Issuu on Google+

မျိုးဆက်တိုင်းရဲ့  တာဝန်ယူမှုနဲ့ တာဝန်ယူချင်တဲ့ စိတ်ဓါတ်တွေဟာ ဗမာပြည်ရဲ့  ကောင်းမွန်တဲ့အနာဂါတ်ကို ဖန်တီးကြမှာ အသေအချာဘဲ ဖြစ်တယ်။ ကိုအောင်မှိုင်း

ယုံကြည်မှုတွေအတွက် မယုံကြည်ခြင်း ကနေ့ဗမာပြည်မှာ အပေါ်ယံရွှေမှုံကြဲကိစ္စတွေ သိတ်များနေတယ်။ တကယ့်လုပ်ရမဲ့ကိစ္စတွေကြတော့ ကွေ့လည်ကြောင်ပတ် တွေလုပ်ပြီး လက်ရှောင်နေကြတယ်။ အစိုးရကလဲမပြောဘူး။ အတိုက်အခံတွေကလဲ မသိသလိုလုပ်နေကြတယ်။ ကျောင်း သား ခေါင်းဆောင်တွေကလဲ ရွှေပြည်အေးတရားတွေလိုက်ဟောနေကြရတယ်။တခုခုတော့မှားနေပြီထင်တယ်။အားလုံးဟာ ပုံမှနတ် ကျရှိနေပါတယ်။တချို့ ကလဲ ပြောင်းနေတယ်ပြောတယ်။ တချို့ ကလဲ ပြောင်းတော့ပြောင်းနေတာဘဲလို့ပြောတယ်။ ဘာမှထူးထူးခြားခြား ပြောင်းလဲမှုမရှိဘူးလို့ ဆိုသူတွေလဲရှိတယ်။ခက်တာကဘာတွေပြောင်းနေသလဲဆိုတာကို တိတိကျကျ ပြောသံဆိုသံမျိုး မကြားရပြန်ဘူး။ ဒီတော့ကာ ဘာမှပြောင်းလဲမှုမရှိဘူးလို့ပြောတဲ့သူတွေအနေနဲ့ မမှားဘူးလို့ဘဲ ကျနော်တို့ ပြောရတော့မှာပါ။ အပွင့်လင်းဆုံးပြောရရင် ဗမာပြည်နိင်ငံရေးကို ကြံ့ဖွံ့ ကကိုင်ထားပြီး စီးပွါးရေးကိုတော့ ဦးပိုင်ကကိုင်ထားတယ်။ အုပ်ချူပ်ရေး ကိုတော့ လက်ရှိဦးသိန်းစိန်အစိုးရကကိုင်ထားတယ်။ နိုင်ငံရေး စီးပွါးရေး အုပ်ချူပ်ရေး ဘက်အသီးသီးဟာအရင်အတိုင်းပါဘဲ။ ဘာတွေများထူးထူးထွေထွေပြောင်းလာသလဲ။ ကျနော်အမြင်ကတော့ အပေါ်ယံသဏ္ဍာန်တွေသာပြောင်းလာပြီး အနှစ်သာရ ကတော့ အရင်အတိုင်းပါဘဲ။ ဒါကိုယ်တိုင်ကိုက စစ်အစိုးရအဆက်ဆက် တသမတ်တည်း ခိုင်ခိုင်မာမာ စွဲကိုင်လာတဲ့ ပေါ်လစီ သာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အနှစ်သာရအရ အခိုင်အမာစွဲကိုင်ထားပြီး သဏ္ဍာန်ပိုင်းကိုတော့ လိုအပ်သလို လှည့် ပြောင်း ယူခြင်းဆိုင်ရာမဟာဗျူဟာနဲ့နည်းပရိယါယ်သာဖြစ်တယ်လို့ပြောရမယ်ထင်ပါတယ်။ ကမ္ဘာ့စစ်အာဏာရှင်စနစ်အားလုံး ရဲ့  တူညီတဲ့ ဘုံထူးခြားချက်လဲဖြစ်ပါတယ်။ ဗမာပြည်မှာ အပြောင်းအလဲတချို့ ရှိတယ်ဆိုတာကိုတော့ ကျနော်လက်ခံတယ်။ ထင်ထင်ရှားရှားလဲရှိပါတယ်။ အဲဒါတွေက တော့ အရင်စစ်တပ်က ပစ်ရယ်ခတ်ရယ် ရိုက်ရယ်နှက်ရယ် သတ်ရယ်ဖြတ်ရယ်လုပ် လေ့ရှိတယ်။ အဲဒီအစား အခုရဲကလုပ် တယ်။ အရင်က စစ်ထောက်လှမ်းရေးက နိုင်ငံရေးသမားတွေကို ပက်ပက်စက်စက်နှိပ်ကွပ်တယ်။ အခုရဲထောက်လှမ်းရေး SB ကလုပ်တယ်။အရင်စစ်ကောင်စီက ဥပဒေကဲ့သို့ အာဏာတည်ရမည်ဆိုတဲ့ အမိန့်တွေထုတ်တယ်။ အခု ၇၅ ကျပ်သား လွတ်တော်နဲ့ ဘောင်းဘီချွတ် အစိုးရပေါင်းပြီး ဥပဒေအသစ် အမိန့်အသစ်တွေထွက်လာတယ်။ တိတ်တိတ်ပုန်း လက်သိတ် ထိုးအမိန့် တွေလဲထွက်တယ်။ကွက်ကျားမိုးဥပဒေတွေလဲထွက်လာတယ်။အားလုံးကတော့စစ်အာဏာရှင်စနစ်ကိုအထောက် အကူဖြစ်ဘို့ ပြောရရင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဘို့ဘဲဖြစ်ပါတယ်။ အတိုက်အခံတွေဘက်ကတင်တဲ့ ဥပဒေတွေ ဟာ လွတ် တော်ဆိုတာကြီးမှာ အချိန်တွေဆွဲပြီး အထစ်အငေါ့တွေဖြစ်နေလေ့ရှိပြီး အစိုးရနဲ့ အစိုးရအသိုင်းအ၀ိုင်း(ခရိုန)ီ တွေ အတွက် ဥပဒေသစ်တွေကတော့ တခုပြီးတခုဆိုသလို ဟောကနဲ ဟောကနဲထွက်လာနေတာတွေ့နေရတယ်။ဒါပြည်သူလူထု ကို နားလှည့်ပါးရိုက်လုပ်နေကြတာပါ။ အရင် အစိုးရလက်ထက်တုန်းကလဲ ဗမာပြည်နိုင်ငံရေးကို ဗိုလ်သန်းရွှေနဲ့ စစ်ဗိုလ်တစုက ကိုင်ထားပြီး ကြံ့ဖွံ့ ဆိုတာ အဲဒီတုန်း ကလူမှုရေးအသင်းကြီးပါ။ဝန်ထမ်းတိုင်း မ၀င်မနေရအသင်းကြီးပေါ့။အခုတော့ နိုင်ငံရေးပါတီဖြစ်သွားပြီ။ အတော်ကိုအရှက် မရှိ ဗြောင်လိမ်ဗြောင်စားလုပ်ရပ်တွေပါ။ ငွေစာရင်းဆိုလဲ လုံးဝရှင်းရှင်းလင်းလင်းမရှိဘူး။ လုပ်ငန်းဆိုတာတော့ ရှင်းဘို့ဝေလာ ဝေးပေါ့။ ပက်ပက် စက်စက်ပြောရရင် စစ်ဘက်က သတ်ရဲဖြတ်ရဲလူတွေနဲ့ အရပ်သားလူဆိုးလူမိုက်တွေပေါင်းပြီး ပါတီထောင် ကြတာ မဟုတ်ဘဲ မာဖီယား လူဆိုးဂိုဏ်းထောင်ကြတာနဲ့တူနေတယ်။ ဒီပဲရင်းလုပ်ရပ်မှာ သက်သေပြခဲ့ကြတာပါ။ ဒီကိစ္စကို


