Issuu on Google+

August 25 th 2010 – MoeMaKa Daily Newsletter

• • • • • • • • • •

ရွေးကောက်ပွဲ မဟုတ်တဲ့ ရွေးကောက်မွဲ ................................................................. 1 အယ်လ်အေက ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ ဂီတဆည်းဆာနဲ့ ရသာစုံညနေခင်း ကျင်းပမည် ........................................................................................................... 5 ဆန်ဖရန်ဘေးဧရိယာမြန်မာများအသည်းရောင် ‘ဘီ’ ပိုး ရှိမရှိ အခမဲ့ စစ်ဆေးပေးမည် 9 ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ ....................................................... 10 ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည် ......................................................................... 18 ဦးဝင်းတင်နဲ့ မေးခွန်းများ - ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ ......... 19 ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရစ္စတီးကျွန်းပေါ်က လူသတ်ပွဲ ........ 24 မလွတ်မြောက်သော ၀ိညာဉ်များနှင့် အိမ်အမှတ် ၂၆၃ ........................................... 30 တရွေ့ရွေ့ဆိုရင်...တနေ့နေ့ကိုလည်းမြင်နိုင်တယ်................................................. 32 ပြည်သူ့ဂုဏ်ရည်အဖွဲ့က မိတ်ဆွေမြို့နယ်များ အသီးသီး ၂၀၁၁ အတွက် ပြင်ဆင်မှုများ စတင် ................................................................................................................. 34

ရွေးေ ကာက် ပွဲ မ ဟု တ် တဲ့  ရွေးေ ကာက် မွဲ မောင်လူရေး သြဂုတ် ၂၄၊ ၂၀၁၀ ရွေးကောက်ပွဲဟူသည် ရွေးကောက်မခံရဲသူ ၊ ရွေးကောက်မခံလိုသူ ၊ ကိုယ့်ဘာသာ တင်မြှော က်လိုသူတို့နှင့် ထိုက်တန်သော စကားလုံးမဟုတ် ။ အမြင်ကျဉ်းမြောင်းသူ ၊ သဘောထားသေးသိမ်သူ ၊ မယှဉ်ပြိုင်ဝံ့သူတို့၏ နှုတ်က ထုတ်ဖေါ်ခွင့်ရှိသော စကားလုံး လည်းမဟုတ် ။ ရွေးကောက်ပွဲ ဟူသော စကားလုံးသည် အာဏာရှင်တို့၏ နှုတ်မှ ကျလာမည်ဆိုလျှင် ယင်း၏အဓိပ္ပါယ်သည် ထင်တိုင်းကြဲသည့်ပွဲသာ ဖြစ်ပေလိမ့်မည် ။ သတ္တိမဲ့သူတို့၏ နှုတ်က ထုတ်ပြောမည်ဆိုလျှင် ရွေးကောက်ပွဲဟူသည် တွေးကြောက်ဆဲ ဟူသော အဓိပ္ပါ ယ်သာ ရှိပေလိမ့်မည် ။ တကယ်တော့ ရွေးကောက်ပွဲဟူသည် ရွေးကောက်ခံရဲသူတို့၏ စင်မြင့်သာဖြစ်၏ ။ လွှတ်တော်ဟူသည်လည်း သူရဲဘောကြောင်သူတို့၏ ဇရပ်မဟုတ်ပေ ။ ပြည်သူသည် ကိုယ့်ကို အလုပ်အကျွေးပြုမည့်သူကို ဆန္ဒပြုရမည်ဖြစ်ရာ ရွေးကောက်ပွဲဟူသည် ပြည်သူ့ဆန္ဒပြပွဲ သာတည်း ။ အစိုးရဟူသည် ပြည်သူ့ဆန္ဒ၏ကျွေးကျွန်သက်သက်သာ ဖြစ်၏ ။ သို့ဖြစ်ရကား ပြည်သူနှင့် အစိုးရ ဘယ်သူကမိဖ ၊ ဘယ်သူက သားသမီးဆိုတာ အထူး သိသာနေပေပြီ ။


ယနေ့ ရွှေဝါပြည်တွင် မိမိကိုယ်ကို ပြည်သူရဲ့အမိ ၊ ပြည်သူရဲ့အဖဟု သတ်မှတ်ထားသူ လူတစ်စုက ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ဆိုလာသည် ။ ချင့်ယုံဟုပြောရမှာ လည်း အားနာစရာကောင်းလှသည် ။ ရွေးကောက်ဖို့အခြေအနေမရှိလျှင်ဖြင့် ရွေးကောက်မွဲဟူ၍သာ ခေါ်ရပေတော့မည် ။ Busi ness ma n Wai L u K yaw i n Ta u ng Pyo ne Posted by Yan Lo Kywe | 6:36 PM | Burma News Headlines | 0 comments »

ေ၀ ဠဳ ေ က် ာ္ ေ ဆး ေ ဖ ာ္ ေ ရာင်း ပြီ ၊

တောင်ပြုန်းပွဲမှာ ကိုယ်တိုင် အရောင်းမြှင့်တင် မိုးမခအထောက်တော် ပုံတောင်ပုံညာ သြဂုတ် ၂၅၊ ၂၀၁၀

ဝေဠုကျော် တောင်ပြုန်းတွင် ဈေးကွက်ထိုးဖောက် (ဓာတ်ပုံများ - မိုးမခ) ဗီဒီယိုမင်းသား ဝေဠုကျော်က သူထုတ်လုပ် ရောင်းချသော တိုင်းရင်းဆေးများကို လက်ရှိ ကျင်းပနေသည့် တောင်ပြုံးပွဲတော်ကြီးတွင်

အကြီးအကျယ်

ကြော်ငြာလျက်ရှိသည်။

ထိုသို့ ကိုယ်တိုင် အရောင်းမြှင့်တင်ရာတွင် သူ၏ မိတ်ဆွေ လူရွှင်တော် တချို့ကလည်း ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ပေးနေသည်ကို

တွေ့ရသည်။

နိုင်ငံတစ်ဝန်းမှ နတ်ကိုးကွယ်သူများ စုဝေးရာ တောင်ပြုံးပွဲတော်သည် ၁၀ ရက်ကြာ ကျင်းပမည် ဖြစ်ပြီး ဤပွဲတွင် မင်းသားက သူ၏ ကြော်ငြာနေခြင်း

တိုင်းရင်းဆေးများ

ဈေးကွက်သို့

ကျယ်ကျယ်

ပြန့်ပြန့်

ရောက်ရှိစေ

လာရောက် ဖြစ်သည်။


မန္တလေးမြို့အနီး မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာ တွင် နှစ်စဉ် ကျင်းပသည့် ဤပွဲတော်ကြီးသို့ အနယ်နယ်မှ ရိုးရာနတ်ကိုးကွယ်သူ

အများအပြား

လာရောက်ကြသည်။

အနယ်နယ်မှ ပရိသတ်များ စုဝေးရာ တောင်ပြုံးပွဲကို အားကိုးသည့် အနုပညာရှင်မှာ ဝေဠုကျော် တစ်ဦးတည်း မဟုတ်ပေ။ အဆိုတော်ပေါက်စ နှင်းအဉ္ဇလီ ကလည်း သူ၏ စီးရီးသစ် "ပေါက်ပေါက်ဖောက်" ကို တောင်ပြုန်းတွင် ပရိုမိုးရှင်း လုပ်မည်ဟု တနင်္လာ နေ့ထုတ် အလင်းတန်း ဂျာနယ်တွင် ဖော်ပြထားသည်။ နှင်းအဉ္ဇလီက ဝေဠုကျော် နည်းတူ ပွဲတော်သို့ နယ်စုံမှ လာသူများကို ကြော်ငြာမည့်သူ ဖြစ်သည်။

ဝေဠုကျော် နှင့် သူ၏ ရှူဆေးကို အားပေးနေကြသော ရွှေပွဲလာများ


တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင် တဖြစ်လဲ ဗီဒီယိုမင်းသား ဝေဠုကျော် မင်းသား ဝေဠုကျော် ပါဝင်သော ဗီဒီယိုဇာတ်ကားများသည် နိုင်ငံ အနှံ့အပြားတွင် လူကြို က်များလျက် ရှိသည်။ မကြာသေးမီက ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့၏ မြန်မာပြည်တွင်း လုပ်ငန်းများတွင်လည်း ဝေဠုကျော်၏ လှုပ်ရှားမှုတချို့ကို

တွေ့ရသည်။

၂၀၀၈ နာဂစ်မုန်တိုင်း အပြီးတွင် ဝေဠုကျော်သည် လူမှုရေး လုပ်ငန်းများကို ဇာဂနာ၊ ကျော်သူတို့နှင့်အတူ ကူညီရေး

လုပ်ငန်းများ

နာဂစ်ဒေသရောက် “တော်တော်

ဝေဠုကျော်၏

ပင်ပန်းရှာပါတယ်။

ဆန်ပြုတ်ကျိုပြီးတော့ ထိုလုပ်ငန်းများအတွက်

ရွာတွေထဲကို ချီးကျူးသံ

လှုပ်ရှားမှုကို

ပါဝင် ဇာဂနာက

သူကိုယ်တိုင် သူကိုယ်တိုင် အများအပြား

VOA

ဆောင်ရွက်ခဲ့သည်။ သတင်းဌာနသို့

မော်တော်ကားနဲ့

ပြောပြခဲ့ဖူးသည်။

မောင်းပြီးတော့၊

လိုက်တိုက်တယ်” မထွက်ပေါ်ခဲ့သော်လည်း

ဝန်ကြီးဌာနများ၏ ၀ါဒဖြန့် ဇာတ်ကားများတွင် ပါဝင်မှုကြောင့် ဆဲဆိုခံနေရသည်။

ဟု

သူကိုယ်တိုင်

ဇာဂနာက

မင်းသား

ဆိုသည်။

ဝေဠုကျော်သည်


မင်းသားနှင့်အတူ အရောင်းမြှင့်တင်ကြသည့် လူရွှင်တော်တချို့

Frie nds o f Citiz en o f B ur ma (L A) to fu nd r asise wit h fu n fai r Posted by MoeMaKa | 5:25 PM | Local News Headlines | 0 comments »

အ ယ် လ် အေ ကြ ပ ည် သူ့  ဂု ဏ် ရ ည် မိ တ် ေ ဆြ မ် ား ဂီ တဆည်း ဆာနဲ့ ရ သာစုံ ညေ န ခင်း ကျင်း ပ မ ည် မိုးမခအထောက်တော် အယ်လ်အေ သြဂုတ် ၂၄၊ ၂၀၁၀ စက်တင်ဘာ ၂၅ ရက်ကို ကြိုတင် စာရင်းတို့ထားပြီး အရောက်လာကြဖို့ အယ်လ်အေမြို့နယ်က ပြည်သူ့ဂုဏ်ရည် မိတ်ဆွေတွေက နွေးထွေပျူငှာ စွာ ဖိတ်လိုက်ပါတယ်။ ၂၀၁၁ ခုနှစ် လာမယ့်နှစ် မေလ


ဝန်းကျင်မှာ ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့် ဂုဏ်ပြုပွဲ ကျင်းပမှာ ဖြစ်လို့ ယခုကတည်းက အမေရိကန်ပြည်က ပါဝင် အားပေးကြမယ့် မြို့နယ် ၁၅ မြို့နယ်ကျော် အထဲက မြို့နယ်အလိုက် ရန်ပုံငွေ ရှာ ဖွေပွဲတခုအဖြစ် အများပြည်သူတွေ ပိုပြီး သိရှိစေဖို့၊ နားလည် ရင်းနှီးစေဖို့ ဆောင်ရွက်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာတွေက မြန်မာပြည်နဲ့ မိသားစု၊ မိတ်ဆွေများ အလွမ်းပြေ အိမ်တိုင်း မြို့တိုင်းမှာ ကာရာအိုကေစက်တွေနဲ့ သီချင်းတွေ သီဆိုဟစ်ကြွေးလေ့ရှိတော့ အခုသည် ဂီတဆည်းဆာပွဲမှာ အလှူလည်း လုပ်၊ ကိုယ့်အဆိုပါရမီတွေကိုလည်း အများနဲ့ ဝေငှပြီး ချစ်ခင်ရင်းနှီးမှုတွေလည်း ရ၊ မိသားစုတွေရဲ့ ဆိုင်ချက်၊ အိမ်ချက် စားဖွယ်ရာရာတွေကိုလည်း ၀ယ်ယူအားပေးပြီး မြန်မာမိသားစုတွေရဲ့ နွေးထွေးတဲ့ အသိုင်းအ၀န်းကို ခံစားကြဖို့ ဖြစ်တယ်လို့ သိရပါတယ်။ အထက်ပါ ကြော်ငြာအတိုင်း

အချင်းချင်း

လက်တို့ပြီး

သွားရောက်

အားပေးကြပါ။

ယခင်

ကျောင်းသားဘ၀မှာ ကြုံခဲ့ကြတဲ့ ပျော်ပွဲ ရွှင်ပွဲလိုမျိုး ကို ပြန်လည် ဖန်တီးကြမှာ ဖြစ်လို့ အဝေးက ပြည်သူ့ဂုဏ်ရည် ချစ်သူတွေကလည်း သူတို့ရဲ့ အဆို နဲ့ အစား အစွမ်းသတ္တိတွေ လာရောက် ပြသလို့ ရတယ်လို့ သိရပါတယ်။ အဲသည်က

အလှူငွေ၊

ရန်ပုံငွေတွေ

အားလုံးကို

မြန်မာပြည်တွင်း

လူမှုလုပ်ငန်းများကို

အားပေးမြှင့်တင်ရန်၊ ဂုဏ်ယူဖွယ်ရာ မြန်မာများ မော်ကွန်းမှတ်တမ်းကို တည်ဆောက်ပြီး ၎င်းစာရင်းမှ ၂၀၁၁ အတွက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုဆုများ ချီးမြှင့်နိုင်ရန်အတွက် သုံးစွဲမှာ ဖြစ်ပါတယ်။ မြန်မာတွေ ဆုံစည်းနေကြ အယ်လ်အေက အောင်ဇေခန်းမမှာ ညနေ ၅ နာရီက ည ၁၀ နာရီအထိ တွေ့ဆုံကြဖို့ ဖိတ်ခေါ်ထားပါတယ်။

SP DC 's y ar dsal e be for e ele ctio n Posted by Yan Lo Kywe | 2:55 PM | Burma News Headlines | 0 comments »

ရွေးေ ကာက် ပွဲ မ တို င် မီ နို င် ငံ ပို င် ပ စ္စ ည်း မ် ား ေ ရာင်း ချရ န် စ စ် အ စိုး ရြ ကိုး ပ မ်း မိုးမခ အထောက်တော်၊ ရန်ကုန် သြဂုတ် ၂၅၊ ၂၀၁၀


ရန်ကုန်မြစ်တွင်းမှ သင်္ဘော တစီး။ ထိုသင်္ဘော သည် ယခုနှစ်ဆန်းပိုင်းက စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် လက်အောက်သို့ ရောက်သွားသည့် ကြယ်ငါးပွင့် သင်္ဘော လိုင်းမှ ဖြစ်သည် (ဓာတ်ပုံများ - မိုးမခ) စစ်အစိုးရက

