Page 1

ကမ္ဘာ့ဖလား အဖျားတက်ပွဲနှင့် ကျနော် 9:28 AM 11/June/2010 Singapore 117576 လေးနှစ် တစ်ကြိမ်ကျင်းပသော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကား မကြာမီ နာရီပိုင်းအတွင်း စတင်တော့မည်။ ဘောလုံးပိုးနဲ့ အတူ လောင်းကစားနတ်ကလည်း တကိုယ်လုံးကို ၀င်ပူးနေလိုက်တာ၊ ကိုကြီးကျော် ကြက်လောင်းချင်တာထက် မသာတောင်၊ မလျော့ဘူး။

ပြဿနာက

လောင်းစရာ

ငွေမရှိ။

ဒီလိုပွဲမျိုးမှ

မလောင်းလိုက်ရရင်

လူဖြစ်ရကျိုးမနပ်။

စားစရာမရှိ၊

လောင်းစရာတော့ရှိရမယ်လို့ ဆိုတယ် မဟုတ်လား။ ငွေတော့ တစ်နည်းနည်းနဲ့ ရအောင် ရှာရမှာပဲ။ သူဌေးတစ်ယောက်ယောက်ကို ယောက္ခမပြေးတော်လိုက်ရ

ကောင်းမလား။

အပြောလွယ်သလောက်

လက်တွေ့မဖြစ်နိုင်။

ဘယ်သူမှ

ကိုယ့်သမီးကို

ဟင်းရွက်ကန်စွန်းလို နာရီပိုင်းအတွင်း ရော့ယူ ဆိုပြီးပေးမှာ မဟုတ်။ ကျနော်လိုချင်တာလည်း သူ့သမီးမဟုတ်၊ သူ့ပိုက်ဆံ။ ခက်စွ။ သကြားမင်း ပြေးကပ်ပြီး၊ ရတနာမိုးရွာချပေးဖို့ ပူဆာရင်ကော။ မဖြစ်နိုင်။ အားမကိုးလောက်။ သူတာဝန်ယူ စောင့်ရှောက်ပါမယ်လို့ မြတ်ဗုဒ္ဓထံ အာမဘန္တေခံထားသော သကြားသာသနာ၊ တကယ်တမ်း ပြဿနာ ဖြစ်လာတော့ သူနဲ့မဆိုင်သလို လုပ်နေခဲ့တာ အားလုံးအသိ။ ဒါပေသိ သကြားမင်းကို စိတ်နဲ့တောင် မပြစ်မှားနဲ့။ သောတာပန်တည် ပုဂ္ဂိုလ် မဟုတ်လား။ နောက်တစ်နည်း။ ရေသည်ယောကျာ်းထုံးပမာပြုပြီး

East coast

,

West coast

လျောက်ပြေးနေရင်ကော။

စင်္ကာပူအစိုးရကတော့

တိုင်းပြည်တစ်ဝက်ခွဲပေးဖို့မပြောနဲ့၊ စိတ္တဇဆေးရုံနဲ့ ကြိမ်ဒဏ် ကြိုက်တာရွေးလို့ မပြောရင် ကံကောင်း။ အင်း… မြန်မာပြည် လက်ညှိုးထိုးရောင်းရင်ကော။