ဘယ်သူမှလဲ မပြောရဲကြလို့ ဒီအတိုင်းကြည့်နေ ကြရတာပါ။တတိုင်းပြည်လုံး ဘယ်သူမှကြေနပ်တဲ့ကိစ္စ တော့မဟုတ်ပါဘူး။ ဘယ်လောက်ယုတ်မာကြသလဲဆိုရင် ကျောင်းသားကလေးတွေကိုတောင်ချန်မထားဘဲ အတင်းအဓမ္မအသင်းဝင် လုပ်ခိုင်းခဲ့ ကြတယ်။ အဖြူ အစိမ်း ဆိုတဲ့ အင်မတန်သန့်ရှင်းတဲ့ ပညာရေးသင်္ကေတရဲ့  နမိတ်ပုံကို ကြံ့ဖွံ့ အရေခွံ ဇွတ်အုပ်ခဲ့ကြတယ်။ ကြံ့ဖွံ့  လို အင်မတန်မိုက်ရိုင်းပြီး ယုတ်မာကောက်ကျစ်တဲ့ လူတွေနဲ့ အဖြူအစိမ်းသင်္ကေတဟာ ပြဒါးတလမ်း သံတလမ်းပါ။ တချိန်ချိန်မှာတော့ ကျနော်တို့ဆီက လုသွားတဲ့ ပညာရေးသင်္ကေတကိုကျနော်တို့ ပြန်တောင်း ကြရမှာ ဖြစ်ပါတယ်။ စီးပွါးရေး ကိုတော့ အခွင့်ထူးခံ ဦးပိုင်ကကိုင်ထားပြီး အုပ်ချူပ်ရေးမှာတော့ လက်ရှိသမ္မတ အဲဒီတုန်းက ၀န်ကြီးချူပ် ဗိုလ်ချူပ်ကြီးဟောင်း ဦးသိန်းစိန်ကိုယ်တိုင် တာဝန်ယူခဲ့တာပါ။ အခုတခါ အရင်အစိုးရလုပ်ခဲ့တာ ကျနော်တို့အခုအစိုးရနဲ့ မဆိုင်ဘူးဆိုပြီး ၀န်ကြီးချူပ် ဘ၀ကလုပ်ခဲ့တာတွေကို သမ္မတလဲဖြစ်ရော ကျူပ်တို့နဲ့မဆိုင်ဘူးလို့ပြောမယ်ဆိုရင်တော့ ဒါဟာလိမ်တာသက်သက်ဘဲဖြစ်ပါ လိမ့်မယ်။ဒါကြောင့် ယုံတယ် ယုံတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကို ကျနော်တို့မေးခွန်းထုတ်ဘို့ လိုလာပြီဖြစ်ပါတယ်။ အဲဒါကတော့ ”တခါခံရရင် လုပ်သူအပြစ်တဲ့ နှစ်ခါခံရရင်တော့ ခံရသူအပြစ်တဲ့” အခုဟာက အကြီမ် ကြီမ်ခံနေရတာတောင် မရှက်မကြောက် ယုံနေသေးတယ်ဆိုရင်တော့ ဘယ်နှစ်ကြိမ်ထိအောင် ကျနော်တို့ ခံကြရမှာလဲ။ ပြည်သူလူထု ဦးကျိုးသွားမှာ မစိုးရိမ်ဘူးလား ဆိုတဲ့မေးခွန်းပါ။ အရှေ့ တောင်အာရှ နဲ့ အာရှဆိုင်ရာ အမေရိကန်ပေါ်လစီအပြောင်းအလဲအပေါ် စစ်ဗိုလ်ချူပ်တွေ ပလူးပလဲ လုပ်ချင်နေခဲ့ကြ တာကြာပြီ။ ခပ်မြက်မြက်ကလေးလဲစားချင်ဝါးချင်နေကြတယ်။ စုမိဆောင်းမိတာလေးတွေလဲ ရှိလာတော့ အများနည်းတူ မီလျှံနာ ဖြစ်ချင်လာကြတယ်။အမေရိကန်လိုနိုင်ငံကြီးမှာ နတ်စည်းစိမ်တွေ ခံစားချင်လာကြတယ်။ ဒီအတွက်လွယ်လွယ်ကူ ကူ မြန်မြန်ဆန်ဆန်လမ်းပွင့်ဘို့ ကြားခံလူလိုလာတယ်။နိုင်ငံတကာမျက်နှာစာမှာ ဒီအတွက်အကောင်းဆုံးကြားခံလူက ဒေါ်စု ဖြစ်နေတယ်။ဒေါ်စုကိုယ်တိုင်ကလဲ ပြည်သူလူထု အကျိုးရှိရင်သူ့အနေနဲ့အသုံးချခံဘို့အသင့်ဘဲလို့ ဗြောင်ပြောခဲတ့ာပါ။အသုံး ချတာလဲတကယ့်ကို ခံခဲပ့ါတယ်။ စစ်ဗိုလ်ချူပ်တွေကတော့ အတိုင်းထက်အလွန်ကို အကျိုးရှိသွားခဲ့တာပေါ့။တခါမှ လူရာသွင်း မခံခဲရ့  တဲ့ ဗိုလ်ချူပ်တွေ လူရာပြန်ဝင်လာတယ်။ လူလိုသူလိုဆက်ဆံ ခံလာရတယ်။ လူတောသူတော တိုးလာတယ်။မာဖီးယား ခေတ်က စုဆောင်းထားတာတွေတရားဝင်ဖြစ်လာတော့မှာမို့ ပျော်ကြတယ်။ အမေရိကန်အစိုးရကလည်း ကြေနပ်ပါတယ်။အခု ဆိုရင် အမေရိကန် စစ်ဗိုလ်ချူပ်ကြီးတချို့ တောင် ဗမာပြည်ရောက်နေပြီဖြစ်ပါ တယ်။ စစ်အုပ်စုကတော့ထင်မှာဘဲ။ ငါတို့သိတ် လည်တယ်လို့။ ဗိုလ်ချူပ်တွေပျော်ကြသလို ဒေါ်စုလဲပျော်တာတွေ့ရတယ်။ သူလဲအကျိုးရှိတန်သ၍ ရှိသွားပါတယ်။ နိုင်ငံခေါင်းဆောင် တစ် ယောက် လို ဥရောပ အာရှ အမေရိကခရီးစဉ်တွေမှာ ပွဲလည်တင့်ခဲ့ပါတယ်။ အမေရိကန်အစိုးရအပါအ၀င်အစိုးရအသီးသီးရဲ့  နွေးထွေးလှိုက်လဲစွာကြိုဆိုမှုတွေဟာ နှစ်ဆယ့်တစ်ရာစုရဲ့ အထင်ကရ ညတွေလို့ပြောရမှာပါ။ ပြောရရင်တော့ နှစ်ဘက်စလုံး ကပေးတဲ့ ပွဲစားခပေါ့ ။နင့်နင့်နဲနဲ ရှိလှပါတယ်။ ဘက်နှစ် ဘက်လုံးက သူ့အကျိုးကိုယ့်အကျိုးအတွက် ရတဲ့အကွက်ကို ဆွဲစား လိုက်ကြတာလို့ ပွင့်ပွင့်လင်းလင်း ပြောရရင် မမှားဘူးထင်တယ်။ တကယ့်ကို ဘာမှမရလိုက်ကြတာကတော့ တိုင်းရင်းသား ပြည်သူလူထုကြီးဘဲဖြစ်ပါတယ်။ မစားရ ၀ခမန်းမိန့်ခွန်းတွေနဲ့ စိတ်ကူးယဉ်အိပ်မက်တွေကိုမက်ရင်း မနက်မိ���းသောက် အလင်း ရောက်မှာ ကြောက်နေကြရတဲ့ ဘ၀ဆိုးတွေအတွက် ရင်မောရတယ်။ သူတို့ ရဲ့ အနာဂါတ်ကို စားမရ သောက်မရတဲ့ မက်လုံး တွေနဲ့ လဲလှယ်နေကြရတယ်ဆိုတာ သူတို့များတကယ်သိရင် သူတို့ပျော်ကြမှာ မဟုတ်တာသေချာတယ်။ မကြာမီ ကမ္ဘာ့စစ် အခင်းအကျင်းသစ်တခုမှာ ကိုယ်တိုင်ပါဝင်ဘို့နီးလာပြီ ဆိုတာများသိရင် စစ်သားလေးတွေ စစ်ဗိုလ်လေးတွေ ပျော်ကြမယ် မထင်ဘူး။ ကျနော်ကတော့ မယုံဘူး မယုံဘူး ဆိုပြီးအကြိမ်ကြိမ်ပြောရလိမ့်မယ်။ တကယ့်ကို မယုံတာပါ။ ယုံကြည်စရာ တစက်မှမရှိလို့ မယုံတာပါ။ကျနော်ဘာကြောင့်မယုံသလဲဆိုတာ အချက်ကြီး ၂ချက်လောက်တင်ပြချင်တယ်။ အခြားအချက်တွေလဲ ရှိနိုင်ပါ တယ်။ ကျနော်တင်ပြမှုဟာ ကျနော့်တဦးချင်းရဲ့  အမြင်ဘဲဖြစ်တယ်ဆိုတာကိုတော့ကြိုတင်ပြောပါရစေ။ ကျနော့်တင်ပြလိုတဲ့ အချက်ကြီးတွေကတော့ ၁။ အမျိုးသားပြန်လည်သင့်မြတ်ရေး ၂။ အမျိုးသား အကျိုးစီးပွါးဆိုင်ရာ ကိစ္စရပ်ကြီးတွေဖြစ်ပါ တယ်။ ဒါတွေဟာ ကိုင်းဖြားကိုင်းနားကိစ္စများမဟုတ်ဘဲ ပင်စည်ကိစ္စကြီးတွေပါ။အလွန်ကို အရေးကြီးပါတယ်။