အပေါ်စီးဖြင့်

စီစဉ်

ကျင်းပမည့်

ရွေးကောက်ပွဲ

မတိုင်မီ

ရန်ကုန်နှင့်

အခြားမြို့ကြီးများမှ

မရွေ့ပြောင်းနိုင်သည့် ပစ္စည်းများ ဖြစ်သည့် စက်ရုံ၊ ရုံးအဆောက်အအုံ နှင့် မြေကွက်များကို အလောသုံးဆယ် ရောင်းချရန် လက်သိပ်ထိုး စီစဉ်နေသည်ဟု အစိုးရအဖွဲ့နှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောသည်။ ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပါတီ အနိုင်ရမည်ဆိုသည့် အချက်ကို သံသယ မရှိသော်လည်း ရွေးကောက်ပွဲ မတိုင်မီ လက်ရှိ ၀န်ကြီးအဖွဲ့နှင့် ဗိုလ်ချုပ်များက ရနိုင်သမျှ ကိုယ်ကျိုးစီးပွားရှာ သည့် လုပ်ဆောင်မှု အနေဖြင့် ရောင်းချလိုသည့် နိုင်ငံပိုင် မြေနှင့် စက်ရုံ၊ ရုံးများအား စာရင်း ပြုစုပြီး လုပ်ငန်းရှင်ကြီးများသို့ ဝေငှထားသည်ဟု ထိုစာရင်းရရှိသူ လုပ်ငန်းရှင်က ပြောသည်။ ထိုစာရင်းတွင် ရန်ကုန်မြို့ရှိ အချက်အချာကျသော နေရာများရှိ အသုံး မပြုတော့သည့် ရုံးများ၊ လူကုံတန် အများအပြား နေထိင်ုသည့် ဗဟန်း၊ ရန်ကင်း၊ မရမ်းကုန်း၊ ကမာရွတ်နှင့် လှိုင်မြို့နယ်များရှိ နိုင်ငံပိုင်မြေနှင့် စက်ရုံများအား ဈေးနှုန်းနှင့် တကွတွဲလျက် ဖော်ပြထားသည်ဟု လက်ဝယ်ရရှိသူ လုပ်ငန်းရှင်၏ ပြောဆိုချက် အရ သိရှိရသည်။ သို့ရာတွင် အဆိုပါဈေးနှုန်းမှာ အကြမ်းဖျဉ်းသတ်မှတ်ချက်သာ ဖြစ်ပြီး အမှန်တကယ် စိတ်ဝင်စားပါက ထုခွဲ ရောင်းချရန် တာဝန်ယူထားသည့် ၀န်ကြီးနှင့် တိုက်ရိုက် ၀င်တွေ့ကာ ညှိနှိုင်းနိုင်သည်ဟုလည်း သိရသည်။ ဥပမာ ကျပ်သိန်း ၂ သောင်းဟု ဖော်ပြထားသည့် မြေကွက်ကို စိတ်ဝင်စားသော်လည်း တစ်သောင်းခွဲထက် ပိုမတတ်နိုင်ပါက ဆွေးနွေး ညှိနှိုင်းကာ ပြေလည်နိုင်သည့် သဘောဖြစ်သည်ဟုလည်း အဆိုပါ လုပ်ငန်းရှင်က ရှင်းပြသည်။ လွန်ခဲ့သည့် နှစ်လ ၀န်းကျင်ကလည်း ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများမှ နိုင်ငံပိုင် မြေကွက်များအား ရောင်းချရန် စာရင်းထွက်ပေါ်ခဲ့သည်ဟု အင်တာနက် မီဒီယာများတွင် ဖော်ပြခဲ့ဖူးသည်။ သို့သော် ထိုစဉ်က ထွက်ရှိသည့် စာရင်းမှာ ဈေးနှုန်းတွဲလျက်ပါရှိသည့် စာရင်းမဟုတ်ဟုလည်း သိရပြီး ယခုတစ်ကြိမ် ထွက်ရှိသည့် စာရင်းမှာ အကြမ်းဖျဉ်း သတ်မှတ်ချက် ဈေးနှုန်းပါတွဲလျက် ရှိသည်ဟု သိရှိရသည်။ စစ်အစိုးရက နိုင်ငံပိုင် စက်ရုံလုပ်ငန်းများ၊ မြေကွက်များ၊ လောင်စာဆီဖြန့်ဖြူးရေး လုပ်ငန်းများအား ရွေးကောက်ပွဲ မတိုင်မီ အလျင်စလို ရောင်းချခြင်း၊ နှစ်ရှည် လုပ်ကိုင်ခွင့်ပြုခြင်းတို့ကို သတင်းဖော်ပြချက်များ အရ ကြားသိနေရသည်။ ဥပမာအားဖြင့် ၊ ကြယ်ငါးပွင့် သင်္ဘော လိုင်းကို ဦးပိုင်လီမိတက်သို့လည်းကောင်း၊ ရန်ကုန် ရွေတိဂုံ အနောက်ဖက်မုခ်ရှိ ၁၆ ဧက ကျယ်သည့် ပြည်သူ့ဥယျာဉ်အား Natural World ကုမ္ပဏီသို့ လည်းကောင်း၊ လှော်ကား သဘာဝဘေးမဲ့ ဥယျာဉ်အား ထူးကုမ္ပဏီ အုပ်စုသို့လည်းကောင်း အသီးသီး လုပ်ကိုင်စေခဲ့သည်။ ထူးကုမ္ပဏီမှ အမည် မဖော်လိုသည့် မန်နေဂျာတစ်ဦးက သူတို့ ကုမ္ပဏီ အနေဖြင့် လှော်ကားဥယျာဉ် လုပ်ငန်း ကို လုပ်ကိုင်လိုခြင်း မရှိသော်လည်း နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၏ ဆန္ဒအရ လက်ခံလိုက်ရခြင်း ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုသည်။ လာမည့် ရွေးကောက်ပွဲ အလွန် ကာလတွင် ယခုလက်ရှိ ၀န်ကြီး၊ ဒုဝန်ကြီးများသည် ရာထူး ပြန်လည် ရရန် အကြောင်း မမြင်ဘဲ ပါတီ တာဝန်သာ ထမ်းဆောင်ရမည့် အရိပ် လက္ခဏာများ တွေ့မြင် နေရသည်ဟု ၎င်းတို့နှင့် ထိတွေ့ ဆက်ဆံနေရသည့် လုပ်ငန်းရှင်ကြီးက ပြောသည်။


ထုခွဲ ရောင်းချမည့် နိုင်ငံပိုင် အဆောက်အအုံများတွင် ရန်ကုန်မှ အတွင်းဝန်များရုံးလည်း ပါဝင်သည် Fre e He p B che ck for Bu rm ese comm u nity i n th e SF B ay Ar ea Posted by MoeMaKa | 1:08 PM | Local News Headlines | 0 comments »


ဆန် ဖရ န်ေ ဘး ဧ ရိ ယြာ မ န် မာများအ သည်းေ ရာင် ‘ဘီ ’ ပိုး ရှိ မရှိ အခ မဲ့  စ စ် ေ ဆးေ ပး မ ည် မိုးမခအထောက်တော် ၀၀၂ သြဂုတ် ၂၄၊ ၂၀၁၀ ရှေ့လာမယ့် တလကျော်၊ အောက်တိုဘာ ၉ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိကို ဒေလီစီးတီးမြို့၊ မြန်မာပွဲတော်တွေ လုပ်နေကျနေရာဖြစ်တဲ့ ဂျက်ဖာဆန်ယူနီယန် အထက်တန်းကျောင်းနေရာမှာ မြန်မာဆရာဝန်များအသင်း (မြောက်ပိုင်းကယ်လီဖိုးနီးယား) နဲ့ စတင်းဖို့တက္ကသိုလ်က Asian Liver Center (Stanford) ပူးပေါင်းပြီး အခမဲ့ စစ်ဆေးပေးမယ်လို့ ကြေညာချက် ထုတ်ထားပါတယ်။ လက်ကမ်းစာစောင်ကို အထက်ပါအတိုင်း ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ အာရှသားတွေ အဖြစ်များဆုံး ကူးစက်ရောဂါအပြင်းစားက အသည်းရောင် ဘီပိုး ကြောင့် ဖြစ်တဲ့ ရောဂါ ဖြစ်ပါတယ်။ ကြို တင်သိရှိလို့ရှိရင် ဆေးကုသဖို့၊ ကာကွယ်ဆေးထိုးဖို့ လုပ်နိုင်ပါတယ်။ ဒီအတွက် မြန်မာဆရာဝန်တွေက အထက်ပါအစီအစဉ်ကို စေတနာ့ဝန်ထမ်း ကမကထပြု လုပ်ကြတာ ဖြစ်ပြီး အားလုံးသောု မြန်မာပြည်ဖွား တိုင်းရင်းသာ လူမျိုး ဘာသာ မရွေးကို ဖိတ်ခေါ်လိုက်ပါတယ် လို့ မိုးမခရဲ့ မိတ်ဆွေ တဦးဖြစ်တဲ့ ဆေးပညာရှင် ဒေါက်တာတင်အောင်က ပြောပြပါတယ်။ အာရှသားတွေထဲမှာ မှုန်းလူမျိုးနွယ်စုတွေမှာ အဖြစ်များလွန်းလို့ အသေအပျောက်တွေ ရှိနေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား တောင်ပိုင်း ဖရက်ဆနိုက မှုန်းလူမျိုးတွေမှာ ကူးစက်မှုများတယ်လို့ သတင်းများမှာ ဆိုပါတယ်။ ရိုးရာအယူသီးမှုတွေကြောင့် သွေးစစ်တာ၊ သွေးလှူတာတွေကို မလုပ်ကြတဲ့၊ မလုပ်ချင်တဲ့အတွက် ဘီပိုးကူးစက်ပြီး နောက်ကျမှ သိကြလို့ ပျက်စီးကြတယ်လို့ ရေဒီယိုတွေမှာ အမြဲတမ်း အသိပေးပြောဆိုနေရတဲ့အကြောင်း ကြားဖူးတယ်လို့ မိုးမခစာဖတ်သူ တယောက်က ပြောပါတယ်။ အခုအစီအစဉ်က စတင်းဖို့တက္ကသိုလ်ကြီးက အာရှအသည်းဌာနက ကူညီမှုတွေ ပေးတယ်။ အဲသည်က ထောက်ပံ့မှုနဲ့ ရောဂါပိုး ရှိမရှိ စစ်ဆေးပေးမယ်။ ရောဂါပိုး ရှိနေရင် ဘယ်လို ကုသမှု ခံယူရမယ်။ မတတ်နိုင်သူတွေအတွက် အခမဲ့ ကုသမှုတွေ ဘယ်လိုမျိုး ရနိုင်တယ်၊ ရောဂါပိုး မရှိရင် ဘယ်လို ကြို တင်ကာကွယ်ဆေး ထိုးကြမလဲ ဆိုတာတွေ ရှင်းပြမယ်၊ ဆောင်ရွက်ပေးမယ် လို့ ဒေါက်တာတင်အောင်က ဖြေကြားပါတယ်။ အမေရိကန်ပြည်မှာ တတ်နိုင်သူတွေက ဆေးကုသဖို့ ကျန်းမာရေးအာမခံထားကြပါတယ်။ အဲသည်အာမခံစနစ်က အခြေခံကျန်းမာရေး စောင့်ရှော က်မှုတွေကို ပေးပါတယ်၊ ခံယူနိုင်ပါတယ်။ ကျန်းမာရေးအာမခံ ရှိသူကော၊ မရှိသူတွေပါ အခုလိုမျိုး အစီအစဉ်ကို တက်ရောက်သင့်တယ်လို့ ထင်မြင်ချက် ပေးလိုပါတယ်။ ရရှိတဲ့ ရန်ပုံငွေ အထောက်အကူက အကန့်အသတ်ရှိတဲ့ အတွက် အခမဲ့ စစ်ဆေးခံရမယ့် လူဦးရေကို ကန့်သတ်ထားပါတယ်။ စောစော ဆက်သွယ်မှ တော်ကာကျမယ်လို့ ပြောချင်ပါတယ်။ Hay M an Th azin - I ne qu ality i n Li fe a n orm ? Posted by MoeMaKa | 11:05 PM | Hay Man Thazin, Memories | 2 comments »


ညီ မျြှ ခင်း ရဲ့  အြ ခား တဖ က် က ဘ၀စာမျ က် နှာ ဟေမန်သဇင် သြဂုတ် ၂၄၊ ၂၀၁၀ အသက် လေးဆယ်ရဲ့ ဒီဖက်ကို ကျော်လာတော့ ဟိုးဖက်မှာ ကျန်ခဲ့တဲ့ ဘ၀ရဲ့ အစိတ်အပိုင်းတွေကို ပြန်ပြောင်းပြီး တွေးမိတယ်။ တချို့ဖြစ်ရပ်တွေက မှုန်ဝါးဝါးနဲ့ ကျန်ခဲ့ပေမယ့် တချို့ဖြစ်ရပ်တွေကိုတော့ မှတ်မှတ်ထင်ထင် သတိရမိတယ်။ အဲဒီအထဲက တချို့ဆိုရင် ကမောက်ကမ တလွဲတချော်တွေ ဖြစ်လွန်းလို့ ကို အမှတ်ရမိတာ ဖြစ်တယ်။ ကိုယ့်ရဲ့ အလုပ်ကံက

တမျိုး။

အလုပ်တခုခုမှာ

စွဲစွဲမြဲမြဲ

ကြာကြာနေရတဲ့

ဇာတာမပါဘူး၊

အကြောင်းတခုမဟုတ် တခုကြောင့် ပြောင်းပြောင်းနေခဲ့ရတယ်။ အာရ်အိုင်တီ (RIT) မှာ ဆရာမလုပ်နေတုန်း တပည့်တွေနဲ့ အတူ ဘီယာချက်စက်ရုံကို လေ့လာရေး ထွက်ခဲ့တယ်။ စက်ရ���ံထဲ ရောက်တော့ အတော့်ကို အံ့သြမိသည်ပါ့။ စက်ရုံသာ ဆိုတယ်၊ သန့်ရှင်းတောက်ပြောင်လို့၊ ဓာတ်ခွဲခန်းဆိုရင်လည်း မှန်အပြည့်ကာလို့၊ မှန်အပြင်ကနေ အထဲမှာ အလုပ်လုပ်နေပုံကို ကြည့်ရင်း အားကျမိတယ်။ ဒီအထဲမှာ ဓာတ်ခွဲခန်းမှာ လုပ်တဲ့ အရာရှိတယောက်က ကိုယ်တို့နဲ့ မေဂျာအတူ စီနီယာအမကြီး ဖြစ်နေတယ်။ စကားစပ်မိတော့ သူ့ဌာနမှာ အလုပ် လိုနေသတဲ့။ ဒါနဲ့ ကိုယ်လည်း စမ်းတဲ့ အနေနဲ့ လျှောက်လွှာ တင်ခဲ့တာ အလုပ်ရသွားပါလေရော။ အလုပ်သစ်မှာ ကိုယ့်အတွက် လေ့လာမှတ်သားစရာ အတုယူစရာတွေ အများကြီပေါ့။ ကိုယ့်ဌာနမှာ တင် မဟုတ်ဘဲ ဌာနနဲ့ဆက်စပ်နေတဲ့ ကုန်ထုတ်ဌာနတို့၊ ထုပ်ပိုးဌာနတို့မှာ လည်း ဗဟုသုတ ရှိဖို့ဆိုပြီး လေ့လာရေး အနေနဲ့ တလစီ လေ့လာပြီး အလုပ်သင်ခဲ့ရတယ်။ ဒါ့အပြင် ကိုယ့်လက်အောက်က ၀န်ထမ်းတွေကို အုပ်ချုပ်နိုင်ဖို့ သူတို့လုပ်တာတွေ သိဖို့လိုတယ် ဆိုပြီး ဓာတ်ခွဲအတတ်ပညာတွေကို တက်ခနီရှင် တယောက်လို သင်လည်း သင်၊ လုပ်လည်း လုပ်၊ ဒီကြားထဲ ပြည်ပကနေ လာပြီးပေးတဲ့ မွန်းမံသင်တန်းတွေ တက်နဲ့ ၆ လ လုံးလုံး လုံးလည် ချာလည်နဲ့ပေါ့။ ဒီလိုနဲ့ သင်တန်းတွေ အပြီး နေ့စဉ်အလုပ်တွေနဲ့ ကိုယ်လည်း တဖြေးဖြေး နေသားတကျဖြစ်လာတယ်။ အဲ … တနေ့မှာ ပေါ့။ Training Department ကနေ အရာရှိငယ် ၅ ယောက်ကို ရွေးချယ်တဲ့အထဲ ကိုယ်လည်း ပါသွားတယ်။ ဦးတည်ချက်က အလုပ်ရုံဆွေးနွေးပွဲလေးတခုမှာ တင်ပြ ဆွေးနွေးသူတွေအနေနဲ့ ပါဝင်ပေးဖို့တဲ့။

အဓိကအကြောင်းအရာကတော့ အလုပ်လုပ်ကြတဲ့အခါ

တက်တက်ကြွကြွ အားသွန်ခွန်စိုက်


လုပ်နိုင်ဖို့

အထောက်အကူ

ဖြစ်နိုင်မယ့်

ဆွေးနွေးအကြံပေးချက်တွေ

လုချိုင်လို့တဲ့။

ရည်ရွယ်ချက်က

သိပ်ကောင်းသကိုး။ ဒီတော့ ကိုယ်လည်း တက်တက်ကြွကြွ ဆွေးနွေးဖို့ ပြင်ဆင်ရတော့တာပါပဲ။ အဲဒီဌာနက သင့်တော်မယ်ထင်တဲ့ စာတမ်း ၅ စောင်ကို ရွေးချယ်ထားတယ်။ ကိုယ်တို့ ၅ ယောက်ကို စာတမ်း တစောင်စီ ပေးပြီး ဖတ်စေတယ်။ ဆွေးနွေးစေတယ်။ ပြီးရင် အလုပ်ရုံဆွေးနွေးပွဲလေးတွေ စမယ်။ စ စ ချင်းမှာ ဌာနဆိုင်ရာက သက်ဆိုင်တဲ့ မန်နေဂျာတွေနဲ့ အရာရှိငယ်တွေနဲ့ ဆွေးနွေးကြမယ်။ အဲဒီက ရလာတဲ့ အကြံပေးချက်တွေ၊ လက်ဆင့်ကမ်း ဖြန့်ဝေမယ်ပေါ့။ တာပါပဲ။

ဆွေးနွေးချက်တွေကို

ဝန်ထမ်းတွေ

အရင်စပြီး အားလုံးဆီ

ဒီလိုနဲ့ ကိုယ်လည်း ကိုယ်ကို တာဝန်ပေးထားတဲ့ စာတမ်းငယ်လေးကို သေသေချာချာ ဖတ်ရတော့ ခေါင်းစဉ်ကလေးကို ဖတ်လိုက်ရတာနဲ့တင် ကိုယအ် ကြီးအကျယ် စိတ်ဝင်စားသွားတယ်။

ခေါင်းစဉ်နံမယ်က Inequality Theory တဲ့။ ခွဲခြားဆက်ဆံမှု သီအိုရီပေါ့လေ။ ဒါနဲ့ အကြောင်းအရာကို ဆက်ပြီး ဖတ်ဖြစ်တယ်။ တက္ကသိုလ်က ဘွဲ့ရခါစ ကျောင်းသားလေးဟာ ကုမ္ဗဏီတခုမှာ အလုပ်ရခဲ့တယ်။ အလုပ်အတွက် သူ့ကိုပေးတဲ့ လစာဟာ တက္ကသိုလ်ထွက်စ ကျောင်းသားတယောက်အတွက် မမျှော်လင့်ထားတဲ့ လစာ ဖြစ်နေတယ်။ သူ အင်မတန် ပျော်တာပေါ့။ သူ့ရဲ့လစာကိုလည်း သူကျေနပ်တ်ာလေ။ သူပျော်နေတော့ အလုပ်လုပ်ရတာလည်း တက်ကြွနေတာပဲ။ ဘယ်တော့ ကြည့်ကြည့် ကျောင်းသားလေးဟာ အားသွန်ခွန်စိုက် လုပ်နိုင်တယ်။ သတ်မှတ်ချိန်အတွင်း လုပ်ငန်းတွေ ပြီးခဲ့တယ်။ ဥိးဆောင်မှုတွေလည်း ပေးနိုင်ခဲ့တယ် တဲ့။ ဒါပေမယ့် တနေ့ မှာ ပေါ့ … သူနဲ့ တချိန်နီးပါး အလုပ်ဝင်လာတဲ့ သူ့လိုပဲ တက္ကသိုလ်ဘွဲ့ရခါစ လုပ်ဖော်ကိုင်ဖက်ရဲ့ လစာကို သိခွင့်ရလိုက်တယ်။ သြော် ပြောရဦးမယ် … နိုင်ငံခြားတွေမှာ လစာတွေဟာ confidential ခေါ် လျို့ဝှက်ပေါ့။ ကိုယ့်လစာကို ဘယ်သူမှ မပြောရဘူးတဲ။့ ဒါပေမယ့် လူပဲလေ … သိတယ် မဟုတ်လား။ လူဆိုတာ အင်မတန်မှ စပ်စုတာ အဲလေ သိချင်နေတာ.။ ဒါနဲ့ တယောက်အကြော်ငး တယောက် စပ်စုရင်း သိလာခဲ့ရတယ်။ သူ့ထက် လစာ အပုံကြီး များနေတယ်တဲ့။ အဲဒီအချိန်ကစပြီး သူဟာ အလုပ်မှာ မပျော်နိုင်တော့ဘူးတဲ့။ သူ့စိတ်ကိုယ်လည်း သူ အကြိမ်ကြိမ် ဆုံးမသတဲ့။ လက်ရှိ သူရတဲ့ လစာဟာ သူ့ဖာသာသူ ကျေနပ်စရာပါလို့။ ဒါပေမယ့် ခဏပါပဲ။ မပျော်နိုင်တဲ့ စိတ်က ပြန်ပြီး ဖိစီးပြန်ပါလေရော။ တကယ်တော့ သူဟာ သူနဲ့ အတွေ့အကြုံ၊ ပညာအရည်အချင်း၊ လုပ်ရည်ကိုင်ရည် မကွာ သူနဲ့ ယှဉ်ပြီး ခွဲခြား ဆက်ဆံခံနေတဲ့ အဖြစ်ကိုသာ လက်မခံနိုင်တာပါ။ အဲဒီအဖြစ်ကသာ သူ့ကို မပျော်ရွှင်စေတာပါ။ ဒီလိုနဲ့ပဲ အင်မတန် လုပ်ရည်ကိုင်ရည် ကောင်းပြီး ရိုးသားတဲ့ ၀န်ထမ်းတယောက်ကို ကုမ္ဗဏီဟာ ဆုံးရှုံးခဲ့ရတယ်။ အဲဒီစာတမ်းငယ်က

