တံခါးဖွင့်ကြည့်တော့ “ဟယ် … ဘာမှလည်း မရှိဘူး။ ပြန်လာပြန်ပြီနဲ့တူတယ်” ဘုန်းကြီးငါးပါး ထပ်ပင့်။ အဲဒီမှာ ချလပတ် လည်လို့။ အဲဒါ ပရိသတ်တို့ရေ ဘာခေါ်လဲဆိုတော့ အိမ်သူအိမ်သားတွေကနေပြီးတော့ ပေးမှ ကမ်းမှ စားရမှာ။ ဒါကို မျှော်လင့်ပြီးတော့ အသက်ရှင်နေရတဲ့ ပြိတ္တာ၊အဲဒါကိုပရဒတ္တူပဇီဝိတ ပြိတ္တာလို့ ခေါ်တယ်နော်။ ( မှန်ပါဘုရား ) အိမ်သူ အိမ်သားတွေက မနက် ထမင်းစားတယ်။ ပန်းကန်လေးတွေ ဆေးတယ်။ ပြီး တော့ ပက်ထုတ်လိုက်တယ်��� အဲဒီကထဲမှာ ထမင်းလုံးလေးပါသွား။ အဲဒါကို ကောက်စားရ တာ။ ညနေစာ ထမင်းစားတယ်။ ပန်းကန်တွေဆေးတယ်။ အဲဒီက ထမင်းလုံးလေးတွေ ပါ သွား။ အဲဒါ ကောက်စားရတာ။ အဲဒီလို လူတွေစွန့်ပစ်တဲ့ နှပ်တွေ၊ တံတွေးတွေ စားရတယ်။ ထမင်းလုံးလေးတွေ ကောက်စားရတဲ့ ပြိတ္တာမျိုးဟာ ပရိသတ်ရေ ပရဒတ္တူပဇီဝိတ ပြိတ္တာ .. တဲ့။ ပြောလိုက်ကြ ဘာပြိတ္တာလဲ။ ( ပရဒတ္တူပဇီဝိတ ပြိတ္တာပါဘုရား ) ရင်နာစရာ မကောင်းဘူးလား။


( ကောင်းပါတယ်ဘုရား ) “ငါရှာထားတဲ့ စီးပွား, ငါဆောက်ပေးခဲ့တဲ့အိမ်ပေါ်မှာ နေပြီးတော့ ငါ့ကိုတော့ အမျှ မဝေ။ ဟယ် .. သံဃာတွေ ပင့်ပြီးတော့ ငါ့ကိုမောင်းထုတ်လို့ ဒုက္ခလှလှ ရောက်ခဲ့ရပြီ” ဟုတ်လား။ ( မှန်ပါဘုရား ) ကြောက်စရာသိပ်ကောင်းတာ။ ကိုင်း….နံပါတ်

(၂)

ပြိတ္တာ

ပြောမယ်။

ခုပ္ပိပါသိက

ပြိတ္တာ

တဲ့။

ပရိသတ်

ဘာပြိတ္တာလဲ။ ( ခုပ္ပပါသိကပြိတ္တာပါဘုရား ) ခုပ္ပိပါသိက ပြိတ္တာဆိုတာက မစားမသောက်ရဘဲနဲ့ ငတ်ပြတ်နေတဲ့ ပြိတ္တာတွေ ပြော တာပါ။ ဘယ်လို ပြိတ္တာတွေလဲ။ ( ငတ်ပြတ်နေတဲ့ ပြိတ္တာတွေပါဘုရား ) မစားမသောက်ဘဲနဲ့ ငတ်ပြတ်နေတဲ့ ပြိတ္တာတွေ စားစရာ ဘာမှမရှိဘူး။ တစ်ခါတည်း ငတ်နေတာ။ စောစောက ပရဒတ္တူပဇီဝိတ ပြိတ္တာက ထမင်းလုံးလေးတွေ နှပ်, တံတွေးတွေ ကောက်စားလို့ရသေးတယ်။ ဒီပြိတ္တာက အဲဒါလည်း ကောက်စားလို့ မရဘူး။ နောက်ပြီး တော့ လူ့လောကနဲ့လည်း နီးနီးကပ်ကပ်နဲ့ နေလိျုွ့ရဘူး။ သူက တောထဲတောင်ထဲမှာ နေရတာ။ ရေအိုင်ကြီးတွေ့ပေမယ့် ရေငတ်တဲ့အခါကျတော့ ဆင်းသောက်လို့ မရဘူး။ သူ ဆင်းလိုက်ရင် ရေကန်ကြီး ကွယ်သွားတာ။ ထမင်းတွေပုံပေး မြင်တယ်။ ပရိသတ် ကောက် စားမယ်လုပ်လိုက်တော့ ပျောက်ကွယ်သွားတယ်။ အဲဒါ အင်မတန် ငတ်မွတ်ခေါင်းပါးတာ နော်။ ( မှန်ပါဘုရား )


ခုပ္ပိပါသိကပြိတ္တာက မစားရ မသောက်ရဘဲနဲ့ လွန်စွာငတ်ပြတ်နေတဲ့ ပြိတ္တာမျိုး။ နံပါတ် (၃) နိဇ္ဈာမတဏှိက ပြိတ္တာ။ ခေါ်ကြည့်လိုက်ပါဦး။ ( နိဇ္ဈာမတဏှိက ပြိတ္တာပါဘုရား ) နိဇ္ဈာမတဏှိတ ပြိတ္တာ - ဆိုတာ ပရိသတ် တစ်ကိုယ်လုံး ပူလောင်နေတာ။ မီးတွေ လောင်နေတာ တဟုန်းဟုန်းနဲ့။ ဟိုတုန်းကဆိုရင် ဘုန်းဘုန်းတို့ အညာဘက်မှာ အရမ်းတွေ မြင်ရတယ်။ မီးတောက် ကြီးတွေ သွားနေတာ တစ်ခါတည်း ဖြည်းဖြည်းလေး

အဲဒါ လူကြီးတွေက ပြောတယ်။

ပြိတ္တာကြီးတွေကွ။ မီးသရဲလို့ ခေါ်တယ်နော်။ ( မှန်ပါဘုရား ) အဲဒါ ဘုန်းဘုန်းရဲ့  ခမည်းတော်ကြီး ရှိတုန်းက ပြောပြဖူးတယ်။ သူက လှည်းနဲ့ည အခါ ခရီးသွားတာ။ ညခုနစ်နာရီကျော် ရှစ်နာရီလောက် အိမ်ကထွက်သွားပြီးတော့ ဟို တခြားရွာကို သူသွားမှာ။ တစ်ခြားရွာကို သွားမယ်လို့ဆိုတဲ့ အခါကျတော့ ပရိသတ်ရေ ဘုန်း ဘုန်းတို့ ရွာနားလေးမှာ ချောင်းကြီးရှိတယ်။ သဲချောင်းကြီး။ အဲဒီ သဲချောင်းကြီးကို ကျော်

လိုက်တဲ့အခါကျတော့

သူက

လှည်းခဏနားတယ်။

နွားလည်းပဲ

အပေါ့လေး

အလေးလေး ဘာလေးတွေ စွန့်ရင်းပေါ့။ အဲဒါနားတာ။ အဲဒီအချိန်မှာ ဟို … ခပ်လှမ်းလှမ်းက လယ်တောထဲမှာ ရှိတဲ့ လက်ပံပင်ပေါ်ကနေ မီးလုံးကြီးတစ်လုံး ဆင်းလာတာ။ အမှန်က မီးလုံးကြီးမဟုတ်ဘူး။ ပရိသတ် ဘာကြီးလဲ။ ( ပြိတ္တာကြီးပါဘုရား ) နိဇ္ဈာမတဏှိကပြိတ္တာကြီး ဆင်းလာတယ်။ သူကသိတယ်။ ဘုန်းဘုန်း ဒကာကြီး စာတတ်တယ်။ “ အော် … ပြိတ္တာကြီး ဆင်းလာပြီ”


အဲဒါနဲ့ ပရိသတ်တို့ရေ အပင်ခြေရောက်တော့ မီးလုံးကြီး ပျောက်သွားတယ်။ “ကဲ… ဒီကောင်ကြီး ပျောက်သွားပြီ။ မကြာဘူး ငါ့ဆီရောက်လိမ့်မယ်” အဲဒါနဲ့ မကြာပါဘူးဗျာ။ လှည်းနောက်နားလေးမှာ ရောက်လာရော။ မတ်တပ်ကြီး ရပ်နေတာ မည်းမည်းကြီး ညကြီး ကိုဗျ။ အဲဒီတော့ ဒကာကြီးက မိတ်ဆွေဖွဲ့တယ်။ “ ကဲ … မင်းကိုလည်း ငါ ဘယ်လိုမှ မအောင့်မေ့ဘူး။ မင်းကလည်း ငါ့ကို မခြောက် နဲ့။ အဲဒီတော့ မင်းလိုချင်တာရှိရင် င့ါကိုပြော” ဆိုပြီး အဲဒါလောက်ပဲပြောတယ်။ အမျှလည်း မဝေဖြစ်ဘူးပေါ့။ ဒါနဲ့ လှည်းပေါ်တက်ပြီးတော့ ဆက်ပြီး နွားတွေမောင်းသွား။ ဟို … နောက်တစ်နေရာ တစ်ရွာကျော်တဲ့အခါကျတော့ ချောင်းတစ်ခု ရှိတယ်။ အဲဒီ ချောင်းဟိုဘက်ရောက်တော့ ဒကာကြီးတစ်ခါ နားပြန်တယ်။ နားတဲ့အခါကျတော့ အဲဒီ ပြိတ္တာကြီးကလည်း နောက်ကလိုက်နေတာပဲ။ မည်းမည်းကြီးပေါ့။ အဲဒါ ဒကာကြီး နားတဲ့ အခါကျတော့ ပြိတ္တာကြီးကလည်း နားတယ်။ မည်းမည်းကြီး ထိုင်နေတယ်။ အဲဒီမှာ ဒကာ ကြီးက သတိရသွားတယ်။ “အော် … သူ အမျှလိုချင်လို့ လိုက်နေတာ” ပရိသတ် မမှန်ဘူးလား။ “ မှန်ပါတယ်ဘုရား ” အမျှလိုချင်လို့ လိုက်နေတာ။ အဲဒီတော့ “ကိုင်း … မောင်အ၀ှါ၊မင်းကလည်းငါ့နာမည် မသိဘူး။ ငါကလည်း မင်းနာမည် မသိဘူး။ မောင်အ၀ှါပဲ ခေါ်ရတာပေါ့ နာမည်မှမသိတာ။ “ကိုင်း .. မောင်အ၀ှါ ငါသည် ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါးကို မြောက်များစွာ လှူဒါန်းခဲ့ဖူးတယ်။ အဲဒီတော့ ငါလှူဒါန်းခဲ့ဖူးတဲ့ အဲဒီ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါးတို့ရဲ့  ဒါကုသိုလ်စေတနာအဖို့ဘာဂတို့ကို ငါမင်းကို အမျှ အတန်းဝေတယ်ကွာ။ မင်း သာဓုခေါ်။ အမျှ အမျှ အမျှ” တစ်ခါတည်း အဲဒီမှာ ပျောက်သွား တာ။ ခုနင်က ပြိတ္တာကြီး မရှိတော့ဘူး။ ပျောက်သွားပြီ။


“ဒီကောင်ကြီး ကျွတ်သွားပြီနဲ့တူတယ်။ ဒါမှမဟုတ် ရှေ့ နားရောက်ရင် ငါ့များ ခြောက်

ဦးမလား

လှည်းပေါ်ပြန်တက်

မသိဘူး”

ရှေ

ပြီးတော့

လမ်းကြားကြီးတစ်ခုထဲကို

့မှာလည်း

နွားတွေနဲ့၊

မောင်းသွား။

လှည်းက

မောင်းရမှာ။

ရှေ

အဲဒါနဲ့

ဒကာကြီးလည်း

့နားရောက်တဲ့အခါကျတော့ ဟိုဘက်ဒီဘက်

တစ်ခါတည်း

နွယ်တွေအုပ်ဆိုင်းနေတာ။ “အဲဒီထဲကနေပြီးတော့ ဆီးခြောက်လိမ့်မယ်လို့ တပည့်တော် ထင်နေတာ ဦးပဉ္ဇင်းရဲ့  ဘယ်ဟုတ်မလဲ ဟိုကောင် ကျွတ်သွားပြီး နတ်ဖြစ်သွားတာ” ပရိသတ် ဘာဖြစ်သွားလဲ။ ( နတ်ဖြစ်သွားတာပါဘုရား ) နတ်ဖြစ်မှန်းသိတာက ဒီလို ပရိသတ်။ အဲဒီက မှောင်နေတဲ့ လမ်းကြားထဲမှာ တစ်ခါ တည်း လင်းထိန်နေတာပဲ။ ဆလိုက်မီးကြီး ထွန်းထားသလိုပဲ။ အော် … သူလာပြီး စောင့် ရှောက်တယ်။ ပရိသတ်နော်။ ( မှန်ပါဘုရား ) အဲဒီတော့ သူက အမျှဝေလိုက်လို့ ကျွတ်သွားတယ်ပေါ့နော်။ အဲဒီ မီးသရဲကြီး ပရိသတ်ရေ ပြောကြည့်လိုက် ဘာပြိတ္တာလဲ။ ( နိဇ္ဈာမတဏှိက ပြိတ္တာပါဘုရား ) တစ်ကိုယ်လုံး မီးတွေလောင်ပြီးတော့ ပရိသတ် ဒုက္ခကို မပြတ်ခံစားနေရတာနော်။ ( မှန်ပါဘုရား ) နောက် နံပါတ် (၄) ကာလကဉ္စိက ပြိတ္တာ။ ပြောကြည့်လိုက် ဘာပြိတ္တာလဲ။ ( ကာလကဉ္စိက ပြိတ္တာပါဘုရား ) အသူရကယ်လို့ သီးခြားခေါ်ဝေါ်ရတဲ့ ပြိတ္တာမျိုး။ သူတို့ကျတော့ ပရိသတ် နေ့စံ, ညခံ ရတယ်။ အဲဒီပြိတ္တာမျိုးလည်း ရှိတယ်နော်။


အဲဒီ ကာလကဉ္စိက ပြိတ္တာမျိုးကျတော့ နေ့စံရတယ်။ ညကျတော့ ငရဲခံရတယ်။ အင် မတန် ဒုက္ခရောက်တယ်။ နေ့လယ် နေ့ခင်းရောက်တဲ့အခါကျတော့ ပရိသတ် နတ်သမီး နတ်သားလိုပဲ ကောင်းကောင်းစားပြီးတော့ နေရတယ်။ အဲဒါ ဘယ်ပုဂ္ဂိုလ်တွေ ရောက်တာလဲဆိုရင် ပရိသတ်တို့ရေ ကုသိုလ်နဲ့အကုသိုလ် တွဲပြီး လုပ်တဲ့ပုဂ္ဂိုလ်တွေရောက်တာ။ ဘယ်လို ပုဂ္ဂိုလ်တွေရောက်တာလဲ။ ( ကုသိုလ်နဲ့ အကုသိုလ်ကို တွဲလုပ်တဲ့ ပုဂ္ဂိုလ်တွေ ရောက်တာပါ ဘုရား ) ကုသိုလ်လည်း လုပ်လိုက်တာပဲ။ အကုသိုလ်ဆိုတာလည်း လုပ်လိုက်တာပဲ။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ ရောက်တာပါ။ တစ်ခါတုန်းက အရာရှိတစ်ယောက် ဘုန်းဘုန်းကို လာမေးဖူးတယ်။ ကျိုက်ထိုမနေ ခင်တုန်းကပါ။ မကွေးမှာ သီတင်းသုံးစဉ်က အရာရှိကြီးက ညည လာလာလယ်တယ်။ ဘုန်း

ဘုန်းဆီကို

စာလေးပေလေး

လာလာဆွေးနွေးကြတာပေါ့။

အဲဒီမှာ

မေးတဲ့မေးခွန်းလေး။ “ဘုန်းဘုန်းဘုရားတဲ့ နေ့စ,ံ ညစံ ပြိတ္တာ ဝေမာနိကတွေဟာ ဘယ်လို ကံတွေ လုပ်လို့ ဒီလိုဘ၀ရောက်တာလဲဘုရား” ဘုန်းဘုန်းက မှတ်မိလွယ်အောင် ပြောလိုက်တယ်။ “မီးစတစ်ဖက် ရေမှုတ်တစ်ဖက်သမားတွေ ရောက်တာ” လို့နော် ( မှန်ပါဘုရား ) သူများကို မီးစနဲ့လည်း ထိုးလိုက်တာပဲ။ ရေနဲ့လည်းပဲ ပက်လိုက်တာပဲ။ အဲဒီပုဂ္ဂိုလ် မျိုးတွေဟာ ပရိသတ်ရေ ကာလကဉ္စိကပြိတ္တာ���ဖစ်လို့ရှိရင် နေ့စံရတယ်။ ညငရဲခံရတယ်။ ပရိသတ်ရေကြောက်ဖို့ မကောင်းဘူးလား။ ( ကြောက်ဖို့ ကောင်းပါတယ်ဘုရား ) ဟုတ်တယ် ပရိသတ်ရေနော်။


အမျှဝေက ရ, မရ

အဲဒီတော့

မြတ်စွာဘုရားလက်ထက်က

ပုဏ္ဏားကြီးတစ်ယောက်က

မြတ်စွာဘုရားကို လျှောက်တယ်။ ဒါ-အဂုင်္တ္တရနိကာယ်ပါဠိတော် တတိယတွဲ၊ စာမျက်နှာ (၄၇၈) က နေပြီး ဘုန်းဘုန်း ယူပြောတာ။ ပုဏ္ဏားကြီးက မြတ်စွာဘုရားကို လျှောက်တယ်။ “မြတ်စွာဘုရား တပည့်တော်တို့ ပုဏ္ဏားမျိုးတွေဟာ သေသွားတဲ့ ပုဂ္ဂိုလ်တွေကို ရည် မှန်းပြီးတော့ ဒါနတွေပြုပြီးတော့ အမျှအတန်း ဝေကြတယ်ဘုရား။ သူတို့အားလုံး ရသွားကြ ပါသလားဘုရား” တဲ့ မေးတယ်နော်။ အဲဒီတော့ မြတ်စွာဘုရားက ဖြေတယ်။ ပရိသတ်ရေ လက်ချိုးရေထားလိုက်နော်။ နံပါတ် (၁) “ငရဲကျတဲ့သူကို အမျှဝေလို့ မရဘူး” ဆိုကြည့်လိုက်ပါဦး “ငရဲကျတဲ့သူကို အမျှဝေလို့ မရပါဘူးဘုရား ) နံပါတ် (၂) “တိရစ္ဆာန်ဘ၀ရောက်တဲ့သူ အမျှဝေလို့ မရ” ဆိုကြည့်လိုက်ပါဦး။ “တိရစ္ဆာန်ဘ၀ရောက်တဲ့သူ အမျှဝေလို့ မရပါဘူးဘုရား” နောက်နံပါတ် (၃) “လူ့ဘ၀ရောက်တဲ့သူ အမျှဝေလို့ မရ” ဘယ်နှစ်ယောက်ရှိသွားပြီ လဲ။ ( သုံးယောက်ပါဘုရား ) နောက်နံပါတ် (၄) “နတ်ပြည်ရောက်တဲ့သူ အမျှဝေလို့မရ” နတ်ပြည်ရောက်တဲ့သူ ( အမျှဝေလို့ မရပါဘူး ဘုရား ) ဘယ်နှစ်ယောက်ရှိသွားလဲ။ ( လေးယောက်ပါဘုရား ) ဘယ်သူတွေလဲ။


ငရဲကျတဲ့သူ, တိရစ္ဆာန်ဘ၀ရောက်တဲ့သူ, လူ့ဘ၀ရောက်တဲ့သူ, နတ်ပြည်ရောက် တဲ့သူ, အမျှဝေလို့မရဘူးနော်။ ( မှန်ပါဘုရား ) အဲဒီဘ၀တွေမှာ ရှိနေတဲ့ အာဟာရတွေနဲ့ သူတို့ပြည့်စုံနေပြီတဲ့။ အဲဒါကြောင့် အမျှ ဝေလို့ မရဘူး။ ဒီတော့ အမျှဝေလို့ရတာက ပရိသတ် ပြိတ္တာဘ၀ရောက်သူပဲ ရှိပါတယ်။ အမျှဝေလို့ ရတာ ဘယ်ဘ၀ရောက်တဲ့သူပဲ ရှိသလဲ။ ( ပြိတ္တာဘ၀ ရောက်တဲ့သူပါဘုရား ) ပြိတ္တာဘ၀ရောက်ရင် အမျှဝေလို့ ရနိုင်သေးတယ်။ တော်သေးတာပေါ့နော်။ ( မှန်ပါဘုရား ) အဲဒီတော့ ပရိသတ်တို့ရေ မြတ်စွာဘုရားက ဟောပါတယ်။ ယံ ၀ါ ပနဿ ဣတော အနုပ္ပဝေစ္ဆန္တိ မိတ္တာမစ္စာ ၀ါ ဥာတိသာလောဟိတာ ၀ါ၊ တေန သောတတ္ထ ယာပေတိ၊ တေန သော တတ္ထ တိဋ္ဌတိ။ (အံ၊ ၃၊၄၇၉။) ဗြဟ္မဏ - အု.ိ . အမောင်ပုဏ္ဏား။ အဿ - ထိုတမလွန်ဘ၀ရောက်ပြီးသကာလ ပြိတ္တာ ဖြစ်နေကြသော ပုဂ္ဂိုလ်များအတွက်။ ဣတော - ဟောဒီလူ့ပြည်မှ။ မိတ္တမစ္စာ ၀ါ မိတ်

ဆွေခင်ပွန်းတို့ကသော်လည်းကောင်း၊

ဥာတိသာလောဟိတာ

ဝါ

-

ဆွေမျိုးသားချင်းတို့က သော်လည်းကောင်း။ ယံ အနုပ္ပဝေစ္ဆန္တိ - အကြင်အမျှအတန်း ပေးဝေကြလေကုန်၏။ တေန - ထိုအမျှအတန်း ပေးဝေရသော ကောင်းမှုကံ စေတနာအဖို့ဘာဂဖြင့်။ သော ထိုပြိတ္တာဖြစ်နေတဲ့ ပုဂ္ဂိုလ်သည်။ တတ္ထ - ထိုပြိတ္တာဘုံ၌ ။ ယာပေတိ - မျှတ၍နေရရှာ၏။ တေန - ထိုအမျှဝေသော ကုသိုလ်အဖို့ဘာဂဖြင့်။ သော - ထိုပြိတ္တာဘ၀ ရောက်နေ ရရှာတဲ့ ပုဂ္ဂိုလ်သည်။ တတ္ထ - ထိုပြိတ္တာဘုံ၌။ တိဋ္ဌတိ - ရပ်တည်လို့ ရပါပေ၏လို့။ သတ္ထာ -


လူနတ်တို့ဆရာ ဘုရားမြတ်စွာသည်။ အဝေါစ - ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေ သတည်း။

သာဓု … သာဓု … သာဓုပါဘုရား

အော် … ပရိသတ်ရေ ကိုယ့်ဆွေမျိုးထဲက တစ်ယောက်ယောက်များ သေသွားလို့ရှိ ရင် ကျန်ရစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက သံဃာတော် အရှင်သူမြတ်တွေကို ပင့်ဖိတ်ပြီးသကာလ ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်အရသာအဖြာဖြာတို့ကို လှူဒါန်းကော်ရော် ပူဇော်ပြီးတော့ အမျှ အတန်းပေးဝေကြမယ်ဆိုရင်တော့ဖြင့် အဲဒီက ပြိတ္တာတွေမှာ ရရှိခံစားရနိုင်ပါတယ်။ ပရိသတ်ရေ သဘောပေါက်ကြလား။ ( သဘောပေါက်ပါတယ်ဘုရား ) အဲဒါ သေသူကို ရည်စူးပြီး ပြုလုပ်တယ်ဆိုရင် ပရိသတ် မှတ်လိုက်ပါ။ ထီး, တံခွန် ပေးလို့ မရပါဘူး။ ဘာလုပ်ရမလဲ။ အမျှပေးဝေမှ ရတယ်။ တိတိကျကျ မှတ်လိုက်ပါနော်။ ( မှန်ပါဘုရား ) အဲဒါ ထီး, တံခွန်ရောင်းတဲ့ပုဂ္ဂိုလ်တွေက ဘုန်းဘုန်းကို ဒီလောက်ဆိုရင် မျက်စောင်း ထိုးနေတော့မှာပဲ။ “ဘာတွေ လျှောက်ဟောနေပါလိ့မ်။ ငါတို့ထီးတွေ ရောင်းရမှာ မဟုတ် တော့ပါဘူး” ဆိုပြီးတော့။ ၀ယ်ပါ ၀ယ်တာကတော့ အကြောင်းမဟုတ်ပါဘူးနော်။ ပေးချင် လည်းပေးပါ။ မရောက်ဘူးလို့တော့ သိထားပါနော်။ ( မှန်ပါဘုရား ) ဈေးနည်းနည်း ညှိရသေးတယ်။ အဲဒီတော့ ပရိသတ်ရေ ဘယ်လိုပေးမှ ရသလဲ။ ( အမျှဝေမှ ရပါတယ်ဘုရား ) အမျှဝေမှ ရတယ်နော်။


