Issuu on Google+

The Hakkonian Story ဟာ့ ခိုး နျန်း ပုံြ ပင်


နုန်ဂ်မင်းဆက်ခေတ်တုန်းကဆိုရင် တောင်အာဂျင်းနိရှမှာရှိတဲ့ ဟာ့ခွန်းနျန်းလူမျိုးတွေက တော်တော်ကို

ဆင်းရဲတော့ အစာစားဖို့တောင်မှ တော်တော်ကိုခက်ခက်ခဲခဲရုန်းကန်ရတယ်။ သူတို့နေတဲ့နေရာတွေကလည်း ချောက်ကမ်းပါးကြီးတွေ လွှာပြတ်တောင်ကြီးတွေနဲ့ ပြည့်နှက်ပြီး မြေသြဇာမကောင်းတော့ စိုက်ပျိုးရေးလုပ်ရတာလည်း တော်တော်ခက်တယ်။ အမဲလိုက်တတ်တဲ့လူတွေကတော့ အမဲလိုက်ပြီး စားစရာရှာတယ်။ ဒါပေမယ့် ထမင်းစားရဖို့လည်း အရေးကြီးတော့ အနီးနားက ဆယ်တာကာတိုင်းပြည် တောင်ဘက်စွန်းမှာရှိတဲ့ ရွာတွေကို စစ်တိုက်ပြီး စားစရာလိုက်လုလေ့ရှိကြတယ်။

ပညာဗဟုသုတဟာလည်း မကြွယ်ဝကြတာကြောင့် တိုင်းပြည်ကလည်း သိပ်ပြီးတော့ မဖွံ့ဖြိုးဘူးပေါ့။

အထူးသဖြင့် အမျိုးသမီးတွေဆိုရင် ပညာသင်ဖို့အခွင့်အရေးတော်တော်နည်းပါးတယ်။ အမြင်ကျဉ်းမြောင်းကြလေ တော့ အမျိုးသမီးတွေ ပညာသင်ဖို့ဆိုတာ အပိုအလုပ်တွေလို့ထင်ကြတယ်။ ဒါပေမယ့် ဟာခိုးန်းနျန်း တို့ရဲ့ကိုယ်ပိုင် တီထွင်မှုဖြစ်တဲ့ လွှာပြတ်တောင်ကြီးတွေကိုထွင်းပြီးလူနေလို့ရအောင် အဆောက်အဦတွေဆောက်ထားတာတွေ ကိုတော့ တော်ရုံတန်ရုံလူတွေ လိုက်မတုနိုင်ကြပါဘူး။

ဟာ့ခဲဟာလည်း ရှာ့သ်တိုင်းပြည်ရဲ့တစ်စိတ်တစ်ဒေသဖြစ်တဲ့ ဂါဂ်ရှာဒေသမှာမွေးဖွားကြီးပြင်းတဲ့

လူငယ်တစ်ယောက်ပေါ့။ ဟာ့ခိုးန်းနျန်းတို့ထုံးစံအတိုင်း ငယ်ငယ်ကတည်းကတိုက်ရေးခိုက်ရေးမှာ ဆက်တိုက်ပြင်းပြင်း ထန်ထန်လေ့ကျင့်ခဲ့တဲ့အလျှောက်၊ အရွယ်ရောက်လာတော့လည်း အရည်အသွေးကောင်းတဲ့ တိုက်ခိုက်ရေးသမားတစ် ဦးဖြစ်လာခဲ့တယ်။ မကောင်းတာတစ်ခုကတော့ စာပေပညာကို လေ့လာခွင့်မရဘူး။ တစ်ခါရှီမဲန်တွေ ဟာ့ခိုးန်းနျန်းတွေ ကိုလာကျူးကျော်တုန်းက ရှုခဲန်းဒေသကနေ ဟာ့ခဲကဦးဆောင်ပြီး ခုခံခဲ့ဘူးတယ်။ ရှီမဲန်တွေကို တော်ရုံအကြမ်းခံနိုင်တဲ့ လူတွေတောင် ခုခံဖို့မလွယ်ပေမယ့်၊ ဟာ့ခဲရဲ့ဦးဆောင်မှုကြောင့် ဟာ့ခိုးန်းနျန်းတွေဟာ လွတ်လပ်သူတွေအဖြစ်ဆက်နေ ထိုင်ခွင့်ရခဲ့တယ်။

သူမိုနန်းခါ ကိုတွေ့တာလဲအဲဒီနယ်မှာပါပဲ။ သူတို့နှစ်ယောက်ချစ်ကြိုက်ခါစကတော့ မိုနန်းခါက

ဟာ့ခဲကို တစ်စွတ်ထိုးမဆန်ဖို့ စိတ်ပူပြီးခဏခဏပြောတယ်။ ဟာ့ခဲကတော့ ဘယ်လိုပဲဖြစ်နေနေလွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ ဘ၀ကိုပိုသဘောကျတယ်။ သူတို့နှစ်ယောက်လက်ထပ်ပြီးတဲ့နောက်လည်း မိုနန်းခါ ကို အလုပ်တွေတအားပေးတယ်။ သူကတော့ တမင်ပေးတာမဟုတ်ပေမယ့် သူလုပ်တဲ့ လုပ်ရပ်တွေက မိုနန်ခါကို စိတ်ပူစေရုံမကဘူး၊ တာဝန်ပါပိုပိစေတယ်။ ဟာ့ခိုးန်းနျန်းတွေလက်ထပ်ရင် သူတို့ဇာတာပြားလေးနှစ်ပြားကို ကြိုးနဲ့တွဲပြီး ချည်ထားလေ့ရှိတယ်။ လက်ထပ်ထားကြောင်း သက်သေအနေနဲ့ပေါ့။ အိမ်ထောင်ကျပြီး နောက်လည်း မိုနန်းခါကဟာ့ခဲကိုတော်တော်အနစ်နာခံပြီးတော့နားလည်ပေးခဲ့တယ်၊ ဟာ့ခဲလုပ်သမျှ ကိစ္စတော်တော်များများ ကိုလည်း ခေါင်းညိတ်လက်ခံပေးခဲ့တယ်။ ဒါပေမယ့် ရွာထဲကတခြားလူတွေကတော့ သူ့ကိုမကောင်းကြောင်းပြော ကြတာမျိုးတွေရှိတယ်၊ တခါတလေဆိုရင် မိုနန်းခါကို ရွာထဲကလူတွေက ဘာမှမသိနားမလည်တဲ့ မိန်းကလေးတစ်ယောက်ပဲ ဆိုပြီးတော့ အနိုင်ကျင့်ကြတယ်။ မိုနန်းခါက အဲဒီအကြောင်းကို ဟာ့ခဲကိုပြောပြတယ်။ ဒါပေမယ့်ဟာ့ခဲကတော့ ပေါ့ပေါ့ပဲပြန်ဖြေတယ်။

“ဘာဖြစ်လဲကွာ၊ အဲဒါလေးတွေကိုများ အရေးတကြီးလုပ်လို့၊ အေးအေးဆေးဆေးနေပါရစေ”


မိုနန်းခါကလည်း သူကတကယ်အဆင်မပြေအခက်တွေ့နေတာတွေ ပြောပြတာကို ဒီလိုမျိုးအေးတိအေးစက်နဲ့ ပြန် ဆက်ဆံတော့ တခြားလည်း ဘယ်သူမှပြောပြအကူအညီတောင်းစရာမရှိဘူးလေ။ ဒီတစ်ခေါက်ဟာ့ခဲ အဲလိုပြောလိုက် ပြီးတဲနောက်တော့ နောက်ထပ်လည်းမပြောရဲတော့၊ မိုနန်းခါတစ်ယောက် အိမ်နောက်ဖေးမှာ အိမ်အလုပ်တွေလုပ်ရင်း နဲ့ပဲ တစ်ယောက်တည်းကြိတ်ငိုခဲ့တယ်။ ဒါပေမယ့် ဟာ့ခဲကိုချစ်တဲ့သူ့အချစ်ကတော့ နဲနဲမှလျော့မသွားခဲ့ပါဘူး။

အဲလိုနဲ့ သူတို့ လက်ထပ်ပြီးတော့ သိပ်မကြာလိုက်ပါဘူး၊ ဟာ့ခိုးန်းနျန်းတွေ အစာရှားပါးတဲ့ကိစ္စနဲ့ကြုံ

လာတော့ ဟာ့ခဲတို့ ဆယ်တာကာကို သွားပြီးဆန်နဲ့ ကောက်ပဲသီးနှံတွေ ယူဖို့ စစ်တိုက်ထွက်ရပြန်တယ်။ သူတို့ပုံစံကတကယ်တော့ စစ်တိုက်နေတာနဲ့မတူဘူး ဓါးပြတိုက်နေတာနဲ ပိုတူတယ်ဆိုတာ့ သူတို့ကိုယ်သူတို့ သတိထားမိကြပုံမရဘူး။ ကံဆိုးချင်တော့လည်း ဟာ့ခဲတို့စစ်တပ်မရှိတဲ့အချိန်ကျတော့မှ ခိုအဲန်တွေက ရှာ့သ်ပြည်နယ် ကနေဟာ့ခိုးန်းနျန်းတွေဆီကို သူတို့စစ်တပ်နဲ့ရောက်လာခဲ့တယ်။ အဲဒီခေတ်က ခိုအဲန်တွေရဲ့စစ်တပ်က အဆင့်အမြင့်ဆုံး၊ အရည်အချင်း အရှိဆုံးဖြစ်တဲ့ ခေါင်းဆောင်တွေနဲ့ စနစ်တကျ အချိန်ယူလေ့ကျင့်ပေး ထားတဲ့စစ်မှု ထမ်းကောင်း တွေဆိုတော့ သူတို့လာရင် အရေအတွက်သိပ်များများလာလေ့မရှိဘူး။ ဒါပေမယ့် လာတဲ့အရေအတွက်က သူတို့အတိုင်းအတာနဲ့သူတို့ အားလုံးတွက်ထားပြီးသား။ ဟာခိုးန်းနျန်းတွေက ဆယ်တာကာလောက်ကိုသွားပြီး အနိုင်ကျင့်နေတာ၊ တကယ့်နာရာဂါသာက ခိုအဲန်တွေလာတော့ သူတို့ပြာသလဲလဲ ဖြစ်ကုန်တယ်။

ရွာထဲမှာရှိသမျှလူအင်အားအကုန်စုပြီး ခုခံဖို့ပြင်ဆင်တယ်။ ရွာကြီးရဲ့ရှေ့ကို ခိုအဲန်တပ်တွေရောက်လာတာနဲ့

မြားတွေတရစပ်ပစ်တယ်။ ခက်တာက တစ်ယောက်မှမထိဘူး။ ပြီးတော့ မြားတွေကုန်သွားတော့မှ ခိုအဲန်တပ်က တဖြည်းဖြည်းချင်းအရှေ့ကိုတက်တယ်။ သစ်သားနဲ့တင်ဆောက်ထားတဲ့ ရွာခံတပ်ကိုလည်း ကြိုးတွေနဲ့ချိတ်ပြီးတက် လာကြတယ်။ ဟာ့ခွန်းနျန်းတွေလည်း ခံတပ်ကနေဆုတ်ပြီး ရွာထဲကနေခုခံဖို့ပြင်တယ်။ ရွာထဲရောက်တော့ သူတို့ကျွမ်း တဲ့နယ်ဆိုတော့ ပြောက်ကျားစနစ်နဲ့ တိုက်ရင်နိုင်မယ်ပေါ့လေ။ ဒါပေမယ့် ချေလှမ်းတိုင်းမှာ သတိရှိနေတဲ့ ခိုအဲန်တွေကို သိပ်လွယ်လွယ်နဲ့တော့ လျော့တွက်လို့မရမှန်းသူတို့သိတယ်။

ပထမဦးဆုံးရွာထဲကိုဝင်လာတာက ဆံပင်ရှည်ရှည်နဲ့၊ အမျိုးသမီးတစ်ယောက်လား..။

“ဘယ်လိုဖြစ်တာလဲ၊ ခိုအဲန်တွေရဲ့စစ်သူကြီးက မိန်းမလား”

အနီးကပ်လာတော့ အဲဒီအမျိုးသမီးဆိုတဲ့သူကို သေသေချာချာတွေ့ရတယ်။ လမ်းလျှောက်နေတဲ့ပုံစံက အမျိုးသမီးနဲ့မတူ၊ သူ့ချေလှမ်းတိုင်းက မြေပြင်ပေါ်ကို စည်းချက်မှန်မှန်နဲ့ကျပြီး သတိရှိရှိနဲ့ လျှောက်လာတာကိုတွေ့ရတယ်။ ချေသံကိုမကြားရ၊ သူ့မျက်လုံးတွေကလည်း ဘေးပတ်ဝန်းကျင်ကို သိပ်အများကြီးမကြည့်၊ ဒါပေမယ့် သူကြည့်နေတဲ့နေရာတွေဆိုရင် ချည်မျှင်လေးတစ်မျှင် လှုပ်ရှားသွားတာကအစ သူသတိထားမိတယ်။ သူ့စစ်တပ်ကတော့ ခပ်လှမ်းလှမ်းကနေလိုက်လာတယ်။ ပထမအိမ်ချေနားကိုရောက်တော့ ဟာ့ခိုးန်းနျန်းတစ်ယောက်က ရုတ်တရက်ညာသံပေးပြီး သူ့အပေါ်ကို အိမ်ပေါ်ကနေခုန်ချပြီး အလစ်တိုက်တယ်။ သူကကိုယ်ကို နဲနဲစောင်းလိုက်ပြီး အရှိုက်ကိုလက်သီးနဲ့ ထိုးလိုက်တယ်။ နောက်တစ်အိမ်နားရောက်တော့ သုံးယောက် အိမ်ကြားတွေထဲကထွက်လာပြီးတိုက်ပြန်တယ်။ အဲဒီလူကတော့