၁။အမျိုးသားပြန်လည်သင့်မြတ်ရေး။

စစ်ပြီးခေတ်မြန်မာနိုင်ငံသမိုင်းဟာ အမျိုးသားသွေးကွဲမှု သမိုင်းဘဲဖြစ်ပါတယ်။ နှစ်ပေါင်းကြာလာတာနဲ့အမျှ နက်နက် ရှိုင်းရှိုင်းလဲ ဖြစ်လာပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ မဖြစ်မနေလုပ်ကို လုပ်ရမဲ့ ကိစ္စကြီးဘဲဖြစ်ပါတယ်။အမျိုးသားသွေးကွဲမှုကြောင့် ပြည်တွင်းစစ်ကြီးဖြစ်တယ်။ပြည်တွင်းစစ်ရဲ့ သဘောသဘာဝဖြစ်တဲ့ နှစဘ် က်သောစစ်တပ်တွေ စစ်တိုက်ကြရတယ်။ အနှစ် ၆၀ ကျော်ကြာစစ်ပွဲကြီးတွေမှာ မြောက်များစွာသောပြည်သူတွေ သေကြေကြရတယ်။ဟိုဘက်ဒီဘက် စစ်သည်တွေသေကြရတယ်။ အိုးအိမ်တွေပျက်စီးဆုံးရုံးကြရတယ်။စစ်ပွဲတွေကြောင့် ဘေးထွက်ဆိုးကျိုးတွေအများကြီးကို ကျနော်တို့အား လုံးရင်ဆိုင်ခြဲ့ ကရတယ်။ပြည်တွင်းစစ်ကြီးရှည်ကြာလာတာနဲ့အမျှ တိုင်းရင်းသားဒေသတွေမှာသာတိုက်ပွဲတွေ အဖြစ်များလာပြီး တိုင်းရင်းသားဒေသတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ပိုမိုကြီးမား လာတာတွေ့ရတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေဟာလဲ အဲဒီလိုတိုင်းရင်းသားဒေသတွေမှာ မယုံနိုင်လောက်အောင် ဖြစ်ပေါ်လေ့ရှိပြီး အချို့ သောဒေသတွေမှာဆို လူတွေမှဟုတ်ကြသေးရဲ့ လားလို့ ပြောယူရလောက်အောင် ပက်ပက်စက် စက် ယုတ်ယုတ်မာမာ လုပ်ရပ်တွေကိုတွေ့ ရလေ့ရှိပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်နိုင်မှ ကျနော်တို့နိုင်ငံကြီးပွါးချမ်းသာမယ်။ပြည်သူတွေဘ၀ လုံခြုံအေးချမ်းမှုရှိမယ်။ အမျိုးသားဂုဏ်သိက္ခာရှိလာမယ်။ဘယ်လိုလောဂျစ်နဲ့တွက်တွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ မရှိမနေလိုအပ် ချက်ဖြစ်ပါတယ်။ ဒီအတွက်ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေကျိုးပမ်းရပါမယ်။ ဗမာလူမျိုးများ အပါအ၀င် တိုင်းရင်းသားအားလုံးဟာ ပြည်တွင်ငြိမ်းချမ်းရေးကို အမှန်တကယ်ကိုလိုချင်ကြတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲ။ ဒီအထဲမှာ တပ်မတော်သားတွေလဲ ပါတယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ချူပ် ဆိုသူတွေကိုတော့ ယုံကြည်ရအတော်ခက်တယ်။ အကြောင်းကတော့ ဒီ ပြည်တွင်းစစ်ကြောင့် ကြီးပွါးချမ်းသာလာတဲ့ ပုဂ္ဂိုလ်များအုပ်စုမှာ သူတို့ကရှေ့တန်းမှာ ရှိနေကြလို့ဘဲဖြစ်ပါတယ်။ အားလုံးကိုတော့မဆိုလိုပါဘူး။ ပြီးခဲ့တဲ့ န၀တ နအဖ စစ်ကောင်စီခေတ် တွေမှာတော့ ဗိုလ်ချူပ်အတော်များများဟာ အလွန်အကျွံကို ချမ်းသာသွားကြတယ်။ဒါကလဲကျနော်တို့လက်တွေ့ သိနေ မြင်နေရတဲ့ကိစ္စပါ။ ကနေ့ န၀တ နအဖစစ်ကောင်စီခေတ်က ကာလုံစစ်ကောင်စီခေတ်ကိုပြောင်းလာတယ်။ အပေါ်ယံမှာတော့ သမ္မတတွေ လွတ်တော်တွေရှိလာတယ်။ ဒီမိုကရေစီ စကားတွေပြောလာကြပြန်တယ်။ အပေါ်ယံမဟုတ်ဘဲ အနှစ်သာရရှိရှိ ပြောလာ ကြတာဆိုရင်တော့ ကောင်းတဲ့ကိစ္စမို့ ကြိုဆိုရမှာပါဘဲ။ ဒါပေမဲ့ ကနေ့ လုပ်နေတဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စကတော့ အတော့်ကို နားလည်ရခက်ပြီး ကာလုံစစ်ကောင်စီရဲ့  ရိုးသားမှုကို စိမ်ခေါ်နေတယ်လို့ ထင်တယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းကို န၀တ နအဖစစ်ကောင်စီခေတ်ကစခဲ့တာလို့ ပြောရမယ်ထင်တယ်။ ပထမဆုံး အပစ်အခတ်ရပ်စဲရေးလုပခ်ဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်ခံ ၂၀၂ စစ်ဒေသဖြစ်တဲ့ ကိုးကန့်ဒေသကစတဲ့ ဖြစ်စဉ်လို့ပြောလို့ရမယ်ထင်တယ်။ ၁၉၈၉ ခုနှစ်မတ်လမှာ အပစ် အခတ်ရပ်စဲရေးစတင်သလောတူခဲ့တာဖြစ်ပြီး မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်များ တပ်မတော် MNDAA (Myanmar National Democracy Alliance Army) လို့အမည်ပြောင်းခဲ့တယ်။ဆင့်ကဲဆိုသလို ၁၉၈၉ ခုနှစ် ဧပြီလတွင် ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA (United Wa State Army) အမည်နဲ့ ဗမာ ပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချူပ် ပန်ဆန်းဒေသ ၀ အဖွဲ့ ကတဖန် အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပြန်ပါတယ်။ အပစ်အခတ် ရပ်စဲရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကချင် လွတ်လပ်ရေး တပ်မတော် KIA (Kachin Independence Army) ၁၉၉၃ ခုနှစ်၊ အောက်တိုဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။ ယခု အပြင်းအထန် စစ်ပြန်တိုက်နေသည်။ ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA (United Wa State Army)