( မှန်ပါဘုရား ) အဲဒီတော့ ပုဏ္ဏားက ပရိသတ်ရေ ဒီမှာ မြတ်စွာဘုရားကို အထွန့်တက်တယ်။ “မြတ်စွာ ဘုရားတဲ့ ကိုယ့်ဆွေမျိုးက ပြိတ္တာမရှိဘူးဆိုရင် ပြိတ္တာဘ၀မရောက်ဘူးဆိုရင်တဲ့ အဲဒီက ကုသိုလ်ကောင်းမှုရဲ့  အဖို့ဘာဂ ဘယ်လိုဖြစ်သွားမလဲ” တဲ့။ အဲဒီတော့ မြတ်စွာဘုရားက ဖြေတယ်။ “ကိုယ့်ဆွေမျိုး ပြိတ္တာမရှိဘူးဆိုတာကတော့ ပုဏ္ဏားကြီး မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ။ သံသရာကျင်လည်ခဲ့ကြတာ ကြာပြီ ” ပရိသတ်ရေ ဘယ်လိုတဲ့တဲ့။ ( သံသရာ ကျင်လည်ခဲ့ရတာ ကြာပါပြီဘုရား ) “သံသရာကျင်လည်ခဲ့ကြတာ ကြာပြီ။ အဲဒီတော့ သံသရာကာလထဲမှာ ဆွေမျိုး မတော်တဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိပါဘူး။ အဲဒါကြောင့် ပြိတ္တာလောကမှာလည်း ကိုယ့်အမျိုးတွေ ရှိနေကြပါပေတယ်” ပရိသတ်ကြီး ပြိတ္တာလောကမှာလည်း ကိုယ့်အမျိုးတွေ… ( ရှိနေပါတယ်ဘုရား ) ရှိနေတယ်တဲ့။ အဲဒီက အမျိုးတွေ ရကြမှာပေါ့ အမျှဝေလို့ ဖြစ်ပါတယ်နော်။ ( မှန်ပါဘုရား ) အပိစ ဗြဟ္မဏ ဒါယကောပိ အနိပ္ဖလော။ (အံ၊ ၃၊ ၄၈၀) ဗြဟ္မဏ - ပုဏ္ဏား၊ အပိစ - စင်စစ်အားဖြင့်။ ဒါယကောပိ - အလှူရှင်ပုဂ္ဂိုလ်တွေမှာ လည်းပဲ။ အနိပ္ဖလော - မုချအကျိုးရနိုင်သည်။ ဟောတိ - ဖြစ်ပါပေတယ်လို့။ သတ္တာ လူနတ်တို့ဆရာ ဘုရားမြတ်စွာသည်။ အဝေါစ - ကောင်းစွာ မသွေ ဟောပြတော်မူခဲ့ပါပေ သတည်း။ သာဓု … သာဓု … သာဓုပါဘုရား


အေး … ပရိသတ်ရေ တမလွန်ဘ၀ ပြိတ္တာတွေ ရတာ, မရတာကတော့ မိမိတို့တော့ မသိဘူးဟုတ်လား။ ( မှန်ပါဘုရား ) ဘာဖြစ်လို့လဲဆိုတော့ ငရဲကျနေရင် မရဘူး။ တိရစ္ဆာန်ဘ၀ ရောက်နေရင် မရဘူး။ လူ့ဘ၀ရောက်နေရင် မရဘူး။ အဲဒီတော့ ရတာ, မရတာ ကိုယ့်စိတ်ထဲမထားနဲ့။ တာဝန်နဲ့ ၀တ္တရားအရတော့ ကုသိုလ်ပြုအမျှတော့ ဝေလိုက်၊ အမျှတော့ဝေလိုက်။ အေး လှူတဲ့ အလှူရှင်မှာတော့ အကျိုးကရပြီးသား။ ပရိသတ်ကြီး အလှူရှင်မှာ အကျိုးကတော့ …. ( ရပြီးသားပါဘုရား ) ဆွမ်းလှူရှင် ဆွမ်းအကျိုးငါးပါး ရပြီးသား။ သင်္ကန်းလှူရှင် သင်္ကန်းအကျိုးရှစ်ပါး ရပြီး သား။ ပရိသတ်ကြီး သဘောပေါက်တယ်နော်။ ( မှန်ပါဘုရား )


အင်္ဂါစုံမှ အမျှရ ကဲ… ဒါဖြစ်လို့ရှိရင် ပြိတ္တာတွေမှာရနိုင်လောက်တဲ့ ကုသိုလ်ကောင်းမှုရဲ့  အင်္ဂါ အချက် အလက်တဲ့။ ပရိသတ် မှတ်သားစရာနော်။ ( မှန်ပါဘုရား ) ပြိတ္တာတို့ ရရှိအပ်သော ကုသိုလ်ရဲ့  အင်္ဂါသုံးပါးရှိတယ်။ အင်္ဂါ ဘယ်နှစ်ပါးလဲ။ ( သုံးပါးပါ ဘုရား ) ပေတာနံ ဟိ အတ္တနော အနုမောဒနေန ဒါယကာနံ ဥဒ္ဒိသနေန ဒက္ခိဏေယျ သမ္ပတ္တိယာစာတိ တီဟိ အင်္ဂေဟိ ဒက္ခိဏ တင်္ခဏညေ ဖလံ နိပ္ဖတ္တိကာ ဟောတိ။ ပေတ၀တ္ထု အဋ္ဌကထာ၊ စာမျက်နှာ (၂၅) မှာ ပါပါတယ်။ ပေတာနံ - တမလွန်ဘ၀ပြောင်းသွား ကွယ်လွန်သွားကြတဲ့ ပြိတ္တာတို့၏။ အတ္တနော မိမိတို့ကိုယ်တိုင်က။ အနုမောဒနေန - ၀မ်းမြောက်နုမော် သာဓုခေါ်ပေးရပါမယ်။ ပရိသတ်ရေ ပြိတ္တာကိုယ်တိုင်က ဘာလုပ်ပေးရမလဲ။ ( သာဓုခေါ်ရမှာပါဘုရား ) သာဓု ခေါ်မှ။ သာဓု မခေါ်ချင်ပါဘူးကွာဆိုရင် ပရိသတ်ရမလား။ ( မရပါဘူးဘုရား ) မရဘူး။ သူကိုယ်တိုင် သာဓုခေါ်မှ ရတာ။ ဒါယကာနံ ဥဒ္ဒိသနေန - လှူဒါန်းတဲ့ ပုဂ္ဂိုလ်တွေက နာမည်လေး ခေါ်ပြီးတော့ အမျှဝေ ပေးရပါမယ်။ ပရိသတ်ရေ အလှူရှင်တွေက ဘယ်လိုအမျှဝေပေးရမလဲ။ ( နာမည်လေးခေါ်ပြီး အမျှဝေပေးရမှာပါဘုရား )


နာမည်လေးခေါ်ပြီးတော့ အမျှဝေပေးရပါမယ်။ အဲဒီအချိန် အင်မတန် အရေးကြီး တယ်။ ဆိုကြပါစို့ဗျာ။ ဒကာကြီး ဦးလေးမြင့်တို့ ကွယ်လွန်သွားပြီ။ ဒကာမကြီးတို့ မိသားစု ကနေပြီး ဒေါ်တင်ကြည်ကနေပြီးတော့ အမျှဝေတော့မယ်ဆိုရင် မျက်ရည်ကလေး စက်စက် စက်စက်နဲ့ “ဦးလေးမြင့်ရေ အမျှ အမျှ” ဦးလေးမြင့်ရေ လို့ ခေါ်လိုက်တာနဲ့ ရင်ထဲက ဆို့တက် လာတာ။ အဲဒီလိုဆိုရင် ပရိသတ်ေ��� ၀မ်းနည်းသံကြီးနဲ့ ဝေတဲ့ အမျှဟာ ဟိုမရောက်ဘူး။ တော်တော်တဲ့ မလွယ်တဲ့အလုပ်နော်။ ( မှန်ပါဘုရား ) အဲဒီတော့ ပရိသတ်ကြီး ဘုန်းဘုန်း တစ်ခု ပြောလိုက်မယ်။ “သူများအားကိုးနေမည့် အစား ကိုယ်တိုင်တရား အားထုတ်သွား” ဟုတ်ပလားဗျာ။ ( မှန်ပါဘုရား ) ဘာလို့လဲဆိုတော့ ဟိုက ငိုသံကြီးပါနေရင် အမျှရပါ့မလား။ ( မရပါဘူးဘုရား ) ဦးခင်မောင်ကြီး ကျွတ်ဖို့ လွယ်ပါ့မလား။ ( မလွယ်ပါဘူးဘုရား ) ကျွတ်ဖို့မလွယ်ဘူးနော်။ ( မှန်ပါဘုရား ) တော်တော်မလွယ်ဘူး။ ဒါကြောင့် “ဒါယကာနံ ဥဒ္ဒိသနေန” အလှူရှင်ပုဂ္ဂိုလ်တွေက ကြည်ကြည်သာသာနဲ့ နာမည်ခေါ်ပြီးတော့ အမျှဝေပေးနိုင်ရ မယ်။ မငိုနဲ့ ငိုသံကြားရင် မရဘူးနော်။ ( မှန်ပါဘုရား )


နောက်တစ်ခါ “ဒက္ခိဏေယျသမ္ပတ္တိယာစ” အလှူခံပုဂ္ဂိုလ်တွေကလည်း သီလစင်ကြယ်ရမယ်။ ဘာတဲ့လဲ့။ ( အလှူခံပုဂ္ဂိုလ်တွေကလည်း သီလစင်ကြယ်ရမှာပါဘုရား ) သီလမစင်ကြယ်တဲ့ ဘုန်းကြီးကို လှူပြီးတော့ အမျှဝေရင် ( မရပါဘုရား ) ဒါ စာအတိုင်း ဘုန်းဘုန်းပြောတာနော်။ ဒကာ၊ ဒကာမတွေ သိထိုက်တယ်။ ဒါ ကိုယ် က ဘုန်းကြီးလေးတစ်ပါး ပင့်ထားတယ်။ ဟို … ဘုန်းကြီးကလည်း သီလပိုင်းဆိုင်ရာ သိပ် မစွံဘူးနော်။ သီလပိုင်းဆိုင်ရာ သိပ်မစွံဘူးဆိုတဲ့အခါကျတော့ ကိုယ်က ကုသိုလ်လုပ်ပြီး တော့ အမျှဝေတယ် ရောက်ပါ့မလား။ ( မရောက်ပါဘူး ဘုရား ) မရောက်ဘူး။ ပရိသတ်ကြီး မှတ်ထားနော်။ မလွယ်ဘူး။ ဘုန်းဘုန်း ဥပရိပဏ္ဏာသ အဋ္ဌကထာ ဒက္ခိဏ၀ိဘင်္ဂသုတ်မှာ ဖွင့်ထားတာရှိတယ်။ ဇာတ်လမ်းလေးတစ်ပုဒ်နော်။ ( မှန်ပါဘုရား ) ဘုန်းဘုန်းပြောပြမယ်။ သိဟိုဠ်ကျွန်း မြစ်ကမ်းနားတစ်နေရာရာမှာ အဖေကြီးတစ်ယောက်ပဲ ကျန်ရစ်ခဲ့ရှာ တယ်။

အမေကြီးကတော့

စောစောက

ဆုံးပါးသွားပြီ။

ဒီတော့

အဖေကြီးကသမီးအိမ်ထောင် သည်နဲ့ မြေးတွေနဲ့ အတူတကွနေတယ်။ ကဲ … ပရိသတ် အဖေကြီး တစ်နေ့သောအခါ သေသွားပြီ။ အဲဒီရွာမှာလည်း ကိုး ကွယ်ထားတာ ဘုန်းကြီးတစ်ပါးရှိတယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်း ဘုန်းကြီးတစ်ပါး ရှိတယ်။ အဲဒါနဲ့ ဆိုကြပါစို့။ ဒကာကြီးက သေပြီးတော့ ပြိတ္တာဖြစ်နေတယ်။ ဒကာကြီးက သေ ပြီးတော့ ဘာဖြစ်နေလဲ။


( ပြိတ္တာဖြစ်နေပါတယ်ဘုရား ) ပြိတ္တာဖြစ်နေတယ်။ ပြိတ္တာဖြစ်နေတဲ့ အခါကျတော့ ပရိသတ်ရေ အဲဒါ ခုနစ်ရက်ရှိတော့ ရက်လည်တာ ပေါ့။ ရက်လည်တဲ့အခါကျတော့ ဘုန်းကြီးပင့်တယ်။ ဘုန်းကြီးဘယ်နှစ်ပါးလဲ။ ( တစ်ပါးတည်းပါဘုရား ) တစ်ပါးတည်း။ အဲဒီဘုန်းကြီးကလည်း ပါရာဇိကကျထားတာနော်။ ပါရာဇိကကျထား တယ်ဆိုတာ ဘုန်းကြီးမဟုတ်ဘူး။ ဘုန်းကြီးသိက္ခာ ပျက်စီးသွားပြီလို့ပြောတာနော်။ ( မှန်ပါဘုရား ) အဲဒီတော့ ပါရာဇိက ကျထားတာ။ ဘုန်းကြီးမဟုတ်တော့ဘူး။ အဲဒီလိုဆိုတဲ့အခါကျ တော့ ပရိသတ်ရေ တစ်ခါတည်း ကြည်ကြည်လင်လင်နဲ့ပါပဲ အမျှဝေတယ်။ “အဖေ အမျှ အမျှ အမျှ” ဟိုက ပါးစပ်လှုပ်တာတွေ အကုန်တွေ့ နေရတယ်။ ပြိတ္တာ ကြီးက ဘာတွေ တွေ့  နေရသလဲ။ ( ပါးစပ်လှုပ်တာတွေ တွေ့ နေရပါတယ်ဘုရား ) သမီး ပါးစပ်လှုပ်တာလည်း တွေ့ တယ်။ ဘုန်းကြီးက ရေစက်ချပေးတာလည်း တွေ့  တယ်။ ဒါပေသိ ဒီကုသိုလ်ရဲ့  အရှိန်က သူ့ဆီမလာဘူး။ ကုသိုလ်ရဲ့  အရှိန်က သူ့ဆီသွားသလား။ ( မသွားပါဘူး ဘုရား ) ဘုန်းကြီးက ဘာဖြစ်နေလဲ။ ( ပါရာဇိက ကျထားလို့ပါ ဘုရား ) ပါရာဇိက ကျထားလို့၊ ရဟန်းသိက္ခာ ပျက်စီးနေတာ။ အဲဒါနဲ့ ပရိသတ်တို့ ခုနစ်ရက် သာ ပြည့်သွားတယ်။ ရေလည်း လောင်းချပြီးပြီ။ “ကိုင်း အဖေရေ အမျှ အမျှ” လို့ နာမည်ခေါ် ပြီး အမျှဝေပေမယ့် သူ့မှာ မရဘူး။


မရတော့ “ကိုင်း - ငါ မထူးဘူး။ လ-လယ် ဆွမ်းလေး စောင့်ရဦးမှာပဲ” လ-လယ် ဆွမ်း

လေးစောင့်၊

တစ်လပြည့်တဲ့အခါကျ

ဘယ်မှမသွားဘူး။ တော့

ပရိသတ်ရေ

ဒီနားမှာပဲ

နေနေတယ်

ဒကာကြီး။

လ-လယ်ဆွမ်းသွတ်တယ်။

ဘုန်းကြီးများ

ပြောင်းမလား ချောင်းကြည့် တယ်။ သမီးကလည်း ပြောင်းစရာမရှိဘူး။ ငါ့ဘုန်းကြီးမှ ငါ့ဘုန်းကြီးဖြစ်နေတာ။ အစွဲ၊ အစွဲ။ ပရိသတ်ဘာလဲ။ ( အစွဲပါဘုရား ) အစွဲဆိုတာ တော်တော်ခက်တယ်။ ပရိသတ်ရေနော်။ ( မှန်ပါဘုရား ) အဲဒါနဲ့ ဆိုကြပါစို့ဗျာ။ ပြောင်းလည်း မပြောင်းဘူး။ ဒီဘုန်းကြီးပဲ။ ဘုန်းကြီးက ပါရာ ဇိက ကျထားတာ။ အဲဒါနဲ့ ပင့်လာ ရေစက်ချတာတွေ အကုန်မြင်နေရတယ်။ အမျှဝေနေတာ တွေ အကုန်တွေ့နေရတယ်။ ဒါပေသိ ပရိသတ် ကုသိုလ်ရဲ့  အရှိန်အစော်သည် ပြိတ္တာကြီး ဆီ ရောက်သလား။ ( မရောက်ပါဘူး ဘုရား ) ဘာဖြစ်နေသလဲ။ အလှူခံပုဂ္ဂိုလ်က သီလပျက်စီးနေတယ်နော်။ ( မှန်ပါဘုရား ) သီလမစင်ကြယ်ဘူး။ အဲဒါနဲ့ ပြိတ္တာကြီးက မနေသာတော့ဘူး။ “ရက်လည်ပြီးပြီ။ လ-လယ် ဆွမ်းပြီးသွာပြီ။ အမျှမရ။ ငါ-နှစ်ပတ်လည်ဆို အကြာကြီးစောင့်ရမှာ။ ငါ အိပ်မက်ပေးမှာပဲ” ဆိုပြီးတော့ ပရိသတ်ရေ ညကျတော့ အရဲစွန့်ပြီး သမီးကို အိပ်မက်ပေးတယ်။ ခေါင်းရင်းကနေ သွားခေါ် တယ်။ “သမီးရေ အဖေ အမျှမရဘူး”


လာလာခေါ်တာတွေ ရှိတယ်နော်။ တစ်ချို့ အမေဆုံးတဲ့အခါကျတော့ အဲဒီလို အသံ သြကြီးနဲ့ “သမီး” ဟာ… လန့်နိုးလာပြီးတော့ လိုက်ရှာ မရှိတော့ဘူး။ အမေကတော့ အမေ ပဲနော်။ အဲဒါမျိုးတွေ ပရိသတ်မရှိဘူးလား။ ( ရှိပါတယ်ဘုရား ) ဒကာကြီးတွေ လာခေါ်တာကျတော့ ယောက်ျားသံ အသံသြကြီးနဲ့ “သမီးရေ သမီး” “အမယ်လေး ကြောက်တယ်၊ ဟေတုပစ္စယော, အရမ္မဏပစ္စယော, အာရမ္မဏပစ္စယော ..” ဆိုရင် အဖိုးကြီး ထွက်ပြေးရပြန်ပြီ။ မရွတ်နဲ့ ပရိသတ်နော်။

ဟေတုပစ္စယော, အာရမ္မဏ

ပစ္စယော.. သွားမရွတ်နဲ့။ အမျှလိုချင်လို့ လာတာ။ ဘာလိုချင်လို့ လာတာလဲ။ ( အမျှ လိုချင်လို့ပါဘုရား ) “အဖေအတွက် ကုသိုလ်လုပ်ပြီးတော့ အမျှဝေပေးပါဦး” “အော် .. အဖေမရဘူးနဲ့တူတယ်” တဲ့ သမီးလေးက

သတ္တိကောင်းတယ်။

အဲဒါနဲ့

ပရိသတ်တို့ရေ

ဆွမ်းလေးချက်ပြီး

ဘုန်းကြီးပင့်တယ်။ ဘုန်းကြီးပင့်တော့လည်းပဲ ဒကာကြီးက သေချာ ဘုန်းကြီးကို ကြည့် တယ်။ “ဒီဘုန်းကြီး ငါ မှတ်မိတယ်” စိတ်ပျက်သွားပြီ ပြိတ္တာကြီးနော်။ ( မှန်ပါဘုရား ) အယံ ဒုဿီလော အမနုေဿာ မမ ဂဟိတော။ အမနုေဿာ - လူလည်းမဟုတ်တဲ့။ အယံ ဒုဿီလော - သီလပျက်စီးတဲ့ ဟောဒီက ပုဂ္ဂိုလ်သည်။ မမ - ငါ့ရဲ့ ။ သမ္ပတ္တိ - စည်းစိမ်ဥစ္စာကို။ ဂတိတော - လုစားနေပြီ … တဲ့။ “ငါရမယ့်ဥစ္စာ သူစားစားသွားတယ် ဘီလူးကြီး” ပြိတ္တာကြီးက သီလပျက်စီးတဲ့ ဘုန်းကြီးကို ဘာပြန်ပြောတုန်း။ ( ဘီလူးကြီးလို့ ပြောတာပါဘုရား )


အင်း .. ဘေးနေရာ ဟောရင်တော့ ဘုန်းဘုန်း ခဲထုခံရလောက်တယ်။ ဒါ… ရိုးရိုး ဟောတာပါ။ ဘယ်သူ့မှလည်း ဟိုဒင်း မပြုပါဘူးနော်။ ( မှန်ပါဘုရား ) “ငါရမယ့် စည်းစိမ်ကို ဒီဘီလူးကြီးက ကြားထဲက ဖြတ်စားနေတယ်။ ဒီဘ၀တော့ သွားရှာပေါ့။

သမီးရေ

ဆိုပြီးတော့ပရိသတ်ရေဟိန်းနေအောင်

အဖေတော့ အော်ပြီး

သွားပြီကွယ်” အဲဒီနေရာက

လို့

ထွက်ခွာသွားတာ။

မကျွတ်တော့ဘူး။ ဒီကနေ့အထိ။ ပရိသတ် ဒီကနေ့အထိဆိုတော့ စကားနည်းနည်း များသွားတယ်။ စာက ပါပါတယ်။ နောက်တစ်ခါပြန်ပြီးတော့ အိပ်မက်ပေးတော့ တိတိကျကျ အိပ်မက်ပေးတယ်။ အဖေပြိတ္တာ က “သမီးရေ ဘုန်းကြီးလေး ပြောင်းပြီးတော့ ပင့်ပေးပါဦး ” တဲ့ အဲဒီကျမှကျွတ်သွားတာ။ ဘာ ပြောင်းပေးရမတဲ့လဲ။ ( ဘုန်းကြီးပြောင်းပေးရမှာပါ ဘုရား ) “ဘုန်းကြီးလေး ပြောင်းပေးပါဦး သမီးရယ်တဲ့။ တစ်ခါလာလည်း ဒါ-ကြီးဆိုတော့ အဖေတော့ မလွယ်ဘူးထင်တယ်ကွယ်” ဆိုတော့ အဲဒီကျမှ ကျွတ်သွားတာနော်။ ( မှန်ပါဘုရား ) အဲဒီတော့ ပရိသတ်ရေ ပြိတ္တာတွေ ရရှိတဲ့ ကုသိုလ်အင်္ဂါသုံးပါးထဲမှာ နံပါတ် (၃) က အလှူခံပုဂ္ဂိုလ်ရဲ့  သီလစင်ကြယ်မှု ဘာပါလိ့မ်ဗျာ။ ( အလှူခံပုဂ္ဂိုလ်ရဲ့  သီလစင်ကြယ်မှုပါဘုရား) အဲဒီတော့ အင်္ဂါ ဘယ်နှစ်ပါးဖြစ်သွားလဲ။ ( သုံးပါးပါဘုရား ) (၁) က ပေတာနံ အတ္တနော အနုမောဒနေန .. ပြိတ္တာကိုယ်တိုင်က ၀မ်းမြောက်စွာ သာဓုခေါ်နိုင်ရမယ်။


(၂) က ဒါယကာနံ ဥဒ္ဒိသနေန … ကျန်တဲ့ အလှူရှင်ပုဂ္ဂိုလ်တွေက နာမည်ခေါ်ပြီး တော့ ကြည်ကြည်လင်လင်နဲ့ အမျှဝေပေးရမယ်။ (၃) က ဒက္ခိဏေယျ သမ္ပတ္တိယာ .. အလှူခံပုဂ္ဂိုလ်က ပါရာဇိကမကျ သီလစင်ကြယ် တဲ့ သံဃာတော်ဖြစ်ရမယ်။ ဣတိ