အေးအေးဆေးဆေးပဲပြန်တုန့်ပြန်တယ်။ အဲဒီသုံးယောက်စလုံးလဲ ချေထောက်တွေ အရိုက်ခံထားရပြီ့း ထလို့မရတော့။ နောက်ထပ်လည်း တစ်သုတ်ပြီးတစ်သုတ်သာရောက်လာတယ်၊ အားလုံးသူ့ကို ဘယ်လိုမှအလဲမတိုက်နိုင် ဘူး။ နောက်ဆုံးတစ်ယောက်ကတော့ ဓါးတစ်ချောင်းကိုမြဲမြဲဆုပ်ပြီး ခိုအဲန်ခေါင်းဆောင်ဆီကိုပြေးသွားတယ်။ အနားရောက်တော့ ဟိုက ဓါးကိုဖြည်းဖြည်းလေးပဲထုတ်လိုက်တယ်။ ပြီးတော့နှစ်ယောက်အလယ်မှာလည်း ဖြတ်သွားပြီးရော၊ ဟို ဟာ့ခိုးန်းနျန်းက ကြောက်ကြောက်လန့်လန့်နဲ့အော်တယ်။

“အဲဒီလောက်မလန့်ပါနဲ့ ဓါးအဖျားလေးနဲ့ခြစ်မိတာပါ၊ ပါတ်တီးတောင်စီးစရာမလိုဘူး၊ တော်ကြာနေသွေးတိတ်

သွားလိမ့်မယ်” သူကတော့ ဓါးပြန်���ည့်ရင်း ဟာ့ခိုးနျန်းလို အေးအေးဆေးဆေးပဲပြန်ပြောတယ်။ ဟိုဟာ့ခိုးန်းနျန်းရဲ့အင်္ကျီက တော့ တိတိပပကြီးပြတ်နေပြီး၊ အဲဒီပြတ်နေတဲ့ဓါးရာတစ်လျောက်သူ့အရေပြားကို ဓါးသွားထိပ်လေးနဲ့ရှပ်ပြီး ခုတ်ထားတာကိုတွေ့ရတယ်။ အဲဒီခိုအဲန်ခေါင်းဆောင် ဆက်လျောက်လာတဲ့လမ်းတစ်လျှောက်၊ ဘယ်သူမှ စိန်မခေါ်ရဲတော့ဘူး။ မိုနန်းခါကလွဲလို့..။ မိုနန်းခါက ရုတ်တရက်လူအုပ်ထဲကနေထွက်ပြီး အဲဒီခိုအဲန်ခေါင်းဆောင်ကို ဓါးနဲ့ချိန်လိုက်တယ်။ သူကတော့ဓါးနဲ့ထိုးအချိန်ခံရလို့ဆိုပြီး နောက်ကိုနဲနဲလေးတောင်မရွံ့ဘူး။

“နင်ဟာ့ခွန်းနျန်းလိုနားလည်တယ်မဟုတ်လား၊ ငါတို့ရွာကနေအခုဖယ်ပေးပါ”

လူတွေက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မိုနန်းခါကိုခေါင်းညှိတ်ပြကြတယ်။ တိုက်နိုင်ခိုက်နိုင်တဲ့ ယောင်္ကျားတွေအကုန်လုံး ဒါဏ်ရာတွေရကုန်ပြီ၊ သူ့ကိုထိလို့မရဘူး၊ ခုမိန်းကလေးတစ်ယောက်တည်းက ရှေ့ထွက် ဓါးနဲ့ချိန်ပြီး သူတို့နယ်ကိုပြန်ပေးပါလို့ပြောလာတော့ ဒီလူကလည်းမိုနန်းခါကိုလေးစားမိတယ်။ ဒီလူကဦးတစ်ချက်ညွှတ် လိုက်ပြီးပြောတယ်။

“ကျွန်တော်တို့က အန္တရယ်ပြုဖို့လာတာမဟုတ်ပါဘူး၊ ဆွေးနွှေးချင်လို့ပါ”

“ဒီပုံစံကဆွေးနွှေးတဲ့ပုံစံလား၊ သူများနယ်ထဲကို မတရားဝင်လာတယ်၊ ပြီးတော့ငါတို့လူတွေကိုလည်း

ဒါဏ်ရာရအောင်လုပ်တယ်၊ ပြီးတော့နင်တို့…”

“မင်းအနှေးနဲ့အမြန် သိလာပါလိမ့်မယ်၊ ခုနေအဲဒါတွေပြောနေရင် နှစ်ဖက်စလုံးအတွက်အကျိုးမရှိဘူး၊ အားလုံး၊

ကိုယ်တာဝန်ကျတဲ့နေရာမှာ နေရာယူကြပါ၊ ဒါဏ်ရာရသွားတဲ့ ရွာသားတွေကိုလည်း ဆေးကုပေးပြီး အရင်လိုပဲပြန်နေဖို့ ပြောပေးပါ” ခိုအဲန်ခေါင်းဆောင်က မိုနန်းခါကိုပြောပြီးပြီးချင်း သူ့လူတွေကို ခိုအဲန်လိုလှမ်းပြီးညွှန်ကြားချက်ပေးတယ်။

“အားလုံး၊ အရင်လိုပဲလွတ်လွတ်လပ်လပ်နေပါ၊ ကျွန်တော်တို့ဘာမှဒုက္ခမပေးပါဘူး”

စစ်သားတစ်ယောက်က ခိုအဲန်လိုပြောတော့ ရွာထဲသားတွေက ပြန်ပြီးတော့ ကြောင်ကြည့်ကြတယ်။

“တစ်ဆိတ်လောက်..၊ ဟာ့ခိုးန်းနျန်းလိုပြောတတ်တဲ့လူတစ်ယောက်လောက် ကူညီပါဦး၊ ဒီမှာကျွန်တော်ပြော

တာနားမလည်ကြလို့” ရွာထဲမှာလည်းခုတော့ လှုပ်လှုပ်လှုပ်လှုပ်နဲ့၊ စိတ်ပူတဲ့လူတွေကလည်း စိတ်ပူ၊ တချို့လူတွေကလည်း ဟာ့ခဲတို့စစ်တပ် မြန်မြန်ပြန်လာပါစေဆိုပြီးတော့ ဆုတောင်း.. နဲ့ တော်တော်များများကတော့ ကိုယ်နေ့စဉ်လုပ်ငန်းကိုယ်


ပြန်လုပ်နေကြတယ်။ ခိုအဲန်စစ်သားတွေကလည်း သူတို့ကတိပေးထားတဲ့အတိုင်း ရွာလူတွေကိုအနှောင့်အယှက်မပေး ကြပါဘူး။ ဒါပေမယ့် ရွာသားတွေကတော့ လူစိမ်းတွေရုတ်တရက် ၀င်လာပြီး စခန်းချနေတော့ စိတ်ထဲမှာတော့ မကျေနပ်ကြဘူးပေါ့။

“မိုနန်းခါ နင့်ကိုကျတော့၊ ဟိုမိန်းမလိုလိုယောင်္ကျားလိုလိုကောင်က ဘာမှမလုပ်ဘူးနော်၊”

“လုပ်ရဲလုပ်ကြည့်ပါလား၊ ငါ့အကြောင်းသိသွားမှာပေါ့”

“သိပ်လည်းလေကျယ်မနေနဲ့ ဟိုကယောင်္ကျားတွေကိုတောင် လက်ဖျောက်တီးသလို ရိုက်ချသွားတာ..”

နောက်ထပ်ရက်ပေါင်းတော်တော်ကြာလာတာတောင်မှ သူတို့ကမသွားသေးဘူး။ တစ်ရက်ကျတော့ မိုနန်းခါက ဟာ့ခဲ ထားခဲ့တဲ့ဓါးတစ်ချောင်းကိုယူပြီးတော့ အိမ်ကထဲကနေထွက်လာတယ်။ လမ်းမှာသူငယ်ချင်းတွေနဲ့တွေ့တော့ သူတို့က ၀ိုင်းမေးတယ်။

“မိုနန်းခါ၊ နင်ကအဲဒါဘယ်သွားမလို့လဲ”

မေးရင်းနဲ့သူတို့မျက်လုံးတွေကလည်း မိုနန်းခါလက်ထဲက ဓါးကိုတစ်ကြည့်ကြည့်နဲ့။

“ဟို မိန်းမလိုလို၊ ယောင်္ကျားလိုလိုကောင်ကိုသွားရှာမလို့”

“နင်ရူးနေလား မိုနန်းခါ”

နောက်တစ်ယောက်ကပါ ကြားထဲက၀င်ပြောတယ်။

“သြော်... ငါသိပြီ၊ သူဟာ့ခဲနဲ့ရပြီးတဲ့နောက်ပိုင်းမှ အဲဒီလိုမျိုးဖြစ်သွားတာ၊ တစ်ခုခုဆို တစ်စွတ်ထိုး...”

“နင်တို့ အလကားနေရင်းနဲ့ သူ့ကိုဆွဲမထည့်ပါနဲ့” မိုနန်းခါကစိတ်တိုတိုနဲ့ သူ့သူငယ်ချင်းတွေ တားနေတဲ့ကြားက အဲဒီခိုအဲန်ခေါင်းဆောင် စခန်းချတဲ့နေရာကိုသွားပြီး

တွေ့ချင်တဲ့အကြောင်းသွားအော်ပြောတယ်။ အဲဒီခေါင်းဆောင်က သူလျှောက်အော်နေတာနဲ့ အပြင်ထွက်လာပြီးသူ့ ကိုလာတွေ့တယ်။ သူကကောင်းကောင်းမွန်မွန် အပြင်ထွက်လာပြီးတွေ့ပေမယ့်၊ မိုနန်းခါက ဘာမပြောညာမပြောနဲ့ သူ့ကိုဓါးနဲ့ထိုးတယ်..။ ဟိုလူက ဓါးနဲ့ထိုးတဲ့လက်ကိုဖမ်းလိုက်တယ်၊ ပြီးတော့လည်းသူ့လက်ကိုဆုပ်ထားတယ်ဆိုပြီး နောက်လက်တစ်ဖက်က အလိုလိုပါးကိုလှမ်းရိုက်လိုက်တယ်။ ဟိုလူက ဖမ်းလိုက်ပြန်တယ်။ လက်နှစ်ဖက်စလုံးဖမ်းမိထားတော့ ချေထောက်နဲ့ကန်တယ်။ သူကခုန်ပြီးရှောင်တယ်။ အစောင့်တွေကသူ့ကိုမောင်းထုတ်ဖို့လုပ်ပေမယ့် ခိုအဲန်ခေါင်းဆောင်က မလုပ်ဖို့တားတယ်။

“ဟေ့၊ဟေ့.. နေပါဦး ဘာဖြစ်တာလဲရုတ်တရက်ကြီး၊”

“နင်ငါတို့ရွာကနေ ခုချက်ချင်းဖယ်ပေးပါ၊”

“ရှာ့သ်တိုင်းပြည်မှာ အဓိကရွာကြီးတွေတင်ပဲ ရွာပေါင်း သုံးဆယ်လောက်ရှိတယ်၊ ငါတို့ဒီရွာကဖယ်တော့ရော၊

ငါတို့တပ်တွေက တခြားရွာတွေမှာရှိသေးတယ်၊ အခုလိုပဲလူမသတ်ဘူး အကြောင်းရှိလို့ နေနေတာ”

“အေး.. အဲဒီတပ်တွေပါအခုချက်ချင်းဖယ်ပေး၊ မဖယ်ပေးရင်ငါ့အကြောင်းသိမယ်”

“ဟား ဟား၊ ကြောက်စရာကြီး.. ငါ့ကိုထိနိုင်အောင်ပဲ အရင်ကြိုးစားဦး”

မိုနန်းခါကဓါးနဲ့စွတ်ထိုးတယ်၊ ခုတ်တယ်၊ ဒါပေမယ့် ဟိုလူကရှောင်ပဲရှောင်တယ် ဘာမှပြန်မလုပ်။


“နင်တို့ခိုအဲန်တွေ၊ ကိုယ်နိုင်တယ်ဆိုပြီး သူများတိုင်းပြည်တွေကိုလိုက်အနိုင်ကျင့်တယ်.. ငါတို့ဟာ့ခိုးန်းနျန်းကိုမ

ရစေရဘူး... အား ..” မိုနန်းခါ ခေါင်းရုတ်တရက်မူးလာတယ်..ဓါးကိုမြေကြီးမှာထောက်ပြီးပြန်ထဖို့ကြိုးစားကြည့်တယ်..။ အဲဒီနောက်တော့ သူဘာမှမသိတော့ဘူး။ ခိုအဲန်ခေါင်းဆောင်က သူ့စစ်တပ်ထဲမှာပါလာတဲ့ သမားတော်ခေါ်ပေးတယ်။ မိုနန်းခါ သွားနေတာ တော်တော်ကြာသွားလို့ သူ့သူငယ်ချင်းတွေ စခန်းကိုလိုက်လာပြီး လာမေးတယ်။ စစ်သားအစောင့်တွေက ပေးမ၀င်တော့ သူတို့လည်း ဘာမှမလုပ်နိုင်ရှာဘူး။

မိုနန်းခါသတိရလာတော့ နေတောင်တော်တော်စောင်းနေပြီ။ သူသိလိုက်ရတာက သူရောက်နေတာ

ကင်းတဲတစ်ခုထဲမှာ။ အိပ်ယာတွေကလည်း သူအရင်ကမတွေ့ဘူးတဲ့အိပ်ယာမျိုးတွေ။ ဘေးပါတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း၊ သူ့အတွက်ထူးထူးဆန်းဆန်း တွေချည်းပဲဖြစ်နေတယ်။ ပြီးတော့မှသူခိုအဲန်စစ်စခန်းထဲရောက် နေမှန်း သတိရတယ်။ အမြန်ထပြီးအပြင်ကိုထွက်လိုက်တယ်။ ခိုအဲန်ခေါင်းဆောင်က စောင်းတီးနေတာကနေထလာပြီး သူ့ကိုလာကြည့်တယ်။

“နေကောင်းရဲ့လား”

မိုနန်းခါကတော့ သူ့ကိုတွေ့တာနဲ့ ဓါးနဲ့ခုတ်ဖို့စဉ်းစားတယ်။

“ငါ့ဓါးဘယ်မှာလဲ၊ ငါ့ဓါးပြန်ပေးပါ”

“ဒီမှာ ကျွန်တော်သိမ်းထားပေးပါတယ်”