ဆက်ပြီး

ဆွေးနွေးထားပါတယ်။

ဒီခွဲခြားဆက်ဆံမှု

ပေါ်လစီဟာ

ကုမ္ဗဏီတွေအတွက် ရေရှည်မှာ အကျိုးအမြတ်ကို မရစေနိုင်ပါဘူး။ ၀န်ထမ်းကောင်းတွေကို ဆုံးရှုံးလက်လွှတ်ရတဲ့အတွက် ကုမ္ဗဏီဟာ ဆုံးရှုံးမှုတွေသာ ဖြစ်စေတယ်တဲ့။ ဒါကြောင့် ရေရှည်အကျိုးစီးပွားကို ကြည့်တဲ့ ကုမ္ဗဏီတွေဆိုရင် ဒီခွဲခြားဆက်ဆံမှု ပေါ်လစီကို မကျင့်သုံးဖို့၊ မသုံးမိဖို့ လိုတယ် ၊ ဒါမှ ပျော်ရွှင်တက်ြ ကွ မခိုကပ်တဲ့ ၀န်ထမ်းကောင်းတွေ ရလာမှာ ဖြစ်တယ် ဆိုပြီး ထောက်ပြ ဆွေးနွေးထားလိုက်တာ …။ ကဲ ဘယ်လောက်ကောင်းလိုက်သလဲ …။ ကိုယ့်မှာ ဒီစာတမ်းကို တင်ပြဖို့ ထပ်တလဲလဲ ဖတ်လေလေ ကိုယ့်အဖြစ်ကို ရေးနေသလို ခံစားနေရလေပဲ ဖြစ်နေတော့တယ်။ သြော် ကြားဖြတ်ပြောရဦးမယ်။ ကိုယ်ရဲ့ အဲဒီကုမ္ဗဏီက နိုင်ငံခြားနဲ့ ဦးပိုင်ဖက်စပ် ဆိုတော့ လစာပေးတာတွေလည်း Confidential လျို့ဝှက် ပဲလေ။ ပြီးတော့ … အဲသည်အချိန်တုန်းက လစာပေးပုံက ၂ မျိုးကွဲနေတယ်။ ကုမ္ဗဏီ တည်စ ၀န်ထမ်းတွေက ဒေါ်လာနဲ့ ရပြီး နောက်မှ ၀င်တဲ့ ၀န်ထမ်းတွေက ဗမာကျပ်ငွေ နဲ့ပေါ့။ ဒါပေမယ့် ကိုယ်က ကျေနပ်ပါတယ်။ ကိုယ်ရတဲ့ လစာက တက္ကသိုလ်မှာ ဆရာမလုပ်တုန်းက ရတဲ့ လစာထက် အဆ ၂၀ တောင် ကျော်နေသကိုး။ ပြောရဦးမယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်

တယောက်က

သတိမေ့တတ်တယ်။

တနေ့မှာ

သူ့ရဲ့လစာစာရွက်ဖြတ်ပိုင်းလေး ကိုယ့်စာပွဲပေါ်မှာ မေ့ပြီး ကျန်ခဲ့တယ်။ အမှတ်မထင် တွေ့လိုက်ရတဲ့ လစာကို မြင်တော့ ကိုယ်ဟာ မိုက်ခနဲ ဖြစ်တော့မလို့ စာပွဲကို ကိုင်ပြီး အတော်ကြာ ရပ်နေရတယ်။ ဒီအဖြစ်အပျက်ကလေးဟာ စာတမ်းမဖတ်ခင် ၁ လ လောက်က ဖြစ်ခဲ့တာပေါ့။


ကိုယ်တို့ အလုပ်ရုံဆွေးနွေးပွဲဟာ အတော့်ကို လှုပ်သွားစေတယ်။ အဲဒီစာတမ်း ၅ စောင် ထဲက ကိုယ့်စာတမ်းက အတော်ကို လှုပ်သွားစေတယ်။ တင်ပြဆွေးနွေးသူ ကိုယ်က သရုပ်မှန်လွန်းလို့နဲ့ တူပါရဲ့။ ဆွေးနွေးတင်ပြချိန်မှာ ကိုယ်ဟာ ကိုယ် မဟုတ်တော့ဘဲ စာတမ်းထဲက တက္ကသိုလ်ကျောင်းသားလေးလို ဖြစ်နေတယ်။ အရာရှိငယ်တွေ ကြားမှာ ကိုယ့်စာတမ်းဟာ အရမ်းကို ပေါက်သွားခဲ့တယ်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက် လေး … ဆိုသလို တက်ကြွပျော်ရွှင်မှုနဲ့ လုပ်ငန်းခွင် ၀င်နုငိဖို့ စီစဉ် ဆွေးနွေးကာမှ ဒီခွဲခြားဆက်ဆံမှု ပေါ်လစီဟာ ဟိန်းထလာတယ်။ စာတမ်းဖတ်သူ ကိုယ်တိုင်လည်း Training Department ရဲ့ အကြီးအကဲတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။ တကယ်လို့ ခွဲခြားဆက်ဆံမှုပေါ်လစီတွေ ကျင့်သုံးဆဲ ဖြစ်နေရင် ၀န်ထမ်းကောင်းတွေ ဆက်ပြီး လက်တွဲနိုင်ဖို့ ပေါ်လစီ ပြင်ဆင်ကြဖို့ ရှိပါသလားပေါ့။ သူတို့မှာ အဖြေ မရှိခဲ့ပါဘူး။ နောက်ဆုံးတော့ ထိုင်နေရင် အကောင်းသား၊ ထမှ ကျိုးမှန်းသိ … တက်ကြွဆွေးနွေး တင်ပြတဲ့ ကိုယ်လည်း လုပ်သင့်တယ် ထင်တဲ့ အဖြေတခု ထုတ်လိုက်ရတော့တယ်။ တရားဝင်နှုတ်ထွက်စာ တင်လိုက်တာပါပဲ။ ကိုယ့်ရဲ့ အကြီးအကဲ Brew Master နဲ့ တွေ့ခဲ့ရပါတယ်။

လက်တွဲမဖြုတ်နိုင်ဖို့ ဆိုတဲ့ စကားလိုပါပဲ။ ကိုယ့်ဖာသာ ရှာဖွေ

ကိုယ့်နှုတ်ထွက်စာမှာ

လက်မှတ်ထိုးဖို့

လက်တွေ့ဘ၀မှာ အပျံသင်စ မနူးမနပ် အရွယ် ကိုယ့်ကို တားပါသေးတယ်။ လောကကြီးရဲ့ မညီမျှခြင်းတွေကို ရဲရဲကြီဒး တွန်းလှန်ပစ်မယ် ဆိုတဲ့ မာန်တွေ တောက်လောင်နေတဲ့ ကိုယ့်ကို တားမရတဲ့ အဆုံုး စင်္ကာပူနိုင်ငံသား Brew Master က စကာ���လက်ဆောင် တခွန်း ပေးလိုက်ပါတယ်။ “Equality ဆိုတာ လောကကြီးမှာ ရှိခဲလှပါတယ်။ ကံကောင်းပါစေကွယ် …” တဲ့။ အဲဒီအချိန်မှာ အတွေ့အကြုံတွေ ရင့်ကျက်နေပြီဖြစ်တဲ့ အဖိုးအိုပေါက်စ သူ့မျက်နှာမှာ အရိပ်တချို့ ဖြတ်သွားတာ တွေ့လိုက်ရတယ်။ ကိုယ်လည်း လှစ်ခနဲ့ဝဲလာတဲ့ မျက်ရည်ကို ဖြတ်ခနဲ့ သုတ်ပစ်လိုက်ပြီးချိန်မှာ သူလည်း ကိုယ့်ရဲ့ နှုတ်ထွက်စာမှာ လက်မှတ်ထိုးပြီး ချိန်ပါပဲ။ ပြန်တွေးတိုင်း သတိရမိတဲ့ ကိုယ့်ရဲ့ အမှတ်တရ ဘ၀စာမျက်နှာ တရွက်ပေါ့ …။ Ti n Moe by H tai n Lin n Posted by Yan Lo Kywe | 9:59 PM | Variety Article | 0 comments » နိုင်ငံရေးနဲ့ စာပေအနုပညာ (၇၂)


စစ် ဝါ ဒ ကို မု န်း သည့် ဆရာ တင် မိုး ထိန်လင်း

သြဂုတ် ၂၄၊ ၂၀၁၀

(ယခုနှစ် ဇန်န၀ါရီလ ၂၆ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည် ဖော်ပြပါသည်) အခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ ဆိုရင် ကဗျာတွေ ရေးရင်း တိုင်းပြည်ကို လွမ်းခဲ့တဲ့၊ ကဗျာတွေ သီရင်း တိုင်းပြည် လွတ်လပ်ရေး လှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တဲ့ ဆရာ တင်မိုး ကွယ်လွန်ခဲ့တာ ၃ နှစ် ပြည့်ပါပြီ။ နှစ်ပေါင်း ၅ဝ ကျော် ကဗျာတွေ အပုဒ်ရေ ထောင်ချီအောင် ရေးဖွဲ့ခဲ့တဲ့ ဆရာဟာ တိုင်းပြည်နဲ့ လူမျိုးကို အသက်သေသည် အထိ ချစ်မြတ်နိုးခဲ့သူ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုလို တိုင်းပြည်မှာ အမြဲတမ်း ပုဆိုးနဲ့ သွားလာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာတွေ ကောင်းစားတယ် ဆိုတဲ့ သတင်းတွေ ကြားရရင် မုဒိတာပွား ကြည်နူးတတ်သလို၊ မြန်မာတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေထိုင်လိုသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူအပေါ် မတရား ဖိနှိပ်အုပ်ချုပ်သူတွေကိုတော့ ရွံရှာမုန်းတီးသလို၊ အဖိနှိပ်ခံ ပြည်သူဘက်က ရပ်တည်ခဲ့ပါတယ်။ ဆရာ့ရဲ့ ကဗျာဆရာ သက်တမ်းအတွင်း စစ်အာဏာသိမ်းမှု ၂ ကြိမ် ကြုံခဲ့ရပြီး ၂ ကြိမ်စလုံး အာဏာရှင်တွေကို စာပေနဲ့ တော်လှန်ခဲ့ပါတယ်။ အာဏာရှင်ကို ဘယ်လိုဆန့်ကျင်တယ်၊ ပြည်သူဘက်က ဘယ်လိုရပ်တည်တယ် ဆိုတဲ့ အချက်ကို ပေါ်လွင်စေဖို့ ဆရာရေးခဲ့တဲ့ ကဗျာတချို့ အကြောင်း ပြောပြလိုပါတယ်။ ပထမဆုံး ဆရာ့ရဲ့ ကဗျာတွေထဲက ‘စစ်လူစု နှင့် တို့လူထု’ ဆိုတဲ့ ကဗျာကို ရွေးချယ် ဖော်ပြလိုပါတယ်။ ကဗျာခေါင်းစဉ်မှာ တင် စစ်အစိုးရ နဲ့ ပြည်သူကို ‘စစ်လူစု’ ၊ ‘တို့လူထု’ လို့ သုံးထားတဲ့အတွက် ကဗျာရေးတဲ့ ရည်ရွယ်ချက်ကို စတင်မှန်းဆနိုင်မယ် ထင်ပါတယ်။ ဒီကဗျာကို ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီး နောက် ၁ နှစ်အကြာ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ရေးသားခဲ့တာဖြစ်ပါတယ်။


စစ်လူစုနှင့် တို့လူထု နယ်ချဲ့အရုပ်၊ ဝန်ကြီးချုပ်သည် စစ်ရုပ်ဆင်ကာ၊ စစ်ခရာဖြင့် စစ်ဝါဒကို ဖြန့်လေပြီ။ စစ်လက်ဝေခံ၊ လုပ်ကြံကြေညာ သတင်းစာလည်း ‘စစ်ဝါဒသည်၊ တရားသည်’ ဟု လိမ်လည်ထောက်ခံနေဘိ၏။ စားကုန်သောက်ကုန်၊ လူသုံးကုန်တို့ စုပြုံ သိုလှောင်၊ ဂိုဒေါင်သွင်းပြီး ကုန်သည်ကြီးလည်း စစ်မီးလျှံ တွင်၊ အမြတ်မြင်၍ ပြုံးရွှင်ခေါင်းညိတ် နေဘိ၏။ လက်နက်ရုံမှ ကုမ္ပဏီရှင်၊ ငွေသခင်လည်း ကြည်လင်နှုတ်သွက်၊ တအားတက်ပြီး စစ်မက်ရေးကို ကြို ဘိ၏။ ဈေးကွက်ကစား၊ နယ်ချဲ့များလည်း စစ်အားကောင်းမှု၊ လုံ့လပြု၍ တပ်စုစည်းရုံး နေဘိ၏။ တဖက်မှာမူ သတင်းစာဖတ်၊ ပရိသတ်ကား လှပ်လှပ်ရင်ဖို၊ စိတ်စက်ပြို တည့်။ ဂိုဒေါင်စောင့်လည်း မဖြောင့်ပျံ့လွင့်၊ စိတ်ထင့်ထင့်နှင့် ဗုံးသင့်မည်ကို၊ ရင်ဖိုဖိုတည့်။ လက်နက်ရုံမှ၊ ကုန်ထုတ်သမား စက်လုပ်သားလည်း သားမယားရေး၊ စိတ်စက်လေး၍ နှောင့်နှေးစိုးခန့်၊ တလန့်လန့်တည့်။ စားသုံးသူလည်း ကုန်မူရှားပါး၊ ဈေးကြီးမား၍ စားဝတ်ဒုက္ခ၊ မအေးရအောင် ကြောင့်ကြမျိုးစုံ၊ ကိုယ်လုံးတုန်တည့်။ စစ်အမြတ်ထုတ်၊ လက်တဆုပ်သာ မဟုတ်ပါလော ရဲဘော်တို့ -။


