ThetKhineofMinDin

Page 77

rif; 'if&JUoufcdkif (twJG - 2)

77

အဲဒီ ရဲတွေက ဒေသအစုံက ပြောင်းလာတော့ သူတို့ကလေးတွေကို လှိုင်မှာ ကျောင်းပြန်အပ်ကြရတယ်။ လှိုင် ကျောင်းဆရာ လောကမှာ ကျနော်က ခပ်ရှုပ်ရှုပ်စာရင်းထဲပါနေတော့ ကျောင်းအပ်တာ၊ မေးခွန်းလိုချင်တာတွေ၊ စာမေးပွဲအောင်ချင်တာတွေ အထိုက်အလျောက် ကူညီနိုင်တယ်။ နောက်တခုက လူဆိုးတွေန့ကျဲနော်န့ကဲ ငယ်မွေး ခြံပေါက်တွေ ဖြစ်ေ တာလည်း ပါပါရဲ့။

ဇာတ်လမ်းဆက်ရရင် အဲဒီကျောင်းထိုင်ဆရာတော်က ကျနော်ကို သူ့ကျောင်းလာပါဦးလို့ ဦးအောင်နိုင်က တဆင့် ခေါ် ခိုင်းတယ်။ ခေတ်ပြောင်းနေတော့ ဦးအောင်နိုင်လို ကောင်စီပြုတ်က ဘာအာဏာမှ မရှိတော့ဘူးလေ။ ကျနော်က ဦးအောင်နိုင်ကိုတော့ခင်ပါတယ်။ သူလည်း ဟော့ဟော့ရမ်းရမ်း မဟုတ်ဘူး။ အသက်ငါးဆယ်ကျော်လောက်ရှိတ့၊ဲ ရွှေဘိုသားပါ။ ပြောစရာ ဆိုလို့ မဆလလုပ်တာမှန်သမျှ အားလုံးကောင်းတယ် လိုက်အော်တာ တခုပဲ။

ဒါနဲ့ ကျနော် ကျောင်းထိုင်ဆရာတော်ဆီ ရောက်သွားရောဆိုပါတော့။ ကျနော်တို့လူမျိုးက ဘုန်းကြီးခေါ်ရင် ငြင်းတဲ့ လူမျိုး မဟုတ်ဘူးလေ။ ကျောင်းရောက်တော့ ဘုန်းတော်ကြီးက “ဒကာကြီး ... ရပ်ကွက်မနာအောင် ကူညီပါ” တဲ့ ...။ ကျနော်လည်း ခပ်တုံးတုံးကောင်မှ မဟုတ်တာ။ ဘုန်းကြီးစကားမဆုံးခင် သေနတ်တွေ ပြေးမြင်တော့တာပဲ။ ဘာပြဿနာမှ နောက်ဆက်တွဲ မဖြစ်အောင် သူတာဝန်ယူပါတယ် တဲ့။ စစ်တပ်က တပ်ရင်းမှူးကိုယ်တိုင်ကလည်း စံရိပ်ငြိမ်မှာ တက်ပစ်တ့သဲူတွေကို ဘာမှ အရေးမယူပါဘူးလို့ ကတိပြုပါသတဲ့ဗျာ။

ဒါနဲ့ ကျနော်လည်း “အရှင်ဘုရား သေနတ်တွေက တပည့်တော် သိမ်းထားတာ မဟုတ်ဘူးလေ။ တက်ပစ်တုန်းက တပည့်တော်က မြို့ထဲမှာရောက်နေတာ” ပေါ့။ ငါးဖယ်တိုးလေးနဲ့ ရှောင်ကြည့်တာပေါ့ဗျာ၊ မရဘူးဗျ။ ဒကာကြီးရာ ..။ ဒီလူတွေ ဒကာကြီးပြောရင် နားထောင်မ့သဲူတွေဆိုတာ ဘုန်းကြီးသိပါတယ်တ့။ဲ သေနတ်တွေ ပြန်အပ်ဖို့ နားချပေးပါ တဲ့။ ဇွတ်တွန်းနေပြန်ရောဗျာ။ နောက်ဆုံးတော့ ကျနော်လည်း ဒီသေနတ်တွေ ဆက်ရှိနေရင်၊ သေချာအသုံးမပြုတတ်ရင် ကောင်းကျိုးထက် ဆိုးကျိုး သာ များမယ်လို့ တွေးမိတာနဲ့ ကဲ ... အရှင်ဘုရား နောက်ဆက်တွဲ ပြဿနာအတွက် တာဝန်ယူတယ် ဆိုတာသာ သေချာပါစေ။ တပည့်တော် ဘယ်လိုလုပ်ပေးရမယ် ဆိုတာသာ အမိန့်ရှိပါလည်းဆိုရော ဒကာကြီး ကောင်းသလို သင့်တော်သလို လုပ်ပါ။ သေနတ်တွေ ပြန်ရရင်ပြီးပါတယ် တဲ့။ ကြည့် ... ဒီခေါင်းပေါ် တည့်တည့်ပြန်ကျတာပါပဲဗျာ။

ဒါနဲ့ မထူးပါဘူးလေ ဆိုပြီး ... အရှင်ဘုရား နှစ်ရက်သုံးရက်စောင့်ပါ။ ဘယ်နေရာမှာ ဘယ်အချိန် လာယူရမယ် ဆိုတာ တပည့်တော် လာထပ်လျှောက်ပါ့မယ် ဆိုပြိး ကိုလှရွှေတို့ကို နားချရတော့တာပေါ့။ မငြင်းကြပါဘူးဗျာ။ ဆရာ တာဝန် ယူရင်ပြီးရောတဲ့။ လာပြန်တာပဲ ခေါင်းပေါ်ကို။ ကဲ ဒါဆို ခင်ဗျားတို့သေနတ်တွေသိမ်းထားတဲ့ရဲဘော်တွေကို အချင်းချင်း သံချောင်းသာ ခေါက်လိုက်ပေတော့။ ညဆယ့်နှစ်နာရီမှာ ဘယ်ကင်းတဲကို ဘယ်သေနတ်လာပို့မယ် ဆိုတာသာ ပြောပေတော့လို့ ဇယားဆွဲလိုက်ရတော့တာပေါ့။ နောက်တနေ့ည ကိုလှရွှေနြဲ့ ပန်ဆုံတော့ ဆယ့်နှစ်လမ်းထိပ်က မူဆလင်ဗလီရှေ့တည့်တည့်မှာဗျ။ သူက နေဝင်းစတင်း ကို ပုဆိုးဟောင်းတထည်န့ထဲုပ်ထားတယ်။ ဘာမှတောင်မပြောရသေးဘူး၊ ရော့ ... ဆရာ၊ ဆရာ့ဖာသာ ကြည့်ရှင်း ပေတော့တ့။ဲ ကောင်းရော။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.