မိုနန်းခါကဓါးပြန်ရတာနဲ့ သူ့ကိုခုတ်ဖို့လုပ်ပြန်တယ်။

“ခဏလေး၊ ခဏလေး…၊ ကျွန်တော်တောင်းပန်ပါတယ်…ဟုတ်လား အခုမိန်းကလေးတို့ရွာကိုဘာဖြစ်လို့

စစ်စခန်းလုပ်ထားရတာလဲဆိုတာ ရှင်းပြပါ့မယ်၊ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့၊ စိတ်ကိုလျှော့ထားပါ၊ အခုချိန်ဒေါသ ထွက်တာမကောင်းဘူးထင်တယ်၊ ကျွန်တော်ပြောတာ စိတ်အေးအေးထားပြီးနားထောင်ပါ”

မိုနန်းခါက ဓါးကိုချလိုက်တယ်။

“ဟာ့ခိုးနျန်းတွေအားလုံးကို ရှီမဲန်တွေကအကုန်သိမ်းပိုက်ချင်နေတာ မိန်းကလေးအနေနဲ့သိလား”

“နင်ဘာတွေလျှောက်ပြောဦးမလို့လဲ”

“ကျွန်တော်ပြောတာပြီးအောင်နားထောင်ပါဦး၊ ရှီမဲန်တွေဒီတစ်ခေါက်လာရင် တပ်ခွဲလေးလာမှာမဟုတ်ဘူး၊

အာ့ခိုးဒျက စစ်တပ်လာမှာ၊ သူတို့ကငါတို့လိုစခန်းလာချမှာမဟုတ်ဘူး တစ်ရွာလုံးကိုမီးရှို့ပြီး သူတို့အဆောက်အဦတွေ ဆောက်မှာ၊ ဒီချောက်ကမ်းပါးကြီးတွေအထဲထဲမှာဘာရှိလဲ အားလုံးသိတယ်မဟုတ်လား” ဟုတ်တော့လည်းဟုတ်သလိုလို၊ ဒီချောက်ကမ်းပါးကြီးတွေထဲက ဟိုးအရင်ကဒါ့ရေ့ဂ်အကောင်တွေပိုင်တဲ့ ရေ���းဟောင်း အဖိုးတန်ပစ္စည်းတွေရှိသေးတယ်။ (ရှေးရှီမဲန်ဒဏ္ဌာရီအရ အဲဒီချောက်ကမ်းပါးကြီးတွေအောက်ထဲမှာ တခြားလောကနဲ့ ဆက်သွယ်တဲ့ လမ်းတွေ၊ ဆက်စပ်မှုရှိတဲ့ ပစ္စည်းတွေရှိတယ်လို့ဆိုကြတယ်)။ ဒါတွေကိုခိုအဲန်တွေကလည်းလိုချင်လို့ သူတို့ကိုလာသိမ်းပိုက်တာလို့ မိုနန်းခါထင်တယ်။ ခိုအဲန်ခေါင်းဆောင်က ဆက်ပြောတယ်။

“မြောက်ပိုင်းက ထဲန်းဂျိတွေနဲ့၊ အရှေ့ဘက်က ခိုအဲန်မြို့ကြီးတွေရဲ့ စီးပွားရေးကို မကျော်လွှားနိုင်တဲ့အဆုံး၊


ခိုအဲန်တွေကို လွှမ်းမိုးနိုင်ဖို့ တစ်ခုတည်းစဉ်းစားတဲ့ ရှိမဲန်တွေက ဒီနည်းကိုသုံးတာပဲ၊ ဒီရတနာတွေရပြီးရင် သူတို့စ စ်တပ်ပိုပြီးချမ်းသာအောင်လုပ်လို့ရမယ်၊ အဲဒီကျတော့မှ သူတို့က ကျွန်တော်တို့ နဲ့ယှဉ်နိုင်တယ်ဆိုပြီးအင်အားပြလို့ ရမှာလေ၊ အဲဒါကျွန်တော်တို့ကဂရုမစိုက်ပါဘူး၊ ကျွန်တော်တို့ခိုအဲန်တွေဂရုစိုက်တာက ကျွန်တော်တို့ ကိုယ့်လူမျိုး တစ်မျိုးတည်း မဟုတ်ဘူး။ ဒီတစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေအားလုံး။ နောက်ပြီး ဒီလိုလူမျိုးတစ်မျိုးတစ်မျိုးဆိုတာက တည်ထောင်ဖို့မလွယ်ဘူး။ ကိုယ့်လူမျိုးတိုင်းမှာ ကိုယ့်သမိုင်းနောက်ခံနဲ့ကိုယ်ရှိတယ်၊ ဒါကိုအပြန်အလှန်လေးစားရမယ်၊ နောက်ပြီးလူတွေကိုအုပ်ချုပ်ဖို့ဆိုတာလည်း၊ အင်အားနဲ့ အုပ်ချုပ်တာထက်၊ ပညာနဲ့တရားသဖြင့် အုပ်ချုပ်တဲ့စနစ်ကို ကျွန်တော်တို့တန်ဖိုးထားတယ်၊ အားလုံးကမြေကြီးတွင်းထဲကထွက်လာတဲ့လူမရှိဘူး၊ အကုန်လုံးက မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာတာပဲ၊ အဲဒီတော့ လူဆိုရင်လူအလျောက် အသိဥာဏ်ရှိရမယ်၊ ကျွန်တော်တို့က အဲဒါတွေကိုတန်ဖိုးထားလို့၊ လူမျိုးနွယ်တစ်ခု လွယ်လွယ်နဲ့အဖျက်ဆီးမခံရဖို့၊ လာပြီး ပူးပေါင်းဆောင်ရွက်တဲ့ သဘောပါ၊ မိန်းကလေးလည်းမိခင် တစ်ယောက်ပဲ ကိုယ့်ရဲ့သွေးသား ကြီးပြင်းလာတဲ့အချိန်ကျရင် ဘယ်လိုပဲဖြစ်ဖြစ်သူ့ကို ကိုယ်ပိုင်အစွမ်းအစရှိစေချင် တယ်မဟုတ်လား”

“ဟင်..”

နောက်ဆုံးတစ်ခွန်းပြောလိုက်တော့မှ မိုနန်းခါသူ့ကိုယ်သူသတိထားမိလိုက်တယ်။ ဓါးကိုတောင်မေ့ပြီးလွှတ်ချ လိုက်မိပြီးတော့ တိုးတိုးလေးရေရွတ်မိတယ်။ “ဟုတ်မယ်.. ဒီပုံစံအတိုင်းဆို.. ငါ့မှာကိုယ်ဝန်ရှိနေပြီ၊… ဟာ့ခဲ..၊ ငါတို့မှာကလေးရှိပြီ”

“မိန်းကလေးရဲ့နာမည်ကိုသိပါရစေ”

သူကခိုအဲန်ခေါင်းဆောင်ဘက်ကိုလှည့်လိုက်တယ်။ ဒီတစ်ခေါက်သူ့မျက်နှာက လုံးဝပြောင်းလဲသွားပြီ၊ ခုနက လူ သတ်ချင်စိတ်ပေါက်နေတုန်းက မျက်နှာနဲ့ဘာမှမဆိုင်တော့၊ မိခင်တစ်ယောက်ဖြစ်ပြီဆိုတဲ့ ၀မ်းသာစိတ်နဲ့ မိုနန်းခါရဲ့ မျက်နှာမှာ အကြည်ဓါတ်တွေပြည့်ဝနေတယ်။

“မိုနန်းခါ”

“မို.. နန်း.. ခါ.. ၊ ဟုတ်ပြီ၊ ကျွန်တော့်နံမယ်က အိုန် ခေဇို ဒါနဲ့ နန်းခါရဲ့ခင်ပွန်းကရော ဒီရွာကပဲလား၊

အခုလောက်ဆို သူမျှော်နေလောက်ရောပေါ့” အဲဒီလိုပြောလိုက်တော့ မိုနန်းခါရဲ့မျက်နှာက နဲနဲညှိုးသွားပြန်တယ်။

“သူက.. သူက.. ဆယ်တာကာကိုရောက်နေတယ်..”

“ဟာ့ခိုးန်းနျန်းပဲလား”

“ဟုတ်တယ်၊ သူကစစ်သွားတိုက်တာ”

“အဲဒါဆို……”

ခေဇိုက နဲနဲစဉ်းစားလိုက်တယ်။

“မိုနန်းခါ၊ အခုအိမ်ကိုပြန်ပြီးကောင်းကောင်းအနားယူလိုက်ပါ၊ ကိုယ့်ကိုယ်ကိုကျန်းမာအောင်နေမှ

ကိုယ့်ဝမ်းထဲက ရင်သွေးကလည်း ကျန်းမာမှာလေ၊ ကျွန်တော်မိုနန်းခါကိုတောင်းဆိုချင်တာလေးတွေရှိတယ်၊


အဲလိုဆို... ကျွန်တော်နောက်နေ့ကျရင် ရွာထဲကိုလာခဲ့ပါ့မယ်” ပြောပြီးတော့ ခေဇိုကိုယ်တိုင်က မိုနန်းခါကိုရွာထဲအထိလိုက်ပို့တယ်။ ရွာထဲကလူတွေကတော့ အံ့လည်းအံ့သြ၊ တစ်မျိုးထင်တဲ့လူကလည်း တစ်မျိုးထင်တာပေါ့လေ။ မိုနန်းခါရဲ့အိမ်ရှေ့ရောက်တော့ ခေဇိုက သူ့ကို ဦးညွှတ်နှုတ်ဆက်ပြီး စခန်းချတဲ့နေရာကို ပြန်လာခဲ့တယ်။ ခေဇိုစခန်းရောက်တော့ စစ်သားတစ်ယောက်နဲ့ မြို့တော်ကိုထည့်ပေးဖို့ စာတစ်စောင်ရေးတယ်။ စာထဲကအဓိကအကြောင်းအရာကတော့ နောက်ထပ်တပ်အချို့နဲ့ သူ့အမ၀မ်းကွဲ အိုန်ရိအဲလ်ကိုခေါ်ဖို့။

နောက်တစ်နေ့ရောက်တော့ မိုနန်းခါကို ခေဇိုကိုယ်တိုင် အိမ်အထိလာပြီး သူ့အမကိုမြို့တော်ကနေ

ခေါ်ထားရတဲ့အကြောင့်အရင်း ကိုပြောပြတယ်။ မိုနန်းခါကို မြို့တော်က ရင်းနိုအမျိုးသမီးကိုယ်တိုင် လာပြီးတော့ အတတ်ပညာတွေသင်ပေးမယ်ဆိုရင် ဟာ့ခိုးနျန်းလူမျိုးတွေအနေနဲ့ လက်ခံနိုင်မလားဆိုတဲ့အကြောင်း၊ ပြီးတော့ ဒီဟာ့ခိုးန်းနျန်းကို ခိုအဲန်တွေ လာပြီးသိမ်းတယ်လို့ စိတ်ထဲမှာထင်ရင်လည်း ပြန်ပြီးတပ်တွေဆုတ်ပေးမှာပါဆိုတဲ့ အကြောင်း။ အခုခိုအဲန်တပ်တွေ လာရတယ့် အဓိကအကြောင်းက ရှိမဲန်တွေကို တိုက်ဖို့ပါ။ ဟာ့ခိုးန်းနျန်းကို သိမ်းဖို့မဟုတ်ပါဘူး ဆိုတာ။ ခေဇိုကတော့ မိုနန်းခါကို ခိုအဲန်တွေနဲ့ပါတ်သက်ပြီး စိတ်ထဲရှင်းစေချင်တယ်။ သူ့ကိုနေပုံထိုင်ပုံတွေကို ကြည့်ချင်းအားဖြင့်လဲ အများကြီးသင်ယူဖို့လိုသေးမှန်းသဘောပေါက်တယ်၊ နောက်ပြီး သင်ပေးမယ်ဆိုရင်လည်း ပညာတတ်တစ်ဦးဖြစ်နိုင်တဲ့ အရည်အချင်းရှိမှန်း သူယုံတယ်။

“ကျွန်တော့်ဝမ်းကွဲအမက မြို့တော်ကနေ ကျွန်တော်ပို့လိုက်တဲ့သတင်းရရခြင်း ဒီကိုထွက်လာမှပါ။ ဒါပေမယ့်

ခရီးကဝေးတော့ အချိန်တော့ တော်တော်ကြာလိမ့်မယ်ထင်တယ်၊ ဒီအတောအတွင်း ကျွန်တော်ပြောနိုင်တာက ကိုယ့်ကျန်းမာရေးရော ကလေးရဲ့ကျန်းမာရေးကိုရော ဂရုစိုက်ပါ၊ ကျွန်တော်လည်း သိပ်များများမသိတော့ ဘာမှသိပ် မပြောတတ်ဘူး၊ ကျွန်တော့်အမ လာရင်တော့ သူကနန်းခါကို အနီးကပ်စောင့်ရှောက်နိုင်မယ်ထင်တယ်”

“ရှီမဲန်တွေ ဘယ်တော့လာနိုင်လဲ”

“ခုဒီလပိုင်းအတောအတွင်းမှာတော့ လာနိုင်မယ်မထင်ဘူး၊”

“ဒါဆိုနင်တို့က ဘာကိစ္စအစောကြီးလာပြီး ဒီမှာနေနေတာလဲ၊ ပြီးတော့ နောက်ထပ် နင့်အမစစ်တပ်ကလည်း

လာဦးမယ်”

“အဲဒီ ဘာဖြစ်လို့လဲဆိုတာ ပြောပြမယ် ဒီဘက်ကိုလိုက်ခဲ့”