လူနည်းစုမှာ လက်နက်သာရှိ အားမရှိ။ လူများစုမှာ ၊ မဟာအင်အား ကြီးမားပါဘိ ကြီးပါဘိ။ ဆန့်လော့ ဟန့်လော့ မလန့်မထိတ်၊ ရဲရင့်စိတ်ဖြင့် စစ်ပြိတ္တာ ကို မောင်းထုတ်လော့။ ။ ဒီကဗျာကို ၁၉၆၇ ခုနှစ်မှာ ပုဂံစာအုပ်တိုက်က ထုတ်ဝေတဲ့ ဆရာ့ရဲ့ ‘ပန်းဈေးခင်း’ ကဗျာစာအုပ်မှာ ထည့်သွင်း ပုံနှိပ်ခဲ့ပါတယ်။ ဒီကဗျာမှာ လက်တဆုပ်စာပဲ ရှိတဲ့ စစ်အုပ်စုမှာ လက်နက်ရှိပေမယ့် အားမရှိတဲ့အကြောင်း၊ လူများစုဖြစ်တဲ့ ပြည်သူလူထုမှာ အားရှိတဲ့အတွက် မကြောက်မရွံ့ တွန်းလှန်ကြဖို့ တိုက်တွန်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပန်းဈေးခင်း ကဗျာစာအုပ်ထဲမှာပဲ ၁၉၆၆ ခုနှစ် မေလ ၈ ရက်နေ့မှာ ရေးသားခဲ့တဲ့ ‘အနာဂတ်ရေး’ ဆိုတဲ့ ကဗျာကို တွေ့ရပါတယ်။ အဲဒီကဗျာထဲမှာ သူ့စာသင်ကျောင်းက ထူးချွ န်တဲ့ ကျောင်းသားတွေ ထွက်ပေါ်နေတဲ့ အတွက် ပီတိဖြစ်ရတဲ့ တချိန်တည်းမှာပဲ ကျောင်းအနီးမှာ ဆီးသီး ချိုချဉ်၊ ဆိတ်သားကင်တွေ ရောင်းပြီး နေ့စဉ်ဝမ်းကျောင်းနေတဲ့ ကျောင်းသားအရွယ် ကလေးငယ် တစ်ယောက်ကို မြင်ရလို့ ကလေးနဲ့ ဆက်စပ်ပြီး တိုင်းပြည် အနာဂတ်ကို ရင်လေးမိတဲ့ ဆရာတစ်ယောက်ရဲ့ ရင်ထဲက ဝေဒနာကို ဖွဲ့သီထားပါတယ်။ ဒါကို ကြည့်ရင် ဆရာ့ရဲ့ အသက် ၃ဝ လောက်က တိုင်းပြည်ချစ်စိတ်ကို မှန်းဆနိုင်မှာဖြစ်ပါတယ်။ ဒုတိယအကြိမ် စစ်အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ နောက်ပိုင်းမှာ တော့ ဆရာက ဒီမိုကရေစီရေး ဘက်တော်သား အဖြစ်ပါ ရပ်တည်ရင်း ကလောင်အပိတ်ခံရ၊ အကျဉ်းချခံရတာတွေကို ကြုံရင်း နောက်ဆုံးတော့ ပြည်ပမှာ တင် ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။ ပြည်ပကို ရောက်ပြီး ဆရာ့ရဲ့ စာမူတွေကို စာအုပ်အဖြစ် ၅ အုပ် ပုံနှိပ်ဖြန့်ချိ နိုင်ခဲ့ပြီး ပုံမနှိပ်ဖြစ်သေးတဲ့ ဆရာ့စာမူပေါင်းများစွာ ရှိနေပါသေးတယ်။ ၂ဝဝ၆ ခုနှစ် မတ်လမှာ တောင်ကိုရီး ယားနိုင်ငံမှာရှိတဲ့ ရွှေသင်္ဂဟာ-မြန်မာအသင်း စာကြည့်တိုက်က ဆရာ့ရဲ့ ကဗျာအပုဒ် ၁၄ဝ စုစည်းထားတဲ့ ‘အညာလမ်းက တမာတန်း’ ဆိုတဲ့ ကဗျာစာအုပ်ကလေး ထုတ်ဝေပါတယ်။ အဲဒီကဗျာစုက ဆရာဇော်ဂျီရဲ့ ‘ဗေဒါလမ်း’ကဗျာများကို အမှီပြုပြီး ရေးဖြစ်တဲ့အကြောင်း၊ ဆရာဇော်ဂျီ ကို သတိတရ ဂါရဝပြုလိုတဲ့ စေတနာနဲ့ ရေးဖွဲ့ခဲ့တဲ့အကြောင်း အမှာ စာမှာ ဆရာက ဆိုထားပါတယ်။ အဲဒီကဗျာတွေကို ‘ဗေဒါလမ်း’ကဗျာများလိုပဲ တစ်ပုဒ်ချင်းခေါင်းစဉ်မပေးဘဲ အမှတ်စဉ်နဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ အဲဒီထဲက ကဗျာပုဒ်ရေ ၅၅ မှာ ဆရာက ခုလိုရေးသားထားပါတယ်။ “ကမ္ဘာပတ်လို့ အရပ်စုံ ဘယ်ဟာ ကိုယ့်နတ်ဘုံ။ ကိုယ့်ပြည်ကိုယ့်ရပ် ခပ်နုံနုံ အဲဒါ ကိုယ့်နတ်ဘုံ။ ဆွေစုံမျိုးစုံ ဆုံတွေ့ကြ စကား ဆိုမဝ။ ကိစ္စမြားမြောင် အတူရှင်း ကိုယ့်သွေးကိုယ့်သားချင်း။ သီချင်းသံပြိုင် ဆိုလို့မြူး မမေ့တဲ့နိုင်ဘူး။ ။ ၁၂၊ ၈၊ ၂ဝဝ၅


ဒီကဗျာကိုကြည့်ရင် ကြွယ်ဝချမ်းသာနေတဲ့ ကမ္ဘာ့နိုင်ငံအများအပြားကို ရောက်ပေမယ့် ဆင်းရဲတဲ့ ကိုယ့်တိုင်းပြည်ကိုသာ နတ်ဘုံနတ်နန်းလို ခံယူထားတဲ့ ဆရာ့စိတ်ဓာတ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကဗျာနဲ့ပဲ ဆရာ့ရဲ့ ကျေးဇူးတရားတွေကို အောက်မေ့ရင်း ဦးညွတ်ဂုဏ်ပြုလိုက်ပါတယ်။ မြန်မာပြည်သူများ အေးချမ်းတဲ့ အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ကျေးဇူးတင်ပါတယ်။ ထိန်လင်း (၁၉၊ ၁၊ ၂ဝ၁ဝ) Lett ers fro m Mic hi ga n - 18 Posted by Yan Lo Kywe | 9:39 PM | Aung Way - Letters from Michigan | 0 comments »

မစ် ရှီ ဂ န် မှ ေ ပး ေ သာစ ာ ( ၁ ၈) အောင်ဝေး သြဂုတ် ၂၄၊ ၂၀၁၀

မိတ်ဆွေကြီးကိုဒေါင်းကျန်းခံ့သာလို့ မာပါစ။

မြန်မာစကား

ရိုးရိုးလေး

တစ်ခု

သတိရလို့

ပြောပရစေ။

ဓားကို

ဓားအိမ်ထဲက

မထွက်အောင် လုပ်လို့ ရတယ်၊ ၀ါးကို မြေကြီးထဲက မထွက်အောင် လုပ်လို့ မရဘူးတဲ့။ မြေကြီး မည်းမည်းထဲက ရဲရဲ ထိုးထွက်လာတဲ့ မျှစ်စို့ပေါက်ကြီးတွေကို မြင်ယောင် မလာမိဘူးလား ကိုဒေါင်း။ အရင် တစ်ပတ်က ပြောခဲ့တဲ့ ရဲဘော်သုံးကျိပ်နဲ့ ဗိုလ်ဇေယျ အကြောင်း ပြောစရာ ကျန်နေသေးလို့ ဆက်ပြီး ပြောဦးမယ်ဗျာ။ အရင်ဆုံး ကျနော်တို့ နိုင်ငံရဲ့ သမိုင်းကို ပြန်ကြည့်ရအောင်။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ပြီးစီး သွားတော့၊ ၁၉၃၉မှာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာတယ်။ အင်္ဂလိပ်အခက် - ဗမာ့အချက် ကြွေးကြော်သံ ထွက်လာတယ်။ ကျောင်းသားတွေဟာလည်း ပြည်သူ လူထုနဲ့ အတူ လွတ်လပ်ရေး အတွက်

ဆက်လက်

တိုက်ပွဲ

ဝင်နေတယ်။

အထူးသဖြင့် တကသ ကျောင်းသား ခေါင်းဆောင်တွေဟာ အင်္ဂလိပ်နယ်ချဲ့ကို မောင်းထုတ်ဖို့ နိုင်ငံတကာ အကူအညီ ရနိုင်မယ့် နည်းလမ်းတွေကို ကြိုးပမ်း ရှာဖွေခဲ့ကြတယ်။ ကိုဗဟိန်း နဲ့ ကိုအောင်ဆန်းတို့ တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ ရဲဘော်သုံးကျိပ်

ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဂျပန်ပြည်မှာ စစ်ပညာ သင်ဖို့

နောက်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်း တို့ ဖြစ်လာခဲ့တာပဲ မဟုတ်လား။

တကယ်တော့ ရဲဘော်သုံးကျိပ် ဆိုတာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက် အအုံ Union ထဲကနေ သန္ဒေတည် ပေါက်ဖွားခဲ့တာ ဖြစ်ပါတယ်။ တကသ ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီ နယ်ချဲ့


အင်္ဂလိပ်ကို တိုက်ဖို့ နိုင်ငံတကာ အကူအညီ ယူရမယ် ဆိုတဲ့ အတွေးအခေါ်ကို ဒီ Union ကျောင်းသား သမဂ္ဂ အဆောက်အအုံကြီးထဲမှာပဲ ဒါကြောင့်လည်း

လက်တွေ့

ကျကျ

ရဲဘော်သုံးကျိပ်ထဲမှာ

(၁) (၂)

ဆွေးနွေး

တကသ

တိုင်ပင်ခဲ့ကြတာပါပဲ။

ခေါင်းဆောင်တွေ

ကိုအောင်ဆန်း ကိုလှဖေ

(၃)ကိုထွန်းရှိန် (၄)ကိုလှမောင်

(ဗိုလ်ဇေယျ)တို့

လေးဦး

အနေနဲ့ (ဗိုလ်တေဇ)၊ (ဗိုလ်လက်ျာ)၊

အထင်

(ဗိုလ်ရန်နိုင်)နဲ့ ပါဝင်နေတာပေါ့ ။

အရှား

ဒါကြောင့်ပဲ ရဲဘော်သုံးကျိပ် အစ - ကျောင်းသား သမဂ္ဂက။ တပ်မတော် အစ - ရဲဘော်သုံးကျိပ်က ရယ်လို့ ဆိုစမှတ်ပြုကြတာ မဟုတ်လား။ ဒီတော့ သမိုင်းကွင်းဆက် သဘောအရ ဆိုရင် တပ်မတော်ရဲ့ အစဟာ ကျောင်းသား သမဂ္ဂ ဖြစ်မနေပေဘူးလား ကိုဒေါင်း။ ဒါကြောင့်ပဲ မဟုတ်လား စစ်အာဏာရှင်တွေက ကျောင်းသား သမဂ္ဂ သမိုင်း၊ ရဲဘော်သုံးကျိပ် သမိုင်း၊ တပ်မတော် သမိုင်းကို အပိုင်းပိုင်း ဖြစ်အောင် ဖျက်ဆီးပစ်ချင်ကြတာပေါ့ ဗျာ။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျနဲ့ ပတ်သက်လို့ တစ်ဆက်တည်း ကျနော် ပြန်သတိရမိတာ တစ်ခုက ၁၉၆၃ နိုဝင်ဘာ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းပါပဲ ကိုဒေါင်း။ နည်းနည်း နောက်ကြောင်းပြန်ရရင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ နိုင်ငံရေး အချိုးအကွေ့၊ အလှည့် အပြောင်းတွေ ကြုံ ရတဲ့အခါတိုင်းမှာ ဗကသ၊ တကသ စတဲ့ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေဟာ တစ်ဦးချင်း အယူအဆအရ၊ တစ်ယောက်ချင်း ရွေးချယ်မှုအရ နိင်ုငံရေး အဖွဲ့ အစည်း အသီးသီးကို ၀င်ရောက်ကြတာ၊ ကူးပြောင်း လှုပ်ရှားကြတာ တွေ့ရမယ်။ ဥပမာ- ဗိုလ်ချုပ်အောင်ဆန်း ဆိုပါတော့၊ ဗိုလ်ချုပ်ဟာ ကျောင်းသား ခေါင်းဆောင် ဘ၀ကနေ တို့ဗမာ အစည်း အရုံး၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ရဲဘော် သုံးကျိပ်၊ ဘီအိုင်အေ၊ ဖဆပလ စတဲ့ အဖွဲ့အစည်း အသီးသီးမှာ ကူးပြောင်း ပါဝင် ဦးဆောင်ခဲ့တာပဲ မဟုတ်လား။ အခု ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ အနေနဲ့ကတော့ ၁၉၄၈ခုနှစ် မြန်မာပြည် လွတ်လပ်ရေး ရပြီးတဲ့နောက် ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ အတူ တောခိုသွားခဲ့သူပါ။ သူ့ဘ၀ တစ်လျှော က်လုံး ဗမာပြည် ကွန်မြူနစ်ပါတီထဲမှာပဲ စစ်အာဏာရှင် စနစ် ဆန့်ကျင် တိုက်ဖျက်ရေး၊ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး ဆင်နွှဲရင်း သူရဲကောင်း ပီသစွာ ကျဆုံးသွားခဲ့သူ

တစ်ဦးပါ။

၁၉၆၃ နိုဝင်ဘာ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာက အဓိကအားဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီနဲ့ တော်လှန်ရေး ကောင်စီတို့ တွေ့ဆုံ ဆွေးနွေးကြတဲ့ ပွဲပါပဲ။ ဒီပွဲကို ဗိုလ်ဇေယျက ဗမာပြည် ကွန်မြူနစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့တာပါ။ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ဖြစ်တဲ့ သခင်သန်းထွန်းက ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဆရာကြီး သခင်ကိုယ်တော်မှို င်း ဆီကို ကန်တော့လက်ဆောင် အဖြစ် ဒေါင်းတစ်ကောင်နဲ့

ပျားရည်

တစ်အိုး၊

ဗိုလ်ဇေယျ

လက်ထဲ

ထည့်ပေးလိုက်ပါတယ်။

တိုတိုပြောရရင် ၁၉၆၃ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေ၀င်း တော်လှန်ရေး ကောင်စီက ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တစ်ဖက်သတ် ရပ်စဲပစ်လိုက်တဲ့ အတွက် ဗိုလ်ဇေယျတို့လည်း တောထဲ ပြန်ဝင်သွားကြရတယ် ဥက္ကဋ္ဌ

မဟုတ်လား

သခင်သန်းထွန်းရဲ့

ငြိမ်းချမ်းရေးတွေကို သင့်မြတ်ရေးကို

လက်ဆောင်က

သင်္ကေတပြုနေတာပါ။

အမျိုးသား

လွတ်လပ်ရေး၊

ဗမာပြည် ကွန်မြူနစ်ပါတီ လိုလားကြောင်း

ကိုဒေါင်းရဲ့။ ဒီမိုကရေစီရေး၊ ဘက်က

ညီညွတ်ရေး၊

အမျိုးသားပြန်လည် ပြသနေတာပါ။


ဒါပေမဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အလုပ်ဟာ တစ်ဖက်တည်းက တောင်းဆိုနေရုံ ဆန္ဒပြုနေရုံနဲ့ မရဘူး ဆိုတာ၊ ဒီကနေ့ NLD အဖွဲ့ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အပြု သဘော ကမ်းလှမ်းချက်၊ အဆိုပြုချက်တွေ အပေါ် နအဖ စစ်အာဏာရှင် တစ်စုရဲ့ တုန့်ပြန်မှုက သက်သေပြနေတယ် မဟုတ်လား ကိုဒေါင်း။ ကျနော့် တစ်ဦးတည်း အမြင် အရတော့ ဒါဟာ မေလ (၇)ရက်နေ့က စပြီး တွေ့ဆုံ ဆွေးနွေးရေး Dialogue လမ်း ပိတ်သွားပြီး၊ ရဲရင့်တဲ့ ပြည်သူ့အစိုးရ ပေါ်ထွန်းဖို့ လမ်းခင်းလာတယ် လို့ပဲ ယူဆပါတယ်။ ကျနော့် အမြင် မှားရင်လည်း အားလုံးကို

ပညာရှင်များ

ပြင်ပေးကြပါ။ သတိရလျက်-

အောင်ဝေး မေ ၂၂ -၂၀၁၀ (ကဗျာဆရာအောင်ဝေးသည် အမေရိကန် ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။ မစ်ရှီဂန်မှ ပေးသောစာ - ၁၈ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။) Di L et M yo - The co u nt ry of no ret u rn Posted by MoeMaKa | 9:37 PM | Di Let Myo, Poems | 0 comments »

ပြ န် မေ ရာက် နို င်ေ သး တဲ့  တို င်းြ ပ ည် ဒီလက်မျိုး သြဂုတ် ၂၃၊ ၂၀၁၀ ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်ကို မျော်ကြည့်လိုက်တော့ မျော်ကြည့်ရတဲ့ မြင်ကွင်းတိုင်းဟာ အလွမ်းဖြစ်တယ်။ ပြန်မရောက်နိုင်သေးတဲ့ တိုင်းပြည်မှာ ပြန်မတွေ့နိုင်သေးတဲ့ အမေရှိတယ်။ ပြန်မရောက်နိုင်သေးတဲ့ တိုင်းပြည်မှာ ပြန်မရနိုင်သေးတဲ့ အလှတရားတွေရှိတယ်။ ပြီးတော့ … မန်ကျီးစစ်စစ်နဲ့ ဖျော်ထားတဲ့ မန်ကျီးဖျော်ရည်တခွက် ရှိသလို အချစ်နဲ့ဖုတ်ထားတဲ့ ကိတ်မုန့်တလုံးလည်း ရှိတယ်။ ပြန်မရောက်နိုင်သေးတဲ့ တိုင်းပြည်မှာ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နှက်နေသလို နူးညံ့သိမ်မွေ့မှုတွေနဲ့လည်း ဆန်းကြယ်နေပြန်တယ်။ ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်မှာ သူရဲကောင်းတွေရဲ့ အကျဉ်းကျညတွေ ရှိသလို မိစ္ဆာစစ်ဘီလူးတွေရဲ့ ပျော်မြူးနေသံတွေလည်းရှိတယ်။ အဲဒီလိုနဲ့


ပြန်မရောက်နိုင်တဲ့တိုင်းပြည်ကို မျှော်ကြည့်လိုက်တဲ့အခါ ကျနော့်ရဲ့နှလုံးသားပေါ် အလွမ်းမိုးစက်တွေ ပြင်းပြင်းထန်ထန် ရွာ သွန်းချခဲ့ပါရဲ့။ အရွှဲနစ်ဆုံးကတော့ အမေ့ရဲ့ မျက်ရည်တွေပါ အမေ။

Moe MaKa wi th U Wi n Ti n - Boy cott 20 10 El ec ti on - t he only w ay to D emo cr acy Posted by MoeMaKa | 1:46 AM | Interview, U Win Tin | 0 comments »