- ဤသို့လျှင်။

တီဟိ - သုံးပါးကုန်သော။

အင်္ဂေဟိ - အင်္ဂါတို့နှင့်။

ဒက္ခိဏေညေ၀ - ထိုခဏ၌သာလျှင်။ ဖလံ နိပ္ဖတ္တိကာ - အကျိုးကိုဖြစ်စေနိုင်စွမ်းရှိသည်။ ဟောတိ - မုချမသွေ ဖြစ်ပါစေသတည်း။

သာဓု .. သာဓု … သာဓုပါဘုရား

ပရိသတ်ရေ အဲဒီအင်္ဂါသုံးပါးနဲ့ ပြည့်စုံလို့ရှိရင် ပြိတ္တာတွေမှာ ချက်ချင်း အကျိုးပေး တယ်တဲ့။ ကြာမှ အကျိုးပေးတာလား။ ချက်ချင်းလား။ ( ချက်ချင်းပါ ဘုရား ) တင်္ခဏညေ၀ ဖလံ နိပ္ဇတ္တိကာ ဟောတိ … လို့ စာပေက ဆိုတယ်။ တခဏတည်းနဲ့ သူတို့မှာ ပြောင်းလဲသွားတာနော်။


ပြိတ္တာဘ၀ ရောက်ခဲ့ရသူ

ကိုင်း … ပရိသတ်ရေ ပြောင်းလဲပုံလေး ကြည့်ကြရအောင်။ တံငါသည်သား ရဟန္တာ အကြောင်း ခုမှ ပြောရမှာနော်။ ပြောမလို့ ပါဠိတော်က ပြောထားတယ်။ ကုဏ္ဍိနာဂရိယော ထေရော။ သာဏ၀ါသိ နိဝါသိကော။ ပေါဋ္ဌပါဒေါတိ နာမေန၊ သမဏော ဘာဝိတိနြ္ဒိယော။ (ပေတ၊ ၁၆၈) ပေတ၀တ္ထုပါဠိတော်၊ သာဏ၀ါသီထေရ ပေတ၀တ္ထု ပထမဆုံးဂါထာ။ ကုဏ္ဍိနာဂရိယော - ကုဏ္ဍီဆိုတဲ့ မြို့ မှာနေပေထသော။ ထေရော - ရဟန္တာအရှင် မြတ်ကြီးသည်။ သာဏ၀ါသိ နိဝါသိကော - သာဏတောင်၌ သီတင်းသုံး၍ နေပါပေ၏။ နာမေန - အမည်လေးကတော့ဖြင့်။ ပေါဋ္ဌပါဒေါတိ - ပေါဋ္ဌပါဒလို့ ခေါ်ပါပေ၏။ သာမဏော ကိလေသာငြိမ်းပြီးဖြစ်ထသော။ ဘာဝိတိန္ဒြိယော - ဣနြေ္ဒငါးပါး စင်ကြယ်သန့်ရှင်းအောင် ပွားများတော်မူပြီးတဲ့ ရဟန္တာအရှင်မြတ်ကြီး တစ်ပါးဖြစ်တော်မူပါပေ၏။ ဣတိ - ဤသို့လျှင်။ သင်္ဂါယနတ္ထေရာ - သင်္ဂါယနာတင်မထေရ်မြတ်တွေက။ အဝေါစုံ - ကောင်းစွာမသွေ မိန့်ဆို တော်မူကြပါပေကုန်သတည်း။ သာဓု …. သာဓု … သာဓုပါဘုရား

မြတ်စွာဘုရားလက်ထက်က ကုဏ္ဍီ ဆိုတဲ့ မြို့ မှာတဲ့။ ဘာမြို့ ပါလဲ။ ( ကုဏ္ဍီမြို့ ပါဘုရား ) ကုဏ္ဍီ ဆိုတဲ့ မြို့ မှာ သီတင်းသုံးပြီးတော့နေတဲ့ ပေါဋ္ဌပါဒ လို့ခေါ်တဲ့ မထေရ်တစ်ပါး ရှိပါတယ်။


သူနေတာက သာဏ ဆိုတဲ့ တောင်ပေါ်ကျောင်းမှာနေတယ်။ ဘယ်မှာနေသလဲ။ ( သာဏတောင်ပေါ်မှာပါဘုရား ) သာဏ ဆိုတဲ့ တောင်ပေါ်ကျောင်းမှာ နေပါတယ်။ အာသေဝေါကင်းကွာတဲ့ ရဟန္တာ ကြီးပါပဲ။ ဘာပါလိမ့်ဗျာ။ ( အာသဝေါကင်းကွာ ရဟန္တာပါဘုရား ) အာသဝေါကင်းကွာတဲ့ ရဟန္တာအရှင်မြတ်ကြီး၊ ပရိသတ်ရေ ရဟန္တာအရှင်မြတ်ကြီးရဲ့  ဘ၀တစ်ဆစ်ချိုးလေး ဘုန်းဘုန်းပြောပြမယ်နော်။ အဲဒါကတော့ ပေတ၀တ္ထု အဋ္ဌကထာက ပြောပြထားတယ်။ စာပေဆိုတာ ပရိသတ် တို့ စုံအောင် ကြည့်ရပါတယ်။ ဒါ

ကိုယ့်ဆွေတော်မျိုးတော်တွေကို ဘုန်းဘုန်းက ဥာတ

ပရိညာအခန်းပေါ့နော်။ ( မှန်ပါဘုရား ) ဒါ သင်ပေးတာပါ။ ပေတ၀တ္တုအဋ္ဌကထာမှာ ဘာပြောတုန်းလို့ဆိုတော့ ဒီမထေရ်ကြီးဟာ ပရိယတ် ပြိတ္တာဘ၀ကလာတာ။ ကြောက်စရာကြီးနော်။ ( မှန်ပါဘုရား ) ဘယ်ဘ၀ကလာသလဲ။ ( ပြိတ္တာဘ၀က လာတာပါဘုရား ) ပြိတ္တာဘ၀က လာခဲ့တဲ့ မထေရ်ကြီး။ အော် ဘာလို့များ ပြိတ္တာ ဖြစ်ရပါလိမ့်နော်။ စဉ်းစားစရာ။ ပြိတ္တာဖြစ်ခြင်းရဲ့  အကြောင်းတရားက ဒီလို ပရိသတ်ရဲ့ ။ ဟို … ရှေးအခါ ဘုရားမပွင့်ခင်က ဗာရာဏသီ ဆိုတဲ့ မြို့ တော်ကြီးမှာ ကိတ၀ါ ဆိုတဲ့ မင်းအုပ်ချုပ်စဉ်အခါ အဲဒီ ကိတ၀ါ ဆိုတဲ့ မင်းကြီးရဲ့  သားဖြစ်ခဲ့ဖူးတယ်တဲ့။ ရှင်ဘုရင် သား ပေါ့။ ဘယ်သူ့သားပါလိမ့်။


( ရှင်ဘုရင့်သားပါဘုရား ) အတိတ်ဇာတ်ကြောင်းလေးနော်။ ကိတ၀ါ ဆိုတဲ့ ရှင်ဘုရင်ရဲ့  သားလေး ဖြစ်ခဲ့တာ တဲ့။ အိမ်ကျပြန်ပြောတတ်အောင် သေချာမှတ်ထားနော်။ ( မှန်ပါဘုရား ) ဗာရာဏသီပြည်မှာ ကိတ၀ါ ဆိုတဲ့ ရှင်ဘုရင်ကြီးရဲ့  သားလေး ဖြစ်စဉ်ကာလက မာန သိပ်ကြီးတာ။ သူက ဘာ အားကြီးသလဲ။ ( မာနကြီးပါတယ်ဘုရား ) ရှင်ဘုရင်သားလည်း ဖြစ်တယ်။ အာဏာကလည်း ရှိတယ်။ စည်းစိမ်ကလည်း ပြည့်စုံ တယ်ဆိုတော့ ပရိသတ် မာနက မိုးထောင်နေတာပေါ့။ ( မှန်ပါဘုရား ) အဲဒီလိုဆိုတဲ့ အခါကျတော့ ပရိသတ်ရေ ကြီးတဲ့ ပုဂ္ဂိုလ်တွေ မရိုသေ။ အမတ်ကြီး တွေ မလေးစား။ အဲဒါထက်ဆိုးတာက ပရိသတ်ရေ ပစ္စေကဗုဒ္ဓါတွေကိုပါ သူက မလေးစား တာ။ အဲဒါနဲ့ ပရိသတ် တစ်နေ့သောအခါ အဲဒီ ဘုရင့်သားတော်လေး ဆင်စီးပြီးတော့ ဥယျာဉ်ကစားထွက်တာ၊ ဥယျာဉ်ကစားထွက်တဲ့အခါကျတော့ ပရိသတ်ရေ စောစောစီးစီးပဲ အဲဒီမှာ သုနေတ္ထ ဆိုတဲ့ ပစ္စေကဗုဒ္ဓါတစ်ပါး ဆွမ်းခံကြွလာတာ တွေ့ တယ်။ ဘွဲ့ တော်က သုနေတ္တ တဲ့နော်။ အဲဒီတော့ အိမ်ကျပြောတတ်အောင် ပစ္စေကဗုဒ္ဓါလို့ပဲ မှတ်လိုက်တော့နော်။ ( မှန်ပါဘုရား ) ဘယ်လို မှတ်ကြမလဲ။ ( ပစ္စေကဗုဒ္ဓါ လို့ မှတ်ရမှာပါဘုရား)


ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါး သင်္ကန်းကိုရုံ သပိတ်ကို ပိုက်ပြီးတော့ မြို့ ထဲ ဆွမ်းခံ ကြွတော်မူတယ်တဲ့။ ဆွမ်းတွေ သပိတ်နဲ့ အပြည့်ရလာတာ။ ဆွမ်းတွေ ဟင်းတွေ သပိတ်နဲ့ အပြည့်ရလာတော့ အဲဒီက ဆွမ်းသပိတ်ကြီးကို ပိုက်ပြီးတော့ ပစ္စေကဗုဒ္ဓါက ပြန်လာတာ။ အဲဒီတော့ ပရိသတ်ရေ ကိတ၀ါ မင်းရဲ့ သား ဘုရင့်သားလေးနဲ့ လမ်းမှာဆုံမိကြရော။ ဆုံမိတဲ့ အခါကျတော့ အဲဒီမှာ တစ်ခြား တစ်ခြားသော မြို့ သူမြို့ သားတွေ ရှင်ဘုရင် သားလေးကို

လက်အုပ်

ကလေးတွေ

ချီကြတာပေါ့

ဦးခင်မောင်ရဲ

့နော်။

လက်အုပ်ကလေးတွေ ချီကြ။ ပစ္စေကဗုဒ္ဓါက လက်အုပ်ချီပါ့မလား။ ( မချီပါဘူး ဘုရား ) ရှင်ဘုရင်သားကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်က ကန်တော့ပါ့မလား။ ( မကန်တော့ပါဘူးဘုရား ) ဘယ်ကန်တော့မလဲ ပစ္စေကဗုဒ္ဓါပဲနော်။ သင်္ကန်းရုံထားတယ်။ သပိတ်ကို ပိုက်ထားတော်မူတဲ့ ပစ္စေကဗုဒ္ဓါ အရှင်မြတ်က ရှိ မခိုးရကောင်းလားဆိုပြီးတော့ ပရိသတ်ရေ ဘုရင်သားလေး ဒေါသဖြစ်တာ။ အော် - စိတ် ပျက်စရာကောင်းနော်။

အသိတရားမရှိတဲ့

ပုဂ္ဂိုလ်တွေဟာ

အရမ်းစိတ်ပျက်စရာ

ကောင်းတာ နော်။ ( မှန်ပါဘုရား ) အဲဒီတော့ ဘုရင့်သားလေးဟာ အချောက်တိုက် ဒေါသဖြစ်တာ။ အဲဒါနဲ့ ဆင်ပေါ်က ဆင်း။ ဆင်ပေါ်က ဆင်းပြီးတော့ “ဒီမှာကိုယ်တော် ဘာဖြစ်လို့ ကျုပ်ကို ဦးမချတာလဲ။ ဘာလို့ ရှိမခိုးတာလဲ။ ကြည့် အားလုံးက လက်အုပ်ကလေးတွေ ချီထားတာ။ ခင်ဗျားတစ်ယောက်တည်း ကျုပ်ကို ရှိမခိုး တာ။ ခင်ဗျား ကျုပ်အပေါ် ဘာ အစာမကျေတာလဲ”


ပစ္စေကဗုဒ္ဓါက သူ့ကို ဘာမှမလုပ်ဘူး။ သနားလို့ သူ့ကို စိုက်ကြည့်နေတာ။ ခက်ပေါ့။ စိတ်ပျက်စရာကောင်းနော်။ ( မှန်ပါဘုရား ) ပစ္စေကဗုဒ္ဓါက

အဲဒီလို

မပြောပါဘူး။

ဘုန်းဘုန်းကပြောတာပါ။

အဲဒါနဲ့

ပရိသတ်တို့ရေ ကရုဏာလွှမ်းတဲ့ မျက်လုံးလေးနဲ့ ကြည့်နေတာ သနားစရာကောင်းလို့။ “အော် .. မကျေနပ်ဘူးလား။ နေပါဦး အခု ဘယ်ကပြန်လာလဲ။ သြော် ဆွမ်းခံက ပြန်

လာတာနဲ့တူပါရဲ

့။ပေးစမ်းပါကိုယ်တော်သပိတ်” ဆိုပြီးသပိတ်ဆွဲကြည့်လိုက်တော့

ပရိသတ် ဆွမ်းတွေက အပြည့်။ “ဘာလုပ်မှာလဲ ဒီသပိတ်ကြီး ကိုးရိုးကားယားနဲ့” ဆိုပြီး ကိုင်ပေါက်ပြီး ခွဲပစ်တာ။ ဟာ သပိတ်ကြီးကွဲထွက်သွားတာ ဆွမ်းတွေ ဟင်းတွေ ပြန့်ကျဲသွားတာ။ ပလဲသွားတာ။ ဒီတော့

ပစ္စေကဗုဒ္ဓါက

ဘာမှမပြောဘူး။

သူ့ကြည့်ပြီးတော့

သနားနေတာ။

အတော်စိတ်ပျက်စရာ ကောင်းတဲ့ မင်းသားပဲနော်။ ( မှန်ပါဘုရား ) အဲဒီလို ပစ္စေကဗုဒ္ဓါရဲ့  အပေါ်မှာ ဒေါသထွက်တာကို အဋ္ဌာနကောပ လို့ ပါဠိလို ခေါ် တယ်။ အဋ္ဌာနကောပ ခေါ်ကြည့်လိုက်ပါ။ ( အဋ္ဌာနကောပ ) အဋ္ဌာနကောပ ဆိုတာ ပရိသတ်ရေ ဒေါသမဖြစ်ရမည့်နေရာမှာ ဒေါသဖြစ်တာ ပြော တာနော်။ ( မှန်ပါဘုရား ) ဥပမာတစ်ခု

တို့ပရိသတ်

ပြောမယ်။

မိုးကြီး

ရွာချပြီ။

သူ့အချိန်တန်လို့

သူရွာတာနော်။ “ဟာ ဒီမိုးကလည်း ရွာပြန်ပြီ အရေးထဲ အလုပ်ရှုပ်ပါတယ်ဆိုမှ။ ဟာ


ရွာရွာနိုင်လွန်း ”

ဒေါသ

ဖြစ်တယ်။

အဲဒါ

ဘာဒေါသတုန်းဆိုတော့

အဋ္ဌာနကောပ

ပြောလိုက်။ ဘာဒေါသ ( အဋ္ဌာနကောပပါဘုရား ) ဒေါသမဖြစ်ရမယ့်နေရာမှာ ဒေါသဖြစ်တာ။ နေပူ ပူပြန်ပြီ “ဟာ နေကြီးကလည်း ပူလိုက်တာကွာ။ ချွေးတလုံးလုံးနဲ့။ ကျိုက်ထို ဆရာတော်တရားပွဲ ခါတိုင်းနှစ် မိုးရွာပါတယ်။ ဒီနှစ် ဆရာတော် ဘာလုပ်ထားတုန်း” ဘာမှမလုပ်ပါဘူး။

မိုးနတ်သားနဲ့

တိုင်ပင်ထားတာ။

“ဒီနေ့တော့

ကြည်ကြည်လင်လင် လေး လုပ်ပါကွာ” ဆိုပြီးတော့ တိုင်ပင်ထားတာ။ တိုင်ပင်လို့ရရင်ရ မရရင် သူ့ကို မီးနဲ့ရှို့ မှာ။ အဲဒီတေ���့ ပရိသတ်ရေ “အခါတိုင်း မိုးရွာပါတယ်။ ဒီနှစ် မရွာပါဘူးကွာ။ နေကလည်း ပူထားတာကွာ” အမယ်လေး ဒေါသတွေဖြစ်တယ်။ အဲဒါ ဘာဒေါသတုန်း။ အဋ္ဌာနကောပ ဒေါမဖြစ်ရမယ့်နေရာမှာ ဒေါသဖြစ်တာ။ ပရိသတ်ကြည့်ဦး တစ်ချို့ ဒေါသဖြစ်တာ။ လမ်းသွားနေရင်းနဲ့ ခလုတ်တိုက်တယ်ဗျာ။ ဒုတ်ဆို။ “ဟာ ဒီလောက်တိုက်ချင်တဲ့ ခလုတ်တိုက်ဦးကွာ” ဆိုပြီး နောက်ထပ်တိုက်၊ နောက် ထပ်တိုက်တော့ ကိုယ်ပဲ နာတာပေါ့။ အဲဒါ ဘာဒေါသခေါ်လဲ။ ( အဋ္ဌာနကောပခေါ်ပါတယ်ဘုရား ) အဋ္ဌာနကောပ ခေါ်တယ်နော်။ ( မှန်ပါဘုရား ) ပရိသတ်တစ်ချို့ ပုဂ္ဂိုလ်တွေ ဒေါသအားကြီးတာ။ ဒေါသအားကြီးတဲ့အခါကျတော့ အိမ်သာတက်ချင်တယ်။ ဖြတ်ဆိုဝင်သွားပြီး။ နောက် ရွှတ်ဆို ပြန်ထွက်လာတာ။ ဘာဖြစ်လို့ လဲ။ “ဟာ ဒီလောက်မှ မထွက်ချင်တဲ့ဟာ” ဆိုပြီး စိတ်ဆိုးပြီး ပြန်ထွက်လာတာတဲ့။ ကိုယ်ပဲ ၀မ်းချုပ်တာပေါ့။ အဲဒါ ဘာဒေါသခေါ်လဲ။


( အဋ္ဌာနကောပပါဘုရား ) အဋ္ဌာနကောပ ဦးလေးမြင့် ဘယ်နှစ်ခါလောက် ဆင်းဘူးတုန်း ဒကာကြီး ဆင်းဘူးတုန်း ဒကာကြီး။ “ဒီလောက်မှ မထွက်ချင်တဲ့ဟာ” ဆိုပြီး ငါစိတ်တိုပြီး ပြန်ထွက်လာတာ။ အမယ်လေးဟဲ့ ဒေါသ။ အဲဒါပါပဲ ပရိသတ်နော်။ ရှင်ဘုရင်သားလေးဟာ ပစ္စေကဗုဒ္ဓါ ဆွမ်းခံပြန် သူ့ကို ဦးမချလို့ဆိုပြီးဖြစ်တဲ့ ဒေါသ ဟာဖြင့် ဖြစ်သင့်တဲ့ ဒေါသလား။ မဖြစ်သင့်တဲ့ ဒေါသလား။ ( မဖြစ်သင့်တဲ့ဒေါသပါ ဘုရား ) မဖြစ်သင့်တဲ့နေရာမှာ ဒေါသဖြစ်လို့ ဒီ မင်းသားလေးရဲ့  ဒေါသကို ဘာဒေါသလို့ ခေါ် မလဲ။ ( အဋ္ဌာနကောပပါဘုရား ) အဋ္ဌာနကောပ သဘောပေါက်တယ်နော်။ ( မှန်ပါဘုရား ) သဘောပေါက်ကြ။ သဘောပေါက်ကြ။ တော်ကြာ ရပ်ပြစ်ရှစ်ပါးထဲက နံပါတ်ခုနစ်နဲ့ သွားငြိနေကြဦးမယ်။ အဲဒါပဲ ပရိသတ်တို့ရေ ပစ္စေကဗုဒ္ဓါက ကြည့်ပြီးတော့ သနားတယ်။ သနားပြီးတော့ ပစ္စေကဗုဒ္ဓါကလည်း ကြွသွားရော ပရိသတ် တစ်ကိုယ်လုံး ပူလိုက်တာ မနေနိုင် မထိုင်နိုင်။ “အမယ်လေး ပူလိုက်တာ” ဆိုပြီး မတ်တပ်ရပ်ကနေ လဲ၊ လဲပြီးတော့ လှိမ့်နေရတယ်။ အဲဒီမှာ သေပြီးတော့ ပရိသတ် အ၀ီစိငရဲကျတာ။ ပစ္စေကဗုဒ္ဓါပြစ်မှားပြီးတော့ ဘယ် ရောက်သွားလဲ။ ( အ၀ီစိငရဲပါဘုရား) အ၀ီစိငရဲကျသွားတယ်။ နှစ်ပေါင်းများစွာ ဒုက္ခခံနေရတာ ငရဲမှာ။


အဲဒီက အ၀ီစိငရဲက ပြန်ပြီးတော့ လွတ်လာတဲ့အခါမှာ ပြိတ္တာဘ၀ အကြိမ်များစွာ။ အ၀ီစိက လွတ်ပြန်တော့ ဘယ်ဘ၀ရောက်သလဲ။ ( ပြိတ္တာဘ၀ပါဘုရား ) ပြိတ္တာဘ၀မှ အို … ငတ်ငတ်ပြတ်ပြတ်နဲ့ ဒုက္ခရောက်လိုက်တာ။ ပရိသတ်ရေ လွန်ရော။ အဲဒါနဲ့

ဆိုကြစို့ဗျာ။

ပြိတ္တာဘ၀ကလွတ်တဲ့

အခါကျတော့

ယခုလက်ရှိဘ၀ရောက်လာ တာ။ ဒါကြောင့် ဒီမထေရ်ကြီးဟာ ဘယ်ဘ၀ကလာတာလဲ။ ( ပြိတ္တာဘ၀က လာတာပါဘုရား ) ပြိတ္တာဘ၀က လာတာ။


တံငါမျိုးမှာ လူဖြစ်လာ

ပြိတ္တာဘ၀က လာတော့ ဒေါသအားကြီးတယ်။ မာန်မာနအားကြီးတယ်ဆိုတဲ့ အကျိုး ဆက်တွေကြောင့် ပရိသတ်တို့ရေ တံငါမိသားစုလေးမှာ လူသွားဖြစ်တယ်။ ဘယ်မိသားစု ( တံငါမိသားစုလေးမှာပါဘုရား ) တံငါမိသားစုလေးမှာ သွားပြီးတော့ လူဖြစ်ရရှာပါတယ်။ တစ်ရွာလုံး အကုန်လုံး တံငါ သည်တွေချည်းပဲ။ တစ်ရွာလုံး ဘာတွေချည်းပဲတုန်း။ ( တံငါသည်တွေချည်းပါဘုရား ) ကြောက်စရာကောင်းတယ် ပရိသတ်တို့။ တစ်ချို့  ဘုန်းဘုန်းခင်တဲ့ ပုဂ္ဂိုလ်တွေဆိုရင် ဘုန်းဘုန်းက ပြောတယ်။ “မင်းတို့ စီးပွားရေးပြောင်းလိုက်ကွာ။ တစ်ခြား စီးပွားရေး ပြောင်းလုပ်ကြစမ်း” ဆို တော့ တစ်ယောက်တော့ ပြောင်းသွားတယ်။ အခု စီးပွားရေးကတော့ အရောင်းအ၀ယ် လုပ် နေတယ်။ အဲဒီတော့ ပရိသတ်ရေ တံငါရွာမှာ သွားပြီးတော့ လူဖြစ်တယ်။ မိသားစုတွေက လည်း အကုန်လုံး တံငါသည်တွေချည်းပဲ။ ဒီကလေးက ပရိသတ် ဇာတိဿရဥာဏ်ရတယ်။ ဘာဥာဏ်ရသလဲ။ ( ဇာတိဿရဥာဏ်ရပါတယ်ဘုရား ) အရင်ဘ၀က အကြောင်းတွေ အကုန်လုံး ပြန်သိတာ။ ပစ္စေကဗုဒ္ဓါ ပြစ်မှားခဲ့တာ သူ သိတယ်။ ငရဲကျတာ သူမှတ်မိတယ်။ ပြိတ္တာဖြစ်တာ သူမှတ်မိတယ်။ အဲဒီလိုဆိုတော့ ပရိသတ်ရေ ဒီမိဘလုပ်ငန်းမှာ ဒီကလေး စိတ်ပါနိုင်ပါ့မလား။ ( မပါနိုင်ပါဘူး ဘုရား )