ခေဇို ကရွာရဲ့ကွင်းပြင်ကျယ်ကျယ်ရှိတဲ့ နေရာကိုခေါ်သွားပြတယ်။ အဲဒီတော့မှမိုနန်းခါတွေ့လိုက်ရတာက ရွာထဲက အရင်သူတို့နဲ့ တိုက်ခိုက်ခဲ့ဘူးတဲ့လူတွေကို ခိုအဲန်စစ်ခေါင်းဆောင်တွေက လေ့ကျင့်ပေးနေတာ။ မိုနန်းခါလည်း နားမလည်တော့ဘူး။ ဒီလူတွေကို ခေဇိုတို့လူတွေက လေ့ကျင့်ပေးနေတာ၊ သူတို့လိုချင်တာသုံးဖို့မဟုတ်ဘူး။ တစ်ချိန်၊ တခြားတခြားသောတိုင်းပြည်တွေက ကျူးကျော်လာရင်လည်း သူများအကူအညီမလိုပဲ သူတို့ကိုယ်တိုင် ပြန်ပြီးခုခံလို့ရတယ်။ နောက်ပြီးသူတို့ခိုအဲန်တွေဖိနှိပ်တယ်လို့ထင်မိရင်လည်း ဒါတွေသင်ထားတော့ ပြန်ပြီးတော်လှန်လို့ ရတာပေါ့။ မိုနန်းခါကတော့ ဒါတွေကို သိပ်ယုတ္တိမရှိဘူးလို့ထင်နေတုန်းပဲ။

အဲဒီနေ့မှာတော့ ခေဇို မိုနန်းခါကို ဒီကိစ္စတွေနဲ့ပါတ်သက်ပြီး တော်တော်များများရှင်းပြဖြစ်တယ်။ ပြီးတော့


ညနေပိုင်းလောက်ကျတော့ ခေဇိုက ရွာထဲကဦးဆောင်တဲ့လူတွေကိုခေါ်ပြီး သူတို့ဆီက ဆန်တွေနဲ့ ရွာကရေ အလဲအလှယ်လုပ်ဖို့ တောင်းဆိုတယ်။ ဟာခိုးန်းနျန်းတွေက အဲဒီတုန်းက ထမင်းငတ်နေတဲ့လူတွေဆိုတော့ အပေးအယူလွယ်လွယ်လေးနဲ့တည့်သွားတယ်။ စစ်တပ်ကို ဒေသခံလူတွေနဲ့ အသားကျသွားအောင်ဆောင်ရွက် ပြီးတဲ့နောက် ခေဇိုရဲ့နောက်တစ်ဆင့်တက်တဲ့အစီအစဉ်က ရှာ့သ်တိုင်းပြည်က ရှေးဟောင့်း ဇာ့ဂ် မျှော်စင်ကြီးမှာ သူ့ရဲ့စိတ် တိုင်းကျရွေးချယ်ထားတဲ့ စစ်သားလေးဆယ်လောက်ကို တက်လိုက်ဆင်းလိုက်နဲ့ မျှော်စင်ပေါ်တင်မက မျှော်စင်နားမှာရှိတဲ့ နယ်မြေတစ်ဝိုက်ကိုပါ အလွတ်ရနေအောင်လေ့ကျင့်ပေးတယ်။ သူ့ရဲ့စစ်တပ် အခြေစိုက်နေတဲ့ ရှုခဲန်းဒေသက နေရာတစ်ဝိုက်ကိုလည်း ထောင်ချောက်တွေဆင်တယ်။ ရွာရဲ့ခံတပ်ကိုလည်း ပိုပြီးခိုင်ခံ့အောင် တိုးချဲ့ပြီးဆောက်တယ်။ အခုအချိန်ရှိတုန်း နဂိုကသူခေါ်လာတဲ့ စစ်သားလေးထောင်ကိုနိုင်အောင် စနစ်တကျနေရာချ���ပီးမှ နောက်ထပ်လာမယ့် သူ့ဝမ်းကွဲအမရဲ့စစ်တပ်ကို ကိုင်တွယ်စီစဉ်နိုင်မယ်လေ။

ပထမဦးဆုံး ရင်းနိုဘွဲ့ကိုရထားတဲ့ သူ့အမ၀မ်းကွဲ အိုန်ရိအဲလ်ကလည်း၊ နောက်ထပ် ရက်ငါးဆယ်

လောက်ကြာတော့ ရှာ့သ်တိုင်းပြည်ကို ရေကြောင်းတစ်လှည့် ကုန်းကြောင်းတစ်လှည့်နဲ့ ရောက်လာတယ်။ သူရောက်လာပြီးတော့ သိပ်မကြာဘူး စစ်တပ်အသစ်တွေကို နဂိုရ်ကရွာထဲမှာနေနေတဲ့ တပ်တွေနဲ့ နေရာချင်းလဲထားလိုက်တယ်။ အရင်တပ်အဟောင်းတွေက ရွာထဲကလူတွေနဲ့သိပ်ရင်းနှီးသွားရင် လာရင်းကိစ္စနဲ့ သူတို့ရဲ့ကိုယ်ရေးခံစားမှုတွေ ရောကုန်လိမ့်မယ်လေ။ သူ့စစ်သားတွေဆိုတာလဲ လူတွေပဲ၊ နှလုံးသားရှိတယ်၊ ဦးနှောက်ရှိတယ်၊ ခံစားတတ်တယ်၊ တွေးတောတတ်တယ်၊ မှတ်သားတတ်တယ်ဆိုတာ သူမမေ့ပါဘူး။

အိုန်ရိအဲလ်ဆိုတဲ့ မိန်းကလေးက ဧကရာဇ်မင်းကိုယ်တိုင်က ပထမဦးဆုံး ရင်းနိုဘွဲ့ပေးထားတဲ့ ပြီးပြည့်စုံတဲ့

မိန်းကလေးတစ်ယောက်ဖြစ်တယ်။ သူ့ပညာ၊ သူ့အလှ၊ သူ့သတ္တိတွေက မိန်းကလေးတိုင်းမမှီနိုင်တဲ့အဆင့်မှာရှိ တယ်။ ခိုအဲန်တွေဆီမှာ ဆိုရိုးရှိတာက “ဧကရီတစ်ပါးဟာ ဧကရာဇ်မင်းရဲ့အချစ်ဆုံး ဖြစ်သလိုပဲ၊ ရင်းနိုတစ်ပါးဟာ တိုင်းပြည်တစ်ပြည်ရဲ့ အချစ်ဆုံးပါပဲတဲ့။” တခါတလေ ရင်းနိုတစ်ဦးက ဧကရာဇ်မင်းရဲ့အချစ်ဆုံး ဇနီးထက်ပိုပြီး အရေးကြီးတယ် တောင်လို့ဆိုကြတယ်။ သူ့ဆီမှာလည်း အရေအတွက်သတ်မှတ်ထားတဲ့ စစ်တပ်တစ်တပ်ကို ဦးဆောင် နိုင်ခွင့်ရှိတယ်။ အခု ခေဇိုခေါ်လိုက်တာလဲ သူ့ရဲ့ကိုယ်ပိုင် ရင်းနိုစစ်တပ်ကိုပါ ခေါ်လိုက်တာပဲ။

ရိအဲလ် ရွာထဲကိုပထမဦးဆုံးလမ်းလျှောက်ပြီးဝင်လာတုန်းကလည်း ရွာထဲကလူတွေအားလုံးဝိုင်းပြီး

ကြည့်ကြတယ်။ သူတို့ကတော့ အထူးအဆန်းပေါ့၊ တခါမှ မိန်းကလေးကဒီလောက်အစွမ်းရှိတာမျိုး မမြင်ဖူးဘူးလေ။ သူ့ကိုလည်း ခေဇိုက သူနေတဲ့စခန်းနားမှာပဲ နေရာချထားပေးထားတယ်။ သူရောက်ပြီးပြီးချင်းသိပ်မကြာဘူး၊ ခေဇိုက မိုနန်းခါကိုခေါ်လိုက်တယ်။ မိုနန်းခါရောက်လာတော့ ရိအဲလ်နဲ့ကောင်းကောင်းမိတ်ဆက်ပေးတယ်။

“ရိအဲလ်၊ သူက မို နန်းခါ၊ ဒီရွာထဲကမိန်းကလေးပေါ့၊ မိုနန်းခါ၊ သူက အိုန် ရိအဲလ်၊ ကျွန်တော့်ရဲ့

ဝမ်းကွဲအမတော်တယ်”

“ညီမလေးကိုတွေ့ရတာဝမ်းသာပါတယ်၊ အမက ဟာ့ခို့နျန်းလိုသိပ်အများကြီးမပြောတတ်သေးဘူး၊

အဲဒါကြောင့် အမှားပါခဲ့ရင်ခွင့်လွှတ်ပါနော်” မိုနန်းခါကတော့ ရယ်ပဲရယ်ပြနေလိုက်တယ်။ သူတို့ယဉ်ကျေးမှုမှာ လူကိုတွေ့တွေ့ချင်း တောင်ပန်တာမျိုး တစ်ခါမှ


မကြုံဘူးသေးဘူး။

ရိအဲလ်ရဲ့မျက်နှာလေးက အမြဲတမ်းရွင်ပြနေတဲ့အသွင်ဆောင်ပြီးတော့ မြင်ရသူတွေကို စိတ်ချမ်းသာမှုပဲ

ပေးမယ့်ပုံမျိုး။ အ၀တ်အစား၊ နေပုံထိုင်ပုံ ပြောပုံဆိုပုံ ဥာဏ်ရည်ကအစ အခုသူရောက်နေတဲ့ ဒေသက လူတွေနဲ့ တခြားဆီဖြစ်နေတယ်။ သူဒီဟာ့ခိုးနျန်းမြေပေါ်ကနေလမ်းလျှောက်လာတော့လည်း ဒီမြေရဲ့အရောင်နဲ့ သူ့အ၀တ်အစားတွေနဲ့က တစ်မျိုးကြည့်ကောင်းနေတယ်။ တခါမှမမြင်ဖူးတဲ့ ဒေသခံလူတွေအဖို့တော့ နတ်သမီးတစ်ပါးလားလို့ ထင်မှားလောက်တယ်။

ရိအဲလ်က မိုနန်းခါကို ရွာထဲမှာလမ်းလျှောက်ဖို့ခေါ်သွားတယ်။

“အမကအခုမှရောက်တာ ဆိုတော့ ညီမလေးနန်းခါကလမ်းပြပေးနော်၊ အမတို့နှစ်ယောက် အေးအေးဆေးဆေး

စကားပြောလို့ရတယ့် နေရာတစ်နေရာကိုသွားကြတာပေါ့၊ ရတယ်မဟုတ်လား”

ရိအဲလ်တို့နှစ်ယောက် လူနဲနဲရှင်းတဲ့နေရာက ကျောက်တုံးကြီးတစ်ခုပေါ်မှာထိုင်ပြီး စကားတော်တော်ကြာကြာ

ပြောဖြစ်ကြတယ်။ အဲဒီတစ်ခေါက်မှာတင် ရိအဲလ်က မိုနန်းခါရဲ့ဘ၀ကို နားလည်လာတယ်။ သူ့ကိုလည်း သနားမိတယ်၊ ကူညီဖို့လည်းစိတ်ကူးက ရှိပြီးသားဆိုတော့ သူကူညီနိုင်သလောက် အစွမ်းကုန်ကူညီမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်မိတယ်။

အပြန်ကျတော့မိုနန်းခါကို အိမ်ကိုပြန်ပို့ပေးပြီးတော့ သူ့စခန်းကိုအပြန်မှာ အမှတ်မထင် ရွာသားတွေပြော

နေကြတာတစ်ခုကို ကြားလိုက်တယ်။ ရွာထဲကလူတော်တော်များများက သူ့ဝမ်းကွဲမောင်လေးခေဇိုနဲ့ မိုနန်းခါကို အထင်လွဲနေကြတာကိုး၊ နောက်ပြီး တော်တော်ဆိုးဆိုးဝေဖန်နေကြတာကိုလည်း သတိထားမိလိုက်တယ်။ စခန်းပြန်ရောက်ရောက်ချင်း ရိအဲလ်က သူကြားခဲ့တဲ့အကြောင်းကိုခေဇိုကိုပြောပြတယ်။ ပြီးတော့ သူ့မောင်လေး ခေဇိုကိုယုံပေမယ့်၊ ဒီကိစ္စက မိုနန်းခါကို သွားပြီးထိခိုက်နိုင်ကြောင်း သတိထားဖို့ပြောပြတယ်။ ခေဇိုကလည်း အဲဒီကိစ္စကိုသိပ်ပြီးတော့ ဖြေရှင်းချက်ပေးချင်ပုံမရဘူး။ ဒါပေမယ့် သူ့အမကကောင်းဖို့ပြောတာမို့ ဘယ်လိုပဲဖြစ်ဖြစ်သူ ပြန်ပြီးတော့ ဖြေရှင်းပေးမယ်ဆိုတာကို ကတိပေးလိုက်တယ်။

အဲဒီအချိန်ကနေစပြီးတော့ ခေဇိုက မိုနန်းခါကိုနေ့ခင်းပိုင်းနေမွန်းတည့်ချိန်လောက်မှာပဲ အချိန်ပိုင်းတစ်ခုသ

တ်မှတ်ပြီး ဂီတအနုပညာကိုသင်ပေးတယ်။ ကျန်တဲ့အချိန်တော့ တတ်နိုင်သလောက်မတွေ့ပဲ ခပ်ကင်းကင်းနေတယ်။ တစ်နေ့လည်း မိုနန်းခါက ခေဇိုဆီရောက်ရောက်လာခြင်းပြောတယ်။

“နင်တစ်နေ့လုံး ဒါမျိုးကြိုးတွေကို တစ်ချောင်းခြင်းထိုင်တီးနေတာ မပျင်းဘူးလား”

“တစ်ချောင်းခြင်းတီးတယ်ဆိုတာက အဲလိုတီးလိုက်တော့ တစ်ချောင်းခြင်းရဲ့ ခတ်လိုက်တဲ့ အားနဲ့ ထွက်လာတဲ့

အသံတိုင်းပေါ်မှာ မူတည်ပြီးတော့ အသံထဲကစွမ်းအင်ကိုပိုပြီးလွယ်လွယ်နဲ့ ခံစားလို့ရတာ”

“ငါထင်သလောက်ကတော့ တော်တော်ပျင်းစရာကောင်းတယ်”

ခေဇိုက ခေါင်းတစ်ချက်စောင်းပြီး မိုနန်းခါကိုကြည့်လိုက်တယ်။

“အဲဒါဆိုရင် နဲနဲလောက်စိတ်လှုပ်ရှားစရာကောင်းတာမျိုးလေးကြည့်ကြည့်ရအောင်”

ခေဇိုက စောင်းကိုကြိုးတွေအားလုံးကိုတစ်ပြိုင်တည်းတစ်ချက်ဆွဲချလိုက်ပြီး တီးကွက်ကို စိတ်ပြီးအသံတွေ