ဦး ၀င်း တင် နဲ့  မေးခွ န်း များ - ၂၀ ၁ ၀ ရွေးေ ကာက် ပွဲ အ ရှု ပ် ထဲ မှာ ရှ င်းေ အာင်ေ န မိုးမခ သြဂုတ် ၂၃၊ ၂၀၁၀ ဆရာနဲ့ ယခင်အပတ်က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပါတီတရပ်အနေနဲ့ သပိတ်မှော က်တယ်လို့ ကြေညာခဲ့ရာကနေ မဲဆန္ဒရှင်ပြည်သူတွေကပါ စစ်အာဏာရှင်စနစ် သက်ဇိုးရှည်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ထပ်မံပြီး ကြေညာလိုက်ပါတယ်။ ပြည်သူလူထုကို အတိအလင်း တိုက်တွန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီတရပ်လုံးက လွန်ခဲ့တဲ့ မတ် ၂၉ ကတည်းက ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးပြီ၊ ရပ်တည်ခဲ့ပြီးပြီ။ အဲသည်လောက် ထင်ရှားတဲ့ သဘောထားတရပ်ကို ရပ်တည်ပြီး ရှေ့က ဦးဆောင်ချီတက်နေတဲ့ နိုင်ငံရေးပါတီကြီးအနေနဲ့ အခုလိုမျိုး လူထုကို အခုလို သြဂုတ် ၁၉ ရက်နေ့မှာ တိုက်ရိုက်တိုက်တွန်းမှုကို ပြုလုပ်ရတာလဲ ဆိုတာကို မေးမြန်းတာ ဖြစ်ပါတယ်။ ဆရာက ပြန်လည် ဖြေကြားချက်များထဲက ပြန်လည် ကောက်နုတ်ဖော်ပြရမယ် ဆိုရင် … ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှော က်တယ် ဆိုတာကတော့ အားလုံးရဲ့ မျက်မှော က်မှာ ထင်ရှားပြီးသား ဖြစ်တယ်။ သို့သော် ဒီကြားထဲမှာ ဘယ်လိုဖြစ်လာသလဲ ဆိုတော့ … အခြားသူတွေဆီမှာ


ချွင်းချက်တွေ

ပေါ်လာတယ်။

ဘယ်လိုမျိုး

သပိတ်မှော က်ကြရမှာ လဲ

ဆိုတဲ့

အသေးစိတ်

မေးခွန်းတွေ

ပေါ်လာတယ်။ ဒီလို … ကျေးလက်တွေ နယ်တွေမှာ လူထုကို အတင်းမဲရုံတွေ တွန်းပို့ပြီး သူတို့ရဲ့ ပါတီတွေဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ ဘာတွေကို အတင်းမဲပေးခိုင်းမှာပဲ။ ဒါဆိုရင် အဲသည်လို ပါတီမျိုးတွေကို သပိတ်မှော က်ကြရမှာ လား ဆိုတဲ့ မေးခွန်းက တခု။ နောက်ပြီးတော့ ၁၉၉ ၀ ရွေးကောက်ပွဲတုန်းကလည်း ၀င်ပြီး အရွေးခံခဲ့တယ်။ ပြည်သူလူထုရဲ့ မဲဆန္ဒကို ပစ်ပယ်ပြီးတော့ အခု ၂၀၁၀ မှာ လည်း ရွေးကောက်ပွဲ ၀င်ကြဖို့ လုပ်ပြန်တဲ့ ပါတီတွေ အမတ်လောင်းတွေ ပေါ်လာပြန်တယ်။ အဲသည်လို လူမျိုးတွေ ပါတီတွေကို သပိတ်မှောက်ကြရမှာ လား ဆိုတဲ့ မေးခွန်း။ တိုင်းရင်းသားအင်အားစုတွေကလည်း သူတို့ နယ်မြေဒေသတွေမှာ အရွေးခံကြတဲ့အခါမှာ သူတို့တွေရဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောရေးဆိုခွင့် နေရာရစေချင်တယ်။ အခြားသူတွေ အဓမ္မ ၀င်ရောက် နေရာယူမှာ ကို စိုးရိမ်ကြတယ်။ ဒါဆိုရင် အဲသည် တိုင်းရင်းသားဒေသတွေမှာ ကြံ့ဖွံ့လို အင်အားစုတွေကို သပိတ်မှော က်ကြဖို့ တိုက်တွန်းကြရမှလား ဆိုတဲ့ မေးခွန်းကလည်း ပေါ်လာတယ်။ ဒီမေးခွန်းတွေနဲ့ အင်န်အယ်ဒီရဲ့ သဘောထားကို မေးကြ စုံစမ်းကြ၊ သဘောထားတောင်းကြတာတွေ ပေါ်လာတဲ့ အချိန်မှာ လာမယ့် ၂၀၁၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတဲ့ သတင်းကြေညာချက်က စစ်အစိုးရဖက်က ထုတ်ပြန်လာတယ်။ အဲသည်အခါကျတော့ အင်န်အယ်ဒီအနေနဲ့ အားလုံးရဲ့ အခြေအနေတွေ အားလုံးကို ခြုံငုံပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ပြတ်ပြတ်သားသား ရှင်းလင်းတဲ့ သဘောထားကို လူထုကို ထုတ်ဖော် ပြောပြရတော့မယ်လို့ ဖြစ်လာတယ်။ ဒါကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှာ အစည်းအဝေး ထိုင်တယ်၊ ဆုံးဖြတ်ချက်ချတယ်။ ပါတီအနေနဲ့ သပိတ်မှော က်တယ်။ သပိတ်မှော က်တယ် ဆိုတဲ့ စကားလုံးကို သုံးစွဲလိုက်တယ်။ ရွေးကောက်ပွဲကို မဲဆန္ဒရှင်ပြည်သူတွေကလည်း သပိတ်မှော က်ကြဖို့ တိုက်တွန်းတယ်။ သပိတ်မှော က်တယ် ဆိုတာက ဥပဒေနဲ့လည်း မငြိစွန်းဘူး။ သဘောကတော့ မဲပေးခွင့် ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိတယ်။ ဒါကို ထပ်လောင်းပြီး ပြောလိုက်တယ်။ မတ်လ ၂၉ ရက်နေ့က စပြီး ပြောခဲ့တာက ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီ မှတပ်ုံထပ်မတင်ဘူး လို့ ပြောခဲ့တယ်။ ဆင့်ပွားပြီးပြောရင် ဒါဟာလည်း ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှော က်တာ ဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ တိတိကျကျအနေနဲ့ ပါတီက ရွေးကောက်ပွဲကို သပိတ်မှော က်တယ်။ မဲဆန္ဒရှင်တွေကိုလည်း သပိတ်မှော က်ဖို့ တိုက်တွန်းတယ်လို့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပါတီက ထပ်မံ အတည်ပြု ဆုံးဖြတ် ကြေညာလိုက်ရတာ ဖြစ်ပါတယ်။

အဲသည်မှာ မေးမြန်းမိတာက ၂၀၁၀ ရွေးကောက်ပွဲကို အင်န်အယ်ဒီပါတီက သပိတ်မှော က်တယ်၊ ပါတီဝင်တွေက သပိတ်မှော က်တယ်။ ဒါ့အပြင် ပြည်သူ့လူထုတရပ်လုံးကို သပိတ်မှော က်ကြဖို့ တိုက်တွန်းတဲ့ သဘောကို အတည်ပြု ပြောကြားတဲ့ သဘောဆိုရင် ဘယ်လိုမျိုး ပြည်သူလူထုကို နားလည်အောင်၊ လိုက်ပါလာအောင် စည်းရုံးမှာ လဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာကပြောကြားရာမှာ … ကျနော်တို့အနေနဲ့ ပြောရမှာ ကတော့ ကူးတို့ဆိပ်မှာ နတ်ပြည်ကို သွားတဲ့ လမ်းကို ပိတ်ထားပြီ၊ ငရဲကို သွားတဲ့လမ်းကိုပဲ ဖွင့်ပေးထားတယ်။ စစ်အာဏာရှင်ငရဲလမ်းကိုတော့ ဖွင့်ထားတယ်။ အဲသည်လမ်းကိုတော့ မသွားကြပါနဲ့လို့ ပြောရမှာ ပဲ။ နတ်ပြည်ကိုသွားတဲ့ လမ်းပိတ်ထားတာနဲ့ ငရဲသွားတဲ့ လမ်းကို အတင်းကြိတ်မှိတ်ပြီး မသွားကြနဲ့။ သွားစရာမလိုဘူး။ ကျနော်တို့က ငရဲရောက်မယ့် လမ်း သိသိကြီးနဲ့ ကျနော်တို့တော့ မသွားဘူး၊ ခင်ဗျားတို့ သွားချင်သွားလို့လည်း မပြောနိုင်ဘူး။ ကျနော်တို့နဲ့ နတ်လမ်းကို သွားဖို့ ဆောင်ရွက်ကြပါလို့ ပြောရမှာ ဖြစ်တယ် လို့ ပြောချင်တယ်။ အဲသည်မှာ နိုင်ငံရေးအကျဉ်းထောင်ကြီးနဲ့တူတဲ့ စစ်အစိုးရရဲ့ အာဏာရှင်စိတ်တိုင်းကျ လွှတ်တော်ကြီးကို ၀င်ရောက်ဖို့ တာစူနေကြတဲ့ နိုင်ငံရေးပါတီတွေကလည်း မေးခွန်းတွေ ထုတ်ကြပြန်တယ်။ ဒီမိုကရေစီသွားချင်တဲ့ ပြည်သူလူထုကြီးကို လမ်းပိတ်တဲ့ သဘောပဲလို့ သူတို့က ပြောလာပြန်တယ်။ ဒီလမ်းကြောင်းကို သွားလို့ ဒီမိုကရေစီရမယ့်လို့ ဘယ်သူမှလည်း အာမခံထားတဲ့ လမ်းကြောင်းလည်း မဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေကို


ဒူးထောက်အညံ့ခံတဲ့

နိုင်ငံရေးပါတီတွေ

ကိုယ်တိုင်ကလည်း

သူတို့ကိုယ်တိုင်က

မသေချာ

မရေရာဘဲ

ဒီအာဏာရှင်တွေရဲ့ ငရဲလမ်းကြောင်းကို သွားနေကြတာ ဖြစ်တယ်လို့ ကျနော်တို့က ပြန်ပြီး ထောက်ပြရတယ်။ သေချာတာကတော့ အင်န်အယ်ဒီက ပြည်သူတွေ ရှေ့ကနေ ကြို တင်ပြီး ရပ်တည်ပြီးတော့ ရွေးကောက်ပွဲကို သပိတ်မှော က်တယ်ဆိုရင် ပြည်သူတွေကိုလည်း သပိတ်မှော က်ကြဖို့ကို ပြောဆို တိုက်တွန်းရမှာပဲ။ ရအောင် စည်းရုံးရမှာ ပဲ၊ ရှင်းလင်း ပြောပြရမှာ ပဲ။ လူထုကို ရွေးကောက်ပွဲ သပိတ်မှော က်ကြဖို့ကို ပြောရမှာပဲ။ ဥပဒေအရလည်း မဲ ဆန္ဒရှင်တွေအနေနဲ့ မဲမပေးဘဲ နေခွင့် ရှိတယ် ဆိုတာကို ထောက်ပြရမှာပဲ။ စကားတွေ ဘယ်လို ရှုပ်အောင် ပြောလာပါစေ ကျနော်တို့ကတော့ ရှင်းအောင် ပြောနေရမှာ ပဲ ဖြစ်ပါတယ်။

ပြည်သူလူထုတွေက ၂၀၁၀ မှာ ရွေးကောက်ပွဲကို မဲမပေးဘဲ နေကြမယ်ဆိုရင် ရွေးကောက်ပွဲကို သပိတ်မှော က်လိုက်ခြင်းကနေ စစ်အုပ်စုကို ဘယ်လိုမျိုး ရွေးချယ်စရာ လမ်းကြောင်းကို ဆွဲခေါ်နိုင်မှာ လဲ။ ငရဲသွားမယ့် လမ်းကြောင်းကို ကျနော်တို့တတွေက မသွားနိုင်ဘူးလို့ တညီတညွတ်တည်း ပြောလိုက်နိုင်မယ် ဆိုရင်၊ ဒီအတိုင်းကြီး ဆက်ရပ်နေလို့ မဖြစ်တော့ဘူး။ ကျနော်တို့တတွေက နတ်ပြည်သွားမယ့်လမ်းကို ရွေးကြရမယ်။ အဲသည်လမ်းကို သွားကြရမယ်။ အဲသည်လမ်းကြောင်းဆိုတာကလည်း အင်န်အယ်ဒီနဲ့ အတိုက်အခံနိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာမိသားစုတွေက အစဉ်တစိုက် ပြောဆို တိုက်တွန်းနေတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပဲ။ ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ဖို့က ဒီ ရွေးကောက်ပွဲလမ်းကြောင်းမဟုတ်ဘူး၊ စစ်အာဏာရှင်ကို အတည်ပြုမယ့် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲလမ်းကြောင်းကို သွားမယ့်အစား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပါပဲ။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း တံခါးကို တွန်း ဖွင့်ဖို့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှော က်ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲသည်အချိန်နဲ့ တပြိုင်နက်တည်းမှာ ပဲ အနောက်နိုင်ငံတွေက ကုလသမဂ္ဂနဲ့အ တူ မြန်မာပြည်စစ်အာဏာရှင်တွေရဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်း စစ်ဆေး အရေးယူဖို့၊ တရားစီရင်ဖို့ တိုက်တွန်းလာတယ်။ ဒါဟာ နိုင်ငံတကာက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ထွက်ပေါက်လို့ မယုံကြည်ဘူးလို့ ထုတ်ဖော်ပြလိုက်တာ ဖြစ်တယ်လို့ မြင်ပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေက ဘာတွေ ဆောင်ရွက်လို့ ရနိုင်သလဲ။ မဲဆန္̔ဒရှင်ပြည်သူတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ။ ကျနော်တို့ အင်န်အယ်ဒီက ဒီလိုမျိုးဆောင်ရွက်လာတာကို ထောက်ခံတယ် ဆိုတဲ့���ကြောင်း နိုင်ငံတကာက အစိုးရအဖွဲ့အစည်းတွေကို ထုတ်ဖော် ပြောဆိုပါတယ်။ မြန်မာပြည်မှာ လည်း လူ့အခွင့်အရေးအခြေအနေတွေက အတော်ကို ဆိုးဝါးနေပြီ။ ဒါကို အရေးယူဖို့ မပြောနဲ့ဦး၊ စုံစမ်းစစ်ဆေးဖို့ကို အခုကတည်းက မလုပ်နိုင်ရင် နောက်ကို ပိုပြီး ဆိုးဝါးတော့မှာ ဖြစ်တယ်။ ပြည်သူတွေက တဦးချင်း တယောက်ချင်း အနေနဲ့သာမက၊ နယ်စပ်ဒေသ နယ်တွေက မိသားစုတွေကလည်း မတရားအလုပ်ခံထားရတွေကို ရှေ့တိုးပြီး ထုတ်ဖော်ပြောဆိုလာမယ်။ ဒါဟာ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်အထိ၊ ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိ စောင့်နေစရာ မလိုဘူး။ အင်န်အယ်ဒီပါတီကလည်း အောက်ခြေအထိ အဆင့်ဆင့်ဆင်းပြီး ရှင်းလင်းပြောပြရင်းကနေ စစ်အာဏာရှင်တွေရဲ့ မတရားမှုေ တွ အဓမ္မမှုတွေကို မှတ်တမ်း တင်ရမှာ ပဲ။ ထုတ်ဖော် ပြောဆိုပေးရမှာပဲ။ ဒါတွေကိုလည်း ကျနော်တို့က ဆက်လ က် ဆောင်ရွက်နေမယ်ဆိုတာကို ပြောချင်ပါတယ်။ ဒီလိုမျိုး စုံစမ်းစစ်ဆေးရေးတွေ လုပ်လာတယ်ဆိုတာဟာ အရေးယူဖို့ လုပ်လာတာဟာ ကျနော့်သဘောအရ ပြောရရင်တော့ တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်နိုင်ဖို့၊ အင်ဂိတ်ဂ်ျ လုပ်နိုငဖို့အတွက် ဖွင့်ထားတာပဲလို့ မြင်ပါတယ်။ နိုင်ငံတကာရဲ့ မျက်နှာစာမှာ ဒီအချက်အလက်တွေ ရောက်ရှိလာရင်၊ တင်ပြလာနိုင်မယ် ဆိုရင် စစ်အစိုးရဲ့ ရွေးကောက်ပွဲဟာ ဘယ်သူ့အတွက်မှ အဖြေမဟုတ်ဘူးဆိုတာ ထင်ရှားလာမယ် ဖြစ်ပါတယ်။


ဒါမျိုးတွေနဲ့ ပြည်တွင်းမှကော ပြည်ပမှာ ပါ နိုင်ငံရေး အကြပ်အတည်းတွေ၊ ဖိအားတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်အာဏာရှင်လူတစုဟာ ဘယ်လိုမျိုး ပြန်လည် တုံပြန်မှုတွေနဲ့ တိုက်ခိုက်လာနိုင်သလဲ၊ ဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေကော လုပ်မလာနိုင်ဘူးလား။ ဒါကတော့ ကျနော်တို့တတွေ ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားရမှာ ဖြစ်ပါတယ်။ လူမျိုးရေး အဓိကရုဏ်းတွေ၊ ဘာသာရေး သွေးထိုးလှုံဆော်တာတွေကို ကျနော်တို့က သတိနဲ့ စောင့်ကြည့်ရမယ်။ နယ်တွေမှာ လည်း အကြမ်းဖက်ခံရတာတွေ၊ အဖိနှိပ်ခံရတာတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံတကာမိသားစုတွေအနေနဲ့ကလည်း အခုလို စောင့်ကြည့်နေတဲ့ အချိန်မှာ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ရာဇ၀တ်မှုတွေ ပိုမို ဆိုးဝါးလာတယ် ဆိုရင် နိုင်ငံတကာက အနောက်နိုင်ငံတွေသာမက၊ အာရှနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေမှာပါ မြန်မာပြည်က အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ ပြည်သူလူထုတွေ၊ နိုင်ငံရေးအင်အားစုတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကလည်း ပိုပြီး ထင်ရှားလာမယ် ဖြစ်တယ်။ အဲလိုမျိုး ပြောချင်ပါတယ်။ ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဖြစ်ပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန် စာအုပ်တန်းတွင် လမ်းလျှောက်ခြင်း

ဗို လ် ထွ န်းြ ကည် (မုံ ရွာ ) ၏ အနှ စ် ငါး ဆယ်ေ ကျာ် ကို ယ် ေ တြ ႔ မ် ား ခင်နှင်းလွင် သြဂုတ် ၂၃၊ ၂၀၁၀

အြ ပည့် အ စုံ ဖ တ် ရ န် ဤ နေရာကို နှိ ပ် ပါ 22n d Au g ust 2010 - Moe MaKa R adio