၁၉၈၉ ခုနှစ်၊ ဧပြီလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S (Shan State Army -South) အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု လက်မှတ်မထိုးရသေး ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) KNU (Karen National Union) ၂၀၁၂ ခုနှစ်တွင်အပစ်အခတ် ရပ်စဲရေးသဘောတူညီခဲ့သည်။ မွန်ပြည်သစ်ပါတီ NMSP (New Mon State Party) ၁၉၉၅ ခုနှစ်၊ ဇွန်လတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။ ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDA-K (New Democratic Army-Kachin) ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် PSLA (Palaung State Liberation Army) ၁၉၉၁ ခုနှစ်၊ ဧပြီလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။ ကချင် ကာကွယ်ရေး တပ်မတော် KDA (Kachin Defence Army) ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်များ တပ်မတော် MNDAA (Myanmar National Democracy Alliance Army) ၁၉၈၉ ခုနှစ်၊ မတ်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညခီဲ့သည်။ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA (National Democratic Alliance Army) ၁၉၈၉ ခုနှစ်၊ ဇွန်လတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲသ့  ည်။ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSA-N (Shan State Army-North) ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် (ပီအန်အို) Pa-O National Organization (PNO) ၁၉၉၁ ခုနှစ်၊ ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) SNPLO (Shan Nationalities People Liberation Organization) ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) KNPLF (Karenni Nationalities People Liberation Front) ၁၉၉၄ ခုနှစ်၊ မေလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။ ကယန်းပြည်သစ်ပါတီ KNLP (Kayan New Land Party) ၁၉၉၄ ခုနှစ်၊ ဇူလိုင်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) KNPP (Karenni National Progressive Party) ၂၀၁၂ ခုနှစ်၊ အပစ်အခတ် ရပ်စဲရေးသဘောတူညီခဲ့သည်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) DKBA (Democratic Karen Buddhist Army) ၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။ ကျနော်ဆိုလိုချင်တာက ၁၉၈၉ ခုနှစ်က စခဲ့တဲ့ အပစ်အခတ်ရပ်စဲ လုပ်ငန်းစဉ်ဟာ အခုဆိုရင် ၂၃နှစ်တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလအတွင်း အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား မြောက်မြားစွာသောပြသနာမျာ��� စိမ်ခေါ်မှုများနှင့် ကြုံတွေ့ကြရကြောင်းသိရပါတယ်။ ၂၃နှစ်ကြာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းကို နိဂုံးချူပ်ကြည့်ရာ ၁။ မည်သည့်အဖွဲ့အစည်းမှ နိုင်ငံရေးစကားပြောခွင့်မရခဲ့ခြင်း။ ၂။ အဖွဲ့အစည်းအချို့  ခြိမ်းခြောက်ခံရမှုကိုမရင်ဆိုင်နိုင်သောကြောင့် နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲခဲ့ရခြင်း။