ပြည့်နေအောင်တီးလိုက်တယ်။ သူ့လက်ချောင်းဆယ်ချောင်းစလုံး သူ့နေရာနဲ့သူ မနားတမ်းလှုပ်ရှားနေတယ်၊ အသံကနိမ့်သွားတယ်၊ ပြီးရင်မြင့်လာတယ်၊ မာသွားတယ်၊ ပျော့သွားတယ်၊ ထန်လာတယ်၊ နူးညံ့သွားတယ်၊ ရှည်လာတယ်၊ တိုပြီးပြတ်သွားပြန်တယ်။ အဲလိုနဲ့ အမျိုးစုံ၊ အရောင်တွေစုံနေတဲ့ စောင်းတီးကွက်တွေနဲ့ မိုနန်းခါရဲ့ အကြားအာရုံကို အရစပ်ပစ်သွင်းတော့တယ်။ မိုနန်းခါလည်း နားထောင်ရင်းနဲ့ ရင်တွေတုန်လာတယ်၊ စိတ်အေးချမ်းသွားတယ်၊ စိတ်လှုပ်ရှားလာတယ်၊ ပြီးတော့အထီးကျန်တာကိုခံစားမိတယ်၊ တခါတလေကျရင် သူ့စိတ်ထဲမှာ ဒေါသထွက်သလိုလိုခံစားရပြန်တယ်၊ စသည်စသည်နဲ့ ခံစားချက်အမျိုးမျိုးကို စောင်းသံနားထောင်ရုံနဲ့ တစ်ထိုင်တည်း လက်တွေ့ ခံစားမိတယ်။ ခေဇိုက ပြီးတော့ရှင်းပြတယ်။ လူဘ၀မှာက ဒီလိုပဲ တက်လာလိုက်၊ ကျသွားလိုက်၊ ၀မ်းနည်းလိုက်၊ ၀မ်းသာလိုက်၊ ကြည်နူးလိုက်၊ ဆင်းရဲလိုက်နဲ့ အမျိုးမျိုးရှိတယ်ဆိုတဲ့အကြောင်း။ ပြီးတော့ အဲဒီဂီတကလည်း လူ့ခံစားချက်နဲ့ တိုက်ရိုက်ဆက်နွယ်နေတယ်ဆိုတာ အဲဒီတော့ ဒီလိုခံစားချက်တွေနဲ့ အသံတွေနဲ့ဆက်နွယ်တဲ့ပုံကိုနားလည်လို့ ရှိရင်၊ လူတွေရဲ့စိတ်ကို ပြောင်းလဲနိုင်စွမ်းရှိတဲ့အကြောင်းတွေရှင်းပြတယ်။ မိုနန်းခါလည်း အဲဒီနောက်ပိုင်း ဂီတအနုပညာကိုတော်တော်စိတ်ဝင်စားသွားတယ်။ ခေဇိုကလည်းသင်ပေးဖို့ဝမ်းမြောက် ၀မ်းသာနဲ့ပဲလက်ခံတော့ နေခင်းပိုင်းသူတို့တွေ့တယ့်အချိန်တွေမှာ ဂီတအကြောင်းကိုပဲ အများဆုံးသင်ဖြစ်သွားတယ်။

ကျန်တဲ့အချိန်တွေမှာတော့ မိုနန်းခါက ရိအဲလ်နဲ့ နီးနီးကပ်ကပ် နေတာများတယ်။ ရိအဲလ်ကလည်း

ရင်းနိုမိန်းကလေး တစ်ယောက်ရဲ့ဘ၀က ဘာဖြစ်လို့ သာမန်မိန်းကလေးတွေထက်ထူးခြားတယ်ဆိုတာ တွေ၊ မိန်းကလေးတွေမှာလဲ ပညာသင်ချင်တဲ့သူဆိုရင် ဘယ်လိုအခွင့်အရေးရှိတဲ့အကြာင်း၊ နောက်ပြီး အိမ်ထောင်ထိန်းသိမ်းမှုကို စနစ်တကျစီစဉ်တတ်အောင် နည်းပြပေးမှုတွေနဲ့ မိုနန်းခါရဲ့ကိုယ်ပိုင် ဥာဏ်ရည်စွမ်းအား နဲ့ပေါင���းလိုက်တော့ သူ့အတွက်တော်တော်ကိုအကျိုးရှိသွားတယ်။ သင်ပေးရင် သင်ပေးသလောက်လိုက်မှီပြီးတော့ သူကိုယ်ပိုင်ကလည်း စူးစမ်းချင်စိတ်ရှိတဲ့ မိုနန်းခါက ရိအဲလ်သင်ပေးနေတဲ့ တခြားရွာထဲက မိန်းကလေးတွေထက် ပိုပြီးတော့ ဂရုစိုက်အလေးပေးတာကိုခံရတယ်။ ခေဇိုတို့ကလည်း ဒါကိုသိပြီးသားမို့ မိုနန်းခါကို အလေးထားပြီး အနီးကပ်လေ့ကျင့်ပေးတဲ့အကြောင်းကလဲ အဲဒါကြောင့်ပါပဲ။ ဟာ့ခိုးနျန်းတွေပြောတဲ့စကားက ရှီမဲန်စကားနဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက် တူတယ်။ အကြောင်းကလည်း သူတို့က ရှီမဲန်လူမျိုးကြီးရဲ့ လူမျိုးခွဲတစ်ခုလေ။ ရှီမဲန်စာကို ရိအဲယ်တစ်ယောက် ခေဇိုလောက်ကျွမ်းကျွမ်းကျင်ကျင်မတတ်၊ ဒါပေမယ့် အဲဒီဘာသာစကားကို အမြဲတမ်းသုံးတဲ့ ဟာ့ခိုးနျန်းတွေကိုယ်တိုင်က သူ့လောက်တောင် အဲဒီစာမတတ်တာကိုတွေ့ရတော့ ရိအဲယ် တော်တော်အံ့သြမိတယ်။ အဲဒါနဲ့ ရွာထဲက ဆန္ဒရှိတဲ့လူတွေကို စုပြီးတော့ ရိအဲလ်က သူ့ကိုယ်ရံတော်တွေထဲက တချို့ကိုရွေးထုတ်ပြီး သူနဲ့အတူစာသင်ခိုင်းတယ်။ ဥာဏ်ပိုသွားတဲ့ မိုနန်းခါကိုတော့ ရိအဲလ်ကိုယ်တိုင် အနီးကပ်ဂရုစိုက်ပေးတယ်။ ခေဇိုကတော့ စစ်ပွဲအတွက်ပြင်ဆင်မှုတွေက တစ်စထက်တစ်စ အရေးကြီးလာပြီဆိုတော့ သူ့ကို ဂီတလောက်ပဲ သင်ပေးနိုင်တော့တယ်။

အချိန်တော်ကြာလာတော့ မိုနန်းခါက သူ့ဖာသူ သီချင်းတစ်ပုဒ်တောင် ရေးတတ်နေပြီ။ ခေဇိုကလည်း

သူသင်ပေးတာတွေကို စိတ်ဝင်စားတော့ အရမ်းသဘောကျတယ်။ သီချင်းကိုယူခဲ့ပြီး သူ့ဆီမှာဆိုခိုင်းတယ်၊ တီးလုံးကိုလည်းသူက တီးပေးတယ်။


အဲဒီသီချင်းက ဟာ့ခိုးန်းနျန်းတွေရဲ့ ပထမဦးဆုံး ကိုယ်ရေးသီချင်းဖြစ်လာတယ်။ ခါတိုင်း နဲနဲပါးပါး လျှောက်အော်ပြီး ကတာလောက်ပဲရှိတော့ အချိုးမကျလှဘူး၊ အခုတော့ မိုနန်းခါက ပထမဦးဆုံးသီချင်းတစ် ပုဒ်ကို အောင်အောင်မြင်မြင်နဲ့ ရေးလိုက်နိုင်ပြီလေ။ ခေဇိုက သူသီချင်းရေးတတ်ပြီးတဲ့နောက်ပိုင်း သူ့အပိုင်းက သင်စရာလည်း သိပ်များများမကျန်တော့တာမို့ မိုနန်းခါနဲ့သိပ်မတွေ့ဖြစ်တော့။ ခေဇိုက စစ်ပွဲအတွက် ဒီထက်ဒီထက်အချိန်ပိုပေးပြီးတော့ ပြင်ဆင်မှုတွေလုပ်တယ်။

နောက်ထပ်လတွေတော်တော်ကြာတာတောင် ဟာ့ခဲတို့တပ်က ပြန်ရောက်မလာဘူး။ ရိအဲလ်

ဆီကနေ သတင်းရမိတာကတော့ သူတို့တပ်တစ်တပ်လုံး ထဲန်းဂျိတွေရဲ့အကူအညီနဲ့ ရဲ့လုတောင်ကြားမှာ ထွက်ပေါက်မရှိလောက်အောင် ပိတ်ဆို့ခံထားရတယ်လို့ကြားလိုက်ရတယ်။ အဲဒါ မိုနန်းခါကိုပြောပြတော့ သူက တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။ လောလောဆယ်တော့ ခေဇိုက စစ်ပွဲအတွက် ပိုပြီးအချိန်ပေးရမှာမို့ မိုနန်းခါကိုဂရုစိုက်ဖို့ ရိအဲလ်ဆီကိုပဲအပ်ထားလိုက်တယ်။ ရိအဲလ်ကလည်း သူကိုယ်တိုင် ဧကရာဇ်မင်းကြီးဆီကို စာရေးပြီးတော့ ဟာ့ခဲတို့တပ်ကို ပြန်လွှတ်ပေးဖို့တောင်းဆိုတယ်။ ဒီဘက်က ဟာ့ခိုးနျန်းတွေနဲ့လည်း အဆင်ပြေနေပြီဖြစ်လို့ သူတို့စစ်တပ်နဲ့ပါညှိနှိုင်းပြီးတော့ အပေးအယူလုပ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း စာထဲမှာ သေသေချာချာရှင်းပြတယ်။ ခေဇိုရဲ့ဘက်ကနေလဲ ရှီမဲန်တွေရဲ့တိုက်ကွက်ကို ရင်းနှီးမှုရှိတဲ့အလျှောက် ပိုပြီးထိရောက်တဲ့ ပြင်ဆင်မှုတွေကို လုပ်နိုင်ခဲ့တယ်။ နယ်စပ်နဲ့နီးတဲ့ ဟာ့ခိုးနျန်းရွာတွေကလူတွေကို တခြားရွာတွေဆီကိုရွှေ့ထားလို က်တယ်။ လေ့ကျင့်မှုပိုလိုအပ်တဲ့ ရွာသားတွေကိုလည်း အချိန်ပိုပေးပြီးတော့ လေ့ကျင့်စေတယ်။ သူ့ဝမ်းကွဲအမ ရိအဲလ်နဲ့လည်း တိုင်ပင်ဆွေးနွှေးတယ်။

အဲဒီလိုနဲ့အားလုံးမျှော်လင့်ထားတဲ့အတိုင်း ရှီမဲန်တွေ အက်ခိုးဒျ ကနေချီတက်လာပြီး ခေဇိုရှင်းလင်းပေးပြီးသား

ဖြစ်တဲ့ နယ်စပ်နားက ရွာတွေကို သိမ်းပိုက်လိုက်တယ်။ ဟာ့ခိုးနျန်းတွေလည်း ဝေဖန်ပြောဆိုတဲ့လူကပြော၊ စိုးရိမ်တဲ့လူကလည်း စိုးရိမ်ဖြစ်ကုန်တယ်။ တချို့က ခေဇိုတောင်မှသူတို့အင်အားကို ဖြိုနိုင်ပါမလားဆိုပြီးတော့ သံသယရှိလာကြတယ်။ အဲဒီအတွက်ကို ခေဇိုက ဖြေရှင်းချက်လည်းမပေး စိတ်ပူတဲ့ပုံစံလည်း နည်းနည်းမှမပြ၊ သူ့ရဲ့အလုပ်အပေါ်မှာပဲသူပိုပြီး အာရုံစူးစိုက်မှုထားတယ်။ သူ့လက်ထဲမှာရှိနေတဲ့ ရွာတွေအားလုံးကိုလည်း စားနပ်ရိက္ခာ မပြတ်အောင် သတိထားပြီးစီမံခန့်ခွဲစေတယ်။ အဲဒီလိုနေလာပြီး တစ်လတောင်မကြာလိုက်ပါဘူး ရှီမဲန်တွေ ခေဇိုတို့ စခန်းအချေစိုက်ထားတဲ့ ရှုခဲန်းဒေသကိုရောက်လာတော့တယ်။ ဒီတစ်ပြန်လည်း ရှီမဲန်နဲ့ ခိုအဲန် ထိပ်တိုက်တွေ့ပြန်လေပြီ။

ခေဇိုကသူ့ရဲ့စစ်တပ်ကို ရှစ်ပိုင်းခွဲလိုက်တယ်။ ရှေ့တန်းကိုလေးတပ်ပို့ပြီးတော့ နောက်ပိုင်းမှာလေးတပ်ကို

ရွာထဲမှာထည့်ထားတယ်။ “ရှီမဲန်တွေက အင်အားသိပ်သုံးလွန်းအားကြီးတယ်၊ ဒါပေမယ့် အဲဒီနည်းက ဒီရှုခဲန်းဒေသမှာ အသုံးမ၀င်ဘူးဆိုတာ မင်းတို့မသိတာဝမ်းနည်းစရာပဲ” ခေဇိုက သူ့ကိုယ်သူရေရွတ်တယ်။ တကယ်လည်း သူပြောတဲ့အတိုင်း ရှုခဲန်းဒေသရဲ့ တောင်တန်းတွေအနေအထားအရ အင်းအားသုံးပြီးဝင်ဖို့နေရာမလောက်ဘူး။ လုံလောက်အောင်ဝင်လို့ရတဲ့နေရာတွေကိုလည်း ခေဇိုက သူ့တပ်တွေနဲ့တစ်မျိုး ခံတပ်ဆောက်ပြီးတစ်လှည့်နဲ့ ပိတ်ထားပြီးပြီလေ။