Posted by MoeMaKa | 4:18 PM | Radio Program | 0 comments »

မိုးမခရေဒီယို - သြဂုတ် ၂၂၊ ၂၀၁၀ အစီအစဉ် မိုးမခ အခါတော်နေ့ အစီအစဉ် - ဦးပန်တျာ၊ ခင်မျိုးအေး သတင်းတိုထွာ ၊ သီချင်းပဒေသာ အာဏာနဲ့ ငွေရှိသူတို့ ရွေးကောက်ပွဲ - ခေတ်ပြိုင်အာဘော် စစ်တပ်က ညစ်ပတ်သူတို့အကြောင်း စုစည်းချက် မြန်မာ့ရင်သွေးငယ်တို့၏ သီချင်းဆိုပြိုင်ပွဲ - ရွှေနန္ဒအီးမေး ဆစ်ဒနီမြို့ ကရင်တိုင်းရင်းသားလက်ချည်ပွဲတော်နဲ့ ကရင်တိုင်းရင်းသား လူမျိုးတို့ ဘ၀အစ တောင်တောသာယာနဲ့ ပန်း ၂၃ မျိုး - အကယ်ဒမီစိန်မွတ်တား ဆိုင်းလက်သံ ဇာဂနာ့သတင်း၊ သူ့သီချင်းနဲ့ သူ့ရင်တွင်းဟာသ အထူးကဏ္ဍ - မြောက်ဦးလူသတ်မှုမျိုး ဇာတ်လမ်း၊ မောင်ကြေးမုံ စီစဉ်သူများ - ဦးပန်တျာ၊ နှင်းမြတ်ခိုင် Ch risti Isla nd M assa ca re by t he B ur mes e R egi me - V OA Bu rm ese Ra dio In te rvie w Posted by MoeMaKa | 3:30 PM | Interview, VOA | 0 comments »


ဗို လ် ချု ပ် မှူးြ ကီး အ မိ န့်  နဲ့  ဆင် နွှဲ ခဲ့ြ ကရ တဲ့  ၁ ၉ ၉ ၈ ခ ရစ္စ တီး ကျွ န်းေ ပါ် က လူ သတ် ပွဲ VOA Radio, တက်ဆက်သူ - ရော်နီညိမ်း တနင်္ဂနွေ, 22 သြဂုတ် 2010 တပ်မှူးတပ်သား ပြောစကား (၀၂၂) မြန်မာနိုင်ငံထဲမှာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ စစ်ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့၊ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဘို့ဆိုတဲ့ ကိစ္စကို၊ အမေရိကန်အစိုးရကပါ ထောက်ခံဘို့ သမတအိုဘားမားက ဆုံးဖြတ်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ လူသူမသိအောင်ထိန်ဝှက်ထားတဲ့ ၁၉၉၈ ခုနှစ်က မြန်မာ စစ်တပ်က အပြစ်မဲ့သူတွေကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်ပစ်ခဲ့တဲ့ စစ်ရာဝတ်မှုကြီးတစ်ခုအကြောင်းကို ၂၀၀၈ မေလ(၂၅)ရက်နေ့က ဗီအိုအေမြန်မာပိုင်းက ထုတ်လွှင့်ခဲ့ပြီးပါပြီ။ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း တင်ဆက်ခဲ့တဲ့ ဒီအစီအစဉ်ကို၊ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား”အပတ်စဉ်ကဏ္ဍမှာ ပြန်ပြီး ထုတ်လွှင့်ပေးလိုက်ပါတယ်။ ဦးသန်းလွင်ထွန်း။ ။ ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ရလောက်အောင် အနည်းငယ်ပဲကျန်နေသေးတော့တဲ့ အာဏာရှင်နိုင်ငံတွေ ကြားထဲမှာ ၊ မြန်မာနိုင်ငံ ထင်ထင်ရှားရှားပါဝင် ပေါ် လွင်နေတာဟာ မြန်မာစစ်အာဏာရှင်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလို ရက်စက်ကြမ်းကြုပ်မှုတွေ ကျူးလွန်နေတဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို မကြာသေးခင်ကပဲ ဗီအိုအေကို ထုတ်ဖေါ်ပြောကြားလာသူကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာသံရုံးမှာ သံမှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ပါ။ ဗိုလ်မှူးအောင်လင်းထွဋ်ဟာ မြန်မာ့တပ်မတော်ထောက်လှမ်းရေးမှာ တာဝန်ထမ်းဆောင်နေရကနေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို အထူးတာဝန်နဲ့ ရောက် ရှိလာသူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၅ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်တောင်းခံနေထိုင်ခဲ့ပါတယ်။ သတင်းဌာနတွေနဲ့ အရင်က ပြောဆိုဆက်သွယ်မှုတွေ မရှိခဲ့ပေမဲ့၊ နာဂစ်(စ်) ဆိုက်ကလုံးမုန်တိုင်းကြီး တိုက်ခတ်ခဲ့အပြီး အပြစ်မဲ့ပြည်သူတွေအပေါ် စာနာထောက်ထားမှုကင်းမဲ့လွန်းတဲ့ စစ်အာဏာရှင်တွေရဲ့အပြုအမူအပေါ် မခံမရပ်နိုင်အောင် ဖြစ်လာတာမို့၊ အခုလို ဆက်သွယ်ပြောဆို လာရခြင်းဖြစ်တယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ်က ဆိုပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း မြန်မာ့ပင်လယ်ပြင်အတွင်းက ခရစ္စတီးကျွန်း (Cristie Island) (မြောက်လတ္တီ တွဒ် ၀၉ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၉မိနစ် {Geographical location 0937N 9759E}) လို့ခေါ်တဲ့ ကျွန်းငယ်လေးတစ်ခုပေါ်မှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ အပြစ်မဲ့ပြည်သူကျေးရွာ သား (၅၉)ဦးနဲ့ ထိုင်းရေလုပ်သား (၂၂)ဦးကို မြန်မာစစ်တပ်က သတ်ဖြတ်ပစ်ခဲ့ရပုံအကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဗိုလ်မှူးအောင်လင်းထွဋ် က ပြောပြခဲ့ပါတယ်။ Read more » bus y mi nis te rs fi nishi n g e xploi tatio n Posted by Yan Lo Kywe | 10:46 AM | Burma News Headlines | 0 comments »

အိ မ် စောင့် အ စိုး ရ ဖွဲ့ေ တာ့ မ ည် ဟု ဆို ၊ လက်ကုန်နှိုက်မှုများကို ၀န်ကြီးတို့ တက်သုတ်ရိုက် လုပ်ကိုင် မိုးမခ အထောက်တော်၊ ရန်ကုန် သြဂုတ် ၂၂၊


၂၀၁၀ AP သတင်းဌာနက သောကြာနေ့မှာ ရိုက်ကူးထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ရုံးဖွင့်ပွဲတခုက ပြည်ခိုင်ဖြိုး ခေါင်းဆောင် ၀န်ကြီးများ၊ နောက်လိုက်များ ဓာတ်ပုံ။ နောက်၃လအကြာမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အပြတ်အသတ် အနိုင်ရဖို့ အစိုးရက ဖန်တီးမှာ ပါလို့ နိုင်ငံရေး အကဲခတ် အများအပြားက ယုံကြည်နေကြပါတယ်။

ရွေးကောက်ပွဲ ၀င်ကြမယ့် လက်ရှိ ၀န်ကြီး အဖွဲ့ဝင်တွေ မကြာမီ သီတင်းပတ်များ အတွင်း ရာထူးမှ နှုတ်ထွက်ရမှာ ဖြစ်လို့ အိမ်စောင့် အစိုးရအဖွဲ့ တဖွဲ့ ပေါ်ပေါက်လာပြီး ရွေးကောက်ပွဲနောက်ပိုင်း အာဏာ လွှဲအပ်တဲ့အထိ အုပ်ချုပ်သွားမယ်လို့

အစိုးရနဲ့

နီးစပ်တဲ့

လုပ်ငန်းရှင်ကြီး

တစ်ဦးက

မ���ုးမခကို

ပြောပြပါတယ်။

ဒီလုပ်ငန်းရှင်က “လက်ရှိ တာဝန် ယူထားကြတဲ့ ၀န်ကြီးတွေထဲက ဘယ်သူမှ ဒီရာထူးကို ပြန်ရောက်ဖို့ မလွယ်ဘူး၊ နောက်တစ်ချက်ကလည်း မကြာခင် သူတို့ ရာထူးကနေ နှုတ်ထွက်ကြပြီး ရွေးကောက်ပွဲ ၀င်ကြမှာ မို့ စစ်တပ်က တခြား ဗိုလ်ချုပ်တွေက အိမ်စောင့် အစိုးရ တာဝန် ယူကြမယ်၊ လက်ရှိ ရာထူး ယူထားတဲ့ ၀န်ကြီးတွေနဲ့ လုပ်လက်စ ကိစ္စ အ၀၀ကို အမြန်ပြီးအောင် လုပ်ဖို့ ကျွန်တော်တို့ကို အသိပေးထားတယ်။ သူတို့ လုပ်ပေးနိုင်တဲ့ ကိစ္စတွေရော ကျွန်တော်တို့က သူတို့ကို ပေးရမယ့် ဟာတွေပါ မြန်မြန် ဆန်ဆန် ရှင်းအောင် လုပ်နေရတယ်” လို့ လည်း သူက ရှင်းပြပါတယ်။ ၀န်ကြီးတွေက

ရနိုင်သမျှ

အခွင့်အလမ်းများကို

ရယူ

လုပ်ကိုင်နေကြတယ်လို့

သူက

ဆိုပါတယ်။

“နအဖ ခေါင်းဆောင်တွေက လာမယ့် အစိုးရကို မျက်နှာ သစ်တွေနဲ့ ဖွဲ့ချင်ပုံ ရတယ်။ အရင်က ပြောသလို ၀န်ကြီးတွေက သူတို့ရဲ့ ရာထူးတွေကို ခဏ အစောင့် ထားသွားပြီး ရွေးကောက် ခံရပြီး ပြန်လာမယ် ဆိုတာမျိုး မတွေ့ရတော့ဘူး”

လို့

ရှင်းပြပါတယ်။

မကြာသေးမီ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ လည်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဦးမောင်မောင်သိမ်းက ရွေးကောက်ပွဲ ပြီးတဲ့နောက် သူအပါအ၀င် အခုလက်ရှိ ငါးလုပ်ငန်း အဖွဲ့


အမှုဆောင်များအထိ အသစ် ပြန်ဖွဲ့စည်းရမယ့် သဘောမျိုး၊ သူ့အနေနဲ့လည်း အခုလို တာဝန်တွေ ၀န်ကြီး အဖြစ်ကပါ အနားယူပြီး သူ့သားနဲ့ အတူ ပုသိမ် ကားလမ်းပေါ်မှာ ရှိတဲ့ ဆန်စက် လုပ်ငန်းပဲ လုပ်တော့မယ်လို့ ပြောဆိုသွားခဲ့တဲ့အကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ သတင်းထောက် တဦးက မိုးမခကို ဖောက်သည်ချပါတယ်။ ရန်ကုန်မှ သတင်းအယ်ဒီတာ တဦးကတော့ ကြားဖြတ်အစိုးရဆိုတဲ့ စကားလုံး ထက် အိမ်စောင့် အစိုး ရလို့ ခေါ်ဆိုခြင်းက ပိုသင့်တော်လိမ့်မယ်လို့ ဆိုပါတယ်။ “ကြားဖြတ် အစိုးရ ဆိုတာက အဖွဲ့ တဖွဲ့ထဲက မဟုတ်တဲ့ ကြားလူတွေ ပါတဲ့ အစိုးရ ဆိုတဲ့ အဓိပ္ပါ ယ် သက်ရောက်တယ်။ အခုဟာက နအဖ စစ်အစိုးရက သူတို့ အဖွဲ့ထဲကပဲ အခြားလူတွေကို ဒီနေရာ ခဏ ထိန်းထားခိုင်းတဲ့ သဘော ဆိုတော့ အဲဒီ အသုံး အနှုန်းထက် အိမ်စောင့် အစိုးရ ဆိုတဲ့ အသုံး အနှုန်းက ပို သင့်တော်မယ်လို့”

လို့

သူက

ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာပြီးခါစ ၂၀၀၉ နှစ်ဆန်းပိုင်း ကတည်းက အရာရှိကြီးတွေဟာ ရသမျှ အကျိုး ခံစားခွင့်တွေကို ပိုမို ရယူ ကိုယ်ကျိုးရှာခဲ့ကြတာ ဖြစ်တယ်လို့ ဌါနဆိုင်ရာ ၀န်ထမ်းတွေက ပြောပါတယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲ မတိုင်ခင်မှာ တရား စီရင်ရေး နဲ့ ပတ်သက်လို့ လာဘ်စားမှုတွေ ပိုများလာပြီး အရင်ကလို

အထက်က

ထိန်းသိမ်း

ပြောဆိုတာတွေ

မရှိတော့ဘူးလို့

ရှေ့နေများက

ပြောဆိုပါတယ်။

မနှစ်က အစပြုခဲ့တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ခေါင်းစဉ်အောက်မှာ ရန်ကုန် နဲ့ နယ်ဘက်က မြေနှင့် စက်ရုံတွေ၊ ဆိပ်ကမ်း၊ ကြယ်ငါးပွင့် သင်္ဘော လိုင်း၊ နိုင်ငံပိုင် လေကြောင်းလိုင်း၊ အမျိုးသား ဥယျာဉ် စတာတွေကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး

ဦးပိုင်၊

အစိုးရနဲ့

နီးစပ်တဲ့

လုပ်ငန်းရှင်ကြီးတွေရဲ့

လက်ထဲ

ရောက်သွားပါပြီ။

အစိုးရက ထိထိရောက်ရောက် မလုပ်ကိုင်နိုင်တာတွေကို ပုဂ္ဂလိကပိုင် ပြုလုပ်တာဟာ ကောင်းမွန်တဲ့ ခြေလှမ်း ဖြစ်ပေမယ့် နိုင်ငံအတွက် ရသင့် ရထိုက်တဲ့ ငွေ မရတဲ့ အပြင် ပွင့်လင်းမြင်သာမှု မရှိတဲ့ အတွက် တိုင်းပြည် နစ်နာရတယ်လို့ စီးပွားရေး ပညာရှင်တွေက ဝေဘန်ကြပါတယ်။ Mar M ar A ye - 343 Posted by Yan Lo Kywe | 10:53 PM | Mar Mar Aye | 0 comments » “ပြောစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၃၄၃)

ဝါ ခေါင် နဲ့ေ တာင်ြ ပုံး မာမာအေး သြဂုတ် ၂၂၊ ၂ဝ၁ဝ


(ဓာတ် ပုံ များ - de te ng ase ) သောတရှင်များ မာအေးချစ်တဲ့ သောတရှင်တွေ ကိုယ်ရော

စိတ်ပါ

ဂီတဝါသနာရှင်တွေ ချမ်းသာကြပါစေလို့

အားလုံးမာအေးရဲ့

ကျန်းမာတော်မူကြပါစရှင် အသံလေး ကြားရတဲ့အခါအမှာ

ဆုမွန်ကောင်း

တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - ဒီကနေ့ မနက်စောစောက မာအေး စာရေးနေကျ မှန်ပြူတင်းအပြင်ဘက်ဆီမှ၊ ပုလဲစီရွဲစီ မိုးစက်တို့ သုန်သုန်ချီလို့မို့၊ ညို့ညို့မှိုင်းမှော င် လဝါခေါင်မှာ ပါလား၊ သတိထားလာမိပါတယ်ရှင်။ ဟိုးအရင်က မိခင်ဖခင် ကျေးဇူးရှင်တို့ မွေးလ၊ ဖွားဖွားဒေါ်မြပါပေါင်း၊ ဝါဆို သံဃာတော်များ အကြောင်းပြု မိသားစုနဲ့ ကောင်းမှု အတူ လုပ်ခဲ့တဲ့ မြန်မာလပေါ့၊ မာအေးမွေးလ ဟာလဲ မြန်မာနှစ် သက္ကရာဇ် အလို ဒုတိယဝါဆို ဆိုတော့ နှစ်ထပ်ကျတဲ့ နှစ်မို့သာ “ဒုတိယဝါဆို”လ ရှိတာပါ။ နှစ်ထပ်မပါတဲ့ နှစ်များမှာ ဆိုရင် “ဝါခေါင်” လထဲ ဝင်နေမယ် ထင်တာပဲ။ ပူဇော်ထိုက်သူတို့ရဲ့ မွေးလ၊ ဘယ်လိုလ လေလဲ။ ခုနေတော့ မိုးသဲတတ်တဲ့လ၊ ဝါဆိုဝါခေါင် ရေဖောင်ဖောင်၊ သပြေသီးမှည့် ကောက်ရအောင် ဆိုတာလောက် သိတာလေ။ BBC ထုံးစံအရ ရှာဖွေလေ တွေ့ရှိလေ လုပ်ဦးမှ၊ ဗဟုသုတ ရတာပေါ့နော်။ “ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်၊ ခရာဆူးခြုံ ဟိုအထဲက မျော့နက်မဲကြီးတွယ်တတ်တယ်၊ 'မျှော့နက်' ဆိုတာ 'ဂျို' နဲ့လားကွဲ့၊ မြွေနဂါးတောင်ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့၊ အုန်လက်နွားလေး ထားခဲ့မယ်။ သွားကွယ်၊ သွားကွယ်” [သြေ ပသီး ကောက် က ဗျာ၊ ၁၁. ၆. ၃၁ ဆ ရာ မင်း သု ဝ ဏ် ] ပုလုကွေးလေး ကျောင်းတောင်မှ မရောက်သေးလဲ၊ အရပ်ထဲက ကလေးရောင်စုံဟာ ဒီကဗျာ ရကြတယ်။ ကကြတယ်။ အဲဒါဟာ “ဝါခေါင်” လို့ စကြားခဲ့တာပါပဲ။ မာအေးတို့ အောက်အရပ်က ချောင်းစပ် မြောင်းစပ်တွေမှာ