စိတ်မပါတော့ဘူး။ အဲဒီအရွယ်လေး ရောက်လာတဲ့အခါ သွားနိုင် လာနိုင် ရှိတယ် ဆိုရင်ပဲ မိဘနှစ်ပါးက ငါးဖမ်းဖို့ ခေါ်သွား။ ငါးမျှားဖို့ ခေါ်သွားတယ် ငါးတွေ ကောက်ဖို့ရန် ခေါ် သွားရှာတယ်။ သူတို့ရဲ့  မိသားစုမှာက အဖေရယ်, အမေရယ်, သူ့ထက်ကြီးတဲ့ အစ်ကိုကြီး တစ်ယောက်ရယ်, သူရယ်ဆိုတော့ အားလုံးဘယ်နှစ်ယောက်။ ( လေးယောက်ပါဘုရား ) လေးယောက်တည်းနော်။ အဖေရယ်, အမေရယ်, အစ်ကိုကြီးရယ်, သူရယ်ပေါ့။ လေးယောက်ရှိတယ်။ အဲဒါနဲ့ မိဘနှစ်ပါးက ဒီကလေးငယ်ကို ခေါ်သွားတဲ့အခါမှာ တစ်ခါတစ်လေ ပုန်းနေ တယ်။ သူက မလိုက်ချင်ဘူး။ တံငါသည်အလုပ် သူမလုပ်ချင်ဘူး။ ပုန်းနေတယ်။ ပုန်းနေတဲ့ အခါကျတော့ “နေပလေ့စေပေါ့” တစ်ခါတစ်လေတော့ ခွင့်လွှတ်တယ်။ နောက်နေ့ကျတော့ ပါသွား။

ဟိုရောက်တဲ့အခါကျတော့

ပရိသတ်တို့ရေ

“ဒီကွန်ကို

ကိုင်ပြီးတော့

ဟိုမှာ

သွားပစ်” လို့ ဆိုတော့ အဲဒီကွန်ကို သူက စွန့်ပစ်တယ်။ မလုပ်ချင်ဘူး ဒါတွေကိုနော်။ ( မှန်ပါဘုရား ) သူက ဘယ်ဘ၀က လာတာလဲ။ ( ပြိတ္တာဘ၀ကပါ ဘုရား ) ပြိတ္တာဘ၀က လာတာ။ သူ အကုန်လုံး သိမနေဘူးလား။ ( သိနေပါတယ်ဘုရား ) ကွန်တွေကို ဓားနဲ့ ဖြဲပစ်တယ်။ ကုန်တွေကို လွှင့်ပစ်တယ်။ အဲဒီမှာ အဖေက ငါးတွေ အရှင်မိလာတဲ့အခါမှာ ဒီကလေးကို ခေါ်ပြီးတော့ ဖမ်းခိုင်း တယ်။ “အဲဒီငါးတွေကို ဖမ်း၊ မင်း အဲဒီက တောင်းထဲ ကောက်ထည့်” ငါးတွေက အရှင်တွေ၊


အဲဒီအရှင်ငါးတွေကို ပရိသတ်ရေ ကောက်ကောက်ပြီးေ ရထဲ ပြန်လွှတ်ပစ်တာ။ ဟာ အဖေ ကြီးက ဒေါတွေကန်တာ။ “မင်း ဒီလိုလုပ်ရသလားကွ၊ မင်း ဒီအရွယ်ရောက်အောင် ငါတို့က ဒါနဲ့ မင်းကို ကျွေး ထားတာ” အဲဒီမှာ ကန်ကျောက် ရိုက်နှက်ပေါ့။ အဲဒီလိုနဲ့ နေလာတော့ ပရိသတ်များ အမေ ကလည်း သူ့ကိုမုန်းတယ်။ အဖေကတော့ ကြည့်လို့ကိုမရဘူး ဒီကလေးကို။ အစ်ကိုကြီးက တော့ ချစ်တယ်။ “ရှားရှားပါးပါး ငါ့ညီမလေး တစ်ယောက်ပဲရှိတာ၊ ငါ့ညီလေးတော့ ငါရိုက်လည်း မရိုက် ဘူး။ သူနေချင်သလို နေပါစေဗျာ။ ညီလေး မလုပ်ချင် ကျွန်တော်လုပ်မှာပေါ့” အကိုကြီးက။ “ဟေ့ နင် ရှေ့ က ကာဆီးကားဆီး မလုပ်နဲ့။ ဒီလိုဆိုရင် ပျက်စီးသွားမယ်။ ဒီကလေး” ပျက်စီးတာက သူတို့။ ပရိသတ်ရေ ပျက်စီးတာက … ( သူတို့ပါဘုရား) အမေနဲ့အဖေ နော်.. ဟာ အကြီးအကျယ်ဖြစ်နေတာ တစ်ခါတည်း။ သူတို့လုပ်ငန်း ကို ဒီကလေး မလုပ်ရကောင်းလား။ ငါးတွေ လွှတ်ပစ်ရကောင်းလား။ ပိုက်ကွန်တွေ ဖြဲပစ်ရ ကောင်းလား။ ပုန်းနေရကောင်းလားဆိုပြီးတော့ ဆူပူကြိမ်းမောင်းတာ နေ့စဉ်နဲ့အမျှ။ အဲဒါနဲ့ ကာလကြာတဲ့အခါကျတော့ သည်းမခံနိုင်သည့်အဆုံး ဒီကလေးငယ်လေးကို အိမ်ပေါ်က အပြီးအပိုင် နှင်ချလိုက်ပါတယ်။ နောက်ဆုံးဘာလုပ်လိုက်လဲ။ ( နှင်ချလိုက်ပါတယ်ဘုရား) နှင်ချလိုက်ပြီ။


အိမ်ကနှင်ချ သာမဏေဘ၀ နှင်ချလိုက်တဲ့အခါမှာ ယောင်လည်လည်လေးနဲ့ ကလေးလေး အိမ်ကထွက်လာ၊ တောင်မြောက်လေးပါး အရပ်ရှစ်မျက်နှာ ဘယ်ဆီဝယ်ဝယ် သွားရမှန်း မသိတဲ့ ကလေးငယ် လေးရဲ့ ဘ၀။ အော် … ကုသိုလ်ကံက သူ့ကို အထောက်အပံ့ပေးလိုက်တဲ့အခါကျတော့ အရှင် အာနန္ဒာကိုယ်တော်မြတ်နဲ့ သွားပြီးတော့ တွေ့ တော်မူတယ်။ ဘယ်သူနဲ့သွားတွေ့ လဲ။ ( အရှင်အာနန္ဒာနဲ့ပါ ဘုရား) အရှင်အာနန္ဒာနဲ့ သွားတွေ့တယ်။ အရှင်အာနန္ဒာက သဏတောင်ပေါ်ကျောင်းမှာ ဆွမ်းစားနေတာ။ ကလေးက ထမင်း စားချိန်ရောက်တဲ့အချိန်ကျတော့ ဘုန်းကြီးကျောင်း သတိရတယ်။ “အော် … သာဏတောင် ပေါ်မှာ သံဃာတွေရှိတယ်။ ဘုန်းဘုန်းတွေရှိတယ်။ ငါသွားဦးမှ” အဲဒါနဲ့ ဘုန်းကြီးကျောင်း သွား။ ဘုန်းကြီးကျောင်းသွားပြီးတော့

ထိုင်နေတာပေါ့

ကလေးလေး။

လုံချည်

အ၀တ်အစား မပါဘူး။ အင်္ကျီလေးတော့ပါပါရဲ့  ပရိသတ် အောက်က ပုဆိုးမပါဘူး ကလေးသားလေး။ အဲဒါငုတ်တုတ်ကလေး ထိုင်နေတာ မြင်တော့ ညီတော် အာနန္ဒာက သနားတယ်။ “ဟဲ့ ကလေး မင်းဘာလိုချင်လို့လဲကွ” “ထမင်းစားချင်လို့” ကလေးလေ���ကလေ။ “ထမင်းမစားရသေးဘူးလား” “မစားရသေးဘူး” “အဲဒီလိုဆို ငါကျွေးမယ် မင်းစားမလား” “စားမှာပေါ့”


“ကဲ ဒါဖြင့်လာ” ဆိုပြီး ပရိသတ် အရှင်အာနန္ဒာက ဆွမ်းကျန်ဟင်းကျန်လေးတွေကို နယ်ဖတ်ပြီးတော့ မေတ္တာကရုဏာ ကြီးမားစွာဖြင့် ကလေးလေးကို ထမင်းတွေ တစ်ဝကြီး ကျွေးလိုက်ပါတယ်။ အဲဒါ ကျွေးပြီးတဲ့အခါကျတော့မှ အာနန္ဒာကိုယ်တော်မြတ်က ကလေးလေးကို မေး တယ်။ “ကလေးလေး မင်း သင်္ကန်းဝတ်မလား။ ဘုန်းဘုန်းတို့လို မင်း သင်္ကန်း ၀တ်မလား” “၀တ်ပေးမယ်ဆိုရင် ၀တ်ချင်တယ်” ခိုကိုးရာမဲ့ပြီးတော့ ကလေးတွေသံဃာတော်

နေကြတဲ့ တွေနဲ့

တွေ

ကလေးတွေ့ လိုက်တဲ့အခါမှာ

တွယ်ရာမဲ့နေတဲ့ သာသနာ့ဘောင်

ရောက်တော်မူလာကြပါတယ်။ ကံကောင်း ထောက်မလို့နော်။ အဲဒီမှာ ရှင်သာမဏေလေးဝတ်ပြီးတဲ့အခါကျတော့ညီတော်အာနန္ဒာကိုယ်တော်မြတ် က ကိုရင်လေးကို ဝေဠုဝန်ကျောင်းဆီ ခေါ်လာခဲ့တယ်။ ဘယ်ကျောင်း ( ဝေဠုဝန်ကျောင်းပါဘုရား ) ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်ကို ရောက်တော်မူတဲ့အခါမှာ မြတ်စွာဘုရား က လှမ်းမြင်ရတယ်။ ကိုရင်လေး လက်ဆွဲခေါ်လာတာ။ “အော် .. ချစ်သား အာနန္ဒာ မင်း ကိုရင်လေးတစ်ပါး ရလာတယ်ပေါ့လေ” “မှန်လှပါဘုရား” “ဘယ်ကတုန်းကွဲ့ ” “တံငါသည်ရွာက သူ့မိဘမျိုးရိုးကိုလည်းဒီကလေးကောင်းကောင်း

ပြောတာပဲဘုရား။ မပြောတတ်ဘူး။

ကိုရင်လေး ၀တ်ပြီး ခေါ်လာခဲ့တာ” “အေးကွယ် ကောင်းကောင်း စောင့်ရှောက်ထားလိုက်ပါ”

အဲဒါ

တပည့်တော်


ဘုရားက ဒီကလေးကို သိနေတယ်။ ပရိသတ်ရေ ဘယ်လိုတဲ့လဲ။ “ကောင်းကောင်း စောင့်ရှောက်ထားလိုက်ပါကွယ”် တဲ့။ ကိုင်း … ပရိသတ်ရေ အဲဒီမှာ ဆွမ်းခံကြွတယ် ကိုရင်လေး။ သပိတ်ကလေး ပိုက်လို့။ သပိတ်ကလေး

သေးသေးလေး

ပေးထား။

ဆွမ်းခံသွား

ဆွမ်းမရဘူး။

ဘာဖြစ်လို့။

ပြိတ္တာဘ၀ က လာတာလေ။ ဘယ်ဘ၀ကလာတာလဲ။ ( ပြိတ္တာဘ၀က လာတာပါဘုရား ) သော စ အကတကုသလတ္တာ အပ္ပလာဘော အဟောသိ။ (ပေတ၊ ဋ္ဌ။ ၁၆၅) သော စ - ထိုကိုရင်လေးသည်။ အကတကုသလတ္တာ - ကုသိုလ်ကောင်းမှု များများ မပြုခဲ့သ ည့်အတွက်တာကြောင့်။ အပ္ပလာဘော အဟောသိ - လာဘ်လာဘ ရှားပါးတော်မူ တယ်။ ပရိသတ်ရေ ကြောက်စရာနော် ကုသိုလ်မပါရင် အစစ အရာရာ ရှားပါးတယ်။ မှတ် လိုက်ပါ။ ကုသိုလ်မပါရင် (အစစ အရာရာ ရှားပါးတယ်ဘုရား) အစစ

အရာရာ

ရှားပါးတယ်။

အဲဒီတော့

မြတ်စွာဘုရားက

သနားလို့

ချီးမြှောက်တော် မူလိုသည်ဖြစ်၍ … ဘိက္ခူနံ

ပရိဘောဂတ္ထာယ

-

ရဟန်းသံဃာတွေ

သုံးဆောင်ရန်

အလို့ငှာ။

ပါနီယဃဋာနံ - သောက်ရေအိုးတို့ကို။ ပဋိပူရဏေ - ဖြည့်ကျင့်ခြင်းဆိုတဲ့ တာဝန်၌။ နိယော ဇေတိ - ကောင်းစွာ မသွေ ထားပေးတော်မူခဲ့ပါပေသတည်း။ သာဓု … သာဓု … သာဓုပါဘုရား

မြတ်စွာဘုရားက ပရိသတ်ရေ သနားလွန်းလို့တဲ့ ဒီကိုရင်ကို တာဝန်ပေးတယ်။ သံဃာတော်များ သောက်ရေအိုး ရေဖြည့်တဲ့တာဝန်။ ပရိသတ် ဘာတာဝန်လဲ။


( သံဃာတော်များ သောက်ရေအိုးရေဖြည့်တဲ့ တာဝန်ပါဘုရား ) သံဃာတော်များ သော်ကတဲ့ သောက်ရေးအိုးတွေကို ဘာလုပ်ပေးရမလဲ။ ( ရေဖြည့်ပေးရမှာပါဘုရား ) ရေဖြည့်ပေးရပါမယ်။ အဲဒါ ပရိသတ် ဘုန်းဘုန်း နည်းပေးတာနော်။ ( မှန်ပါဘုရား ) နေ့တိုင်း နေ့တိုင်း မြတ်စွာဘုရားကို ရေချမ်းတစ်ခွက် မှန်မှန် ကပ်ပါနော်။ အရုဏ် ရေချမ်းတစ်ခွက်၊ ညနေပိုင်း ရေချမ်းတစ်ခွက် မှန်မှန်လှူစမ်းပါ။ကိုယ့်ဘ၀ဘယ်လိုပြောင်းလဲ လာမလဲဆိုတာ ပရိသတ် ကိုယ်တွေ့သိလာလိမ့်မယ်နော်။ ( မှန်ပါဘုရား ) ဘုန်းဘုန်းကတော့ သောက်တော်ရေ

လှူတဲ့

ကိုရင်လေး အလေ့အထ

ဘ၀ကတည်းက ဒီကနေ့အထိ

မြဲနေတာ။

မြတ်စွာဘုရားကို ရေလှူလို့ရှိရင်

ပရိသတ်ကြီး အားလုံး ပြည့်စုံ တယ်။ ပရိသတ်ကြီး ယုံရဲ့ လား။ ( ယုံပါတယ်ဘုရား ) ယုံတာပေါ့။ ယုံလောက်တဲ့ ပုဂ္ဂိုလ်တွေက ပြောနေတာကိုနော်။ မယုံလောက်တဲ့ ပုဂ္ဂိုလ်ပြောရင်တော့ …. ( မယုပါံဘူး ဘုရား ) ဘယ်ယုံတော့မလဲ။ တို့ပရိသတ် ကြားဖူးထားတဲ့ “ပွေးဆေးရောင်းတဲ့လူကြီးလို” ဆိုတာလေ။ ပွေးဆေး တွေ ရောင်းတဲ့ ဒကာကြီးတစ်ယောက်က “ပွေးဆေးတွေဗျာ ကျွန်တော့်ဆေး ကောင်းလွန်း လို့ ပွေးရှိတဲ့နေရာလေး တစ်ခါတည်း သွေးထွက်အောင် ကုတ်ပြီးတော့ နည်းနည်းလေးသာ


သုတ်ပေးလိုက်။ အလွှားလိုက် ကွာကျတာ ဆေးကောင်းလွန်းလို့” ပတ်ဝန်းကျင်က အကဲ ခတ်တယ်။ “အော် … သူ့လည်ပင်းမှာ ပွေးကြီး အကြီးကြီးတစ်ကွက်ရှိတယ်” ပွေးဆေးရောင်းတဲ့လူ သူ့ဆေးကောင်းတယ်လည်း ပြောရဲ့ ။ သူ့လည်ပင်းမှာတော့ ဘာကြီးနဲ့လဲ။ ( ပွေးကြီးနဲ့ပါဘုရား ) ပွေးနဲ့လို့ဆိုတော့ “ဟာ … ညီလေး မင်း ဘယ်လိုပြောတာလဲကွ မင်းလည်ပင်းက ပွေး အရင်သတ်စမ်းပါဦး မင်းဆေး ဒီလောက်ကောင်းနေရင်” “ဒါက ကျွန်တော် မလုပ်ချင်လို့ပါဗျာ။ နမူနာလေး ပြရအောင် ချန်ထားတာပါ” ဘာအတွက် ချန်ထားတာလဲ။ ( နမူနာအတွက်ပါ ဘုရား ) အမှန်ကတော့ ဆေးကိုယ်က မစွမ်းတာ။ ဟုတ်တယ် မဟုတ်လား။ ( မှန်ပါဘုရား ) အဲဒီတော့

ပရိသတ်ရေ

ဘုန်းဘုန်း

သောက်ရေလှူဒါန်းတဲ့

အကျိုးတရားကို

ဘုန်းဘုန်း ဒီကနေ့ တိုက်တွန်းနေတာက ဘုန်းဘုန်းမှာ နမူနာ ချန်ထားစရာ ဆင်းရဲမရှိဘူး။ ဟုတ်လားဗျာ။ ( မှန်ပါဘုရား ) အဲဒီတော့ ကာယိကဒုက္ခတော့ ရှိတာပေါ့ဗျာ။ ခန္ဓာကိုယ်ရှိတော့ … နော် ( မှန်ပါဘုရား ) ကျန်တာကတော့ အားလုံးပြည့်စုံပါတယ် ဘုန်းဘုန်းမှာ။ အဲဒါ ဘာလှူလို့ ထင်သလဲ။ သောက်ရေ လှူပေးရပါတယ်လို့နော်။ ( မှန်ပါဘုရား )


ကိုရင်လေးဘ၀က စပြီးတော့ ဒီကနေ့အထိ ဘုန်းဘုန်း အမြဲလှူတယ်။ ညနေစောင်း တော့ ဘုရားရှိခိုးတဲ့အခါမှာ ဘုန်းဘုန်း စိတ်ထဲဟာတာတာကြီး ဖြစ်ဖြစ်နေတယ်။ မြတ်စွာဘုရားရဲ့  ဂုဏ်တော်တွေ ပွားတယ်။ ပရိတ်ရွတ်တယ်။ “ဘုရားကို ငါ ဘာမှ မကပ်ရဘူး။ ငါဘယ်လို လုပ်ရပါ့မလဲ” စိတ်ထဲမှာလေ ဟာတာတာကြီးဖြစ်လို့။ အဲဒါ ပျားရည် သုံးလေးဇွန်းလောက်ထည့် သောက်ရေလေးထည့် ဇွန်းလေးနဲ့မွှေပြီးတော့ မြတ်စွာ ဘုရားကို ပျားရည်ဖျော်လေးပါ။ ညနေ ညနေ ဘုန်းဘုန်း လှူနေတယ်။ ဘာမှ မလှူရရင် ဟာတာတာကြီး နေလွန်းလို့နော်။ ( မှန်ပါဘုရား ) မြတ်စွာဘုရားကို လက်အုပ်ပဲ ရှိခိုးနေတာ။ ဘာမှ မလှူရလို့။ စိတ်ထဲမှာ မပြည့်လို့ ပျားရည်ဖျော်ရည်လေး အခု ညနေတိုင်း လှူပေးနေပါတယ်လို့ တို့ပရိသတ်ကို ဒါ ဘုန်းဘုန်း ပြောပြတာနော်။ ( မှန်ပါဘုရား ) ကိုင်း ဘာလုပ်ခိုင်း

ပရိသတ် လဲ။

ဒီမှာကြည့်

ကိုရင်လေး

သောက်ရေအဖြည့်ခိုင်းတယ်။

ဆွမ်းရှားတော့ အဲဒါ

မြတ်စွာဘုရားက

တို့ပရိသတ်အားလုံး

ဒီကနေ့

စီးပွားရေးတွေ ပြည့်စုံ ချင်တယ်ဆိုရင် ဘာလုပ်ကြမလဲ။ ( ဘုရားရေချမ်း ကပ်ရမှာပါဘုရား ) မြတ်စွာဘုရားကို သောက်တော်ရေကပ်ပါ။ အဲဒါ စိတ်အချရဆုံး။ “ဘုန်းဘုန်း လမ်းဘေး ရေချမ်းစင်တည်ရင် မရဘူးလား” လို့ မေးတယ်။ သည်းခံနိုင် ရင်

တည်ပေါ့နော်။သည်းမခံနိုင်ရင်တော့သွားမလုပ်နဲ့။

ဘယ်ကောင် ခွဲသွားမှန်းမသိဘူး” ဖြစ်မယ်နော်။ ( မှန်ပါဘုရား )

“ဟာ

ငါ့သောက်ရေအိုး


ဘုန်းဘုန်းတို့ကျောင်း အနောက်ဖက်နား သောက်ရေအိုးစင်လေး တည်ထားတယ်။ တည်ထားတော့ အစတုန်းကတော့ အလှူရှင်က စတီးခွက်နဲ့ စတီးအဖုံးလေးနဲ့။ ဘုန်းဘုန်း ကပြောတယ်။ “မကြာပါဘူးကွယ်” လို့။ တကယ်လည်း မကြာဘူး ပရိသတ်။ အလှူခံ ပေါ် သွားတာ။ ဟာ မရှိတော့ဘူး။ “ကဲကွာ အဲဒီလိုမှဆိုလို့ ရှိပြန်ရင်လည်းပဲ တို့ကျောင်းကပဲ ဒန်ခွက်ကလေးတွေ ထား ပေး” ဆိုပြီးတော့ ဒန်ခွက်လေးတွေထားတယ်။ ဒါလည်း မကြာဘူး။ ယူသွားတာပဲ။ ဒီထက် ဆိုးတာ ရှိသေးတယ် ပရိသတ်ရေ သောက်ရေအိုးကို အောက်နေပြီး ထိုးဖောက်ပစ်ခဲ့တယ်။ “အဲဒါ ရေချမ်းစင်တည်ရင် အကျိုးမရဘူးလား” ဆိုတော့ ရတော့ရပါတယ်။ သည်းခံနိုင်ရင် တော့ တည်ကြနော်။ ( မှန်ပါဘုရား ) ကိုင်း …. ပရိသတ် ရှိစေဗျာ။ စိတ်ချရတာကတော့ ဘုရားကို သောက်တော်ရေချမ်း သာ လှူဒါန်းပါ။ ဘာမှ စိတ်ညစ်စရာမရှိပါဘူးနော်။ ( မှန်ပါဘုရား ) အဖိုးအို၊ အဖွားအိုတွေနဲ့ ကြုံရင် အဲဒီအိမ်ကို သောက်ရေအိုးလေးတွေ ခပ်ပေးခဲ့။ ဘုန်းကြ���းအိုတွေ၊ သီလရှင်အိုကြီးတွေ နေတဲ့ကျောင်း သွားလို့ရှိရင် သောက်ရေသုံးရေလေး တွေ ကြုံရင်ခပ်ပေးခဲ့။ ပရိသတ်အားလုံး အိုကေသွားလိမ့်မယ်နော်။ ( မှန်ပါဘုရား ) တံ ဒိသွာ ဥပါသကာ တဿ ဗဟူနိ နိစ္စဘတ္တာနိ ပဋ္ဌပေသုံ။ (ပေတ၊ ဋ္ဌ၊ ၁၆၅။) တံ - ထိုကိုရင်လေးကို။ ဒိသွာ - မြင်ရတဲ့အတွက်ကြောင့်။ ဥပါသကာ - ဒကာ ဒကာမ တွေက။ တဿ- ထိုကိုရင်လေးအတွက်။ ဗဟူနိ - မြောက်များလှစွာကုန်သော။ နိစ္စဘတ္တာနိ