မလွယ်ရေးချ

မလွယ်။

ကျနော့်

အဖေက

ဇာဘုရင်မှ

မဟုတ်တာ။

(ဇာဘုရင်သည်

သူ့လောင်းကစားကြွေးတွေ ပေးဖို့ Alaska ပြည်နယ်ကို ဒေါ်လာ 7.2 သန်းနဲ့ အမေရိကန်ပြည်ထောင်စုကို ရောင်းချခဲ့ဟု ယုံတမ်းစကားတွေက ပြောဆို)။ ကိုယ်တော်ကြီး၊ ကိုယ်တော်လေးတွေကို နယားပါးယားလုပ်ရင်ကော။ သူတို့ မောင်နှမ (37) ယောက်နဲ့ ကျနော်က တစောင်းစေးနဲ့ မျက်ချေး။ အခု ငွေလိုမှ ချက်ချင်းသွား ပလူးရင် ဘယ်သူက သဒ္ဓါမလဲ။ ကိုတင့်တယ်ကို မျက်စောင်းထိုးချင်သော်လည်း၊ သူနဲ့ ကျနော်ကြား ကမ္ဘာမကြေ ရန်ကြွေးက ရှိသေး။ အမှန်က မားမားလုပ်တာ၊ ကျနော်က ဓားစာခံ။ ရှိပါစေတော့။ ဒါနဲ့ ဘိုးဘိုးအောင်ကို အပူကပ်ရင်ကော။ လုံးဝဥဿုံ မဖြစ်နိုင်။ သူက ၀လုံးတွေသာ ပွားအောင်လုပ်နိုင်တာ၊ သူ့ဝလုံးတွေကို စင်္ကာပူလောင်းကြေးဒိုင်တွေက လက်ခံမှာ မဟုတ်။ ဒီကြားထဲ ဒိုင်တွေကလည်း လောင်းကြေးခိုးသေး။ William Hill လှမ်းလောင်းမယ်ဆိုတော့လည်း ဒီစင်္ကာပူဘဏ်တွေက transaction ပေးမလုပ်။ ရှစ်စပ်က ဂျင်ဂျင်လည်တွေ။ Bio device တွေ research လုပ်မယ်ဆိုပြီး လျှောက်လွှာတင်လည်း၊ ကျနော်လို ပါမွှားကို ဘယ်အစိုးရမှ ယုံယုံကြည်ကြည် ပိုက်ဆံထုတ်ပေးမှာ မဟုတ်။ ကြံစမ်း၊ ကြံစမ်း။ ရပြီ။ လူကြံခံနိုင်ရိုးလား။ မကြာခင်က order မှာထားသော ၀တ်ရုံမည်းကြီးကို သွားပေါင်လိုက်တော့မယ်။ သူ့တစ်ခါ

ဝတ်ရဖို့ကြိုးစားရတာလည်း

လေးနှစ်၊

ကမ္ဘာ့ဖလားကလည်း

လေးနှစ်မှတစ်ခါ။

ပေါင်ရကျိုးနပ်တယ်။

ဒီစင်ပေါ်မတက်ရလည်း အရေးလား။ လောင်းစရာ ငွေကတော့ ရပါပြီ။ နိုင်အောင် ဘယ်လိုလုပ်ရပါ့။ ဘုန်းကြီးကျောင်း ပြေးရကောင်းမလား။ ပရိတ်ကြိုးလေး၊ ဘာလေး လက်မှာ ပတ်ရအောင်ပေါ့။ ဒါပေသိ ကျနော်ကလည်း ဘုန်းကြီးကျောင်းကို တစ်နှစ်နေလို့မှ တစ်ခါမရောက်ဆိုတော့ ဘုန်းကြီးက ပရိတ်ကြိုးပေးချင်ပါ့မလား။ ရည်ရွယ်ချက်ကလည်း ကောင်းတာကိုး။ Bugis သွားပြီး၊ ကွမ်ရင်ကျောင်းမှာ စာသွားချရင်ကော။ (6) နှစ်ခွဲအတွင်းရောက်တာ

သုံးခေါက်မပြည့်တတ်သေး။

မျက်နှာပူစရာကြီး။

ဒါဆို

ကျောင်းဘေးနားက

အန်းကုံးကြီး

ချက်သွားနှိုက်ရင်ကော။ မကောင်းပါဘူး။ ဘယ်သူက ကိုယ့်ချက်လာနှိုက်တာ ခံချင်မလဲ။ သီတဂူဆရာတော်ဆီသွားရင်ကော။ မနေ့ညက Harbour Front မှာ တရားပွဲပေးတယ်၊ မရောက်ဖြစ်။ မနက်ဖြန် စနေနေ့ Informatic, Jurong East မှာ နောက်တစ်ပွဲ ရှိတယ်။ သွားပြီး ဘောပွဲနိုင်ကြောင်း ဂါထာလေးများရှိရင် စွန့်ကြဲပါဘုရားလို့ သွားလျောက်လို့ကတော့ ဘာပြောကောင်းမလဲ။ ထားဝယ်ကြိမ်ကျောပေါ်မရောက်ရင် ပြောချင်တာပြောကြ။ နောက်တစ်ခုရှိသေးတယ်။ ဘုန်းကြီးနဲ့ ဘီးမအပ်စပ် သလို၊ ကျနော်နဲ့ တရားပွဲလည်း အခုအချိန်ထိ အနေမနီးနိုင်သေးပါဘူး။ အကောင်းဆုံးကတော့ နံကြားထောက် လောင်းတာပဲ အေးတယ်။

World cup fever and I  

World cup 2010

Read more
Read more
Similar to
Popular now
Just for you