၃။ အချို့အဖွဲ့အစည်းများ အတွင်းပိုင်းမညီမညွတ်ဖြစ်ကာ အပြန်အလှန်ပစ်ခတ်ကြစဉ် စစ်တပ်မှ တဖက်အဖွဲ့ နှင့် ပူးပေါင်းကာ အခြားအဖွဲ့ဘက်မှ တပ်ဖွဲဝ့  င်များကို ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း။ ၄။ အဖွဲ့ အစည်းငယ်များအား စစ်ရေးဖြင့်အကြပ်ကိုင်ခြင်း၊ စီးပွါးရေးဖြင့် အကြပ်ကိုင်ခြင်းများ အမြဲပြုလုပ်လေ့ရှိခြင်း။ ၅။ ဘယ်အချိန်တွင် နိုင်ငံရေးစကားပြောမည်ကို ယခုထက်ထိမည်သူမျှမသိရခြင်း။ ၆။ အပစ်အခတ်ရပ်စဲရေး အဖွဲ့ အစည်းခေါင်းဆောင်အချို့ အား အထူးစီးပွါးရေးလုပ်ခွင့်များပေးကာ တပ်နှငက့်ွဲကွါစေခြင်း လူထုနှင့်ကွဲကွါစေခြင်း။ ရ။ ကချင်လွတ်လပ်ရေးတပ်မတော်အား အကြီးအကျယ်ထိုးစစ်များဆင်၍ တိုက်ခိုက်ခြင်း စတဲ့အချက်တွေကို ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်။ တိုင်းရင်းသားများလိုချင်တာက ငြိမ်းချမ်းရေးစစ်စစ်ပါ။ အတုအယောင်အပစ်အခတ် ရပ်စဲရေးမဟုတ်ပါဘူး။ အပစ်အခတ် ရပ်စဲရေးကြာလာတာနဲ့အမျှတိုင်းရင်းသားအဖွဲ့ အစည်းတွေ သူ့အလိုလိုကွဲကုန်ကြမယ်ဆိုတဲ့ လော့ဂျစ် ကတော့ လုံးဝကို မမှနနိုင်ဘူးလို့ ပြောပါရစေ။ကနေ့ ကာလုံစစ်ကောင်စအီ နေနဲ့ အရင်ကစစ်ကောင်စီတွေ စဉ်းစားသလို စစ်ရေးအရ ဖိအား ပေးလိုက် စီးပွါးရေးအရဖိအားပေးလိုက် နိုင်ငံရေးအရအကြပ်ကိုင်လိုက် နဲ့ အချိန်ဆွဲပြီးဖြိုခွဲတဲ့ နည်းကိုဘဲထပ်သုံးနေဦးမယ် ဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အလှမ်းကွာနေဦးမှာဖြစ်ပါတယ်။ ကျနော့်အမြင်ကတော့ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်တခုလုံး ကျက်သရေယုတ်စွာ ချန်ထားတာကတော့ အချိန်သတ်မှတ် ချက်လုံးဝမရှိတာပါ။ ဆိုလိုချင်တာက အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ၆လကြာရင် နိုင်ငံရေး စကားပြောမယ် ဒါမှမဟုတ် ၁နှစ် ကြာရင်နိုင်ငံရေး စကားပြောမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက်မျိုးမရှိတော့ (တမင်ချန်ထားခဲ့တော့) ၂၃နှစ်သာကြာလို့ တချို့  အဖွဲ့ တွေနယ်ခြားစောင့်တပ်သာဖြစ်သွားတယ် နိုင်ငံရေး စကားမပြောလိုက်ကြရပါဘူး။ ဒါ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ် ကြီးတခုလုံးရဲ့  မရိုးသားတဲ့စေတနာဖြစ်တယ်လို့ ပြောချင်တယ်။ အခုလဲကြည့်ပါဦး။ နိုင်ငံတော်သမ္မတရဲ့  ငြိမ်းချမ်းရေးဖေါ် ဆောင်ဘို့ လမ်းညွန်ချက်ဆိုတာတွေပါ။ လွတ်တော်မှာ ဦးအောင်မင်းပြောတာက (တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် ပြည်ထောင်စုလွှတ်တော်အဆင့် ဟူ၍ အဆင့်(၃)ဆင့် ပိုင်းခြားသုံးသပ်ပြီးဆောင်ရွက်သွားကြရန် လမ်းညွှန်ထားပါကြောင်း။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် လုပ်ငန်းတာဝန် (၅)ရပ်နှင့် ပြည်ထောင်စုအဆင့်တွင် လုပ်ငန်းတာဝန်(၈)ရပ်ကို မူဝါဒချမှတ်ပေးထားပါကြောင်း။) ကဲဘယ်မှာလဲ အချိန်သတ်မှတ်ချက်။ပြောရရင်တော့ဗျာ မြန်မာ နိုင်ငံသားတွေဟာ ငထူငအတွေ မဟုတ်ကြဘူးဆိုတာပါဘဲ။ဒီလမ်းညွန်ချက် ဆိုတဲ့အတိုင်းသွားနေလို့ကတော့ ဦးသိန်းစိန် အစိုးရပြီးလို့ နောက်အစိုးရ ၂ဆက် ၃ဆက်တောင် တိုင်းရင်းသားတွေ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပါတ်သက်ပြီ တရားဝင် နိုင်ငံရေး စကားပြောခွင့်ရဦးမှာမဟုတဘ်ူးဆိုတာ သေချာတယ်။ စစ်ရေးအရဆိုရင် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်တခုမှာ ကျနော်ကိုယ်တိုင်ပါဝင်ပါတ်သက်ခဲ့ဘူးပါတယ်။ ကျနော်တို့ သဘောတူညီချက်( gentleman agreement ) မှာ ဥပဒေဘောင်ထဲပြန်ဝင်လာသော -----အဖွဲ့ အစည်းအားကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်စာတမ်း ကျနော်တို့သဘောတူထားတာမှာမပါခဲ့ဘူး။ ကျနော်တို့ ချီတက်အင်အားပြတဲ့နေ့မှာကျမှ မြို့  အ၀င်မှာ အဲဒီဆိုင်းဘုတ်ကို တွေ့ကြရပြီး ရဲဘော်တွေတပ်မှုးတွေ အတော်စိတ်ပျက်ကုန်ကြတယ်။သဘောကတော့ လူထု အမြင်မှာ ကျနော်တို့လက်နက်ချသလိုမျိုး ဖြစ်အောင် တမင်အကွက်ဆင်ဖန်တီးခဲ့တာပါ။နောက်အချက်ပေါင်းများစွာထဲက အလွန်ကို ယုတ်ယုတ်မာမာ လုပ်တဲ့ ကိစ္စတခုကတော့ ကျနော်တို့ဌာနချူပ်တွေရှိရာကို စစ်တပ်တွေတဖြည်းဖြည်းချင်းကပ် နေရာယူလာကြတာပါ။ ရူးချင်ယောင်ဆောင်တာတမျိုး ဟိုလိုလိုဒီလိုလိုတမျိုးနဲ့  ကျနော်တို့ဌာနချူပ်ကို စစ်ရေးအရ ၀ိုင်းတဲ့ လုပ်ရပ်ပါ။အဲဒီလို လုပ်ရပ်တွေနဲ့ ဘယ်လိုလုပ်ငြိမ်းချမ်းရေးရမှာလဲ။ ကျနော်ဗမာလူမျိုးတယောက်ပါ။ ဒီလူတွေရဲ့  အခုလို လုပ်ရပ်တွေအတွက် ကျနော်တို့အရှက်ရစေပါတယ်။ ဒါကြောင့်ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဗမာလူမျိုးများအပါ အ၀င် အနုပညာရှင်တွေ စာပေပညာရှင်တွေကအစ ကျောင်းသူကျောင်းသားများ ရဟန်းသံဃာ တော်များနဲ့ တပ်မတော် သားများပါ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြမှ ကျနော်တို့အားလုံး ငြိမ်းချမ်းတဲ့နိုင်ငံ ချမ်းသာတဲ့နိုင်ငံ ဂုဏ်သိက္ခာ


ရှိတဲ့နိုင်ငံဖြစ်လာမှာပါ။ ဦးသိန်းစိန်ပြောတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့တော့ အလုပ်ဖြစ်မှာမဟုတ်ဘဲ KIA လိုပြန် တိုက်ကြရဦးမှာပါဗျာ။ ဦးသိန်းစိန်ကို လုံးဝမယုံကြည်ကြောင်း ထပ်ပြောပါရစေ။

၂။ အမျိုးသား အကျူိုးစီးပွါး။ ပထမဆုံး ဦးပိုင်လီမိတက် အကြောင်းက အစချီချင်တယ်။ ဦးပိုင်လီမိတက်ဆိုတာ ဗမာပြည်ရဲ့  အကြီးဆုံးလုယက်ဂိုဏ်း ကြီးလို့ ပြောရင်မမှားပါဘူး။ သေရွာသွားမဲ့ စစ်သားလေးတွေပါးစပ်ထဲက ထ္မင်းလုပ်ကိုတောင် သွေးအေးအေးနဲ့ လုယက်ရဲ တဲ့လူတွေပါ။ စစ်သားလေးတွေကို ဦးပိုင်မှာ အတင်းအမိန့်ထုတ်ငွေစုခိုင်းတယ်။စုငွေဆိုတာပေါ့။ လစာကနေ လတိုင်းဖြတ် တယ်။ စုချင်မစုချင်ဖြတ်တယ်။ ရဲဘော်ဆိုတာ စစ်တပ်မှာ လစာအနည်းဆုံးဝန်ထမ်းပါ။ ဆိုလိုတာကလစာ အနည်းဆုံးလို့ ပြောတာပါ။ ဘယ်ကမှလဲ ဖြစ်ဖြစ်မြောက်မြောက်အကြံအဖန်ရှိတာမဟုတ်တော့ လိုအပ်တဲ့အခါ စုငွေပြန်ထုတ်ချင်ကြတယ်။ လုံးဝထုတ်ခွင့်မရပါဘူး။ ဒါကြောင့် စစ်သားပါးစပ်က ထ္မင်းလုပ်ကိုတောင် လုစားတဲ့လူတွေလို့ပြောတာပါ။ ဦးပိုင်လီမိတက်နဲ့ ပါတ်သက်ပြီး သူတို့ရဲလုပ်ကွက်တွေ ၀င်ငွေတွေနဲ့ ဦးစီးတဲ့ပုဂ္ဂိုလ်တွေအကြောင်း ၂၀၀၈ခုနှစ်က source တခုကိုအခြေပြုပြီး အနဲငယ်တင်ပြလိုပါတယ်။