အမြဲတစေ

ဖြစ်စေကြလေကုန်သတည်း။

လှူတဲ့ဆွမ်းတို့ကို။

ပဋ္ဌပေသုံ

-

ကောင်းစွာမသွေ


သာဓု … သာဓု … သာဓုပါဘုရား

ကိုင်း … ပရိသတ်ရေ မြတ်စွာဘုရားက သောက်တော်ရေအိုးဖြည့်တဲ့ တာဝန်ကို ပေးလိုက်တဲ့အချိန်ကစပြီးတော့ ကိုရင်လေးမှာ လာဘ်လာဘတွေ ပေါသွားတယ်တဲ့နော်။ ( မှန်ပါဘုရား ) ဆွမ်းတွေ ပေါသွားတယ်။ သင်္ကန်းတွေ ပေါသွားတယ်။ ပြည့်စုံသွားပြီ။


ရဟန္တာဖြစ် ၀ဋ်မှထွက်

အဲဒီတော့ ကိုရင်လေးဟာ ပရိသတ်တို့ရေ ဝေဠုဝန်ကျောင်းမှာပဲနေ စာပေတွေ သင်၊

ဝိပဿနာတရားတွေ

ပဉ္ဇင်းဘောင်

အားထုတ်၊

တက်လှမ်းရဟန်းဖြစ်လို့

သက်တော်နှစ်ဆယ်ပြည့်တဲ့အခါမှာ ၀ိပဿနာ

ဆက်ပြီးတော့

အားထုတ်တော်မူလိုက်တဲ့အခါမှာ အာသဝေါကင်းကွာ၍ ရဟန္တာဖြစ်ပါပေသတည်း။

သာဓု … သာဓု … သာဓုပါဘုရား

ကိုင်း … ပရိသတ်ရေ ကိုယ်တော်လေး ဘာဖြစ်သွားပြီလဲ။ ( ရဟန္တာ ဖြစ်သွားပါတယ်ဘုရား ) ရဟန္တာဖြစ်သွားပြီဆိုရင် ပရိသတ် နောက်ထပ် ပြိတ္တာဘ၀ ရောက်နိုင်ပါဦးမလား။ ( မရောက်နိုင်တော့ပါဘူး ဘုရား ) လူ့ဘ၀ရောက်နိုင်ပါဦးမလား။ ( မရောက်နိုင်တော့ပါဘူး ဘုရား ) နတ်ခန္ဓာရပါဦးမလား။ ဂတိငါးပါးက လွတ်သွားပြီ။ ဒါကြောင့် ၀ိပဿနာတရား အားထုတ်ကြနော်။ ( မှန်ပါဘုရား ) အဲဒီမှာ

ပရိသတ်တို့ရေ

ဒီကိုယ်တော်အရှင်မြတ်က

နောက်က

တပည့်သံဃာ

တစ်ဆယ့်နှစ်ပါး ခေါ်သွားပြီ။ ကိုယ်တော်လေးက တပည့်တွေနဲ့ ဖြစ်သွားပြီ။ တံငါသည်ရဲ့  သားလေးဟာ ဘာဖြစ်သွားပြီလဲ။


( တပည့်တွေနဲ့ ဖြစ်သွားပါတယ်ဘုရား ) တပည့်တပန်းတွေ ဘယ်လောက်ရသွားသလဲ။ ( တစ်ဆယ့်နှစ်ပါးပါဘုရား ) အဲဒီ ကိုယ်တော်တွေ ခေါ်ပြီးတော့ ပရိသတ်ရေ သူတို့ရွာနဲ့နီးတဲ့ သာဏ တောင်မှာ သွားပြီးတော့ နေတယ်။ နံနက်မိုးသောက် အလင်းရောက်ပြီဆိုတဲ့အခါမှာ သင်္ကန်းကိုရုံ သပိတ်ကို ပိုက်ပြီး တော့ ဆွမ်းခံကြွ၊ သံဃာတော်များနှင့်အတူတကွ ဘုဉ်းပေးတော်မူတယ်။ တရားနဲ့ ပျော်မွေ့ ပြီးတော့နေတာ တံငါသည်သား ရဟန္တာဖြစ်သွားပြီနော်။ ( မှန်ပါဘုရား )


အစ်ကိုနဲ့မိဘ ပြိတ္တာဘဝ

အဲဒီက အချိန်မှာ ဟို … တံငါသည်ရွာလေးမှာ ကျန်ရစ်ပြီးတော့ နေခဲ့ရှာတဲ့ မိဘ ညီအစ်ကိုတွေ ကြည့်ပါဦး။ အမေကလည်း သေပြီ။ အဖေကလည်း သေပြီ။ အစ်ကိုကြီး လည်း မရှိတော့ဘူး။ ပရိသတ်ရေ မိသားဖသား သုံးယောက် ရှိကြသေးလား။ ( မရှိတော့ပါဘူးဘုရား ) ဘာဖြစ်ကုန်လဲ။ ( သေကုန်ပါပြီဘုရား ) သေကုန်ပြီ။ သေကုန်ပြီဆိုတဲ့အခါကျတော့

ဘယ်ဘဝ

ရောက်နေသလဲဆိုတော့

ပြိတ္တာ

ဖြစ်နေကြ ပါတယ်။ ဘာဖြစ်နေသလဲ။ ( ပြိတ္တာဖြစ်နေပါတယ်ဘုရား ) ဆင်းရဲလိုက်တာ ပရိသတ်နော်။ ( မှန်ပါဘုရား ) ဆင်းရဲလိုက်တာ။ စားစရာလည်း မရှိဘူး။ ၀တ်စရာလည်း မရှိဘူး။ နေစရာလည်း မရှိ ဘူး။ သောက်စရာလည်း ( မရှိပါဘုရား ) အဲဒီလို ဘ၀မျိုးကြီးတွေ ပရိသတ်တို့ မကြောက်ကြဘူးလား။ ( ကြောက်ပါတယ်ဘုရား ) ကြောက်ရင် တရားအားထုတ်ကြနော်။ ( မှန်ပါဘုရား )


ဝိပဿနာအားထုတ်ကြ။ အဲဒါနဲ့

ပရိသတ်

မိဘနှစ်ပါးရယ်၊

အစ်ကိုရယ်၊

မိသားဖသား

သုံးယောက်

ပြိတ္တာဖြစ်ပြီး တော့ ဒုက္ခရောက်နေရရှာတယ်။ အဲဒီလိုနဲ့ နေရတာ စားရနိုး သောက်ရနိုးနဲ့ အလှူပွဲလေးတွေ သွားနားထောင်ကြည့်။ အမျှဝေတဲ့အထဲမှာ သူတို့အသံ မပါဘူး။ အမျှဝေ လည်း မရဘူး။ သာဓုလည်း ခေါ်လို့မရဘူး။ “အော် တို့ဘ၀ ဘယ်တော့များမှ လွတ်ပါ့မလဲ” ညည်းတွားပြီးတော့ ပရိသတ် နေနေကြရတာနော်။ တစ်ခါတစ်လေ ပရိသတ်တို့ရေ အကာလညအခါ ခရီးသွားလို့ရှိရင် ပြိတ္တာညည်းသံကြီးတွေ ကြားဖူးကြလိမ့်မယ်။ စားစရာ မရှိလို့ ဒုက္ခရောက်နေတာ။ ပျဉ်းမနား ဟိုဘက်မှာ ရွာသစ်ကြီးရွာဆိုတာ ရှိတယ်။ ရွာသစ်ကြီး ဘုန်းကြီးကျောင်း နဲ့ ရွာနဲ့ကြားထဲမှာ သုဿာန်ကြီးရှိတယ်။ ဘုန်းဘုန်း နှစ်တိုင်း တရားဟောရောက်ပါတယ်။ အဲဒီရွာ အဲဒီက ဒကာကြီးကပြောတာ။ “တစ်ခါတစ်လေ တပည့်တော်တို့ ကျောင်းကနေပြန်တဲ့အခါမှာ သုဿာန်ဘေးနား လေးအတိုင်းပဲ ကပ်ပြီးတော့ လမ်းလေးက ဖောက်ထားတာ။ ဇရပ်ကလေးနဲ့ ဟိုဘက်က အုတ်ဂူတွေနဲ့။ တစ်ခါတစ်လေများ ငုတ်စူစူကြီးတွေ ထိုင်နေကြတာ ပြိတ္တာကြီးတွေ ဂူကြီး တွေထက် ကျော်သေးတယ်။ အဲဒါ တပည့်တော်တို့ သွားကြည့်တယ်။ သွားကြည့်ပြီးတော့ “မင်း အမျှဝေမယ် သာဓခေါ်နိုင်ပါ့မလား” လို့ဆိုတော့ ဘာမှတော့မပြောဘူး။ ဘယ်လို လုပ်ပြသွားတုန်းဆိုတော့ ဟင်းဆိုပြီး သက်ပြင်းချပြီးတော့ မတ်တပ်ကြီး ထပြီးတော့ သွား တယ်ဘုရား” တဲ့။ မရဘူးပေါ့ဗျာနော်။ ( မှန်ပါဘုရား )


ကဲ ပရိသတ် အရမ်းကြောက်ဖို့ကောင်းတာ။ အဲဒီနားလေးမှာ ပရိသတ် ပြိတ္တာမ တစ်ယောက်ရှိသေးတယ်။ အဲဒီ ပြိတ္တာမကလည်း တစ်ခါတစ်လေ ဒကာကြီးတွေပြန်တဲ့အခါ မှာ ဒကာကြီးတွေကို လူပျိုလှည့်သေးတယ်။ သူက လူပျိုကို ပြိတ္တာမက လှည့်တာနော်။ ဆံပင်ဖားလျားချပြီး ခြေထောက်ကလေး ချချထားထာ။ ဦးသိန်းမောင်ဆိုတဲ့ ဒကာကြီးက ပြောပြတယ်။ “အဲဒါ တပည့်တော်တို့ကို လှည့်တာ။ တပည့်တော်လည်း အမြင်ကတ်ကတ်ရှိတာနဲ့ ထီးနဲ့နောက်ကနေ ဆောင့်ထိုးလိုက်တာ ပျော်သွားတယ်” တဲ့။ ကျွတ်တော့ မကျွတ်ဘူးနော်။ အဲဒါ အခုထက်ထိ ရှိသေးတယ်။ အဲဒီ ပြိတ္တာမ အလွန် ဇွဲကောင်းနော်။ ( မှန်ပါဘုရား ) ပြောရဦးမယ် ပရိသတ်ရေ… သတိရသွားပြန်ပြီ။ အဲဒီက ပျဉ်းမနားမြို့ နယ်ထဲမှာ သာဝတ္ထိနဲ့နီးတယ်။ ရွာနာမည်တော့ ချန်ထားလိုက်မယ်နော်။ ရွာနာမည်ချန်ထားလိုက်မယ် လာမည့်

ပြာသိုလ

သွားတရားဟောဖို့ရှိတယ်။

ဒီတိတ်ခွေရောက်သွားရင်

ဘုန်းဘုန်း

အထောင်းခံနေရလိမ့်မယ်။ ဆွမ်းမကပ်ဘဲ နေမှာစိုးရတယ်။ အဲဒါ ဒကာမတစ်ယောက်က ဟိုချောင်းထဲသွားပြီးတော့ ရေခပ်ရာကနေပြီးတော့ ပြန် လာတဲ့အခါကျတော့ အိမ်ရောက်တော့ ပရိသတ်ရေ လူစိတ်ပျောက်သွားတာ။ လူစိတ် ပျောက်သွားပြီ။ အဲဒီမှာ တစ်ခါတည်း တင်ပလ္လင်ကြီးခွေပြီးတော့ ပရိသတ် တဟားဟားနဲ့ ရယ်နေတော့တာ။ တင်ပလ္လင်ခွေထိုင်ထားတာ။ ပါလာတာက အလွန်တန်ခိုးကြီးတဲ့ ပြိတ္တာကြီးပါလာ တာ။ ပါလာတဲ့အခါကျတော့ အဲဒီမှာ ကာလသားတွေက ခပ်နောက်နောက် “ခင်ဗျား ဘယ်သူလဲ တဟားဟားနဲ့ ရယ်နေတာ” “ငါ ချောင်းထဲက ဘုန်းမောဇာပင်မှာနေတဲ့ ကောင်ကွ”တဲ့


“ခင်ဗျား ဒူးက လှုပ်လှချည်လား။ ၀င်လာကတည်းက ဒူးက တောက်လျှောက်လှုပ် နေတာ။ ခင်ဗျားက ဘာလို့ ဒီဒူးတစ်ဖက်က အရမ်းလှုပ်နေတာလဲ” ဆိုတော့ “ငါ အရင်ဘ၀က ဆင်ဦးစီးဖြစ်ခဲ့တာကွ” တဲ့ ဆင်ဦးစီးဆိုတာ ပရိသတ်ရေ ဆင်နားရွက်ကို တို့နေရတာ မဟုတ်လား။ ( မှန်ပါဘုရား ) အဲဒီ

ဒူးခါတဲ့အကျင့်က

ပြိတ္တာဖြစ်တာတောင်

ပါတုန်းရှိသေးတယ်။

ဒါကြောင့်

ပရိသတ်တို့ သတိထားကြနော်။ “ဒူးခါတာက ငါက ဆင်ဦးစီးဖြစ်ခဲ့တာကွ” တဲ့။ “ခင်ဗျား ဘာလိုချင်လို့ လာတာလဲ” လူငယ်တွေက မေးတယ်။ “ငါ ကြာက်သား နုနုလေးတွေ စားချင်လို့ကွ” “ကြက်အရင်မရဘူးလား” “မရဘူး ငါက သွားမရှိတော့ဘူးကွ” တဲ့ ပြိတ္တာက သွားကျိုးနေတာ။ အဲဒါကြောင့် နုနုလေးတွေ စားချင်လို့တဲ့။ ကြက်သား နုနုလေးတွေ

အဲဒါချက်တဲ့လူက

ချက်ပေါ့ဗျာ။

အဲဒါနဲ့

ကာလသားတွေက

ရွှတ်နောက်နောက် မေးတယ်။ “ခင်ဗျား လူပျိုလား အိမ်ထောင်နဲ့လား” “လူပျိုကြီးပါပဲကွာတဲ့ အရင်ဘ၀တုန်းကလည်း လူပျိုကြီးပဲ။အခု သရဲဖြစ်တော့လည်း လူပျိုကြီးပဲကွ။ အံမယ် ဒါပေမယ့်လို့ သစ်ပင်တစ်ပင်မှာနေတဲ့ ပြိတ္တာမက ငါ့ လာလာလှည့် တယ်ဗျ။ ငါက အကပ်မခံဘူးကွ-တဲ့။ ဒါတေါကို ငါက စိတ်ရှုပ်လို့ ငါက အကပ်မခံဘူး” အမယ် ပြိတ္တာလောကမှာလည်း ရှိတယ်နော်။ ( မှန်ပါဘုရား )


ပြိတ္တာလောကမှာလည်း ရှိတ���်။ “ငါ အကပ်မခံဘူး။ ငါ အိမ်ထောင်မပြုဘူး။ ဒီလိုပဲ တစ်ကိုယ်တည်းပဲ နေတယ်”တဲ့ အဲဒါနဲ့ ပရိသတ်ရေ ချက်ပြုတ်ပြီးတဲ့အခါကျတော့ “ကဲ ခင်ဗျားအတွက် ချက်ပြီးပြီ ဘယ်မှာ ကျွေးရမှာလဲ” “အဲဒီချောင်းထဲမှာကွာ ကြက်ဆူပင်လေးရှိတယ်။ အဲဒီအောက်မှာ ငါ့ကို ဖက်ကလေး နဲ့ ထည့်ပြီးကျွေးပါ” တဲ့။ “ကိုင်း ဒါဖြင့်လာ သွားကြမယ်” ဆိုပြီးတော့ ကာလသားတစ်အုပ် ခေါ်သွားတယ်။ လူငယ်တွေချည်းပဲ။ အရက်ကော ဘာကော၊ ပြိတ္တာကြီးတောင်းတုန်းက အရက်မပါဘူး။ လူ ငယ်တွေဆိုတော့ အရက်နဲ့ကြက်သားနဲ့ ချောင်းထဲမှာ။ ပြိတ္တာကို ကျွေးတာက အရိုးအရင်း ပေါ့။ သူတို့အရက်သောက်ပြီး ပြန်လာကြ။ ပရိသတ်ရေ အဲဒီပြိတ္တာကြီး ထွက်သွားတော့ လူငယ်တွေလည်း သွားရော။ ဒီအမျိုး သမီးက တစ်ခါတည်း အိပ်သွားတာ။ ဟိုက ထွက်သွားပြီလေ။ အဲဒီမှာ ၀ါး ဆို သန်းပြီးတော့ အိပ်သွားတာ။ အိပ်ရာက နိုးတဲ့အခါကျတော့ “ခင်ဗျား စောစောက ဘာဖြစ်နေတုန်း” လို့မေးတော့ သူဘာမှ

မသိတော့ဘူး။

အဲဒါ

ပြိတ္တာလိုက်လာတာ။

လိုက်လာတာလဲ။ ( ပြိတ္တာလိုက်လာတာပါဘုရား ) ပြိတ္တာလိုက်လာတာ အမျှလိုချင်လိုလား။ စားချင်လို့လား။ ( စားချင်လို့ပါဘုရား ) စားချင်လို့။ အဲဒီလို ရှိတယ်။ ဦးခင်မောင်နော်။ ( မှန်ပါဘုရား ) သနားစရာကောင်း။

ပရိသတ်ရေ

ဘယ်သူ


အဲဒါနဲ့ဆိုကြပါစို့။ ပရိသတ်တို့ရေ ဒီမှာ အမေရယ်၊ အဖေရယ်၊ အစ်ကိုကြီးရယ် ပြိတ္တာ ဖြစ်ပြီးတော့ ရွာထဲမှာ ညည်းညည်းညူညူနဲ့ လှည့်လည်နေတယ်။ “အော် … တို့ဘ၀ ဘယ်တော့များ လွတ်ပါ့မတုန်း”


အမျှဝေရန် အစ်ကိုတောင်းပန်

တစ်နေ့သောအခါ ပရိသတ် သူတို့ရဲ့ သားရဟန္တာက ဆွမ်းခံကြွတဲ့အခါကျတော့ဖြတ် ဆိုမြင်လိုက်တာ။ “ဟေ့ အမေကြီး ဟိုဟာ တို့သားလေး မဟုတ်ဘူးလား” “အေး ဟုတ်တယ်တော်” ဟုတ်တယ်တော် ဆိုပြီး စိတ်က နောက်ပြန်သွားတယ်။ “ဟုတ်တယ်တော်” “မင်းက ဘယ်လိုဖြစ်တာတုန်း” အရင်ဘ၀ကနှင်ချထားတာလေ။ပရိသတ်ရေတစ်ယောက်နဲ့တစ်ယောက်မုန်းအောင် မလုပ်ကြနဲ့နော်။ ပြိတ္တာဖြစ်တောင်မှ အနားမကပ်ရဲဘူး ဖြစ်တတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မုန်းလို့ရှိရင် ပရိသတ်ရေ ပြိတ္တာဖြစ်တဲ့အခါ အနားကပ်ရဲသလား။ ( မကပ်ရဲပါဘူးဘုရား ) မကပ်ရဲဘူး။ “အဖေကြီး နင်သွားပြော။ တို့သားလေး ကုသိုလ်လုပ်ပြီး အမျှဝေအောင်” “ငါလည်း မသွားရဲဘူးကွ။ ငါက ခြေထောက်နဲ့တောင် ကန်ထားတာ။ ရိုက်ထားတာ။ နင်သွားပါလား အမေပဲဟာ” “ဟင့် အင်း နှင်တဲ့အထဲ ကျွန်မလည်း ပါတယ်။ မသွားရဲဘူး” ပရိသတ်ရေ အမေနဲ့အဖေ သားရဟန္တာဆီ သွားရဲလား။ ( မသွားရဲပါဘူးဘုရား ) အရင်ဘ၀က ရန်လုပ်ထားလို့။ ဘာလုပ်ထားလို့လဲ။ ( အရင်ဘ၀က ရန်လုပ်ထားလို့ပါဘုရား )


အဲဒါနဲ့ သားကြီးပြိတ္တာကို ခေါ်ပြီးသကာလ“သားကြီးရေ မင်းကတော့ လူ့ဘ၀တုန်းက မင်းပဲ ညီလေးကို အင်မတန် ချစ်ရှာပါ တယ်။ ဟောဟိုမှာ လာနေတာ မင်းရဲ့  ညီလေးပါ။ ဆွမ်းခံကြွနေတာ သားကြီးရဲ့ ။ သွားပြီး တော့

အကူအညီတောင်းပါဦး”

လို့

ဆိုတော့မှ

ပရိသတ်ရေ

အစ်ကိုကြီး

ပြိတ္တာက

ညီလေးထံ သွားတယ်။ တဿ ဘာတာ ၀ိတရိတွာ၊ နဂ္ဂေါ ဧကပထေကကော။ စတုကုဏ္ဍိကော ဘ၀ိတွာန၊ ထေရဿ ဒဿယီတုမံ။ (ပေတ၊ ၁၆၉။) တဿ - ထိုသာဏ၀ါသီ ရဟန္တာမထေရ်၏။ ဘာတာ - နောင်တော်ကြီးဖြစ်တဲ့ ပြိတ္တာ သည်။ ၀ိတရိတွာ - အဆောတလျှင်။ နဂ္ဂေါ - အချည်းနှီး။ ဧကပထေ - တစ်ယောက်တည်း သွားနိုင်တဲ့လမ်းခရီးမှာ။ ဧကကော - တစ်ယောက်တည်း။ စတုကုဏ္ဍိကော - လေးဘက် ထောက်။ ဘ၀ိတွာန - ဖြစ်ပြီးတော့။ ထေရဿ - ညီငယ်ဖြစ်တဲ့ မထေရ်သူမြတ်အား။ အတုမံ - မိမိရဲ့ ကိုယ်ကို။ ဒဿယိ - ပြရှာပါတယ်။ ပရိသတ်ရေ ကိုယ်ထင်ပြတာနော်။ ( မှန်ပါဘုရား ) မထေရ်က

သပိတ်ပိုက်ပြီးတော့

ဆွမ်းခံအပြန်၊

လမ်းကနေပြီးတော့

ပရိသတ်

လေးဘက်ထောက်ကြီး သွားနေရတာ။ ဘယ်လို သွားနေရတာလဲ။ ( လေးဘက်ထောက် သွားနေရပါတယ်ဘုရား ) လေးဘက်ထောက်ကြီးနဲ့ကို သွားနေရတာနော်။ ဒီပြိတ္တာက တစ်မျိုး။ ဘယ်လို သွားရသလဲ။ ( လေးဘက်ထောက်ပါ ဘုရား )


မထေရ်ရှေ့ ရောက်တဲ့အခါမှာ သူ ဘယ်လိုနေရသလဲ။ လေးဘက်ထောက်ပြီးတော့ နေရတယ်။ အဲဒါ ကိုယ်ထင်ပြတဲ့အခါမှာ မထေရ်က မဆင်ခြင်တော့ မသိဘူးပေါ့။ နှလုံး မသွင်းတော့ မသိဘူး။ တစ်ခါတည်း အိနြေ္ဒရရလေးနဲ့ သပိတ်ပိုက်ပြီး ရှောင်သွားတယ်။ ရှောင်သွားတော့ အစ်ကိုကြီး ပြိတ္တာက နောက်ကနေ လိုက်တာ။ လေးဘက်ထောက်ကြီးနဲ့ လိုက်ပြီးတော့ ပရိသတ်ရေ အဲဒီမှာ အသံပေးတယ်။ ဘာတာ ပေတဂတော အဟံ။ ဘန္တေ - ညီလေး အရှင်သူမြတ်ဘုရား။ အဟံ - တပည့်တော်သည်ကား။ ဘာတာ အစ်ကိုကြီးပါဘုရား။ ပေတဂတော - ပြိတ္တာဖြစ်နေပါတယ်ဘုရား။ ပရိသတ်ရေ မထေရ်ကြီးကို အစ်ကိုကြီး ပြိတ္တာက “ဘုန်းဘုန်းဘုရား တပည့်တော် အစ်ကိုကြီး ပြိတ္တာပါဘုရား” အသံပေးလို့ နောက်လှည့်ကြည့်လိုက်တော့မှ“အော် … အစ်ကိုကြီးပါလား” “ဟုတ်တယ်ဘုရား တပည့်တော် ပြိတ္တာဖြစ်နေတယ်” “အော် … ဒကာကြီး ဒကာမကြီးကော” ရဟန္တာအရှင်မြတ်က မေးတယ်။ မာတာ ပိတာ စ တေ ဘန္တေ၊ ဒုဂ္ဂတာ ယမလောကိကာ။ ပါပကမ္မံ ကရိတွာန၊ ပေတလောကံ ဣတေ ဂတာ။ (ပေတ၊ ၁၆၉) “အရှင်ဘုရား ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပါဘုရား၊ အမေကော အဖေကော အခု ပြိတ္တာဖြစ်နေကြတယ်” တေ ဒုဂ္ဂတာ သူစိကဋာ၊ ကိလန္တာ နဂ္ဂိနော ကိသာ။