ရေကြီးလို့ ရေစီးနဲ့ မျောပါလာတဲ့ သပြေသီးမှည့် ညိုညိုတတွေ ကပ်နေတတ်လေတော့၊ စားဖို့ ကစားမလို့ သပြေသီးကောက်မယ့်သူကို “မျှော့”ဆိုတဲ့ အကောင်မဲမဲ ပျော့ပြဲပြဲက တွယ်မယ်။ ကိုက်မယ်။ သတိပေးတယ်။ ခရာဆူးပင် ရှိတာလဲ သတိရစေတယ်။ တယောက်က သတိပေးတော့ တယောက်က မြွေတို့ နဂါးတို့ကိုတောင် မကြောက်ဖူး တဲ့။ အုန်းလက်နွားလေး

ဒီတော့ ကစားဖော်ချင်း အားတင်းပေးလိုက်တယ်။ တို့လဲ မကြောက်ဖူး။ တို့ရဲ့ ထားခဲ့ပြီး သွားကြတာပေါ့လို့ လိုက်ရော ပေးလိုက်တဲ့ မေတ္တာ စိတ်ကို မာအေး

တွေ့လိုက်ပါတယ်။ “ဝါခေါင်”လို့ ဆိုရာမှာ ဝါတွင်းသုံးလအတွင်း “ဝါခေါင် လပြည့်ကျော် (၁)ရက်ကနေ တော်သလင်း လပြည့်ကျော် (၁) ရက်နေ့ အထိ” ၁ လတာ အချိန်ဟာ ဝါရဲ့ အလယ်ဗဟို ဖြစ်တဲ့အတွက် “ဝါလယ်” ဆိုတဲ့ အနက် အဓိပ္ပါ ယ်ကို ယူပြီး

ရှေ့လူကြီးတွေက

ဝါခေါင်လို့

ခေါ်ကြတာပါရှင်။

ပုဂံခေတ် တုန်းကတော့ ဒီလကို “နံကာ” လို့ ခေါ်ဆို သုံးနူန်းခဲ့တယ်လို့ ဆရာကြီး ဦးဖိုးလတ်ရဲ့ “မြန်မာလ အမည်များ” စာအုပ်မှာ ဖတ်ရဖူးပါတယ်။ “နံ” ဆိုတာ “အချိန်အခါ၊ ကာလ” လို့ အဟော ထွက်တဲ့ အကြောင်း၊ “ကာ” ဆိုတဲ့ စာလုံးကတော့ “ပြုလုပ်တယ်” ဆိုတဲ့ သဘောပါ တဲ့။ ဒါကြောင့် ဝါတွင်း ဆောင်ရွက်စရာ ကိစ္စတွေနဲ့ ပတ်သက်သုံးရတဲ့အခါ “ဝါခေါင်”လို့ ခေါ်ကြ သုံးကြတယ် တဲ့။ “ဝါခေါင်” နဲ့ အဓိပ္ပါ ယ် ယူရင် “ ရဟန်းတော်များ ကျောင်း၌ နေရသော မိုးသုံးလ၏ အလယ်လ၊ ဝါလယ်လ” လို့ ပြောရပါမယ်။ “နံကာ” နဲ့ အဓိပ္ပါ ယ် ယူရင်တော့ “လယ်လုပ်ချိန်၊ ထွန်ထယ်ချိန်၊ စိုက်ပျိုးချိန်လ” ဆိုရမှာ ပေါ့၊ မြန်မာ ဆယ့်နှစ်လရဲ့ ပဉ္စမလေ၊ သိဟ်ရာသီ ဖြစ်ပါတယ်။ “မျှော်ယောင် သာသန်းတော့ သောင်ကမ်းငယ် ပြည့်လျှံ၊ နဒီငယ်ခြံသည်၊ ပြည်မင်းစံရွှေဘုံက၊ အကုန်ထူးတဲ့လကိုလေး။ ။ သိဟ်ရာသီငယ် နေမိန္ဒရ၊ ဝါခေါင်လမို့၊ တောင်များ ထွတ်စွန်၊ သရဝဏ်လဲ၊ ရောင်ရှန်တေဇာ၊ ပန်းခတ္တာ နှင့်၊ ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့၊ လှူစာရေးတံ၊ သဘင်စုံခံဆဲမို့၊ လွမ်းရန်ဖွယ်သည် အချိန်ကို၊ ဒေဝရိန် ပဇ္ဇုန်မှူးရယ်က၊ မြူးလှတယ်လေး” [ဝါခေါင် လ ဘွဲ့  လွ မ်း ချင်း ] မာအေးက သီချင်းသမားမို့ သီချင်းကြားမှာ ရှာတွေ့ ဝါခေါင်လဘွဲ့ လွမ်းချင်းကလေး၊ ဘယ်သူရေးတယ် မသိသော်လဲ ဟဲပြလိုက်ပါတယ်နော်၊ “အကုန်ထူးတဲ့လ” ဆိုတာကိုး ရှင့်၊ ခေတ်ဟောင်းရုပ်ရှင် ဗိုလ်အောင်ဒင် ကားထဲက မေမေဝင်း ဆိုတဲ့ “ဆယ့်နှစ်လရာသီ သီချင်းမှာ “ရာသီသိဟ်ဝယ်၊ နေမိန္ဒရ၊ ဝါခေါင်လ လို့ တမ်းတကာရည်” အဲဒီစာဟာ ဒီလွမ်းချင်းကပါလား သိသွားရတာပေါ့၊ ခတ္တာ တွေ ပွင့်တယ်။ စာရေးတံမဲချလှူတဲ့ ပြည်သူရဲ့ ပွဲတွေလဲ ရှိတယ်တဲ့။ သီချင်းစာက ပြောပါတယ်။


ဒီလွမ်းချင်းက စောပြီး ရေးခဲ့လို့လား မသိဘူးရှင့်၊ တောင်ပြုံးပွဲတော့ ထည့်မစပ်သွားတာ ဧကန်ပဲ။ ဒီပွဲက တပြည်လုံး အုံးအုံးထ သွားကြတဲ့၊ သွားကကြတဲ့ ဝါခေါင်ပွဲလေ။ ချစ်ဆွေတို့ ကြားဖူးပါလိမ့်မယ်။ အတွင် (၃၇) မင်း၊ အပြင်(၃၇) မင်းနဲ့ ပြောပြောနေကြတာပဲ မဟုတ်လား။ တောင်ပြုံးပွဲ ဆိုတာ ပုဂံခေတ် အနော်ရထာဘုရင် လက်ထက်က စခဲ့တဲ့ အပြင် (၃၇) မင်း၊ နတ်စာရင်းဝင် “ရွှေဖျဉ်းကြီးနဲ့ ရွှေဖျဉ်းငယ်” လို့ ခေါ်တဲ့ ပုပ္ပါးသား နတ်ညီအကို နှစ်ပါးရဲ့ ပျော်ပွဲဖြစ်ပါတယ်။ အဲဒီ နတ်ညီအကို နှစ် ပါးကို နတ်စိတ်ဝင်စားတဲ့ လောကမှာ “မင်းကြီး၊ မင်းလေး” လို့လဲ ခေါ်တယ်။ “ကိုယ်တော်ကြီး၊ ကိုယ်တော်လေး” ဆိုလဲ လူသိပါတယ်။ “တောင်ပြုံး” ဆိုတာကတော့ သူတို့ကို အနော်ရထာမင်းက အပိုင်စား ပေးသနားထားတဲ့ ရွာ ကလေးရဲ့ နာမည်ပါ။ မန္တလေးနဲ့ မဝေးလှတဲ့ မတ္တရာနယ်က တောင်ပြုံးရွာမှာ ပွဲတော့ စချိန် ရောက်နေပြီ ရှင်တို့ရေ။ “ xxx (အို တောင်ပြုံးခေါ် ပွဲတော်ကြီး နီးလာပြီ။ လာ. ကိုမြို့မ ကျမနဲ့တွဲသွား ပါရစီ) ၂ xxx (ဟိုးနောက်ကနေ ယောက်ဖရေ ခေါ်နေသည်) ၂ xxx မြို့မအဖွဲ့ ပျို (သည်းညည်းခံ)၂ ထုံးစံပါအတည်၊ အိမ်ကို မြန်မြန်သာ ပြန်ပါ ကလေးတွေ ငိုကုန်ပြီ။ xxx ” [ြ မို့ မြ ငိ မ်း ၏ တော င်ြ ပုံးသီ ချ င်း မှ ] (မူရင်း - ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)


Nay Thwi n - Ho use N um be r 263 a nd im priso ne d s pirit s Posted by MoeMaKa | 3:15 PM | Reviews | 0 comments »

မ လွ တ်ြေ မာက်ေ သာ ၀ိ ညာဉ် များနှ င့် အိ မ် အ မှ တ် ၂၆ ၃ နေသွ င် သြ ဂု တ် ၂၂၊ ၂၀၁၀ ပရင့်စန့်ကရာလမ်းမကြီး (Prinsengracht) က အင်္ဂလိပ် လို Princess Canal ဟု အဓိပ္ပာ ယ်ရသည်၊ မင်းသမီး တူးမြောင်းလမ်းဟု မြန်မာမှုပြုနိုင်မည်။ မနက်စာစားနေ ရင်း ပရင့်စန့်ကရာလမ်း။ အိမ်အမှတ် ၂၆၃ သွားရန် နော်နို ရင်းကို အဖော်စပ်ရသည်၊ လွန်ခဲ့သော ၃ ရက်က အိမ် ရှေ့က လမ်းဖြတ်လျှောက်ခဲ့ပေမင့် ညသန်းခေါင်ကျော်နေ ပြီမို့ ပြတိုက်က ပိတ်နေပြီ။ အမှော င်ထဲမှာ ဓာတ်ပုံရိုက်ပြီး ပြန်ခဲ့ကြသည်။ ယနေ့ စနေနေ့ဖြစ်တာရယ်၊ အလုပ် မယ် မယ်ရရ မရှိတာရယ်ကြောင့် ပြတိုက်ဆီနောက်တခေါက် သွားဖို့ ဆုံးဖြတ်လိုက်သည်။ “ ပြတိုက်က ဘာပြတိုက်မို့လဲ ” အသင့်ပါလာသော The Diary of a Young Girl စာအုပ် ကို ပြရင်း “ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာတပ်တွေ ဒီမြို့ကိုသိမ်းတော့ ဒီစာအုပ်ထဲက ကောင်မလေးနဲ့ သူ့တို့ မိသားစု ပုန်းခဲ့တဲ့ အိမ်ပါ။ ၂ နှစ် လောက်ပုန်းနေပြီး သူက နေ့တိုင်း မှတ်တမ်းရေးတယ်။ အဲဒါ ဒီစာအုပ်ပဲ၊ ကမ္ဘာ


ကျော် စာအုပ်ပေါ့။ ဘာသာအမျိုးမျိုးနဲ့ ဘာသာပြန်ခဲ့ကြ တယ်လေ။ မြန်မာလိုတော့ ဆရာတက္ကသိုလ်နေ၀င်း ဘာ သာပြန်တာရှိတယ်။ အဘဦးဝင်းတင်တို့ အမ်စတာဒမ်မှာ သတင်းစာပညာသင်တန်း လာတက်တနုးက ဒတ်ခ်ျဘာ သာသင်တော့လည်း ဒီစာအုပ်က ပြဋ္ဌာန်းစာအုပ်ပဲ။ အခုပြ တိုက်လုပ်ထားတဲ့ အိမ်ဘက်လည်း ညနေတိုင်း လမ်း လျှောက်ဖြစ်တဲ့အကြောင်း အဘဦးဝင်းတင်ရေးတဲ့ ဆောင်း ပါးတပုဒ်မှာ ဖတ်ဖူးတယ်” ဒီလောက်ဆို စည်းရုံးရေးခရီး အောင်မြင်သွားပါပြီ။ နှစ် ယောက်သား မြေပုံတချက်နှင့် လမ်းလျှောက်သွားကြ သည်။ ရာသီဥတုက နေသာနေသည်။ သို့သော် အာရှ သားများအဖို့ နွေးရုံသာ။ နာရီဝက်ခန့်လမ်းလျှောက်ပြီး လူတန်းရှည်ကြီး စီနေသော နေရာကို လှမ်းတွေ့သဖြင့် အိမ်အမှတ် ၂၆၃ ဆီ ဆိုက် ဆိုက်မြို က်မြို က်ရောက်မှန်း သေချာသွားသည်။ အံ့သြစရာ ကောင်းလောက်အောင် လမ်းတချက်မမှ မှားခဲ့သဖြင့် နော်နိုရင်းက လက်မထောင်နေသည်။ အရင်ရောက်နှင့်နေသော လူ ၁၀၀ ခန့်၏နောက်မှာ တန်း စီ လိုက်ကြသည်။ ၀င်ကြေးတယောက် ရှစ်ယူရိုခွဲပေးပြီး နောက် အိမ်ကြီးထဲ ရောက်သွားသည်။ အိမ်က ခပ်မှောင် မှော င်။ မီးလုံးလေးများနှင့် အလင်းရောင် ဖျော့ဖျော့ ထွန်း ထားသည်။ အလင်းရောင်ထဲမှ အလင်းအားနည်းသော အိမ်ထဲရောက်သွားသဖြင့် ကြမ်းခင်းများကို သတိထားပြီး လျှောက်သွားရသည်။ ၀င်ဝင်ချင်း အန်ဖရန့်၏ ဘ၀ဇာတ် ကြောင်းကို ရုပ်ရှင်ပြထားသည်။ ရှေ့မှာ ဖုန်းခွက်များချ ထားပြီး အင်္ဂလိပ်ဘာသာ၊ ပြင်သစ်၊ ဂျာမန် ဘာသာတို့ဖြင့် နားထောင်နိုင်အောင် စီစဉ်ပေးထားသည်။ နံရံမှာစာသားတချို့ ရေးထားတာကို ဖတ်ရသည်။

ထိုခန်းမကနေ

ညာဘက်သို့

ကွေ့ဝင်သွားသောအခါ

“ဒီဆိုးရွားလှတဲ့ စစ်ပွဲကြီးတနေ့တော့ ပြီးသွားမှာ ပါပဲ၊ ဂျူးရယ်။ ဒတ်ခ်ျရယ်၊ အင်္ဂလိပ်ရယ်၊ ဘာလူမျိုးရယ် ဆိုပြီး မရှိဘဲ လူတွေအားလုံး လူပြန်ဖြစ်မယ့်အချိန် တနေ့တော့ ပြန်ရောက်ရမှာ ပေါ့၊” (ဧပြီ ၉။ ၁၉၄၄) အိမ်၏လွှမ်းမိုးမှုကြောင့်ဖြစ်မည်။ အိမ်ထဲမှာ လူတရာခန့် ရောက်နေသောလည်း ဘာသံမှမထွက်၊၊ တိတ်တိတ်ဆိတ် ဆိတ် သွားလာနေကြသည်။ အိမ်အကြောင်း အနည်းနှင့် အများသိကြမည်။ ကလေးတွေကအစ မျက်နှာမကောင်း ကြပေ။ နံရံပေါ်က စာသားများကလည်း အကြောက် တရားသာ လွှမ်းမိုးနေသည်။ “ကြောက်လိုက်ကြတာ မပြောပါနဲ့တော့။ အိမ်နားက လူ တွေ ငါတို့ကို မြင်သွားမှာ။ ငါတို့အသံကို ကြားသွားမှာ ကို သိပ်ကြောက်တာပဲ …. ” “မနေ့ညတုန်းက ငါတို့မိသားစု ၄ ယောက်၊ သီးသန့်ရုံးခန်း ထဲဆင်းပြီး ရေဒီယိုနားထောင်ကြတယ်၊ ကြောက်လိုက် တာ … ” မတ်စောက်သော လှေခါးများအတိုင်း တထပ်ပြီးတထပ် တက်သွားကြသည်။ ရုပ်ရှင်ပြထား သည်။ အန်ဖရန်၏ဖခင်က မျက်ရည်ဝဲရင်းစကား ပြောနေ သည်။

တတိယထပ်မှာ လည်း

“ သူ့မှတ်တမ်းထဲမှာ မကျေနပ်တာတွေ ခံစားချက်တွေ အများကြီးရေးထားတယ်၊ သူ့မျက်နှာပေါ်မှာ တခါမှ မတေ ရတာတွေကို မှတ်တမ်းဖတ်မှာပဲ သိရတော့တယ် ” ရပ်ကြည့်နေသူတွေ အားလုံး မျက်နှာ မကောင်းကြပေ။ အမျိုးသမီးကြီးတယောက် မျက်ရည်ဝဲနေသည်။ နံရံမှာ မိသားစု ၄ ယောက်၏ ဓာတ်ပုံများလည်း ပြထားသေး သည်။ ပုံ၏အောက်ခြေတွင် မွေးနေ့ရက်များလည်း ဖော်ပြ ထားသည်။ နေ့စဉ်မှတ်တမ်း လက်ရေးမူရင်းတချို့ မီးထွန်း ထားသော မှန်အိမ်ထဲမှာ တွေ့ရသည်။ ဒတ်ခ်ျဘာသာ ဖြစ် မည်။ ဖျက်ရာများနှင့်။ အန်ဖရန့်က ငယ်စဉ်ကတည်းက ကြီးလာလျှ င် စာရေးဆရာမကြီး၊ သတင်းထောက်မကြီး ဖြစ်ချင်သူ။ “ ဒီနေ့က အန်ဖရန့်ရဲ့မွေးနေ့ပဲ၊ ဇွန်လ ၁၂ ရက်နေ့လေ၊ အသက်ရှိနေရင် ဒီနေ့ ၈၁ နှစ်ပြည့်မွေးနေ့ပဲ ” “ ဟုတ်လား၊ တိုက်တိုက်ဆိုင်ဆိုင် ” ဓာတ်ပုံအောက်က မွေးနေ့တွေကို