ရှီမဲန်တွေရဲ့ ပထမတစ်သုတ်မှာ ချေလျင်တပ်သားတွေချည်းပါတယ်။ ထုံးစံအတိုင်း ခေဇိုပိတ်ထားတဲ့

အားအနည်းဆုံး ထင်တဲ့နေရာကို စွတ်ဝင်တယ်။ တကယ်တမ်းအဲဒီနေရာက ခေဇိုတမင်တကာအားနည်းအောင် အကွက်ချ ထားတဲ့နေရာ။ ရှီမဲန်တွေက ခေဇိုဖိတ်ခေါ်ထားတဲ့နေရာကို တည့်တည့်ကြီးဝင်လာတော့ ခေဇိုပြုံးမိတယ်။ အဲဒီရှေ့ပိုင်းကတပ်တွေကိုတိုက်နေတုန်း ခေဇိုရဲ့တပ်တွေက ညီညီညွတ်ညွတ်လှုပ်ရှားတဲ့အပြင် သူ့အမရိအဲလ် ရဲ့တပ်တွေကနေပါကူညီပစ်ခတ်ပေးတော့ ရှီမဲန်တွေတိုးလို့မပေါက်ဖြစ်နေတယ်။ သူတို့ရဲ့တပ်မကြီးကနေလည်း နောက်ထပ်တပ်တစ်တပ်က ဇာ့ဂ်မျှော်စင်ကြီးဘက်ကိုချီတက်သွားတော့ ခေဇိုက အသင့်စောင့်ဆိုင်းနေတဲ့ မြင်းစီး စစ်သားကိုလွှတ်လိုက်တယ်။ အဲဒီစစ်သားက မျှော်စင်ကြီးဘေးနားမှာရှိတဲ့တော့အုပ်ထဲက စစ်သားတွေကို မီးကျည် တွေအဆင်သင့်ပြင်ခိုင်းထားလိုက်တယ်။ ရှီမဲန်တွေမျှော်စင်ကြီးနားကိုရောက်တာနဲ့ မီးကျည်တွေကို ပစ်လိုက်တယ်။ အဲဒီမှာရှီမဲန်တွေဖြတ်ပြီးနင်းသွားတဲ့ သစ်ရွက်ချောက်တွေ သစ်ကိုင်းချောက်တွေပြန့်ကျဲနေတဲ့မြေကြီးက မီးထလောင်တော့တယ်။ အဲဒီနည်းနဲ့ မျှော်စင်ဆီကိုချီတက်သွားတဲ့ ရှီမဲန်တွေလည်း မျှော်စင်ထဲကိုမရောက်ခင်မှာတင် တစ်ဝက်လောက်ကုန်သွားတယ်။ ကျန်တဲ့တစ်ဝက်လောက်ကတော့ ကံကောင်းစွာနဲ့ မျှော်စင်ကြီးထဲကိုဝင်သွားနိုင်ခဲ့ တယ်။ ဒါပေမယ့် သူတို့ကံကောင်းမှုက သိပ်မကြာလိုက်ပါဘူး၊ မျှော်စင်ထဲမှာ ခေဇို ထပ်ထပ်ခါခါ လေ့ကျင့်ပေးထားတဲ့ စစ်သားတွေက ၀ိုင်းတိုက်တော့ အကုန်လုံးအတုံးအရုံးနဲ့သေကုန်တယ်။ ပြီးတော့ အဲဒီခိုအဲန်စစ်သားတွေက သေသွားတဲ့ ရှီမဲန်တွေဆီကနေ ၀တ်စုံတွေရယ် အလံတွေရယ်ကိုယူပြီးတော့ မျှော်စင်ထိပ်ကိုတက်လာတယ်။ အပေါ်ရောက်တော့ ယူလာတဲ့ရှီမဲန် အလံတွေကို သူတို့တပ်မကြီးမြင်သာအောင် လွှင့်ပြလိုက်တယ်။ အဲလိုကြောင့် ရှီမဲန်တွေကတော့ သူတို့စစ်သားတွေ ဇာ့ဂ်မျှော်စင်ကြီးကိုသိမ်းပြီးသွားပြီလို့ပဲ ထင်ကြတယ်။

ဒီဘက်တပ်ခွဲလေးတပ်ကိုတရကြမ်းဝင်တိုက်နေတဲ့ ရှီမဲန်တပ်တွေလည်း ခိုအဲန်တပ်တွေရဲ့

ညီညီညွတ်ညွတ်လှုပ်ရှားမှု ကိုမခံနိုင်တော့ အရေးနိမ့်ကုန်တယ်။ တစ်ခါရှီမဲန်တွေက လေးတပ်အကူအညီနဲ့ နောက်ထပ်တစ်သုတ်တက်လာ ပြန်တယ်။ ဒါပေမယ့် မျှော်စင်ကြီးပေါ်က ရှီမဲန်အယောင်ဆောင်ခိုအဲန်တပ်တွေက သူတို့လေးတပ်သားတွေကို အပေါ်ဆီးကနေ တရစပ်ပစ်တော့တယ်။ ရှီမဲန်တွေသိသွားတာနဲ့တစ်ပြိုင်နက် တပ်တချို့က မျှော်စင်ဘက်ကိုချီတက်လာပြန်တယ်။ ဒီတစ်ခေါက်မျှော်စင်ဘက်ကိုလာပြန်တော့ တောအုပ်ထဲက အသင့်စောင့်နေတဲ့ ခိုအဲန်တပ်တွေက ပါထွက်လာပြီး မျှော်စင်နားမှာနှစ်ဖက်ညှပ်တိုက်တော့တယ်။

တတိယတစ်သုတ်မှာတော့ ရှီမဲန်မြင်းတပ်က ရွာရှေ့ပိုင်းကပိတ်တိုက်နေတဲ့ တပ်လေးတပ်ဆီကို

အရှိန်နဲ့ချီတက်လာတယ်။ ခိုအဲန်တွေဘက်က မြင်းတပ်ကအင်အားနည်းတော့ ခေဇိုက မြင်းချင်းယှဉ်မတိုက်ပဲ သူ့ လှံစစ်သားတွေကို ရှီမဲန်မြင်းသည်တွေကိုခုခံဖို့သုံးတယ်။ အစက ဓါးနဲ့အတော်ကြာကြာတိုက်နေပြီးမှ ရုတ်တရက်ထွက်လာတဲ့ ခိုအဲန်လှံတွေကြောင့် အရှိန်နဲ့တက်လာတဲ့မြင်းတပ်လည်း အရှိန်နဲ့ တိုက်စစ်ဆက်သလိုမဖြစ်ပဲ အရှိန်နဲ့ ခိုအဲန်တွေရဲ့ ချိန်ထားတဲ့လှံတွေကို ပြေးစိုက်သလိုဖြစ်ကုန်တယ်။ ကျန်တဲ့တပ်တချို့ကတော့ မြားတွေတရစပ်ပစ်နေဆဲ။

အနားရောက်လာတဲ့ ရှီမဲန်မြင်းသည်တချို့ကလည်း မြားကိုပါသုံးတယ်။ အဲဒီမှာ မြားတစ်ချောင်းက ခေဇိုဆီကို

တည့်တည့်စူးဝင်လာတယ်။ ခေဇိုမြင်းပေါ်ကကျတော့ သူ့စစ်သားတွေက ၀ိုင်းလာတယ်။ “ခေဇို


တော်တော်ထိသွားလား”

“တကယ်တမ်း ငါဘာမှမဖြစ်ဘူး မြားကအပေါ်ယံလေးတင်ရှပ်ပြီးထိသွားတာ၊ အခုလိုဆိုတော့လည်း

ငါအကြံတစ်မျိုးရမိတယ်၊ ဒီလိုလုပ်၊ ငါ့တပ်စိပ်ရဲ့အလံကို နောက်ကိုဆုတ်လိုက်၊ ငါသေသွားလို့ဆုတ်သွားတဲ့ပုံစံ လုပ်လိုက်”

ခေဇိုက ရိုးရိုးစစ်သားတစ်ယောက်ရဲ့ဝတ်စုံကိုထပ်ဝတ်လိုက်ပြီး သူ့တပ်စိပ်ကိုအနောက်ဖက်အတော်

လှမ်းလှမ်းဝေးတဲ့နေရာကိုဆုတ်လိုက်တယ်။ ပြီးတော့ ရွာထဲမှာအသင်စောင့်ထားတဲ့ နောက်ထပ်လေးတပ်ကို ရှေ့ကနဂိုရ်တိုက်နေတဲ့ လေးတပ်နဲ့နေရာချင်းလဲလိုက်တယ်။ ရှေ့ပိုင်းလေးတပ်ကလည်း ရွာထဲကိုဆုတ်ပြီးတာနဲ့ ရပ်မနေပဲ ရွာနောက်ဖက်ကနေပတ်ပြီးတော့ ရိအဲလ် ရဲ့မြင်းတပ်နဲ့ပေါင်းလိုက်တယ်။ ပြီးတာနဲ့ ရိအဲလ်ရဲ့တပ်နဲ့အတူ ရှီမဲန်တပ်မကြီးကို တခြားတစ်ဖက်ကနေ ထိုးဖောက်ဖို့ချီတက်သွားတယ်။

ရှေ့တန်းကတိုက်နေတဲ့ရှီမဲန်စစ်သားတွေလည်း အတော်ကိုအားကုန်နေပြီဖြစ်လို့ အင်အားအပြည့်ဖြစ်နေတဲ့

ခိုအဲန်တပ်အသစ်လေးတပ်ကို ယှဉ်လို့မရပဲအရေးနိမ့်ကုန်တယ်။ ရှီမဲန်တွေရဲ့တပ်မကြီးကိုယ်တိုင်ကလည်း အင်းအားသိပ်မရှိတော့။ အဲဒီအချိန်မှာပဲ တစ်ဖက်ကနေပတ်လာတဲ့ ခေဇိုရဲ့တပ်နဲ့ မျှော်စင်ကြီးပေါ်ကတပ်ရော၊ ရိအဲလ်ဦးဆောင်တဲ့တပ်ရော၊ တောအုပ်ထဲကတပ်ကပါ ရှီမဲန်တပ်မကြီးကို ထိုးဖောက်တိုက်ခိုက်တော့တယ်။ အရှေ့ ဘက်ကိုပဲအာရုံစိုက်နေတဲ့ ရှီမဲန်တပ်တွေ တော်တော်လေးခံလိုက်ရတဲ့အလျောက် သူတို့ရှုံးပြီဆိုပြီး သူတို့လာခဲ့တဲ့ လမ်းဘက်ကိုပြန်အဆုတ်မှာ အနောက်ဘက်ကနေ အသင်စောင့်ဆိုင်းနေတဲ့ ခေဇိုလေ့ကျင့်ပြီးသားဖြစ်တဲ့ ဟာ့ခိုးနျန်းတွေကနေ ဆီးကြိုပြီး တိုက်တော့တယ်။ အဲဒီဟာ့ခိုးနျန်းတွေက သူတို့နယ်ဖြစ်တဲ့အလျှောက် ကျွမ်းကျင် ပြီးသားဖြစ်နေတာက တစ်ကြောင်း၊ ခေဇိုလေ့ကျင့်ပေးထားတဲ့ တိုက်ခိုက်ရေးပညာကတစ်ကြောင်းကြောင့် ဆုတ် ပြေးလေတဲ့ရှီမဲန်တွေလည်း အသေတောင်မလှကြရှာဘူး။ အဲဒီလိုနဲ့ ခေဇိုဦးဆောင်တဲ့ ဟာ့ခိုးနျန်းတွေအပါအ၀င် ခိုအဲန်တပ်တွေက ရှုခဲန်းဒေသမှာ အောင်ပွဲခံနိုင်ကြပါပြီ။ နပ်စပ်မှာကျန်နေတဲ့ ရှီမဲန်တွေကိုလည်း ခိုအဲန်တွေအနေနဲ့ ပြန်တိုက်ထုတ်ပြီး နယ်အားလုံးကို ဟာ့ခိုးနျန်းတွေဆီပြန်အပ်ပါ့မယ်ဆိုတာကိုလည်း ခေဇိုကတိပေးတယ်။

အဲဒီလိုနဲ့ ခေဇိုတို့ရောက်တဲ့အချိန်ကနေစပြီး တစ်နှစ်ကျော်ကျော်လောက်အကြာမှာ ဟာ့ခို့နျန်းတွေဟာ

ရှီမဲန်တွေလက်ထဲကနေ လုံးဝလွတ်ကင်းသွားခဲ့ပါတယ်။ ဟာ့ခိုးနျန်းတွေကိုယ်တိုင်ကိုလည်း ခိုအဲန်တွေဘက်ကနေ ပညာတွေဖြန့်ဝေနိုင်သလောက်ဖြန့်ဝေပြီးတဲ့အဆုံးမှာတော့ ခေဇိုရဲ့တာဝန်ဟာလည်း ပြီးဆုံးပြီလိုပြောရင် မမှားတော့ပါဘူး။ ခေဇိုပြန်ခါနီးမိုနန်းခါကိုမြို့တော်မှာ ပညာလာသင်ဖို့တိုက်တွန်းတယ်၊ တကယ်တမ်းဖြစ်နိုင်ရင် သူတို့နဲ့တစ်ခါထဲ လိုက်ခဲ့ဖို့ပါခေါ်တယ်။

“ရှင့်စေတနာကိုကျွန်မနားလည်ပါတယ်၊ အခုလောလောဆယ်တော့ ခင်ပွန်းဖြစ်သူကလည်း

ပြန်မလာနိုင်သေးတော့ သူ့ခွင့်ပြုချက်မပါပဲ ကိုယ်သဘောနဲ့ကိုယ်ထွက်လာခဲ့ရင်မကောင်းဘူးလေ”

“အဲဒါဆိုလည်း သူပြန်လာတော့ သူနဲ့တိုင်ပင်ကြည့်ပြီးတဲ့အခါလာခဲ့ပေါ့၊ မိုနန်းခါလိုမျိုးအရည်အချင်းရှိတဲ့လူတွေ

အားလုံးကို ဆဲန်ဇိုမြို့က ကြိုဆိုနေပါတယ်” ခေဇိုက မိုနန်းခါကို တံဆိပ်ပြားလေးတစ်ခုပါပေးလိုက်တယ်။ တံဆိပ်ပေါ်မှာက ဆဲန်ဇိုမြို့တော်ရဲ့ ၀င်ခွင့်ကို