MYANMAR ECONOMIC HOLDINGS LTD (MEHL) ဦးပိုင်လီမိတက် မြန်မာ့ဦးပိုင်လီမိတက်ကို ၁၉၉၀ခုနှစ် ဧပြီလ ၂၇ နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် အစိုးရပိုင်စီးပွါးရေးလုပ်ငန်းပေါင်း ၄၆ ခုအနက် အကြီးဆုံးလုပ်ငန်းတခုဖြစ်ကြောင်းလည်းသိရပါတယ်။ လက်ရှိစစ်တပ်မှအရာရှိကြီးများ စစ်တပ်မှအနားယူသွားသော အရာရှိကြီးများဖြင့် ဘုတ်အဖွဲ့ ဖွဲ့ စည်းကာ တာဝန်ပေးလုပ်ကိုင် စေသည်ဟုလည်းသိရပါတယ်။အချို့ လုပ်ငန်းများကို ကိုယ်တိုင်လုပ် ကိုင်၍ အချို့ လုပ်ငန်းများကိုမူ နိုင်ငံခြားကုမ္ဗဏီများနှင့် ဖက်စပ်ဆောင်ရွက်ကြပါတယ်။ အောက်မှာ MEHL ပိုင်ကုမ္ဗဏီများနဲလ့ုပ်ငန်းဆိုင်ရာ ၀င်ငွေများကို ဖေါ်ပြပါလိုပါတယ်။

ဦးပိုင် ဘုတ်အဖွဲ့ ဝင်လူကြီးများ။ Members of MEHL Board of Directors As of June 30, 2008

Name

Position

Lt. General Tin Aye

Chairman

Major General Win Than

Managing Director

Major General Hla Shwe

Member

Lt. General Khin Maung Tun

Member

Major General Thein Htike

Member

Major General Nyan Tun (Navy)

Member


Maj. Gen. Khin Aung Myint (AF)

Member

Major General Tin Ngwe (Rtd.)

Member

Major General Hlaing Myint

Member

Colonel Thein Htay

Member

ဦးပိုင်မှ ပိုင်သော ကုမ္ဗဏီများ။ MEHL Business Interests As of June 30, 2008 MEHL-Owned Manufacturing Companies Myanmar Ruby Enterprise Myanmar Imperial Jade Co. Ltd. Myanmar Rubber Wood Co. Ltd. Myawaddy Drinking Water Co. No. 1-2 Sin Min Cement Factories Ngwe Pin Le Livestock Breeding and Marine Products Granite Tiles Factory Padonma Soap Factory Kanpauk Palm Oil Plantation Kanpauk Raw Palm Oil Production Plant Okkan Sugar Factory and Sugarcane Plantation Okkan Sugarcane Plantation In Nga Kwa Sugar Factory and Sha Pyin Sugarcane Plantation Sharpyin Sugarcane Plantation Burger Paints Manufacturing Co. Moe Gyo Sulphuric Acid Factory Plastic Consumer Goods Factory Taw Win Plastic Bag Factory Taninthayi Bird's Nest Collection and Manufacturing Inn Taw Kaw Industrial Zone Be'lin Granite Tiles Factory MEHL-Owned Trading Companies Myawaddy Trading Ltd. Pyithaya Export-crops Plantation and Trading Doe Ya Myay Export-crops Plantation and Trading Military Welfare Shops Shweli Supermarket MEHL-Owned Services Companies Myawaddy Bank Bandoola Transportation Ltd. Myawaddy Travel and Tour Co. Ltd. Nawaday Hotel and Tourism Myawaddy Agricultural Services Co. Ltd. Myawaddy Trading Ltd. (Foreign Currencies Exchange) Myanma Land and Development Co. Ltd. Attaran Hotel and leasing service Taninthayi Guest House --X-Ray Scanning Equipment Services Leasing Land to International Language and Business Center (ILBC) Maritime Co., Ltd.

-anpi


MEHL Joint Ventures Myanmar Segal International Ltd. Myanmar Daewoo International Ltd. Rothmans of Pall Mall Myanmar Private Ltd. Myanmar Brewery Ltd. Myanmar Posco Steel Co. Lt. Myanmar Noeveau Steel Co. Ltd. The First Automotive Co. Ltd. Hanthawaddy Golf Club and City Club Ltd. National Development Corporation

ဦးပ"#င်၏ ကုမ္ဗဏီခွဲများနှင့် ၀င်ငွေ (USD)

Total Sales of MEHL-Owned Businesses (In thousands of USD) Company

Product

Value

Myanmar Ruby Enterprise Mogoke Gems Mineshu Gems Nantyar Gems Gold Exploration Mawchi Mining

Gems Gems Gems Gold Lead

4,989 755 8,788 607 4,100

Myanmar Imperial Jade Co. Shal Family Co. Imperial Jade Production

Jade Bracelets Jade

223 4,290

Myanmar Rubber Wood Co. Myawaddy Drinking Water

Rubber Water

Sin Min Cement Factories Burger Paints

Cement Paint

Ngwe Pin Le Co. Fisheries Export of Marine Products Marine Finished Products Aquaculture Marine Industrial Zone Breeding Industry Heavy Machinery Diesel Trading Sein Pin Le Factory Marine Products Auction Mayan Zwe Ba Pond Mee Pya Prawn Pond Myawaddy Ice Factory Shwe Pyi Tha Ice Facotry Ngwe Pin Le Co. Granite Tiles Factory Be'Lin Granite Tiles Padonma Soap Factory Okkan Sugar Factory Inn Nga Kwa Sugar Factory Moe Gyo Factory Taw Win Factory Plastic Consumer Goods