ဥတ္တသန္တာ မဟတ္တာသာ၊ န ဒေဿန္တိ ကုရူရိနော။ (ပေတ၊ ၁၆၉။) “အရှင်ဘုရားအဖေနဲ့အမေပြိတ္တာဖြစ်ပြီးတော့ ခန္ဓာကိုယ်ကြီးကတော့ဖြင့်အပ်

တွေနဲ့

ထိုးဆွသလို

သူတို့ရဲ တစိစိ

တစွပ်စွပ်နဲ့

အမြဲတစေ

နာကျင်လို့ ဒုက္ခရောက်နေကြကြောင်းပါ ဘုရား။ ပင်ပန်းနွမ်းနယ်နေကြပြီ။ အမေကော အဖေကော စားစရာ ၀တ်စရာ၊ နေထိုင်စရာ ဘုံဗိမာန်နေရာဋ္ဌာန ဘာမျှမရှိပါဘူးဘုရား။ ယုတ်စွအဆုံး

သောက်စရာရေတောင်

မရှိကြလို့

အရှင်ဘုရားရေ

အမေလည်း

ပိန်ပိန်လေးပဲ ရှိတော့တယ်။ အဖေလည်းပဲ ပိန်ပိန်လေးပဲ ရှိတော့တယ်ဘုရား” ဥတ္တသန္တာ မဟတ္တာသာ - အမြဲတစေ ထိတ်လန့်ကြောက်ရွံ့ ပြီးတော့ နေနေရတဲ့ ပြိတ္တာဘ၀ရောက်နေရရှာတယ်။ ကုရူရိနော - ကြမ်းတမ်းသော ကိုယ်ခန္ဓာရှိနေကြသည်ဖြစ် ၍။ အတ္တာနံ - သူတို့ရဲ့  ခန္ဓာကိုယ်ကြီးကို။ ထေရဿ - အရှင်ဘုရား မထေရ်သူမြတ်အား။ န ဒေဿန္တိ - မပြ၀ံ့ရှာကြပါဘုရား။ သနားစရာနော်။ “အရှင်ဘုရားကို ကြောက်လို့ သူတို့ခန္ဓာကိုယ်ကြီးကို အရှင်ဘုရား ကို မပြရဲဘူးဘုရား” “အို .. အမေနဲ့အဖေဟာ ဘာကြောက်စရာရှိတုန်း” “ဒါက ကိုယ်တော်ဘက်က ပြောတာလေ” အစ်ကိုကြီးပြိတ္တာက “ဒါ ကိုယ်တော်ဘက်က ပြောတာ။ အရင်ဘ၀တုန်းက အရှင်ဘုရား သိသားပဲ။ အရှင် ဘုရား ကလေးငယ်ဘ၀က ပုန်းနေရှာတယ်။ တွေ့ အောင်ရှာပြီးတော့ ရိုက်တယ်။ ပိုက်ကွန် တွေကို ဖျက်ဆီးတယ်။ ငါးအရှင်တွေကို တွေ့ တဲ့အခါမှာ လွှတ်ပစ်တယ်။ အဲဒီက ဥစ္စာတွေ ကို အကြောင်းပြုပြီးတော့ အဖေက အရှင်ဘုရားကို ရိုက်ခဲ့တာလေ။ အမေက အိမ်ပေါ်က နှင်ချတယ်။ အဲဒါကြောင့် အရှင်ဘုရားကို ကြောက်ရှာလွန်းလို့ သူတို့တစ်တွေ


မလာရဲကြပါ

ဘုရား။

ချီးမြှောက်သောအားဖြင့်

အဲဒီတော့ တပည့်

အရှင်ဘုရားရယ်

တော်တို့ကို

အမျှအတန်း

သနားစောင့်ရှောက် ဝေပေးပါဘုရား”

အမျှဝေပေးပါတဲ့ ပရိသတ်။ ( မှန်ပါဘုရား )

တ၀ ဒိန္နေန ဒါနေန၊ ယာပေဿန္တိ ကုရူရိနော။ ( ပေတ၊ ၁၆၉) ဘန္တေ - အရှင်သူမြတ်ဘုရား။ တ၀ - အရှင်ဘုရား၏။ ဒိန္နေန - ဒါနစေတနာကြောင့်။ ကုရူရိနော - ကြမ်းတမ်းသော ကိုယ်ခန္ဓာ အတ္တဘောရှိနေကြတဲ့ အမေရယ်၊ အဖေရယ် တပည့်တော်ရယ် သုံးယောက်သားတို့သည်။ ယာပေဿန္တိ - အစာအာဟာရဖြင့် ရောင့်ရဲရှာ ကြမှာပါဘုရားလို့။ ဣတိ - ဤသို့။ အဝေါစ - ကောင်းစွာမသွေ လျှောက်ထားရှာလေတော့ သတည်း။

သာဓု … သာဓု … သာဓုပါဘုရား


အမျှဝေငှ ချမ်းသာရ

အဲဒီတော့ ပရိသတ်တို့ရေ “အရှင်ဘုရားရယ် ကုသိုလ်ကောင်းမှုလေးများ ပြုပြီးတော့ အမျှဝေပေးပါဘုရား” လို့ဆိုတော့“အေး .. ကောင်းပြီ မနက်ဖြန်ကျလို့ရှိရင်တော့ မင်းတို့ သုံးယောက်စလုံး ဒကာကြီး ဒကာမကြီးကော ခေါ်ခဲ့။ သာဏ - တောင်ပေါ်ကို လာခဲ့ကြ၊ ငါ အမျှဝေပေးမယ်” အဲဒါနဲ့ ပရိသတ်ရေ ဆွမ်းခံကြွ၊ ရလာတ���့ ဆွမ်းလေးတွေနဲ့ မျှတပြီးသကာလ သံဃာ တော် တစ်ဆယ့်နှစ်ပါးတို့အား တစ်ဇွန်းစီ လှူရှာတယ်။ ပရိသတ် ဘယ်လောက်လှူသလဲ။ ( တစ်ဇွန်းစီပါဘုရား ) တစ်ဇွန်းစီလေးတွေ လျှောက်လှူတယ်။ လှူပြီးတဲ့အခါကျတော့မှ အမျှဝေတယ်။ “ဣဒံ မေ ဥာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဥာတယော။” (ပေတ၊ ၁၆၉) မေ - ငါ၏။ ဣဒံ ပုညဘာဂံ - ဤကုသိုလ်ကံ စေတနာအဖို့ဘာဂသည်။ ဥာတီနံ ဆွေမျိုးတို့အား။ ဟောတု - ဖြစ်ပါစေ။ ဥာတယော - ဆွေမျိုးပြိတ္တာတို့သည်။ သုခိတာ ဟောန္တု - ချမ်းသာတော်မူကြပါစေကုန်သတည်း။ ဣတိ - ဤသို့လျှင်။ ထေရော - ရဟန္တာ မထေရ်သူမြတ်သည်။ ပတ္ထိတံ - စိတ်တွင် ကြံဆ လိုလားသည့် ဆုတောင်းသည့်အမှုကို။ အာကာသိ - ကောင်းစွာမသွေ ပြုတော်မူခဲ့ပါပေသတည်း။

သာဓု … သာဓု … သာဓုပါဘုရား

ပရိသတ်ရေ အမျှဝေပုံလေး သတိထားနော်။ ( မှန်ပါဘုရား )


“တပည့်တော် လှူဒါန်းတဲ့ ဆွမ်းဒါန ကောင်းမှုကံစေတနာ၏ အဖို့ဘာဂကို အမရယ် အဖေရယ်၊ အစ်ကိုရယ်တို့အား အမျှအတန်း ပေးဝေပါတယ်။ ဤဒါနကောင်းမှုကြောင့် မိဘ နှစ်ပါး ဆွေမျိုးပြိတ္တာတို့မှာ ချမ်းသာကြပါစေ” အပြီးသတ်ကလေးနော်။ ဘာကြပါစေလဲ။ ( ချမ်းသာကြပါစေဘုရား ) ချမ်းသာကြပါစေလို့ အဲဒါလေး ထည့်ပြီးတော့ ပရိသတ် အမျှဝေပေးနော်။ ( မှန်ပါဘုရား ) ကိုင်း … ပရိသတ်ရေ အမေရယ်၊ အဖေရယ်၊ အစ်ကိုကြီးရယ်၊ ပြိတ္တာမိသားဖသား သုံးယောက်ဝမ်းမြောက်နုမော် သာဓုခေါ်တော့ စားစရာတွေ ရသွားကြတယ်တဲ့။ သမနန္တရာနုဒ္ဒိဋ္ဌေ၊ ဘောဇနံ ဥဒပဇ္ဇထ။ သုစိံ ပဏီတံ သမ္ပန္နံ၊ အနေကရသဗျဉ္ဇနံ။ (ပေတ၊ ၁၆၉) သမနန္တရာနုဒ္ဒိဋ္ဌေ - အမျှအတန်းဝေသည်၏ အခြားမဲ့၌။ ဘောဇနံ - စားစရာ သောက် စရာတွေဟာ။ ဥဒပဇ္ဇထ - ထင်ရှားမသွေဖြစ်ခဲ့ပါပေပြီ။ သုစိံ - စင်ကြယ်သန့်ရှင်းလှစွာသော။ ပဏီတံ သမ္ပန္နံ - ကောင်းမြတ်သော အရသာနဲ့ ပြည့်စုံသော။ အနေကရသဗျဉ္ဇနံ - ကောင်း မြတ်လှစွာသော ဟင်းလျာ အရသာတွေဟာလည်းပဲ။ ဥဒပဇ္ဇထ - ကောင်းစွာမသွေ ဖြစ်ပေါ် လာကြလေကုန်သတည်း။

သာဓု … သာဓု … သာဓုပါဘုရား


ပရိသတ်ရေ

လိုရင်းတိုရှင်း

ပြောရမယ်ဆိုရင်တော့

အရှင်သူမြတ်က

ဆွမ်းဒါန

ကောင်းအမှုအမျှဝေလိုက်တာနဲ့ အဲဒီက အမေရယ်၊ အဖေရယ်၊ အစ်ကိုကြီးပြိတ္တာတွေမှာ စားစရာတွေ ရသွားကြတယ်။ ပရိသတ် ဘာတွေရသွားလဲ။ ( စားစရာတွေ ရသွားပါတယ်ဘုရား ) အဲဒါ ပရိသတ် သတိထားနော်။ ( မှန်ပါဘုရား ) အမေကို အမေစားဖို့ဆိုပြီးတော့ ခေါက်ဆွဲတွေ သွားပို့တယ်။ တစ်ချို့  ပြောပါတယ်။ အဖေကို ချစ်ရှာလွန်းလို့ဆိုပြီးတော့ အဖေကြိုက်တတ်တဲ့ ၀က်သားဟင်းလေးတွေ ချက်ပြီး တော့ သွားပို့ရှာတယ်။ ကိုင်း အမေ အဖေ စားရသလား။ ( မစားရပါဘူးဘုရား ) အရင်ဘ၀က ဆင်ဦးစီး ပြိတ္တာကြီး စားသလိုတော့ စားချင်စားမှာပေါ့နော်။ အဲဒီလို ကျွေးတာက ပြိတ္တာဘ၀မှာ တာရှည်တတ်တယ်နော်။ ( မှန်ပါဘုရား ) ဦးလေးမြင့် သဘောပေါက်လား။ ( ပေါက်ပါတယ်ဘုရား ) ဆိုကြစို့ဗျာ။ ဦးလေးမြင့်ရဲ့ ဆွေမျိုးတစ်ယောက်အနိစ္စရောက်သွားတယ်။အမျှအတန်း မဝေဘဲနဲ့ တစ်နှစ်တစ်ခါ ၀က်သားဟင်းတွေ ချက်ချက်ပြီးတော့ ပို့တယ်။ ခေါက်ဆွဲတွေ သွား သွားပို့တယ်။ အဲဒါကို ဟိုကသာယာပြီးတော့နေရင်ဦးလေးမြင့်ဒုက္ခတာမရှည်ဘူးလား။ ( တာရှည်ပါတယ်ဘုရား ) အဲဒီလို ကျွေးမယ့်အစား ဘာလုပ်ရင် ကောင်းမလဲ။ ( အမျှဝေတာ ကောင်းပါတယ်ဘုရား ) အမျှဝေတာ ကောင်းတယ်။


အဲဒီက ပြိတ္တာတွေကို သွားပြီးတော့ ကျွေးမယ့် ခေါက်ဆွဲ ဘယ်လိုလှူရင် ကောင်း မလဲ။ သံဃာလှူပေါ့။ “အမလေး အပြီးသတ်တော့ သူ့ဆီရောက်တာပဲ” လို့တော့ မလုပ်နဲ့။ အကျိုးရှိအောင် ပြောတာနော်။ အဲဒီလို ပရိသတ် သံဃာလှူပေးရတယ်နော်။ ( မှန်ပါဘုရား ) အဲဒါနဲ့

စားစရာ

သောက်စရာတွေ

ရသွားကြပြီဆိုတဲ့အခါကျတော့

နောက်နေ့

ရောက်ပြန်တော့ တစ်မျိုးပှူဆာပြန်တယ်။ “သားရေ သွားပါကွယ့် တို့ စားစရာရပြီ။ အမယ်လေး သားကြီးကျေးဇူး” “သားကြီးကျေးဇူး မပြောပါနဲ့။ အမေနော် ညီလေးကျေးဇူး” “အေးပါ မင်းသွားပြောပါ” အဲဒါနဲ့ ကိုယ်ထင်ပြကြပြန်ပြီ။ ကိုယ်ထင်ပြပြီးတော့ မထေရ်မြတ်ကို လျှောက်တယ်။ သူက “အရှင်ဘုရား တပည့်တော်တို့မှာ စားစရာရပါပြီဘုရား။ ၀တ်စရာမ ရှိသေးဘူး။” ပရိသတ်တို့ရေ ဒါနအကျိုးပေးဟာ သီးသန့်စီသွားတာဗျာ။ ဆွမ်းလှူဒါန်းတဲ့ကောင်းမှု ကြောင့် ၀တ်စရာမရဘူး။ ဟုတ်ပလား။ ( မှန်ပါဘုရား ) အဲဒါနဲ့ ပရိသတ်တို့ရေ“၀တ်စရာကတော့ မရှိကြပါဘူးဘုရား။ အမေမှာလည်း လုံးတည်း။ အဖေမှာလည်း အချည်းနှီး။ တပည့်တော်မှာလည်း ၀တ်စရာ ဗလာနတ္ထိ။ အဲဒီတော့ အရှင်ဘုရား တပည့် တော်တို့မှာ ၀တ်စရာရအောင်လည်း စီမံပေး အမျှပေးတော်မူပါဘုရား” ဟော ပရိသတ်တို့ အဲဒါနဲ့ မထေရ်သူမြတ်က ဘာလုပ်သလဲဆိုတော့ ပံ့သကူ သင်္ကန်းတွေ လိုက်ကောက်တယ်။ လမ်းလေးခွ ပံ့သကူ အ၀တ်စလေးတွေကောက်ကောက်


ပြီးတော့ ပရိသတ်ရေ တစ်ခါတည်း အပ်ကလေးနဲ့ ချုပ်ချုပ်ပြီးတော့ သင်္ကန်းပိုင်းလေး တစ် ပိုင်းစာရတော့ အဲဒါလေး လျှော်ဖွပ်တယ်။ လျှော်ဖွပ်ပြီးတော့မှ “သံဃဿဒေမ -ပါဘုရား” သံဃိကလှူဒါန်းပေးတယ်နော်။ ( မှန်ပါဘုရား) အဲဒီလို သံဃာတော်အရှင်သူမြတ်တွေကို လှူဒါန်းပြီးပြီလို့ဆိုတဲ့အခါကျတော့မှ အမျှ အတန်းဝေလိုက်ပြန်ပါတယ်။ ဣဒံ မေ ဥာတီနံ ဟေတု၊ သုခိတာ ဟောန္တု ဥာတယော။ “သံဃာတော် အရှင်သူမြတ်တို့အား ရည်စူး၍သင်္ကန်းလှူဒါန်းတဲ့ကောင်းမှုအဖို့ဘာဂ တို့ကို အမေရယ်၊ အဖေရယ်၊ အစ်ကိုကြီးရယ်လို့ဆိုတဲ့ ပြိတ္တာတို့အား အမျှ အမျှ ပေးဝေ ပါ၏။ သင်္ကန်းဒါန အမျှရကြ၍ အမေတို့ အဖေတို့ အစ်ကိုကြီးတို့ ချမ်းသာကြပါစေ” အဲဒါ ပရိသတ် ဟိုက သာဓုခေါ်လိုက်တာနဲ့ တစ်ခါတည်း နတ်ဝတ်ပုဆိုးတွေ ရလာ ကြတာဗျာ။ သင်္ကန်းလှူတော့ ၀တ်စရာမရဘူးလား။ ( ရပါတယ်ဘုရား ) သင်္ကန်းလှူတော့ ဘာရသလဲ။ ( ၀တ်စရာ ရပါတယ်ဘုရား ) ကိုင်း … ပရိသတ်ရေ စားစရာရအောင် ဘာလှူပေးရသလဲ။ ( ဆွမ်း လှူပေးရပါတယ်ဘုရား ) ၀တ်စရာရအောင် ဘာလှူပေးရသလဲ။ ( သင်္ကန်းလှူပေးရပါတယ်ဘုရား ) သင်္ကန်းလှူပေးရတယ်။ ပြိတ္တာမကြီး ပြင်ဆင်ထားတာ ကျော့နေတာပဲ တခါတည်း။ “အမယ်လေး ၀တ်စရာလည်း ရပြီ။ စားစရာလည်း ရပြီ။ သားကြီးရေ နေ့ဖို့ လိုသေး တယ်။ အဲဒါ သားသွားပြီးတော့ ပြောဦး မင်းညီလေးကို”


အဲဒါနဲ့ ပရိသတ် နောက်နေ့ကျ ကိုယ်ထင်ပြပြီးတော့ လျှောက်ပြန်တယ်။ “အရှင်ဘုရား ၀တ်စရာ စားစရာလည်း ရပါပြီ။ နေထိုင်စရာ ဗိမာန်လေးများ လုပ်ပေး တော်မူပါဦးဘုရား” အဲဒါနဲ့

မထေရ်သူမြတ်က

လေးတိုင်စင်ကျောင်း

လေး

ပရိသတ်တို့ရေ သေးသေးဆောက်တယ်။

ကျောင်းရဲ

့အစွန်းမှာ

ကျောင်းကြီးကြီးလား။

ကျောင်းသေးသေးလား။ ( ကျောင်းသေးသေးပါဘုရား ) ကျောင်းသေးသေးလေး ဆောက်မှ မှီမှာပေါ့ပရိသတ်ရဲ့ ။ တစ်ခါတည်း ဘီကြူဆွဲဦး အထက်လျှောက်လွှာတင်ဦး။ အလှူခံဌာနတွေ ဖွင့်ဦး။ နိဗ္ဗာန်ဆော်တွေ ငှားဦးဆိုရင်တော့ ပြိတ္တာတွေ ဒုက္ခတာရှည်နေမယ်နော်။ အဲဒီတော့ ဘာလုပ်ရမလဲ။ တိုတိုကျဉ်းကျဉ်းနဲ့ ပရိသတ်ရေ လေးပင်တိုင်ကျောင်း လေး ဆောက်ပြီးတော့ သံဃဿဒေမ - သံဃာတော်အား ရည်မှန်းပြီး လှူဒါန်း၊ လှူဒါန်းပြီး တော့ ပရိသတ် အဲဒီကကျောင်းအလှူလေးကို အမျှပေးဝေလိုက်တာ ဟော … အမေရယ် အဖေရယ် အစ်ကိုကြီးရယ် ပြိတ္တာသုံးယောက်တို့မှာ နေထိုင်စရာ ဘုံဗိမာန်ရသွားပါတယ်။ ပရိသတ်ရေ ဘာရသွားလဲ။ ( ဘုံဗိမာန် ရသွားပါတယ်ဘုရား ) ဘုံဗိမာန်ရသွားရှာပါတယ်။ “ကိုင်း … သားကြီးရေ ၀တ်စရာလည်း ရပြီ။ စားစရာလည်း ရပြီ။ နေထိုင်စရာ ဗိမာန် လည်း ရပြီ။ တို့သောက်စရာ ရေမရှိဘူးကွယ့်။ တစ်ခါတစ်လေများလေ ရေဆာလွန်းလို့ ချောင်းထဲသွား၊ ရေအိုင်ကြီးက ပျောက်သွားတာ။ တစ်ခါတစ်လေကျတော့လည်း ကန်တွေ ချောင်းတွေက ရေနည်းလို့ထင်ရဲ့  ဆိုပြီး မြစ်ထဲ သွားပြန်တော့ အဲဒီ မြစ်ပြင်ကြီးက ပျောက်


သွားပြန်ရော။ သားရယ် အမေတို့ဘ၀ ရေလေးသာရှိရင် အားလုံးလုံလောက်ပြီ။ သား ပြောပါဦး” အဲဒါနဲ့ ပရိသတ်တို့ရေ နောက်တစ်နေ့ ကိုယ်ထင်ပြ၊ သားကြီးပြိတ္တာက အကူအညီ တောင်း။

အကူအ���ီတောင်းတဲ့အခါမှာ

ရဟန္တာအရှင်သူမြတ်က

သံဃာတော်

အရှင်သူမြတ် တို့အား ရေလေးတွေ လိုက်ပြီးတော့ လှူရှာတယ်။ ဘာလှူသလဲ။ ( ရေလှူပါတယ်ဘုရား ) ရေလှူတယ်ဗျာ။ အဲဒါနဲ့ ရေလှူပြီးတဲ့အခါကျတော့ အမျှအတန်း ပေးဝေလိုက်တယ်။ အမျှအတန်း ပေးဝေလို့ သာဓုလည်း ခေါ်လိုက်ပါရော။ အဲဒီက အမေရယ် အဖေရယ် အစ်ကို ကြီးရယ် ပြိတ္တာသုံးယောက်တို့မှာ လေးထောင့်ရေကန်ကြီးတစ်ခု ရသွားပါတယ်။ ဘာရေကန်ကြီး ရသလဲ။ ( လေးထောင့်ကန်ကြီးပါဘုရား ) လေးထောင့်ကန်ကြီး

ပရိသတ်ရေ

ကြာမျိုးငါးပါးနဲ့

ပြည့်စုံပြီး

ကြည်လင်သန့်ရှင်းသော ရေတွေအပြည့်ရှိသော ရေကန်ကြီးတစ်ကန် ရသွားပါပြီ။ စားစရာလည်း ရပါပြီ။ ၀တ်စရာလည်း ရပါပြီ။ နေထိုင်စရာ ဗိမာန်လည်း ရပါပြီ။ ရေ လည်း ရပါပြီ။ အဲဒီတော့ ဘာလိုသေးတုန်းဆိုတော့ ပရိသတ် စီးစရာ ဖိနပ်မရှိဘူး။ တစ်ရစ် ချင်း တက်တာနော် ပရိသတ်ရေ။ အာဟိဏ္ဍမာနာ ခဉ္ဇာမ၊ သက္ခရေ ကုသကဏ္ဋကေ။ တထာ ဘန္တေ ပရက္ကမ၊ ယထာ ယာနံ လဘာမသေ။ (ပေတ၊ ၁၇၁။) နောက်နေ့ကျတော့ ကိုယ်ထင်ပြပြီးတော့ လျှောက်တယ်။


“ညီလေး အဖေ အမေနဲ့ အစ်ကိုကြီးတို့မှာ သက္ခရေ - ကျောက်စရစ်တွေ ပေါများလှ စွာသော။ ကုသကဏ္ဋကေ - ဆူးတွေ ပေါတဲ့လမ်းမှာ။ အာဟိဏ္ဍမာနာ - သွားရတဲ့အခါမှာ။ ခဉ္ဇမ - ခြေထောက်တွေ ခွင်၍ခွင်၍ သွားနေရပါတယ်။ “ဆူးစူးတော့ ဖနောင့်သားလေးတွေနဲ့ နင်းနင်းပြီး သွားနေရတာ။ တစ်ချို့ နေရာကျ တော့ တစ်ခါတည်း ခြေဖျားထောက်ပြီးတော့ သွားရတယ်။ခြေတွေကအရမ်းပူတာပဲညီလေး ရဲ

့။

အယ်လေး

အမေ့ခြေထောက်ဆို

ကွဲလို့။

အဖေ့ခြေထောက်ဆို

တစ်ခါတည်း

ဟက်တက် ကြီးတွေဖြစ်လို့ အစ်ကိုကြီးခြေထောက်လည်း ကြည့်ပါဦး။ အသားမာကြီးတွေ လိုက်လို့။ ညီ လေးရယ် ဖိနပ်ကလေးများ စွန့်ပါဦးဘုရား” အောက်သံလေးနဲ့ တောင်းရတာနော်။ “အဲဒီတော့

ညီလေးရယ်

အမျှအတန်းပေးဝေစမ်းပါဦး”

လို့

ဖိနပ်ကလေးများ

ဆိုတဲ့အခါကျတော့မှ

လှူပြီးတော့

မထေရ်သူမြတ်က

သူ့မှာ

ဖိနပ်တစ်ရံ အပိုရှိတယ်။ လွှာချင်းဖိနပ် ကလေး တစ်ရံတည်း။ ဘယ်နှစ်ရံလဲ။ ( တစ်ရံတည်းပါဘုရား ) ထေရော သိပါဋိကံ လဒ္ဓါ၊ သံဃေ စာတုဒ္ဒိသေ အဒါ။ ဒတွာ အနွာဒိသီ ထေရော၊ မာတု ပိတုစ ဘာတုနော။ (ပေတ၊ ၁၇၁။) ထေရော - မထေရ်သူမြတ်သည်။ သိပါဋိကံ - လွှာချင်းဖိနပ်ကလေးတစ်ရံကို။ လဒ္ဓါ ရလိုက်တဲ့အခါမှာ။ သံဃေ စတုဒ္ဒိသေ - အရပ်လေးမျက်နှာမှာ ရှိနေကြတဲ့ သံဃာတော် များကို။ အဒါ- ရည်မှန်း၍ လှူဒါန်းတော်မူလိုက်ပါပြီ။ ဒတွာ - လှူပြီးတဲ့အခါမှာ။ ထေရော မထေရ်သူမြတ်က။ မာတု ပိတုစ ဘာတုနော - အမေရယ် အဖေရယ် အစ်ကိုကြီးရယ်လို့ဆို တဲ့ ပြိတ္တာသုံးယောက်တို့အား။ အနွာဒိသီ - အမျှအတန်း ပေးဝေတော်မူလိုက်ပါပြီ။


ဣဒံ မေ ဥာတီနံ ဟောတု - ဟောဒီက ကောင်းမှုသည် အမေတို့ အဖေတို့ အစ်ကိုတို့ ပြိတ္တာအတွက်ဖြစ်ပါစေ။ ဥာတယော - ဆွေမျိုးပြိတ္တာတို့သည်။ သုခိတာ ချမ်းသာကြကုန်

သည်။

ဟောန္တု

-

ဖြစ်ကြပါစေကုန်သတည်းရယ်လို့။

အဒါသိ

-

ကောင်းစွာမသွေ အမျှပေးဝေ တော်မူခဲ့ပါပေသတည်း။ သာဓု …. သာဓု … သာဓုပါဘုရား

ပရိသတ်ရေ ဖိနပ်ကလေး လှူပြီးတော့ “သံဃဿ ဒေမ - သံဃာတော်တို့အား လှူဒါန်းပါ၏ဘုရား”ရွတ်ဆိုပြီးတော့မှအဲဒီကဖိနပ်ကလေးကို အမျှအတန်းပေးဝေလိုက်သည် နှင့် တပြိုင်နက်တည်း အမေ့မှာလည်း စီးစရာ ယာဉ်ရပါပြီ။ အဖေ

ပြိတ္တာမှာလည်း

စီးစရာ

ယာဉ်ရထား

ရသွားပါပြီ။

အစ်ကို

ပြိတ္တာမှာလည်း

စီးစရာယာဉ်ရထား ရသွားပါပြီ။ ပရိသတ် ရေ စီးစရာ ယာဉ်ရထား ရမသွားဘူးလား။ ( ရသွားပါတယ်ဘုရား ) ဘယ်ဒါန အမျှဝေလို့လဲ။ ဖိနပ်ဒါန အမျှဝေလို့။ ပြောလိုက်ပါ ဘာဒါနလဲ။ ( ဖိနပ်ဒါနပါဘုရား ) အဲဒါပရိသတ်ရေ ကိုယ့်ဘ၀အတွက်လည်းပဲ လှူပြီဆိုရင် အဲဒီလို လုံလုံလောက် လောက်ကလေး လှူပေါ့ဗျာနော်။ ( မှန်ပါဘုရား ) “တပည့်တော်ဘုရား သင်္ကန်းတစ်စုံပဲ တတ်နိုင်လို့ပါ။ ထီးကတော့ မပါဘူး” ဆိုရင် ၀တ်စရာတော့ရှိမယ်။ ဆောင်းစရာမရှိဘူး။ “တပည့်တော် ထီးတော့ တတ်နိုင်ပါတယ် ဘုရား။ ဖိနပ်တော့နောင်နှစ်မှာပဲ” အမယ် သူ့ပဲ စောင့်နေရမလိုလို။ အဲဒီကြားထဲ အဲဒီက အလှူရှင် သေသွားပါပြီတဲ့။ သူ့မှာ ဖိနပ်စီးစရာ ရှိပါ့မလား။ ( မရှိပါဘူးဘုရား)


အမယ်လေး ဒုက္ခနော်။ အဲဒါကြောင့် ပရိသတ်တို့ရေ လှူမယ့်လှူ ကွန်ပလိပေါ့ဗျာ။ အဲဒီတော့ ဆွမ်းရယ်၊ သင်္ကန်းရယ်၊ ကျောင်းရယ်၊ ရေရယ်၊ ဖိနပ်ရယ်။ ထီးလေးလည်း ထည့်ပေးလိုက်ဦးပေါ့။ နေ ပူတော့ ဆောင်းဖို့လို့လေ အဲဒီလို ပြည့်ပြည့်စုံစုံလေး လှူမှ သံသရာ ကျင်လည်ရတဲ့အခါမှာ ပြည့်ပြည့်စုံစုံ အကျိုးပေးမှာ။ အခု ဒီမှာ သားရဟန္တာမထေရ်မြတ်က ဆွမ်း, သင်္ကန်း, ကျောင်း, ရေ, ဖိနပ်တို့ကို အသီးသီး လှူဒါန်းပြီး အမျှပေးဝေလိုက်တာ အမေ, အဖေနဲ့ အစ်ကိုကြီးတို့ စားစရာ, ၀တ် စရာ, သောက်စရာ, စီးစရာတို့ဖြင့် ပြည့်စုံသွားကြပြီ။ ချမ်းသာသွားကြပြီ။ အဲဒီတော့ သားရဟန်းကို ကျေးဇူးတင်လွန်းလို့ သားရဟန်းထံ ကိုယ်တိုင် လာပြီး တော့ ရှိခိုးဦးချ လျှောက်ထားကြတယ်။ မုနိံ ကာရုဏိကံ လောကေ၊ ဘန္တေ ၀န္ဒိတု မာဂတာ။ (ပေတ၊ ၁၇၁။) ဘန္တေ - သားလေး ရဟန္တာအရှင်သူမြတ်ဘုရား။ ကာရုဏိကံ - သနားခြင်း ကရုဏာ ကြီးမားလှစွာသော။ မုနိံ - ရဟန္တာအရှင်သူမြတ်ဖြစ်တော်မူတဲ့ အရှင်ဘုရားကို။ ၀န္ဒိတုံ - ဖူး မြော်ကြဖို့ရန်။ အာဂတာ - ရောက်လာကြပါတယ်ဘုရားလို့။ ဣတိ - ဤသို့။ ဥာတကာ အမေရယ်,

အဖေရယ်,

အစ်ကိုကြီးရယ်လို့ဆိုတဲ့

ဆွေမျိုးပြိတ္တာတွေက။

အဝေါစုံ

-

ကောင်းစွာ မသွေ လျှောက်ထားကြလေကုန်သတည်း။ သာဓု … သာဓု… သာဓုပါဘုရား ပရိသတ်ရေ

မထေရ်ကြီးထံလာပြီးတော့

မလျှောက်ပေဘူးလား။ ( လျှောက်ပါတယ်ဘုရား ) လျှောက်ကြတယ်။

သားလေး

ရဟန္တာထံ

လာပြီးတော့


တရားနာကြား သံဝေဂပွား

အဲဒီက အကြောင်းအရာကို ပရိသတ်တို့ရေ အော် … မှတ်သားစရာ ကောင်းလွန်းလို့ ဒီကနေ့ ပြောပြတာ။ ( မှန်ပါဘုရား ) ပြိတ္တာဖြစ်တယ်ဆိုတာ ပရိသတ် ဘာကြောင့်လဲ။ ( တဏှာကြောင့်ပါဘုရား ) တဏှာ ဆိုတာ ဘာသစ္စာလဲ။ သမုဒယသစ္စာ, ဒုက္ခသစ္စာဖြစ်ကြောင်းတွေနော်။ ( မှန်ပါဘုရား ) တစ်နည်းပြောရင် ပရိသတ်ရေ ပြိတ္တာဖြစ်တာ လောဘကြောင့်၊ လောဘ ဆိုတာ သမုဒယသစ္စာ၊ ဒုက္ခဖြစ်ကြောင်းလေ၊ လောဘဆိုတာ ဘာသစ္စာ။ ( သမုဒယသစ္စာပါဘုရား ) သမုဒယသစ္စာ။ အဲဒီက သမုဒယသစ္စာ တဏှာလောဘကြောင့် ပရိသတ်ရေ ပြိတ္တာ ဘ၀ ပြိတ္တာခန္ဓာကိုယ်တည်းဟူသော ဒုက္ခသစ္စာကြီး မရဘူးလား။ ( ရပါတယ်ဘုရား ) အဲဒီတော့ တဏှာရှိနေသမျှ ဒုက္ခရှိနေမှာပဲ။ တဏှာရှိနေသမျှ ( ဒုက္ခရှိနေမှာပါဘုရား ) ဒုက္ခရှိနေမှာပဲ။ အဲဒီတော့

ပရိသတ်တို့

လက်ရှိရထားတဲ့

ခန္ဓာဒုက္ခကြီးကို

ဝိပဿနာဥာဏ်နဲ့

ဖြစ်ပျက် ရှုကြည့်နော်။ ဖြစ်ပျက်ရှုတဲ့အခါကျတော့ ပရိသတ်တို့ရေ ရှုတဲ့ဥာဏ်က မဂ္ဂသစ္စာ၊ ရှုတဲ့ဥာဏ် က


( မဂ္ဂသစ္စာပါဘုရား ) အဲဒီလို မဂ္ဂသစ္စာနဲ့ ခန္ဓာအရှိကို ဥာဏ်နဲ့လိုက်ပြီးတော့ သိနေတဲ့အချိန်ကာလမှာ ပရိသတ်တို့ရေ နောက်ဘ၀ နောက်ခန္ဓာလာပါဦးမလား။ ( မလာတော့ပါဘူးဘုရား ) ငြိမ်းမသွားဘူးလား။ ( ငြိမ်းသွားပါတယ်ဘုရား ) ငြိမ်းသွားတာက ဘာသစ္စာ။

နိရောဓသစ္စာ။ သစ္စာလေးပါး ပရိသတ်

ဒီကနေ့

ပြောလိုက်ပြီနော်။ ( မှန်ပါဘုရား ) အဲဒါကို သာဏ၀ါသီရဟန္တာအရှင်မြတ်က မြတ်စွာဘုရားထံ သွားပြီးတော့ လျှောက် ထားတယ်။ “မြတ်စွာဘုရား တပည့်တော်ရဲ့  အမေရယ်, အဖေရယ်, အစ်ကိုကြီးရယ် ပြိတ္တာတွေ ဖြစ်လို့၊ တပည့်တော် အကျွတ်တရးရအောင် ဆောင်ရွက်ခဲ့ပြီးပါပြီဘုရား” သွားလျှောက် တယ်။ သွားလျှောက်တော့ ပရိသတ်ရေ မြတ်စွာဘုရားက “ချစ်သား မင်းလည်း မင်းဘ၀ အကြောင်း သိမှာပေါ့” လို့ မိန့်တော်မူတော့ သာဏ၀ါသီရဟန္တာမထေရ်က “သိပါတယ် ဘုရား” ။ “အေး မင်းလည်း ပြိတ္တာဘ၀က လာတာကွယ့်။ ငါဘုရား သိနေတယ်။ ပရိသတ် ဒီရဟန္တာလေးဟာ အရင်ဘ၀က ဘာဖြစ်ခဲ့တာလဲ။ ( ပြိတ္တာဖြစ်ခဲ့တာပါဘုရား ) အဲဒါကြောင့်မို့လို့ ဒီအကြောင်းအရာကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက အကျယ်တ၀င့် တရားပွဲကြီး ခင်းပြီးတော့ ဟောပြတော်မူတယ်။ တရားနာ ပရိသတ်ကြီးဟာ နာရတဲ့အခါမှာ သံဝေဂတွေ ရကြတယ်။ ပရိသတ်ကြီးကော သံဝေဂမရဘူးလား။


( သံဝေဂ ရပါတယ်ဘုရား ) အော် … ဘာမဟုတ်တဲ့ လောဘလေးတွေကြာင့် ပြိတ္တာဖြစ်တဲ့အခါမှာ ဒုက္ခရောက် တယ်နော်။ ( မှန်ပါဘုရား ) သံ သုတွာ မဟာဇနော အစ္စန္တသံဝေဂေါ ဒါသီလာဒိ ပုညကမ္မနိရတော အဟောသိ။ (ပေတ၊ ဋ္ဌ။ ၁၇၂) တံ - ထိုမြတ်စွာဘုရား ဟောကြားမြွက်ဖော် ပေတ၀တ္တုပါဠိတော်ကို။ သုတွာ - နာ ကြားလိုက်ရတဲ့အခါမှာ။ မဟာဇနော - များစွာသော တရားနာပရိသတ်အပေါင်းသည်။ အစ္စန္တသံဝေဂေါ - ထိတ်လန့်သော သံဝေဂပြင်းထန်စွာ ဖြစ်ကြသည်ဖြစ်၍။ ဒါနသီလာဒိ ပုညကမ္မနိရတော - ဒါနမှာပျော် သီလမှာပျော် ၀ိပဿနာ ဘာဝနာအလုပ်မှာ ပျော်မွေ့တော် မူကြသည်။ အဟောသိ - ကောင်းစွာမသွေ ဖြစ်တော်မူကြလေသတည်း။

သာဓု …. သာဓု … သာဓုပါဘုရား အဲဒါ

ပရိသတ်ရေ သာဏ၀ါသီ ရဟန္တာ အရှင်မြတ်ကြီးရဲ့  ဆွေမျိုး ပြိတ္တာ ဘယ်

နှစ်ယောက်လဲ။ ( သုံးယောက်ပါဘုရား ) အမေရယ်, အဖေရယ်, အစ်ကိုကြီးရယ် အကျွတ်တရား ရမသွားဘူးလား။ ( ရသွားပါတယ်ဘုရား ) ဟုတ်တယ်။ တော်သေးတာပေါ့ ပရိသတ်နော်။ ( မှန်ပါဘုရား )


ကျွတ်လမ်းရှာတဲ့ ကြတ်ပြိတ္တာများ

တစ်ချို့  အဲဒီလိုပဲ ပရိသတ်တို့ ကျွတ်ချင် လွတ်ချင်ကြရှာလွန်းလို့ တစ်ခါတည်း ဆွမ်း တွေ ဟင်းတွေဖန်ဆင်းပြီးတော့ သံဃာတွေပင့်တာ ရှိတယ်ကွယ့်နော်။ ဘုန်းဘုန်းတို့ နေရပ်

လိပ်စာကိုတော့

မပြောတော့ပါဘူး။

ဘာပြုလို့တုန်းဆိုတော့

အင်မတန်

ဆန်းကြယ်လို့ပါ။ တစ်နေ့သောအခါမှာ ပရိသတ်တို့ရေ ဆွမ်းစားကျောင်း ဦးပဉ္ဇင်းကြီး ထိုင်နေတယ်။ တစ်ပါးတည်း။

အဲဒီ

ထိုင်နေတဲ့အချိန်မှာ

ပရိသတ်

ဒကာကြီးတစ်ယောက်

ရောက်လာတယ်။ ခေါင်းပေါင်းကြီးနဲ့ ဦးချပြီးတဲ့အခါကျတော့ “ဒကာကြီး ဘာကိစ္စတုံး” ဆွမ်းစားကျောင်း ဘုန်းကြီးကမေးတယ်။ “တပည့်တော် သံဃာငါးပါး ဆွမ်းကပ်ချင်လို့ပါဘုရား” “ဘယ်နားကလဲ” “တပည့်တော်တို့ ဘယ်လမ်းကပါဘုရား။ မနက်စောစော လေးနာရီတိတိ တပည့် တော်ကိုယ်တိုင် လာပင့်ပါ့မယ်ဘုရား” တဲ့။ အဲဒါနဲ့ သံဃာငါးပါး စီမံထားတယ်။ ဆွမ်းစားကျောင်းဘုန်းကြီးက။ မနက်စောစော လေးနာရီလောက်ကျတော့ ပရိသတ်ရေ နွားလှည်းကြီးနဲ့ အဲဒီအဖိုးကြီးပဲ မောင်းပြီး ၀င်လာ တာ။ ၀င်လာတော့ အဲဒီမှာ သံဃာတော်ငါးပါး သင်္ကန်းရုံပြီးတော့ တစ်ခါတည်း လှည်းပေါ် လိုက်ပါသွားကြတာ။ ဒကာကြီးက လှည်းမောင်း၊ လိုက်ပါသွားတော့ ပရိသတ်တို့ရေ သွားရင်းသွားရင်းနဲ့ ဘယ်ရောက်သွားတုန်းလို့တော့ ပရိသတ် ရွာအပြင်ဘက် ရောက်သွားတာ။ ခြံတွေ ၀င်းတွေ နဲ့ အဲဒီချုံကြိုချုံကြား ရောက်သွားတာ။ လှည်းလမ်းက လည်းကောင်း၊ တစ်နေရာရောက်တဲ့ အခါကျတော့ ပရိသတ် အဲဒီမှာ ခြံကျယ်ကြီးတစ်ခုထဲကို လှည်းကြီး မောင်းဝင်သွားတာ။


ဟာ… ပေါလိုက်တာ တစ်ခါတည်း သစ်သီးဝလံတွေ စားဖွယ်သောက်ဖွယ် အုန်းပင် တွေ ငှက်ပျောပင်တွေ စီနေတာပဲ။ “ဒါ .. ဒကာကြီးတို့ခြံလား” “ဟုတ်တယ်ဘုရား တပည့်တော်တို့ စိုက်ထားတာပါ” ပရိသတ်ရေ တော်တော်ပိရိတယ်နော်။ ဘုန်းကြီးတွေ မျက်စိလည်တယ်။ အဲဒါနဲ့ ဟို ရောက်တဲ့အခါကျတော့ အိမ်လေးက ခပ်စုတ်စုတ်ကလေး ခပ်နွမ်းနွမ်းလေး။ လှည်းပေါ်က ဆင်းပြီးတော့ အိမ်ပေါ်တက်ကြရောပေါ့။ ဒကာကြီးလည်း နွားတွေဖြုတ် နောက်ကနေ လိုက် လာတယ်။ အိမ်ပေါ်မှာ ပရိသတ်က သိပ်မများလှဘူး။ လေးငါးယောက်လောက်ပဲ ရှိတယ်။ ဆွမ်း ၀ိုင်းကလည်း ပြင်ထားတာ ဆွမ်းတွေ ဟင်းတွေ စုံနေတာပဲ။ ဟင်းတွေ ချက်ထားတာ မွှေး

ကြိုင်နေတာ။

အဲဒါနဲ့

အကြီးဆုံးဖြစ်တဲ့

မထေရ်က

ဘုရားဦးချမယ်ဆိုပြီးတော့

ဘုရားပုံတော် ဆင်းတုရှာတာ အိမ်ပေါ်မှာ မတွေ့ဘူး။ ဘုရားဆင်းတုတော်တွေ့လား။ ( မတွေ့ပါဘူးဘုရား ) မတွေ့ဘူး။ ဒါ - မှတ်ထားနော်။ ဒါ လျှို့ ဝှက်ချက်တွေ၊ ဘုရားဆင်းတုတော် မတွေ့ဘူး ဒါဖြစ်လို့ရှိရင် ရွှေတိဂုံပုံလေးများ၊ ကျိုက်ထီးရိုးပုံတော်လေးများ ရှိမလားလို့ကြည့်။ ဒါလည်း မရှိဘူး။ ဦးချမလို့ ရှာတာ။ အဲဒါနဲ့ မတွေ့တဲ့အခါကျတော့ ပရိသတ်တို့ရေ ဒီအတိုင်း ထိုင်ပြီး တော့ အဲဒီမှာ အလ္လာပ သလ္လာပပြော၊ ဆွမ်းဘုဉ်းပေးကြ၊ ဆွမ်းဘုဉ်းပေးပြီးတော့ အနု မောဒနာတရားလေးဟော။ “ခန္ဓာငါးပါးဆိုတာ ဒုက္ခသစ္စာ, တဏှာလောဘဆိုတာ သမုဒယသစ္စာ, ခန္ဓာငါးပါး ဒုက္ခသစ္စာရဲ့ အပေါ်မှာ ၀ိပဿနာဥာဏ်ဖြင့် ရှုမှတ်ပွားများ အားထုတ်တဲ့အချိန်မှာ ဖြစ်ပေါ်ပြီး တော့နေတဲ့ မဂ္ဂင်ရှစ်ပါးက မဂ္ဂသစ္စာ၊ နောက်ဘ၀ နောက်ခန္ဓာမရတာက နိရောဓသစ္စာ,


အဲဒီ

တော့

ဒီကနေ့

ဆွမ်းဒါနကောင်းမှုဟာ

သစ္စာလေးပါး

သိခြင်းရဲ

အကြောင်းဖြစ်ပါရစေလို့ ဆု တောင်း။ ပြီးတော့ ဒကာကြီးလှူရှင် အင်မတန်အကျိုးများတာ” “ မှန်လှပါဘုရား ” အားလုံးမှ ငါးယောက်တည်းနော်။ “မှန်လှပါဘုရား” အဲဒီမှာ ရေစက်ခွက်ကလေးလည်း ချလို့။ ကိုင်း … ဒကာကြီး ရေစက်ချရအောင် အားလုံးလိုက်ဆို။ ရေစက်ချ တိုင်ပေးပြီးတော့ အမျှဝေလိုက်ကြတယ်။ အမျှသုံးကြိမ်လည်း ဝေပြီးရော ပရိသတ်တို့ အဲဒီမှာ အိမ်ကလေးဟာ သိမ့်ကနဲ ဖြစ်သွားတာ။ အိမ်မဟုတ်တော့ ဘူး။ ၀ါးရုံပင်ခေါင်ဖျား ရောက်နေတာ သံဃာငါးပါး။ အမယ်လေး အဲဒီကိုယ်တော်ငါးပါး ဘုန်းဘုန်း ချီးကျူးတယ်။ ငါ့ထက်တော်တယ်လို့။ သတ္တိကောင်းတယ်။ ဘုန်းဘုန်းဆိုရင်တော့ အဲဒီမှာ ပျံလွန်တော်မူလောက်တယ်။ “ဟာ