ရိုက်ခတ်ထားတယ်။

“တကယ်တမ်းဆို အမတို့တွက်ထားတာ မိုနန်းခါအခုနေတစ်ခါတည်းလိုက်ခဲ့ပြီး စာမေးပွဲလိုက်ဖြေမယ်ဆိုရင်

တောင် အောင်ဖို့သေချာတယ်၊ မြို့တော်ကိုလာဖြစ်တဲ့အချိန်ကျရင် အမကိုလာရှာဖို့မမေ့နဲ့နော်”

“ဟုတ်ကဲ့ ကျွန်မကြိုးစားပါ့မယ်”

မိုနန်းခါက မြို့တော်ကို လာချင်ပေမယ့် သူ့ခင်ပွန်းကအခုထက်ထိမမြင်ရသေးတော့ စိတ်မကောင်း ဖြစ်နေတုန်းပဲ။ အထူးသဖြင့် ပညာသင်ဖို့ကိစ္စအကြောင်းပြောရင် သူ့မျက်နှာလေးညှိုးကျသွားတယ်။ ခေဇိုက ရိအဲလ်ကို တစ်ချက်ကြည့်လိုက်တယ်။

“မိုနန်းခါ..၊ ဟာ့ခဲအဆင်ပြေမှာပါ၊ သူအဆင်ပြေအောင်လို့ အမတို့လည်းအစွမ်းကုန်ကူညီပေးမှာပဲ၊

ကတိပေးပါတယ်၊ မိုနန်းခါ သားလေးကိုကြည့်ရတာလည်း အားတွေမာန်တွေပြည့်နေတဲ့ပုံ၊ သူ့အဖေ ဟာ့ခဲ ပြန်လာတဲ့အခါကျရင် သားလေးကိုကြည့်ပြီး ၀မ်းသာမှာပါ၊ သိပ်ဝမ်းမနည်းပါနဲ့ ခင်ပွန်းဖြစ်သူပြန်လာတဲ့အခါကျရင် အပြုံးမျက်နှာနဲ့ဆီးကြိုရမှာလေ၊ အခုကတည်းက၀မ်းမနည်းနဲ့တော့..နော်..”

တကယ်တမ်းဆိုရင် ခေဇိုတို့လည်း ဟာ့ခဲပြန်ရောက်လာတဲ့အထိ ရှုခဲန်းမှာနေပြီး၊ အခြေအနေတွေကို

ရှင်းပြချင်တာပါ။ ဒါပေမယ့် ဟာ့ခိုးနျန်းနယ်က ရှီမဲန်အရေး ပြီးတော့၊ မြောက်ပိုင်းက ဂိုရှဲန်တွေက နယ်စပ်မှာထိပါး လာတဲ့ကိစ္စအတွက် မင်းကြီးက ခေဇိုကို ရိုမိုးရှီးယိုး၊ ဆာဂျိုပြည်နယ်ဘက်ကိုကာကွယ်ဖို့ တာဝန်ပေးလိုက်တော့၊ သူ့အစီအစဉ် တွေလည်းတစ်မျိုးပြောင်းရတာပေါ့။

ရိအဲလ်ကတော့ ဆဲန်ဇိုကို ပြန်ရောက်ပြီးတဲ့နောက်ပိုင်း မိုနန်းခါကို ကတိပေးထားတဲ့အတိုင်း

ယွန်နဲန်ပြည်နယ်ထဲက ပိတ်မိနေတဲ့ဟာ့ခိုးနျန်းတပ်ကို ပြန်လွှတ်ပေးဖို့တောင်းဆိုမှုတွေပြုတယ်။ တကယ်ဆိုသူတို့လည်း သူတို့တိုင်းပြည်သူတို့ပြန်ပြီး ကာကွယ်သင့်နေပြီလေ။ ခိုအဲန်တပ်တွေပြန်ဆုတ်ပြီးပြီးချင်း သူတို့ဟာ့ခိုးနျန်းတပ်တွေအချိန်မီပြန်မ၀င်နိုင်ရင် နိုင်ငံတွေအနေအထားအရ သူတို့တိုင်းပြည် လုံခြုံရေးအတွက်က စိုးရိမ်ဖွယ်ရာအခြေအနေမှာရှိတယ်။ ရိအဲလ်ကလည်း အကြောင်းအကျိုး ဆီလျှော်အောင် တောင်းဆိုတယ်၊ နောက်ပြီး ရင်းနိုဆိုတဲ့ ဘွဲ့အဆင့်အတန်းက ဧကရာဇ်မင်းအနေနဲ့ ဦးစားပေးပြီးမစဉ်းစားမနေရစဉ်းစား ပေးရမှာဆိုတော့ ဟာ့ခဲတို့လည်း ကံကောင်းသွားခဲ့ပါတယ်။

တစ်ခုဆိုးတာက ဟာ့ခဲကိုယ်တိုင်ကတော့ ခိုအဲန်တွေသူတို့တိုင်းပြည်ထဲကိုဝင်ပြီးတော့

တစ်နှစ်လောက်ကြာအောင် ထိန်းချုပ်သွားတယ်ဆိုတာ သိလိုက်ရတော့ စိတ်ထဲက သိပ်ဘ၀င်မကျဘူး။ ရွာထဲကို ပြန်ဝင်ဝင်ချင်းပဲ အသစ်ဆောက်ထားတဲ့ခံတပ်တွေကိုတွေ့လိုက်ရတော့ စိတ်ထဲကပိုပြီးစိုးရိမ်လာတယ်။ ရွာထဲရောက်တော့လည်း ရွာသားတော်တော်များများက အမူအရာ၊ စကားပြောပုံဆိုပုံတွေပြောင်းလဲနေတာတွေ့ တော့ ဟာ့ခဲ သူမရှိတဲ့အချိန်တုန်းက ရွာကိုဦးဆောင်ခဲ့တဲ့လူဆီကိုသွားမေးကြည့်တယ်။ ဟိုလူကလည်း သူမရှိတုန်း ခိုအဲန်တွေ ပညာဖြန့်ဝေသွားတဲ့အကြောင်း၊ တချို့ဟာ့ခို့နျန်းတွေဆိုရင် သူတို့နဲ့မြို့တော်ကိုလိုက်သွားကြတယ်ဆို တဲ့အကြောင်း၊ သူ့ဇနီးမိုနန်းခါလည်း ပညာသင်ဖြစ်တဲ့အကြောင်း တွေပြောပြတယ်။ အဲဒီအကြောင်းတွေကြားပြီး တော့ အြေ���ာင်းသေသေချာချာမသိသေးတဲ့ဟာ့ခဲက နဂိုထဲက စိတ်ဆတ်တဲ့လူပီပီ ဒေါသကပေါက်ကွဲလာတယ်။


သူ့အနေနဲ့က ခိုအဲန်တွေ၊ တဲန်းဂျိတွေအကူအညီနဲ့ သူတို့ကို ယွန်နဲန်ပြည်နယ်မှာ ၀ိုင်းပိတ်ပြီး ဒုက္ခရောက်အောင် အလုပ်ခံထားရတာဆိုတော့ ခိုအဲန်ဘက်ပါတဲ့လူတွေဆို အရမ်းမုန်းနေမိတယ်။ ပြောပြတဲ့လူကလည်း ဟာ့ခဲအဲဒီ လိုဒေါသပေါက်ကွဲနေတဲ့အချိန်ကျမှ မိုနန်းခါ သားလေးမွေးတဲ့အကြောင်းကိုသွားပြောမိတယ်။ ရွာဝင်ကတည်းက ဂယောက်ဂယက်အတွေးတွေ ခေါင်းထဲပြည့်နေတဲ့ ဟာ့ခဲတစ်ယောက် သူ့ပင်ကိုတစ်စွတ်ထိုးဆန်တာနဲ့ပေါင်းပြီးတော့ သူ့အတွေးတွေကလည်း လုံးဝကြီး မကောင်းတဲ့ဘက်ကို ပါမှန်းမသိပါသွားတယ်။ ရင်ထဲမှာဆူတက်လာတဲ့ဒေါသတွေနဲ့ အတူ လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး သူ့အိမ်ဘက်ကို လှည့်လာခဲ့တယ်။

မိုနန်းခါက အိမ်ထဲမှာအိမ်အလုပ်တွေလုပ်ရင်း သူသင်ယူထားတာတွေကို ပြန်ပြီးလေ့ကျင့်နေတုန်း

ဟာ့ခဲတို့တပ် ပြန်လာကြတာသိရတော့ အိမ်အပြင်ကိုထွက်လာတယ်။ အိမ်ပေါက်ဝနားမှာတင်ဟာ့ခဲကိုမိုနန်းခါ မျက်နှာချင်းဆိုင် တွေ့လိုက်ရတယ်။

“ဟာ့ခဲ” မိုနန်းခါက၀မ်းသာအားရနဲ့ခေါ်လိုက်တယ်။

“နင်ဆယ်တာကာမှာပိတ်မိနေတုန်းက ငါဘာမှမလုပ်ပေးနိုင်တာ ငါ့ကိုခွင့်လွှတ်ပါ၊ အခုငါတို့မှာ

သားလေးတစ်ယောက်ရှိပြီ နင်သိလား” ဟာ့ခဲက အသက်မပါတဲ့မျက်နှာမျိုးနဲ့ မိုနန်းခါကိုကြည့်လိုက်တယ်။

“ခွင့်လွှတ်ပါ.. ဟုတ်လား၊ ဒါနဲ့ပြောစမ်းပါဦး အဲဒီကလေးကဘယ်သူနဲ့ရတဲ့ကလေးလဲ”

“ဟာ့ခဲ..၊ နင်ဘယ်လိုပြောလိုက်တာလဲ၊ အဲဒါနင့်သွေးသားစစ်စစ်ပါ၊ နင့်ရဲ့အမွေကိုဆက်ခံရမယ့်

ငါတို့နှစ်ယောက်ရဲ့ အနာဂါတ်ပါ”

“စကားပြောတာကိုက ခိုအဲန်သံပေါက်နေပြီ၊”

“ဟာ့ခဲ…”

“ပါးစပ်ပိတ်စမ်း”

“နင်ငါ့ကိုဘာပြောချင်သေးတာလဲ၊ ငါကဟာ့ခိုးန်းနျန်းတွေအတွက်၊ ဆယ်တာကိုစစ်ထွက်ပြီး

ဟိုမှာအကြီးအကျယ် ဒုက္ခရောက်နေရတယ်၊ နင်ကဒီမှာတခြားယောင်္ကျားတစ်ယောက်နဲ့ ပျော်ပါးနေတယ်” မိုနန်းခါမျက်နှာမှာ မျက်ရည်တွေစီးဆင်းလာပြီး။

“မဟုတ်ဘူး ဟာ့ခဲ၊ ငါရှင်းပြနိုင်ပါတယ်… ငါ…”

“တော်စမ်းပါ၊ အခုမှလာငိုပြမနေနဲ့၊ မိန်းမတွေများ၊ သူတို့စိတ်ချမ်းသာဖို့ကိုတော့ တော်တော်ဦးစားပေးတတ်ကြ

တယ်”

“ဟာ့ခဲ…၊ ငါကအဲဒီလူဆီက ပညာပဲသင်တာ…ပညာသင်ရင်းနဲ့ သူကတောင် ငါတို့သားလေးမွေးတဲ့ကိစ္စကို

ကူညီပေးသေးတယ်”

“ပညာသင်ရင်းနဲ့ဘာဖြစ်လဲ…၊ နင်ဖာ့သာနင်ကလေးမွေးတာ၊ ဒီကောင်ကဘာဆိုင်လို့လဲ၊ ဒီလောက်တစ်ရွာလုံး

သိနေတာတောင် နင်ကလိမ်ချင်သေးတယ်၊ နင်မို့လို့မရှက်တာ၊ ငါတော့သတ်ချင်နေပြီ” ပြောပြောဆိုဆိုနဲ့ ဟာ့ခဲကအိမ်ထဲကိုဝင်သွားတယ်။ မိုနန်းခါကအနောက်ကနေပြေးလိုက်သွားပြီး ထပ်ခေါ်လိုက်တယ်။


“ဟာ့ခဲ…”

“နင့်ဟာနင် ပါးစပ်ပိတ်ပြီး၊ သွားသေလိုက်၊ ငါ့ကိုထပ်ပြီးတော့ ဒုက္ခမပေးပါနဲ့တော့”

“ဟာ့ခဲ… နင်သိပ်လွန်နေပြီနော်၊ လက်ထပ်ပြီးတဲ့ကာလတစ်လျှောက်လုံး ငါနင့်ကိုနားလည်ပေးခဲ့တယ်၊

အခုငါအမှန်ပြောနေတာတောင် နင်ကဘာဖြစ်လို့လက်မခံနိုင်ရတာလဲ” အရင်ကတစ်ခါမှပြန်မပြောဘူးတဲ့ မိုနန်းခါ အခုတော့ ဟာ့ခဲရှေ့တည့်တည့်မှာရပ်ပြီး သူ့ကိုခံပြောနေပြီ။ ဟာ့ခဲကမိုနန်းခါရဲ့ပါးကိုရိုက်လိုက်တယ်။ မိုနန်းခါလဲကျသွားပြီး ပါးစပ်ထဲကနေလည်း အရိုက်ခံထားရတဲ့ ဒါဏ်ကြောင့် သွေးတွေစီးကျလာတယ်။ သူ့ရဲ့နီရဲနေတဲ့ပါးပြင်က နာကျင်မှုထက် သူ့နှလုံးသားထဲက နာကျင်မှုက ပိုပြီးခံရခက်တယ်။ ဟာ့ခဲကလည်း ဘယ်လိုပဲရှင်းပြရှင်းပြ တစွတ်ထိုးနဲ့ သူ့ကိုအတင်းမမြင်ချင်ဘူးလို့ ပြောနေတယ်။ အဲဒီလိုသူတို့နှစ်ယောက် အော်ပြီးဆူညံနေတာနဲ့ ငါးလတောင်မပြည့်ချင်သေးတဲ့အိပ်ပျော်နေတဲ့သူတို့သားလေးက လန့်ပြီး အော်ငိုတယ်။ ကလေးငိုသံကြားတော့ ဟာ့ခဲက ကလေးလေးဘက်ကိုလှည့်လိုက်တယ်။ မိုနန်းခါက ဟာ့ခဲ အကြောင်းကို သိပြီးသူဖြစ်တော့ သားလေးအတွက်ရုတ်တရက်စိတ်ပူသွားတယ်။ လဲနေတာကနေအမြန်ထပြီး သားလေးကို ကောက်ချီလိုက်တယ်။

“ဟာ့ခဲ နင်ဘာလုပ်မလို့လဲ”

“နင့်ဟာနင်ဖြစ်တဲ့ကိစ္စမှာ ငါအဲဒီကလေးကိုဆွဲမထည့်ချင်ဘူး၊ နင့်ကလေးနင်ခေါ်ပြီး အခုချက်ချင်းထွက်သွား”

“ဟာ့ခဲ၊ အဲဒါနင့်ရဲ့သားအရင်း...”