Fish Fish Fish Fish Land Plots Livestock Machines Petrol Sales Food Prod. Fish Prawns Prawns Ice Ice Livestock Tiles Tiles Soap Sugar Sugar Acid Plastic Bags Plastic

10 20 1,030 163 162 690 64 -26 702 562 90 140 11 -13 -8 14 120 550 500 25 11 120 -291 118 97 28 43


Kan Pauk Oil Plantation Inn Ta Kaw Industrial Zone Taininthayi Bird's Nest Myawaddy Trading Ltd. Pyithaya Export Crops Doe Yamyay Export Crops Myawaddy Bank Bandoola Transport Myawaddy Travel and Tours

Palm Oil Land Plots Manufacturing Trade Trade Trade Bank Services 6 Transport Cos. Tourism

Nawaday Tourism Co. --Central Hotel --Ngwe Saung Beach Hotel --Mogok Motel --Nawady Hotel Myawaddy Agricultural Svcs. Myanmar Land Dev. Corp. Attaran Hotel Taninthayi Guest House X-Ray Scanning ILBC Land Lease Lanpi Maritime Co. Myanmar Segal Myanmar Daewoo Rothmans of Pall Mall Myanmar Brewery Myanmar Posco Steel Myanmar Noveau Steel First Automotive Co. Hanthawaddy Golf Course National Dev. Corp.

Tourism Lease Tourism Tourism 4 Farms Land Tourism Tourism Med. Equip. Land Shipping Textiles Textiles Cigarettes Beer Steel Steel Isuzu Cars Golf Housing

Total Source:

4 -139 100 11,000 110 55 75 555 16 713 1,000 750 250 69 2,008 12 9 107 484 0 750 23 1,145 1,887 114 36 -90 -31 615 49,811

MEHL FY07-08 Annual Report

အထက်မှာဖေါ်ပြထားတာကတော့ ဦးပိုင်ရဲ့ ဝင်ငွေတွေပါ။ အဲဒီနှစ်နိုင်ငံတော် အစိုးရ အသုံးစရိတ်ဘတ်ဂျက် မှာ စစ်တပ်က ဘတ်ဂျက်ရဲ့ ၄၀% ကျော်သုံးထားပြန်တယ်။ ဒီကြားထဲနယ်မြေခံတပ်ရင်းဆိုသူတွေရဲ့ မြေသိမ်း ယာသိမ်းကိစ္စတွေနဲ့ အခြား ၀န်ကြီးဌာနတွေရဲ ဘတ်ဂျက်ကို စစ်တပ်ကယူသုံးထားတာတွေ အပါအ၀င်ဆိုရင် မြန်မာနိုင်ငံစီးပွါးရေးရဲ့  ၈၀% ကျော်ဟာ စစ်တပ်လက်ထဲမှာ ရှိနေတာကိုမြင်ကြရမှာဖြစ်ပါတယ်။ကျနော်တို့ မြန်မာနိုင်ငံသားတွေဆင်းရဲရတဲ့ အကြောင်းထဲကအကြီး အကျယ်ဆုံး အကြောင်းရင်းကြီးဘဲဖြစ်ပါတယ်။ ကျနော်တို့ကို ဆင်းရဲတွင်းနက်စေတဲ့ ပင်ရင်းပြဿနာလဲဖြစ်ပါတယ်။ ဒီလောက် များပြားလှတဲ့ ၀ငိငွေတွေကို လူထုကိုမကျွေးဘဲ ဘာတွေလုပ်ပစ်ခြဲ့ ကသလဲ။ ဒါကို ကျနော်တို့ ပြည်သူတွေ သိချင် နေကြတယ်။ အပြောကြီးနေတဲ့ ဦးသိန်းစိန်ကို မြန်မာစကားပုံတခုပြောပြချင်တယ်။ဒါကတော့ ခါးတောင်းကျိုက်တခြား ဖင် တခြား ဆိုတဲ့စကားပုံပါ။ ကျားဖမ်းမယ်ဆင်ဖမ်းမယ်လို့ ပြောနေတဲ့ ဦုးသိန်း စိန် တကယ်တော့သိသိကြီးနဲ့  အများပြည်သူ ကိုလိမ်နေတာပါ။ ၂၀၁၁-၁၂ ဦးပိုင၀် င်ငွေဟာ ပိုများနိုင်ပါတယ်။ မုံရွာ လက်ပံတောင်းတောင် အပါအ၀င် ဦးပိုင် လက်ညိုးထိုး ရောင်းစားထားတဲ့ မြန်မာ့တောတောင် ရေမြေ သံယံဇာတ တွေမနည်းပါဘူး။။ဒီကြားထဲ စစ်တပ်ဘတ်ဂျက်ဆိုတာကလဲ သပ်သပ်ရှိနေသေးတယ်။ ဒါကြောင့် အမျိုးသားစီးပွါးရေးဆို တကယ်တော့ စစ်တပ်စီးပွါးရေး လုံးလုံးဖြစ်နေတာတွေ့ ရမှာပါ။ဦးပိုင်ကို မဖျက်သ၍ ကျနော် တို့ အမျိုးသားအကျိုးစီးပွါးဟာ စစ်တပ်အကျိုးစီးပွါးဘဲဖြစ်နေဦးမှာပါဘဲ။ ဦးပိုင်ကို မဖျက်သ၍ ဦးသိန်းစိန်ကိုမယုံပါ။ ပြည်တွင်း ငြိမ်းချမ်းရေးကို ရိုးရိုး သားသားမလုပ်သမျှ ဦးသိန်းစိန်ကိုမယုံပါ။ ဦးသိန်းစိန်ကို လုံးဝမယုံကြည်ကြောင်း ထပ်ပြောပါရစေ။ ကိုအောင်မှိုင်း (၁၃၇၄ ခုနှစ် သီတင်းကျွတ်လဆန်း ၃ ရက်)


Trust