ဟေ့ကောင်တွေ

တို့

ဘယ်ပေါ်ရောက်နေတုန်း၊

ဝါးရုံပင်ကြီးဟ

ဟာ

စောစောက သီးပင်ဝါးပင်တွေ အုန်းပင်တွေ ဘယ်ရောက်ကုန်တုံး။ တစ်ပင်မှ မရှိဘူး” ပရိသတ်ရေ တစ်ခါတည်း ဖန်ဆင်းထားတာလေ။ ကုသိုလ်လိုချင်လွန်းလို့ ပရိသတ် ရေ နော်။ ပရဒတ္တူပဇီဝိတ ပြိတ္တာတွေ။ ပရိသတ် ဘာတွေလဲ။ “ပရဒတ္တူပဇီဝိတ ပြိတ္တာပါဘုရား” ပရဒတ္တူပဇီဝိတပြိတ္တာတွေ။ ဘာဖြစ်လို့ သူတို့ ဆွမ်းကပ်ကြတာလဲ။ ပြိတ္တာဘ၀က ကျွတ်ချင်ကြ လွတ်ချင်ကြလွန်းလို့နော်။ တကယ်ဆို ကျောင်းတော့ ပြန်ရောက်အောင် ပို့ဖို့ ကောင်းပါတယ်ဗျာနော်။ တစ်ခါ တည်း ၀မ်းသာအားရနဲ့ တူပါရဲ့  ဖြစ်လိုက်တာ။ ဖြုန်းဆို ကျွတ်လိုက်တော့ ဒီမှာ ကိုယ်တော် တွေ ၀ါးရုံပင်ပေါ်မှာ ကိုးရို့ ကားယား ဖြစ်နေတာပေါ့။ “ဟာ ဒုက္ခရောက်ပြီ”


ဆင်းလည်း မဆင်းနိုင်ဘူး။ ၀ါးရုံပင်ကလည်း အမြင့်ကြီးကိုး။ အဲဒါနဲ့ ဒီလိုပဲ စောင့်နေ တာ။ ဘေးနားက လူသွားလူလာပဲ အကဲခတ်နေရတာ။ “ဒုက္ခပဲကွာ မနေ့ကလာတာ ကိုယ်တော် ဒီဒကာကြီး ဟုတ်ကဲ့လား” အချင်းချင်းပြန် စစ်။ “ဟုတ်တယ်ကွ ဒီအဖိုးကြီးပဲ။ မနေ့က အ၀တ်အစားအတိုင်းပဲ။ ခေါင်းပေါင်းကြီးနဲ့။ ဒီနေ့လာတာကော ဟုတ်တယ်။” “စောစောက လှည်းကြီးမရှိတော့ဘူး” “မင်း နွားလှည်း အသာထားပါဦးကွာ။ တို့ထိုင်တဲ့အိမ်တောင် ဘယ်ရောက်သွားမှန်း မသိတဲ့ဥစ္စာ။ အရေးထဲ မင်းက နွားလှည်းရှာနေ။ မင်းအသာနေစမ်းကွာ။ နေဦး လူသွား လူလာ ကြည့်ကြဦး။ စကားတွေ သိပ်ပေါမနေနဲ့” အဲဒီမှာ ကိုယ်တော်တစ်ပါးက ဆွမ်းခံသွားတာ။ “အဲဒီကိုယ်တော်တော့ အစစ်ဟုတ် လောက်ပါရဲ့ ”ပေါ့။သပိတ်ပိုက်ပြီးတော့တစ်ခါတည်းဆွမ်းခံကြွလာတဲ့ကိုယ်တော်ကိုလက်ခုပ်

တီးပြီး

လှမ်းခေါ်။ “ဟေ့ … ကိုယ်တော် ကြွပါဦးဘုရား ဒီကို” ဆိုတော့ အောက်က ကိုယ်တော်က “ဟောဗျာ ကိုယ်တော်တို့ ဘယ်အချိန် ဒီပေါ် ရောက်နေကြတုန်း။ ရှောင်လင် ပညာ များသင်ထားကြသလား” “ဘာ

ရှောင်လင်မှမဟုတ်ပါဘူး

ကိုယ်တော်။

နောက်မှ

ပြောပါ့မယ်။

လောလောဆယ် တော့ ကယ်ပါဦးဘုရား” အပြီးသတ် သူတို့က ကယ်ပါဖြစ်နေတာ။ ဟိုပြိတ္တာတွေက ကျွတ်သွားပြီ။ အဲဒီလို ပရိသတ်ရဲ့ နော်။ “ကယ်ပါဦး ကိုယ်တော်” “အေး ကိုယ်တော်တို့ စောင့်နေ တပည့်တော် ကယ်မယ်”


ဆိုပြီးတော့ အဲဒါ အိမ်တွေကို သွားပြီးတော့ “ဟိုမှာ ဘုန်းကြီးငါးပါး ၀ါးရုံပင်ပေါ်မှာ ရောက်နေတယ် ဒကာကြီးတို့” “ဘယ်လို ရောက်တာတဲ့တုန်း” ဒကာတွေကလည်း စိတ်ဝင်စား။ “ဟာ … နောက်မှပဲ မေးပါ။ ဟိုမှာ ကိုယ်တော်တွေ ၀ါးရုံပင်နဲ့ ဟိုဟာ ထိုးမိနေပြီ။ မင်းတို့မြန်မြန်သွား” ဆိုတော့ အဲဒီမှ��� လှေခါးယူပြီးတော့ သွားရတာဗျာ။ လှေခါးလေး ထောင်ပေးတော့မှ အဲဒီမှာ တစ်ခါတည်း ကိုယ်တော်တွေ ဖက်တွယ်ပြီး တော့ ဆင်းလာကြတာ။ အသွားတုန်းကတော့ လှည်းနဲ့ အပြန်ကျတော့ ခြေလျင် ကုန်း ကြောင်း။ အဲဒါနဲ့ ကျောင်းပြန်ရောက်တော့ ဆရာတော်ကြီးက ဆွမ်းစားကျောင်းပေါ်က စောင့်နေတယ်။ ပဓာန နာယကဆရာတော်ကြီးက လိုက်မသွားဘူး။ လိုက်မသွားလို့ တော်သေးတာ ပေါ့။ အကယ်၍ လိုက်များသွားရင် မထေရ်ကြီး အိုမှ ဒုက္ခ၊ အဲဒါနဲ့ ပရိသတ်တို့ရေ ဆရာ တော်ကို လျှောက်တယ်။ “ဒီကနေ့ အဖြစ်ကတော့ဘုရား တော်တော်လည်း ဆိုးပါတယ်ဘုရား။ တပည့်တော် တို့လည်း ဘာမှန်းကို မသိတော့ပါဘူး” “နေကြဦး ကိုယ်တော်တို့ ကိုယ်တော်တို့ကို မေးဦးမယ်။ အဲဒီအိမ်ပေါ်မှာ ဘုရား တွေ့ သလား” “မတွေ့ဘူးဘုရား။ ရုပ်ပွားဆင်းတုတော် မရှိဘူးဘုရား” “ဒါဖြင့် ကျိုက်ထီးရိုးဘုရားပုံတော် ပန်းချီကားလေး၊ ရွှေတိဂုံဘုရားပုံတော် ပန်းချီ ကားလေး မရှိဘူးလား။ ဓာတ်ပုံလေးဘာလေး” “ဘာဘုရားပုံတော်မှ မရှိဘူးဘုရား” “ဟာ… အဲဒါဆိုရင် သေချာပြီ ကိုယ်တော်တို့ အဲဒါ ပြိတ္တာတွေ”


ပြိတ္တာတွေက ပရိသတ်ရေ ကျန်တာတစ်ချို့  ဖန်ဆင်းလို့ ရပါတယ်။ ဘုရားဆင်းတု တော်ကိုတော့ ဖန်ဆင်းလို့မရဘူး။ မှတ်ထားနော်။ “ မှန်ပါဘုရား ” နောက်ပြီးတော့ ဘုရားပုံတော် ပန်းချီကားချပ် ဖန်ဆင်းလို့မရဘူး။ “အဲဒါ ဘာလဲဆိုတော့ ကြတ်ပြိတ္တာလို့ခေါ်တယ်။ အဆင့်အတန်းရှိတယ်။ ကျွတ်ချင် ရှာလွန်းလို့၊ အဲဒါ ကိုယ်တော်တို့က သူတို့နဲ့လည်းပဲ အရင်ဘ ၀က ပဋ္ဌာန်းဆက်ရှိလို့ပေါ့။ အဲ ဒါကြောင့် ကိုယ်တော်တို့ကို ရွေးပြီးပင့်တာပါဘုရား။ အမျှဝေပြီးတော့ ကယ်တင်ခွင့်ရတာကို ကိုယ်တော်တို့ ကုသိုလ်ထူးတာပေါ့” “ကုသိုလ် ထူးတာ အရှင်ဘုရား တပည့်တော်တို့ အဲဒါ ထွန်းရွှေဝါလိမ်းရဦးမယ်” “ဘယ်စူးလာလို့တုန်းကိုယ်တော်” “မပြောပါရစေနဲ့တော့ဘုရား” ၀ါးရုံခက်တွေ

စူးလို့ပြောတာနော်။

ကျွတ်ခွင့်ရသွားတယ်။ တော်သေးတယ်နော်။

အဲဒါ

ပရိသတ်ရေ

သူတို့က


ပျော်လမ်းရှာတဲ့ ကြတ်ပြိတ္တာများ

တစ်ချို့  ကြတ်ပြိတ္တာတွေကျတော့ပရိသတ်ရေ အပျော်ရှိသေးတယ် တဲ့။ ဆိုင်းသမား တစ်ယောက်က

ဘုန်းဘုန်းကို

ပြောပြတာ။

အဲဒီဆိုင်းသမားတွေ

ဒီကနေ့အထိ

ရှိသေးတယ်။ ပျဉ်းမနားမှာနော်။ အဲဒါ ပျဉ်းမနားမှာ ဘုန်းဘုန်းကို သူတို့ပြောပြတယ်။ တစ်ခါတော့ ပရိသတ်ရေ ဆိုင်းငှားတဲ့လူတွေ ရောက်လာတာ။ နှစ်ယောက်၊ သုံး ယောက်လောက်၊ ဆိုင်းငှားတဲ့လူတွေက ရောက်လာတော့။ “ကိုင်း ကြိုက်ဈေးပေးမယ်ဗျာ။ ဘယ်လောက်ရယ်လို့ လုပ်မနေနဲ့” “အေး ရမယ်” ဆိုကြပါစို့ဗျာ။ ပရိသတ်ရေ တစ်သိန်းခွဲ နှစ်သိန်းနဲ့ပေါ။ “တို့ကားနဲ့လာခေါ်မယ်။ မနက်ဖြန်ညကျရင် အားလုံးရယ်ဒီလုပ်ထားလိုက်” ဟာ ပြိတ္တာတွေက ပရိသတ်ရေ အင်္ဂလိပ်လိုတွေ ဘာတွေပါတယ်။ “ရယ်ဒီလုပ်ထားလိုက် တို့ကားနဲ့ လာခေါ်မယ်” အဲဒါနဲ့ ပရိသတ်ရေ နောက်နေ့ ညနေရောက်တော့ ကုန်တင်ကားကြီးတစ်စီး ရောက် လာ။ အဲဒီမှာ ဆိုင်းဝိုင်းတွေ အကုန်တင်၊ ဗုံတွေကော အကုန်လုံးတင်ပြီးတော့ လိုက်သွား တာ ပေါ့။ ဟာ … ဟိုကျတော့ ပရိသတ်ရေ စည်ကားလိုက်တာ တစ်ခါတည်း ပွဲကြီး ဈေးတန်း ကြီးတွေနဲ့။ အဲဒီမှာ သူတို့လည်း တစ်ခါတည်း အားရပါးရ တီးကြ, မှုတ်ကြတာပေါ့ဗျာ။ တီး ကြ, မှုတ်ကြပြီးတော့ ဈေးတန်းလျှောက်တဲ့ကောင်ကလျှောက်၊ ၀ယ်စားတဲ့ကောင်က ၀ယ် စားပေါ့။ အားလုံးပြီးပြီဆိုတဲ့အခါကျတော့ အဲဒီမှာ ခေါင်းဆောင် ကြတ်ပြိတ္တာကြီးက ပြော တယ်။ “ကိုယ့်လူတို့ အခုည ပြန်မလား။ အခုညပြန်မယ်ဆိုရင် ဟိုကားနဲ့ လိုက်ပို့မလို့”


အဲဒီတော့ ဆိုင်းသမားတွေက နှာပူးတွေ။ အဘထရောဂါ ရှိသေးတယ်။ ပွဲဈေး တန်း လျှောက်ပြီး ကောင်မလေးတွေကို ငမ်းဦးမှာ။ ပြိတ္တာမလေးတွေက အကုန်ချောတယ်။ ဖန် ဆင်းထားရင် ပြောတာနော်။ ဖန်ဆင်းထားရင် အရမ်းချောတာ။ အဲဒါနဲ့ ပရိသတ်တို့ရေ နှာပူး ထဦးမှာဆိုတော့ “မနက်ကျမှပဲ ပြန်တော့မယ် အစ်ကိုရေ” တဲ့။ “ခင်ဗျားက ဘာတုန်း။ ခင်ဗျား ပွဲပြီးသွားပြီ ဆိုပြီးတော့ ကျုပ်တို့ကို မြန်မြန် ပြန်စေချင် တာလား” မူးလာပြီလေ ဆိုင်းသမားတွေက “မဟုတ်ပါဘူး။ ကဲ… အဲဒီလိုဆိုရင် ငွေချေမယ်ဗျာ” ဆိုပြီးတော့ ပရိသတ်တို့ရေ နှစ်သိန်းချေလိုက်တယ်။ အဲဒါ ရပြီးတဲ့အခါကျတော့ အိပ်

ထဲထည့်ပြီး

ဈေးတန်းလျှောက်လည်၊

လျှောက်လည်ပြီးတော့

ဆိုင်းဘေးနား

အိပ်ကြတာ ပေါ့ဗျာ။ မနက်မိုးလင်းတော့ ပရိသတ်ရေ သူတို့က ချုံပေါ်မှာ ဗုံတွေက ဟိုသစ်ပင်တွေမှာ ချိတ်လို့၊ နှဲကြီးကလည်း သစ်ပင်မှာ ချိတ်လို့၊ ဈေးတန်းကြီးကလည်း ဘာမှမရှိတော့ဘူး။ အိပ်ချင်မူးတူးနဲ့ “အမယ်လေး ဒုက္ခတော့ ရောက်ပြီ။ ရွာနီးနား အလှည့်ကျမှ ဟာ ပိုက်ဆံတွေ ကြည့်ပါဦး” လွယ်အိတ်ထဲ ကြည့်လိုက်တော့ ပရိသတ်ရေသစ်ရွက်တွေ ဖြစ်နေ တာ။ ကိုင်း နှာပူးထချင်ဦးဟ။ ညကပြန်ရင် ပိုက်ဆံအစစ်ရဦးမှာ။ အဲဒါနဲ့ ပရိသတ်ရေ ရွာနီးချုပ်စပ်သွားပြီး လှည်းငှားပြီးတော့မှ အဲဒီဆိုင်းတွေနဲ့ ပြန် လာခဲ့ရတာ။ အဲဒီဆိုင်းသမားတွေ ဒီကနေ့အထိ ရှိသေးတယ်နော်။ အဲဒါတွေက ပရိသတ်ရေ ကုသိုလ်လိုချင်လို့ မဟုတ်ဘူး။ ဆိုင်းငှားတာ ဘာလုပ် ချင်လို့ ။ “ပျော်ချင်လို့ပါဘုရား”


ပျော်ချင်လို့။

ပြိတ္တာဖြစ်နေတဲ့ ကြောင်ကလေး

အဲဒါကြောင့် ပရိသတ်ရေ ပြိတ္တာဖြစ်ဖို့က တော်တော်နီးစပ်တယ်။ တစ်ချို့  အိမ်မွေး တိရစ္ဆာန်လေးတွေ ရှိတယ်။ ပရိသတ် အရမ်းချစ်ကြတာနော်။ အဲဒါကြောင့် ကလေးတွေ, သားသမီး မရှိတဲ့ကလေးချစ်တတ်တဲ့ မိန်းကလေးတွေဆိုရင် အဲဒီကြောင်ကလေးတွေ တစ် ပွေ့ ပွေ့ နဲ့ “သားသားလေး မီးမီးလေး” အံမယ် ချစ်နေတာ။ အဲဒါနဲ့ ပရိသတ်ရေ ကလေးမလေး တစ်ယောက်က ကြောင်လေးကို အရမ်းချစ် တာ။ သူချစ်တဲ့ ကြောင်ကလေးက အ၀ါလေး၊ ကြောင်ဝါလေးပေါ့။ “မီးမီး ၀ါဝါလေး လာစမ်း မေမေကြီးဆီ” အမယ် လုပ်နေတာ။ အတွယ်အတာလေးတွေ သူက အရင်သေသွားရင် အဲဒီ ကြောင်ကလေးဗိုက်ထဲရောက်မှာ။ တော်သေးတယ် ပရိသတ်တို့ရေ အဲဒီက ကြောင်ဝါလေး က အရင်သေလို့။ ကြောင်ဝါလေးက အရင်သေသွားတော့ ပရိသတ်တို့ရေ အဲဒီက ကြောင် ၀ါမလေးက

မကျွတ်ဘူး။

ညညဆိုလာလာနေတယ်။

အဲဒီက

ကလေးမရဲ

ကြောင်ယောင်ဆောင်ပြီးတော့

ခြင်ထောင်ထဲမှာပဲ

ပြိတ္တာလေးဖြစ်နေတာလေ။

ခြေထောက် ပွတ်သပ်ပြီးတော့ အိပ်တယ်။ “အော် .. မိဝါလေးနဲ့ တူပါရဲ့ ” စိတ်ထဲက စွဲနေတာ ကောင်မလေးက။ အဲဒီလိုနဲ့ နေရော။ တစ်နေ့သောအခါကျ တော့ ပရိသတ် ဧည့်သည်တွေ ရောက်လာတယ်။အဲဒီဧည့်သည်တွေအိပ်လို့မရဘူးပရိသတ်


ရေ။ ညကျတော့လေ။ အဲဒီ သူ့သခင်မ အိပ်တဲ့ ခြင်ထောင်ကို ဧည့်သည်တွေကို ထောင်ပေး ထားတာကို အဲဒါကို ကြောင်ပြိတ္တာမလေးက မကျေနပ်ဘူး။ သံယောဇဉ်များနော်။ ကြောင်ပြိတ္တာမလေးက မကျေနပ်ဘူး။ မကျေနပ်တဲ့အခါကျတော့ ဘာလုပ်လဲဆို တော့ ဧည့်သည်တွေကို အိပ်မရအောင် တစ်ခါတည်း ကြောင်ကလေးက ဒုက္ခပေးတာ။ ထ ဖမ်းလည်း မမိဘူး။ ပျောက်ပျောက်သွားတယ်။ နောက် ရိပ်ကနဲ တွေ့  တွေ့ နေရတယ်။ အဲဒါ မိုးလင်းတဲ့အခါကျတော့“ခင်ဗျားတို့အိမ်တော့ မဟုတ်တော့ဘူး ” “ဘာဖြစ်လို့တုန်း” “ဟောဒီမှာ ကြောင်ပြိတ္တာရှိတယ်။ ကျုပ်တို့ညကတွေ့တယ် အိပ်လို့လည်းမရဘူး။” အဲဒီအခါကျတော့မှ ဟိုကလေးမလေးက “ဟုတ်တယ် သမီးလည်း တွေ့တွေ့နေရတယ်။ မိဝါလေး မဟုတ်လား။” “ဟုတ်တယ် အ၀ါရောင်လေး” ကြောင်ပြိတ္တာလေးဖြစ်နေတာနော်။ ပရိသတ် ဘာပြိတ္တာလေးလဲ။ “ ကြောင်ပြိတ္တာလေးပါဘုရား ” ကြောင်ပြိတ္တာလေး ပရိသတ် အရမ်းသံဝေဂရဖို့ကောင်းတာ။ အဲဒီအခါကျတော့မှ သံဃာတော်ငါးပါး ပင့်ပြီးတော့ ဆွမ်းကပ်အမျှဝေလိုက်တာ။ အဲဒီတော့မှ ကြောင်လေး မလာတော့ဘူး။ အဲဒီတော့ ပရိသတ်ရေ သေသူကို ရည်စူးပြီး လှူဒါန်းတဲ့အခါမှာ နံပါတ် (၃) ဖြစ်တဲ့ အင်္ဂါက သီလရှိတဲ့အလှူခံပုဂ္ဂိုလ်အရေးမကြီးဘူးလား။ “ အရေးကြီးပါတယ်ဘုရား ” အဲဒါ ပရိသတ် တစ်ပါးတည်း ဘယ်တော့မှ ���ပင့်နဲ့နော်။ စိတ်ချရအောင် အနည်းဆုံး ဘယ်နှစ်ပါး ပင့်မလဲ။


“ ငါးပါးပါ ဘုရား ” ငါးပါးတော့ပင့်ပါလို့။ ဒီအထဲမှာ တစ်ပါးပါးကတော့ ပြည့်စုံလောက်ပါတယ်နော်။ “ မှန်ပါဘုရား ” ငါးပါးလုံးမှ ဟိုဒင်းပြုနေရင်တော့လည်း ဆယ်ပါးပေါ့။ အဲဒါ ပရိသတ်ရေ အရေးကြီး တယ်နော်။ “ မှန်ပါဘုရား ” ဒါကြောင့် ဗုဒ္ဓဘာသာ သူတော်စင်ဖြစ်တော်မူကြတဲ့ တို့ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့သည် ကံကောင်းဥာဏ်ကောင်းသော လူ့အဖြစ်ကို ရခိုက်မှာ ရပ်ပြစ် ရှစ်ပါးမှ ကင်းလွတ်ငြိမ်းအေးရလေအောင် ခန္ဓာဥာဏ်ရောက် ၀ိပဿနာ ဘာဝနာတရား ပွား များအားကြိုးစားအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။ သာဓု … သာဓု … သာဓုပါဘုရား


နိဂုံးမေတ္တာ ဆုတောင်းလွှာ

ဣတိ ဓမ္မံ ဒေသေန္တေန၊ ယံ တံ အဓိဂတံ မယာ။ တေန သဗ္ဗေ သုခါယန္တု၊ ဇနာ ဣဋ္ဌသမင်္ဂီနော။ မေ မယာ - ဒေသကပုဂ္ဂိုလ်ဟု ခေါ်ဆိုသမုတ် အကျွန်ုပ်သည်။ ဣတိ ၀ုတ္တနယေန ယခု ဟောကြားခဲ့ပြီးသော ပါဠိတော်အစဉ် အဋ္ဌကထာအစဉ်ဖြင့်။ ဓမ္မံ - သာဏ၀ါသီထေရ ပေတ၀တ္ထုကို အမည်ပေးထားသော “တံငါသည်သား ရဟန္တာ” လို့ခေါ်တဲ့

ဓမ္မကထာ

ဒေသနာကို။ ဒေသေန္တေန - သိကြပါစေ၊ ကျင့်ကြပါစေလို့ဆိုတဲ့ စေတနာမေတ္တာကြောင့် ဟောပေးလိုက်ရသည့်အတွက်တာကြောင့်။ ယံ မဟာပုညံ - အကြင်တရား ဟောလို့ ရရှိတဲ့ ဓမ္မဒါနကုသိုလ်ထူးကို။ အဓိဂတံ - ကောင်းစွာမသွေ ရလိုက်ပါပေပြီ။ တုမှေဟိပိ - တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သော သင်သူတော်စင် တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းလည်းပဲ။ ယံ မဟာပုညံ - အကြင်တရားနာလို့ ရရှိကြလို့ ဓမ္မဿဝနကုသိုလ်ထူးကို။ အဓိဂတံ - ကောင်းစွာမသွေ ရရှိကြပါပေပြီ။ တေန - ထိုသို့ ရကြ သော ဓမ္မဒါနဓမ္မဿဝန ဘာဝနာမယ ပုညကြိယာကုသိုလ်ထူးကြောင့်။ သဗ္ဗဇနာ - သင် သူတော်စင်တရားနာပရိသတ်အပေါင်းတို့နှင့်တကွ

လူနတ်ဗြဟ္မာပေါင်းများစွာတို့သည်။

သမင်္ဂီနော - အလိုရှိအပ် တောင့်တအပ်သော ဣဋ္ဌအထွေထွေ ကျက်သရမေင်္ဂလာ အဖြာ ဖြာတို့နှင့် ပြည့်စုံကြကုန်သည်ဖြစ်၍။ သုခါယန္တု - ယနေ့မှစ၍ နိဗ္ဗာန်ရသည့် ဘ၀ကာလ တိုင်အောင်

စိတ်ရွှင်လန်း၍

ကျန်းကျန်းမာမာ

ချမ်းချမ်းသာသာ

ရှိတော်မူကြကုန်ပါ

စေသတည်း။

သာဓု … သာဓု….သာဓုပါဘုရား

တံငါသည်သား ရဟန္တာတရားတော် ပြီးပါပြီ



Fisherman's Son