“နင့်ဟာနင်သွားသေလိုက်၊ ငါထပ်မကြားချင်တော့ဘူး၊ ငါတို့လူမျိုးထဲမှာ သူများကိုအညံ့ခံတဲ့ လူမပါဘူး၊

အညံ့ခံတဲ့အပြင် နင်ကသူတို့မျိုးဆက်ကိုပါမွေးပေးလိုက်သေးတယ်၊ နင့်လိုမိန်းမမျိုးသေလိုက်တာပိုကောင်းတယ်” အော်သံတွေဆူညံနေတော့ အနီးအနားကလူတွေပါပြေးလာကြတယ်၊ မိုနန်းခါသူငယ်ချင်းတွေရော။

“မိုနန်းခါ... ဟာ.. နင့်မျက်နှာကဘယ်လိုဖြစ်တာလဲ... ဒီလောက်တောင်ဒါဏ်ရာရထားတာ၊ ဟာ့ခဲ

နင့်ဇနီးကိုတောင်နင် မမှတ်မိရအောင်နင်ဘာစိတ်ပေါက်နေတာလဲ” မိုနန်းခါက သူ့သူငယ်ချင်းဘက်ကိုလှည့်ပြီး ခပ်တိုးတိုးပြောလိုက်တယ်။

“ဆိုဟီ၊ ငါ့သားလေးကိုခေါ်ထားပေးမလား၊ သူ့ကိုဂရုစိုက်ပေးပါနော်”

ပြီးတော့ မိုနန်းခါက ငိုနေတဲ့သူ့သားလေးကိုသူငယ်ချင်းလက်ထဲကို ပြောင်းပေးရင်းပြောလိုက်တယ်။

“သားရေ၊ မင်းဖေဖေက မေမေ့ကိုမုန်းတယ်တဲ့၊ အဲဒါကြောင့် ခုလောလောဆယ်တော့မေမေရှင်းပြလို့

ရမယ့်ပုံမပေါ်ဘူး၊ သားကြီးလာတော့မှ သားအနေနဲ့ ဖေဖေသားပါဆိုတာ သက်သေပြလိုက်နော်..”

“မိုနန်းခါ၊ နင်ဘာလုပ်ဦးမလို့လဲ...”

“ငါ့ကိုကူညီပါဟာ၊ တောင်းပန်ပါတယ်”

မိုနန်းခါသူငယ်ချင်းက ကလေးလေးကိုချီပြီးတော့ ဟာ့ခဲနဲ့ခပ်ဝေးဝေးမှာသွားရပ်နေလိုက်တယ်။ မိုနန်းခါ သေသေချာချာ ပြန်စဉ်းစားတယ်။ အမုန်းနဲ့အသက်ရှင်နေရတာထက် သူမရှိတော့တဲ့နောက်ပိုင်းမှ အမှန်ကိုသိနိုင်မယ် ဆိုရင်လည်း သူ့အနေနဲ့ဝမ်းသာပါတယ်။


“ဟာ့ခဲ၊ ငါဒီအချိန်တွေအတွင်းမှာ ဘာတွေသင်ယူခဲ့လဲဆိုတာ ငါနင့်ကိုသက်သေပြမယ်၊ ပြီးတော့နင့်စိတ်တိုင်းကျ၊ ငါနင့် ဆီကနေထွက်သွားပေးမယ်၊ ထာဝရထွက်သွားမှာပါ၊ ငါပြန်မလာတော့ဘူးဆိုတာ ကတိပေးပါတယ်၊ အခုဒီတစ်ခုတော့ သက်သေပြခွင့်ပြုပါ” စိတ်ထဲကလည်း ခေဇိုပြောဘူးတဲ့စကားတချို့ကို သတိရနေမိတယ်။

“လူဘ၀မှာက ဒီလိုပဲ တက်လာလိုက်၊ ကျသွားလိုက်၊ ၀မ်းနည်းလိုက်၊ ၀မ်းသာလိုက်၊ ကြည်နူးလိုက်၊

ဆင်းရဲလိုက်နဲ့ အမျိုးမျိုးရှိတယ်၊ ပြီးတော့ အဲဒီဂီတကလည်း လူ့ခံစားချက်နဲ့ တိုက်ရိုက်ဆက်နွယ်နေတယ်ဆိုတာ အဲဒီတော့ ဒီလိုခံစားချက်တွေနဲ့ အသံတွေနဲ့ဆက်နွယ်တဲ့ပုံကိုနားလည်လို့ ရှိရင်၊ လူတွေရဲ့စိတ်ကို ပြောင်းလဲနိုင်စွမ်း ရှိတယ်” ဒါကသူ့ရဲ့နောက်ဆုံးကြိုးစားမှုပါပဲ။ ဒီလိုလုပ်တာတောင်မှ ဟာ့ခဲနားမလည်နိုင်သေးဘူးဆိုရင်လည်း သူကိုယ်တိုင် ဟိုးအရင်ကတည်းက ဟာ့ခဲကို ဘာဖြစ်လို့ချစ်ခဲ့လဲဆိုတာကိုပဲ အပြစ်တင်ရတော့မယ်။ မိုနန်းခါက ချောက်ကမ်းပါး ကြီးနားကိုလျှောက်သွားတယ်၊ အနားရောက်တော့ သူခေဇိုကိုဆိုပြဘူးတဲ့ သီချင်းကိုပြန်ဆိုပြတယ်။ သီချင်းထဲမှာက ဟာ့ခိုးနျန်းတွေရဲ့ ဘ၀၊ ဓလေ့၊ ခံစားချက်တွေနဲ့ သူ့ရဲ့ ဟာ့ခဲ အပေါ် မပြောင်းလဲ တဲ့အချစ်တွေကို သေသေချာချာ အနုပညာမြောက်အောင် ဖွဲ့ဆိုထားတယ်။ သီချင်းအဆုံးကျတော့ အဲဒီနေရာကနေပဲ ဟာ့ခဲဘက်ကိုလှည့်ပြီး သူ့ရဲ့နောက်ဆုံး နှုတ်ဆက်စကား ပြောလိုက်တယ်။

“ငါနင့်ကိုချစ်တယ်၊ နင်ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ”

သူ့ရဲ့စီးကျနေတဲ့ မျက်ရည်တွေက ချောက်ကမ်းပါးကြီးရဲ့အောက်ကို တစ်စက်စက်ကျနေတာကြည့်ရင်း သူလည်းဒီမမြင်နိုင်တဲ့ ချောက်ကြီးရဲ့အောက်ချေမှာ ဒီဘ၀ကိုခွဲခွာရတော့မယ်ဆိုတာတွေးမိတော့ သူ့ရဲ့အခုမှ လေးလကျော်လောက်ရှိသေးတဲ့ သားဦးလေး...၊ သားလေးကဘာသိဦးမှာလဲ၊ သူကြီးလာရင် မေမေရောလို့မေးနေမှာပဲ။ သူဘယ်လိုလုပ်စိတ်အေးရမလဲ၊ နောက်ဆုံးဟာ့ခဲ၊ ဟာ့ခဲကိုသူဘယ်လောက်ချစ်လဲ သူဘယ်လောက် ပေးဆပ်နိုင်လဲ���ိုတာ သူကိုယ်တိုင်အသိဆုံး။ နောက်ပိုင်းသူသွားပြီးတဲ့နောက်မှာ ဟာ့ခဲ အရင်လိုပဲ စိတ်လိုက်မန်ပါလျှောက်လုပ်နေရင် တားမယ့်သူ မရှိတော့ဘူး။

“မိုနန်းခါ”

ဟာ့ခဲကရုတ်တရက်လှမ်းခေါ်လိုက်တော့ အတွေးတွေတံ့ပြီး မိုနန်းခါပြန်လှည့်ကြည့်မိတယ်။

“နင်ဒါကိုပါယူထားလိုက်”

ကြည့်လိုက်တော့ သူတို့လက်ထပ်ထားလို့ တွဲချည်ထားတဲ့ဇာတာပြားလေးနှစ်ခု။ ဟာ့ခဲကသူ့ကို ဒီလောက်တောင်ပဲ မုန်းနေပြီလား၊ လက်ထပ်ထားတဲ့အမှတ်အသားကိုတောင်မှ သူဆက်ပြီးမသိမ်းထားချင်တော့ဘူးဆိုတော့။

မိုနန်းခါ ဟာ့ခဲ ဆီကိုလျှောက်သွားပြီး ဇာတာပြားလေးတွေကိုသွားယူလိုက်တယ်။ အနားရောက်တော့

ဟာ့ခဲဆီက ထူးထူးဆန်းဆန်း တခါမှမပြောဘူးတဲ့ တောင်းပန်စကားကြားလိုက်ရတယ်။

“မိုနန်းခါ၊ ငါတောင်းပန်ပါတယ်”

“ဟင်...”


ဟာ့ခဲက မိုနန်းခါကို သိမ်းပြီးဖက်လိုက်တယ်။ သူကတော့ ဘာဖြစ်မှန်းမသိပဲ ကြောင်နေမိတယ်။

“မိုနန်းခါ၊ ငါအထင်လွဲခဲ့မိတာတွေတောင်းပန်ပါတယ်၊ ငါ့ကိုခွင့်လွှတ်ပါ၊ အခုနင်ငါ့ကိုဒီလိုသာသတိမပေးရင်

ငါဘ၀ရဲ့တန်ဖိုးရှိတဲ့ ဇနီးဆုံးရှုံးတော့မလို့၊” အခုတော့မိုနန်းခါပြုံးနိုင်ပြီ။ သူအရင်က တစ်ခါမှဝမ်းမသာဖူးတဲ့ ၀မ်းသာခြင်းမျိုးနဲ့ ၀မ်းသာမိတယ်။ ဟာ့ခဲ က တကယ်တမ်း သူထင်ထားတဲ့အတိုင်း သူ့ကိုခါးခါးသီးသီးမုန်းတာမဟုတ်။ ခဏတာစိတ်ရိုင်းဝင်ပြီး သူ့အကျင့်အတိုင်း တစွတ်ထိုးဆန်တာတစ်ခုပဲ၊ ဒါပေမယ့် အဲဒီတစ်ခုကိုက တော်တော်ကြီးကိုဆိုးတယ်။ ခေဇိုပြောတာမှန်တယ်။ ကိုယ့်ရင်ထဲမှာ ရှိနေပြီးသားဖြစ်တဲ့ အချစ်ကစစ်မှန်တယ်ဆိုရင် ကြိုးစားအားထုတ်မှုတွေ၊ ဖွင့်ပြောတာတွေ မပါပဲနဲ့လည်း တစ်ချိန်ကျရင် အဲဒီအချစ်က သက်သေပြမှာပဲ။ အရေးကြီးတာ ကိုယ့်ဆီမှာရှိတဲ့ အချစ်က စစ်မှန်ပြီး ဥာဏ်နဲ့ယှဉ်တဲ့အချစ်ဖြစ်ဖို့အရေးကြီးတယ်။

“... နင်ငါ့ကိုဒီလိုသာသတိမပေးရင် ငါဘ၀ရဲ့တန်ဖိုးရှိတဲ့ ဇနီးဆုံးရှုံးတော့မလို့ ...”

သူတို့နှစ်ယောက်ရဲ့ အဲဒီတစ်နေ့ကအကြောင်းကတော့ ရွာတစ်ခုလုံးမှာပြောကြလို့မဆုံးတော့ဘူးပေါ့။

နောက်ပိုင်းဟာ့ခဲလည်း ပညာသင်ရတဲ့အကြောင်းအရင်း၊ နောက်ပြီး ပညာသင်ပြီးတဲ့အခါဘယ်လိုအကျိုးကျေးဇူးတွေ ရှိနိုင်တယ်ဆိုတာ မိုနန်းခါတဖြည်းဖြည်းရှင်းပြရင်းနဲ့နားလည်လာတယ်။ အဲလိုနားလည်လာတာနဲ့အမျှလည်း ခိုအဲန် မြို့ကြီးတွေဘက်ကို ပညာသွားသင်ကြတဲ့ ဟာ့ခိုးနျန်းတွေ၊ အထူးသဖြင့် ပညာသင်ဖို့ကြိုးစားတဲ့ မိန်းကလေးတွေကို အပြစ်မြင်တာတွေမရှိသလောက်ဖြစ်လာတယ်။

အဲဒီလိုနဲ့... အဲဒီအချိန်ကနေစပြီးတော့ပေါ့၊ ဟာ့ခိုးန်းနျန်းတွေရဲ့ ပညာသင်တဲ့နေရာမှာ မိန်းကလေး၊

ယောင်္ကျားလေး ခွဲခြားတဲ့ အယူအဆက ပြောင်းလဲလာကြတယ်။ တကယ်ဆို မိန်းမဖြစ်စေ၊ ယောင်္ကျားဖြစ်စေ၊ ပညာတစ်မျိုးတည်းမှာ မယှဉ်နိုင်ရင်မယှဉ်နိုင်မယ်၊ သူနေရာနဲ့သူကတော့ လူပေါ်မှာမူတည်ပြီး တော်အောင်ကြိုးစားရင် ဖြစ်နိုင်တာပါပဲ ဆိုတဲ့အတွေးတွေ ဟာ့ခိုးန်းနျန်းတွေဆီမှာပြည့်ဝလာတော့တယ်။


Hakkonian Story