ဖတ်ခဲ့ပေမယ့်

အတွေး

က

ဟိုရောက်ဒီရောက်ဖြစ်နေသဖြင့်

သတိမထားမိ။ နော်နို ရင်းပြောမှပဲ ဆက်စပ်မိတော့သည်။ အသက် ၈၁ နှစ်ဆို သဖြင့် အကယ်၍ ၁၉၄၅ မတ်လမှာ နာဇီ အကျဉ်းစခန်း ထဲ ရောဂါနှင့်မဆုံးပါးသွားလျှင် ဒီနေ့ ၈၁ ပြည့်မွေးနေ့ ကျင်းပနေပေမည်။ သို့ဆိုလျှင် သူ့မှတ်တမ်းက ကမ္ဘာကျော်ပါ့မလား။ အိမ်က ရော ပြတိုက် ဖြစ်နေပါ့မလား။ ဒါမှမဟုတ် အော့စ၀ှစ် အကျဉ်းထောင် မှတ်တမ်းတခု ထွက်ပေါ်လာဦးမလား။ တွေးနေမိသည်။ ကမ္ဘာ ကျော် အော့စ၀ှစ်


အကျဉ်းစခန်း ရောက်ခဲ့ပေမယ့် အသက်မသေကျန်ခဲ့သူ ဖခင်အော်တို ဖရန်၏မှတ်ချက်များလည်း နံရံပေါ်မှာ တွေ့ရသည်။ “ခြွဲ ခားဆက်ဆံမှုတွေ၊

ညှဉ်းပန်းနှိပ်စက်မှုတွေ

အကြောက်

တရားတွေကို

ဆန့်ကျင်ပြီး

ပိုပြီးကောင်းမွန်တဲ့ ကမ္ဘာကြီး တည်ဆောက်ဖို့ အထောက်အပံ့ပစ္စည်းတခုအဖြစ် အန် ဖရန်အိမ်ကို ရည်ရွယ်တ ယ် ” (အော်တိုဖရန့်။ မတ် ၂၄။ ၁၉၅၉ ) ၁၉၆၀ ကတည်းက အိမ်ကိုပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သဖြင့် နှစ်ပေါင်း ၅၀ ကျော်ပေပြီ။ အထူးအဆန်း ပစ္စည်းများကို ဖွယ်ဖွယ်ရာရာ ပြသထားရာမဟုတ်သော်လည်း နှစ်စဉ် လူ ရာပေါင်းများစွာ လာရောက်လည်ပတ်သည်ဟု သိရ���ည်။ သာမန် လူနေအိမ်တအိမ်တွင် တွေ့ရမည့်အသုံးအဆောင် များ၊ စာပွဲ၊ ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုခန်း၊ ရေ အိမ်။ သို့သော် အိမ်၏အမှောင်ထောင့်တိုင်းတွင် ချုပ်ခြယ်ခံရ သော လူသားဝိညာဉ်များ လွတ်လပ်မှုကို ငံ့လင့်နေသော လူသား ၀ိညာဉ်များ။ အကြောက်တရား လွှမ်းမိုးခံထားရ သူတို့၏ ၀ိညာဉ်များ ယခုတိုင် ကူးစက်ပျံ့လွင့်နေဆဲဟု ခံ စားမိသည်။ ဒုတိယကမ္ဘာ စစ်အတွင်းက နာဇီတို့၏စစ်ဖိနပ် အောက်မှာ တချို့ အဆိပ်ငွေ့လွှတ် သတ်ပစ်ခံခဲ့ရသည်။ တချို့ နာဇီအကျဉ်းစခန်းမှာ ရောဂါနှင့် သေကြရသည်။ အန်ဖရန်၊ သူ့အစ်မ၊ မိခင်၊ ချစ်သူပီတာ၊ တအိမ်တည်း ပုန်းဖော်ပုန်းဘက် ရှစ်ယောက်ထဲက ၇ ယောက်သည် ထို ဒဏ်များကြောင့် ရှေ့ဆင့်နောက်ဆင့် အသက်ဆုံးကုန်ကြ သည်။ စိတ်မူမမှန်သော ဟစ်တလာဆိုသော အာဏာရှင် ကြီးတယောက်ကို မတားဆီးနိုင်ခင်မှာ ကံဆိုးမိုးမှောင် ကျ သွားရသူတွေထဲက မိသားစုက မနည်း၊ သန်းချီသည်။ သူ တို့ဘ၀တွေ၊ အိပ်မက်တွေ၊ အနာဂတ်တွေ၊ ရည်မှန်းချက် တွေ၊ ချစ်ခြင်းမေတ္တာတွေ သက်သ က်မဲ့ တဘက်သတ် ဖျက်ဆီးခံလိုက်ရသည်။ “ကရင်ပြည်နယ်ထဲမှာ ဒီလိုဘ၀မျိုးတွေ အများကြီးရှိတယ်။ သူက မှတ်တမ်းနဲ့ရေးထားလို့သာ ” နော်နိုရင်းပြောတာကို ကျနော်နားလည်ပါသည်။ သူကိုယ် တိုင်က ကရင်ရွာ တရွာ၊ နောက် ဒုက္ခသည် စခန်းတခု ရောက်ခဲ့ရသူ။ မြန်မာပြည်အရှေ့ပိုင်းဒေသမှာ စစ်ဘေး ကြောင့် အိုးအိမ်ပစ်ဒုက္ခသည် သန်းတ၀က်ခန့် ရှိနေသည်။ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည် ၁ သိန်းခွဲရှိနေသည်။ ရန်ကုန်လို မြို့ကြီးမှာပင် မိမိအိမ်မှာ နေရင်း ထောက်လှမ်းရေးတွေ၊ သတင်းပေးတွေက အချိန် မရွေးတံခါးလာခေါက်ပြီး၊ ဘာပုဒ်မမှန်းမသိဘဲ ဖမ်းခေါ်သွားနိုင် သည် မဟုတ်လား။

ဘယ်မှာ

မှန်းမသိ၊

ဘယ်လောက်ကြာကြာမှန်းမသိ

ယခုထိလည်း နိုင်ငံရေးယြုံ ကည်ချက် ကြောင့် လူ ၂ ထောင်ကျော် အကျဉ်းကျခံနေရသည်။ ၂၀ ရာစု နာဇီလက်အောက်က ဂျူးသန်းပေါင်းများစွာ ၏ ဘ၀ နှင့် ၂၁ ရာစု မြန်မာပြည်သားများ၏ ဘ၀များကို နှိုင်း ယှဉ် စဉ်းစားနေမိသည်။ “ အနာဂတ်တည်ဆောက်ဖို့ အတိတ်ကို သိထားရမယ် ” (အော်တိုဖရန်။ ၁၉၆၇) သမိုင်းသည် ဖျောက်ဖျက်လု့ရိ ကောင်းသည့် အရာမဟုတ် ပေ။ ဖက်ဆစ်အာဏာရှင်ဖြစ်စေ၊ စစ်အာဏာရှင် ဖြစ်စေ၊ တနေ့တော့ ကျဆုံးရမည်သာ၊ သို့သော် ထိုတနေ့မတိုင် ခင် … ။

ဇွန် ၁၄၊ ၂၀၁၀ Sa un g Y un La - One D ay will s ee Posted by MoeMaKa | 2:57 PM | Poems, Saung Yun La | 0 comments »

တေ ရွ့  ရွေ့  ဆို ရ င် ...တေ န့ေ န့ ကို လည်း မြ င် နို င် တယ် ဆောင်းယွန်းလ


သြဂုတ် ၂၂၊ ၂၀၁၀

အချိန်တွေပြုန်းတီးသွားခဲ့ရတဲ့ လမ်းမမှာ ရောင်စုံစိတ်ကူးတွေက တလက်လက်တရှရှ... မိုးမဆုံး မြေမဆုံးတော့တဲ့ အသုံးအနှုန်းခံတပ်ကြီးထဲက ကျည်ဆံတွေလို တသည်းသည်းရွာ ကျလာတဲ့ စကားလုံးတွေက လေထဲ တွဲခိုပျံဝဲနေကြသလို မြေကမ္ဘာအနှံ့ ရွှဲစို ပြန့်ကျဲနေကြတော့တယ်... အလစ်အငိုက်ဆို လေစိမ်းတွေ တဟူးဟူးတိုက်တယ်.... တခါတခါ..နတ်သူရူးတွေရဲ့အလိုတော်ကျ လက်သီးရိုင်းတွေက မှောင်မှောင်မည်းမည်းထဲက ဓားသွေးပြတတ်ကြတယ်... တချို့ကပြောတော့လည်း... မိုက်တယ်ဆိုတာ လွယ်ပါတယ်တဲ့.. ကျနော်တို့တတွေ... ပြီးတော့...ခင်ဗျားတို့ကိုယ်တိုင် ယဉ်ကျေးမှုတံခါးရွက်တွေကို အရိုးသားဆုံးနည်းနဲ့ တွန်းဖွင့်နိုင်ဖို့အတွက် တမနက်လောက် ခက်ခက်ခဲခဲ ကြိုးစားကြည့်ခဲ့ကြဖူးသလား.... . ငယ်ငယ်တုန်းက စစ်တိုက်တမ်းကစားသလိုမျိုး တချက်ပစ်ရင် တယောက်မကသေတဲ့ ခေတ်ကြီးထဲမှာ ရှင်သန်နေရမှုက ကောင်းဘွိုင်ကားတွေထဲက ဇာတ်ရံသာသာပါပဲ... ခေတ်မီတိုးတက်လှတဲ့ တက်ကနိုလိုဂျီရဲ့ တန်ခိုးအာနုဘော်တွေအောက်မှာ ကမ္ဘာ ဟာ တဖြေးဖြေးကျဉ်းမြောင်းလာခဲ့ပေမယ့် တည့်တည့်မလျှောက်မချင်းတော့ ဘယ်ကိုမှမရောက်နိုင်ဘူး.... မိစ္ဆာ လူရိုင်းတွေ အတ္တနဲ့ဒုန်းစိုင်းနေကြတဲ့ လမ်းမမှာတော့ မုန်တိုင်းက တဝုန်းဝုန်းတဒိုင်းဒိုင်း ခါးကိုင်းအောင် တိုက်နေခဲ့ဦးမှာပဲ...။

COB A A ctivi ty s o fa r i n Au g ust 201 0 Posted by MoeMaKa | 1:11 AM | Local News Headlines | 0 comments »


ပြ ည် သူ့  ဂု ဏ် ရ ည် အ ဖွဲ့  က မိ တ်ေ ဆွ မြို့ န ယ် များ အ သီး သီး ၂၀ ၁ ၁ အ တွ က် ပြ င် ဆင် မှု များ စ တင် မိုး မခအထော က်ေ တာ် ၀၀၂ သြ ဂု တ် ၂၁၊ ၂၀၁၀ ၂၀၁၀ ခုနှစ်မှာ မြန်မာပြည်တွင်းက လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူတို့ကို ရွေးချယ် ဂုဏ်ပြုတဲ့ ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုစတင်ခဲ့ပြီး နာရေးကူညီမှုအသင်းက ကိုကျော်သူကို ပြည်သူဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။ အမေရိကန်ပြည်တွင်းက မြန်မာမိသားစုများ၊ မြန်မာပြည် ချစ်သူများရဲ့ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများဟာ အခုဆိုရင် လာမယ့် ၂၀၁၁ အတွက် ပြင်ဆင်မှုများ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အကြမ်းအားဖြင့် ၂၀၁၁ မေလ၀န်းကျင်မှာ ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်မယ့် အခမ်းအနားကို ကျင်းပနိုင်ဖို့၊ အဲသည်အခမ်းအနားကို ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ ပြည်သူ့ဂုဏ်ရည် မိတ်ဆွေများက အိမ်ရှင်အဖြစ် ဆောင်ရွက်နိုင်ဖို့ ပဏာမသဘောတူထားကြတယ်လို့ ဆိုပါတယ်။ အခုအချိန်ကတည်းက စပြီး မြန်မာပြည်တွင်းက စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း စွမ်းဆောင်သူ ဂုဏ်ယူဖွယ်ရာ မြန်မာများ၊ အသင်းအဖွဲ့များ စာရင်းပြုစုကြဖို့၊ ထုတ်ပြန်အသိပေးကြဖို့ ၀ိုင်းဝန်းကြရန်၊ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုဆုချီးမြှင့်နိုင်ဖို့ ရန်ပုံငွေ ရှာဖွေ စုဆောင်းကြရန်၊ အများပြည်သူအားလုံးက ၀ိုင်းဝန်းကူညီ ပါဝင် အားပေးမှုတွေ ပိုမိုရရှိစေဖို့ စည်းရုံးလှုံဆော်ကြရန် ယခုကတည်းက အမေရိကန်ရှိ စိတ်ဝင်စားသူ မြို့နယ်အသီးသီးက စိတ်ဝင်စားသူ လုပ်အားပေးတွေ၊ စေတနာရှင်တွေ၊ မိတ်ဆွေတွေ လုပ်ဆောင်နေကြပြီ လို့ သိရပါတယ်။ ဘတ်ဖဲလိုးအရပ်က မြန်မာအသိုင်းအ၀န်းတွေထဲမှာ ဆိုရင် သူတို့မြို့နယ်မှာ ၀ိုင်းဝန်းဆောင်ရွက်မှုေ တွ လုပ်ကိုင်နိုင်ဖို့ မြို့နယ်အဖွဲ့ကို စည်းရုံးရေး၊ ပြန်ကြားရေး၊ ဘဏ္ဍာငွေ ရှာဖွေရေး၊ စာရင်းစိစစ် ပြုစုရေး စတဲ့ လုပ်ငန်းကော်မီတီလေးတွေ နဲ့ စတင်ဖွဲ့စည်းဖြစ်ခဲ့ပြီ လို့ ဆိုပါတယ်။ နယူယောက်မြို့နယ်က မိတ်ဆွေတွေ ဆိုရင် နယူးယောက်နွေရာသီ ရခိုင်သင်္ကြန်ပွဲက ဈေးရောင်းပွဲမှာ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုအဖြစ် တီရှပ်တွေ ရောင်းတာ၊ ပို့စကဒ်နဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ စိတ်ဝင်စားသူတွေ အသင်းအဖွဲ့တွေကို လိုက်လံ ရှင်းလင်းတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကြီးအတွက် ရန်ုပုံငွေ မတည်နိုင်ဖို့ စေတနာရှင်တွေကို လိုက်လံစည်းရုံးပြီ ၅ ဒေါ်လာ ရန်ပုံငွေ အဖွဲ့တခု ဖိတ်ခေါ် ထူထောင်နေပြီ လို့လည်း သိရပါတယ်။ ဆန်ဖရန် ဘေးဧရိယာက ပြည်သူ့ဂုဏ်ရည်မိတ်ဆွေတွေကတော့ အများသူငှာ သိရှိစေဖို့၊ မိတ်ဆက်တဲ့ လှုပ်ရှားမှုတွေ လုပ်တယ်လို့ ဆိုပါတယ်။ ဘေးဧရိယာအတွင်းက ဘာသာရေး၊ လူမှုရေးပွဲတော်တွေမှာ


မိတ်ဆွေမိသားစုတွေက

တဦးလျင်

ဒေါ်လာနှုန်း

ဝိုင်းဝန်းထည့်ဝင်ပြီး

အများကောင်းမှုအဖြစ်

ကုညီ

ဆောင်ရွက်ကြတယ်လို့ ရှင်း ပြပါတယ်။ နယူးယောက်မြို့နယ်မိတ်ဆွေတွေ ထုတ်ဝေတဲ့ တီရှပ်တွေ၊ လက်ကမ်းစာစောင်တွေ မှာ ယူပြီး ရန်ပုံငွေ ရှာဖို့၊ အများသိစေရန် ဖြန့်ဝေတာတွေ လုပ်ကြမယ်လို့ လည်း တိုင်ပင်နေတယ်လို့ ပြောပါတယ်။ နောက်ဆုံး ကြားသိရတာတခုကတော့ - အယ်လ်အေက ပြည်သူ့ဂုဏ်ရည်မိတေ် ဆွတွေရဲ့ ရန်ုပုံငွေ ရှာဖွေမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဂီတ၀ါသနာရှင်တွေ၊ မြန်မာတေးချစ်သူတွေအတွက် ကာရာအိုကေစက်များနဲ့ သီဆိုဖျော်ဖြေနိုင်မယ့် ဂီတဆည်းဆာနဲ့ အစားအသောက်ပွဲတော်တခုကို ရှေ့လထဲမှာ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ၂၀၁၀ ခုနှစ် ပထမဦးဆုံး အိမ်ရှင်မြို့နယ်အဖြစ် အယ်အေက ပြည်သူ့ရဂုဏ်ရည်မိတ်ဆွေတွေက ဆုပေးပွဲ အခမ်းအနားကို ကောလိပ်တခုရဲ့ ခမ်းမမှာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခု ၂၀၁၁ အတွက် ရန်ပုံငွေ လှုပ်ရှားမှုအပြင် မိတ်ဆွေတွေ တိုးတက် ကျယ်ပြန့်ဖို့ပါ အာရုံပြု ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည် ဆိုတဲ့ ဆောင်ပုဒ်နဲ့ သူတို့ရဲ့ ၀က်ဆိုက် http://CitizenOfBurma.org မှာ သတင်းတွေ၊ လှုပ်ရှားမှုတွေ၊ ဂုဏ်ယူဖွယ်ရာ အမည်စာရင်း တင်သွင်းဖို့ စာမျက်နှာ စတာတွေ တင်ဆက်ထားတဲ့ အပြင်၊ ၂၀၁၀ ခုနှစ် အခမ်းအနား ရုပ်သံမှတ်တမ်းကိုလည်း အပိုင်းတွေ ခွဲပြီး တင်ဆက်ထားတာကိုလည်း တွေ့နိုင်ပါတယ်။ ပြည်သူ့ဂုဏ်ရည် မိတ်ဆွေတွေအဖြစ် ၀ိုင်းဝန်း လက်တွဲ ကူညီကြဖို့၊ လုပ်အားပေးတွေ၊ စေတနာရှင်တွေ၊ မိတ်ဆွေတွေ၊ အကြံဥာဏ်တွေ ကြို ဆိုလျက် ရှိကြောင်း၊ မြို့နယ်တွေအလိုက် ၀ိုင်းဝန်းကြဖို့ မျှော်လင့်နေကြောင်း သူတို့က ပြောကြားလိုက်ပါတယ်။


25th Aug 2010 - MoeMaKa Daily