ThetKhineofMinDin

Page 62

rif; 'if&JUoufcdkif (twJG - 2)

62

ကျနော် ဆုံးဖြတ်ချက်တခုကို အခိုင်အမာ ချရပါတယ်။ အလောင်းကို မြေမြှုပ်ဖို့အချိန်တန်နေပါပြီ။ ဟုတ်တယ်လေ။ ညခုနှစ်နာရီထိုးတော့မယ်ဗျ။ သဖော့တောသုဿန်ဟာ စောစောက တိုက်ပွဲဖြစ်ခ့တဲ့ဲ လှည်းတန်းဘက်ကို ပြန်သွားရ မှာပါ။ အသုဘပို့လိုက်မယ့် လူထုကြီးကလည်း ထောင်ချီရှိနေပါတယ်။ ဒီတော့ ဒီလူထုကြီးနဲ့သွားလို့ မတော်တဆ စစ်တပ်နဲ့ ထပ်တိုးနေရင် မဖြစ်သင့်တာတွေထပ်ဖြစ်ကုန်ပါလိမ့်မယ်။ ဒါကြောင့် ပြေးနိုင်လွှားနိုင်တ့လဲူတချို့နဲ့ ကရင်ကြီး မိန်းမလောက်သာ လိုက်ပို့ဖို့ နားချရပါတယ်။ နောက်တခုက သေနတ်တွေအတွက် ကျည်ဆံလက်ကျန်ဟာ နည်းနေ ပါပြီ။ အုန်းမြင့်နဲ့ ကိုလှရွှေတို့ကတော့ သွေးဆူနေတုန်းပါ။ ကရင်ကြီးအလောင်းမြေကျပြီးတာနဲ့ ကမာရွတ်ဘူတာရုံမှာ ရှိတဲ့ ဂုံးကျော်တံတားပေါ်ကနေ နေဝင်းစတင်းကိုထောက်ပြီး ဘူတာရုံလမ်းတလျှောက် ဝင်လာမဲ့ စစ်တပ်ကို ထပ်ပြီး ရင်ဆိုင်ဖို့ အားသန်နေကြပြန်ပါတယ်။ တကယ်တော့ ဘူတာရုံလမ်းဟာလမ်းကျဉ်းတခုပါ။ ဒီလမ်းကျဉ်းထဲမှာ စစ်တပ်နဲ့ သူတင်ကိုယ်တင် ပစ်ခတ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။ ဆိုလိုတာက ရပ်ကွက်ထဲက အိမ်တွေထဲကို ကျည်ဆံ တွေ ဝင်ကုန်မှာ သေချာတာပေါ့။ ကျနော် ကိုလှရွှေကို နားချ၊ အုန်းမြင့်ကို ဖိဟောက်ပြီးတားရပါတော့တယ်။ အမှန်ကို ဝန်ခံရရင် ကျနော့်အသိဉာဏ်ကသာ တားနေတာ။ ကျနော်ကိုယ်တိုင် စစ်တပ်ကို ဘယ်နေရာကနေ ပစ်ရင် ဂွင်ကျမလဲ တွေးနေတာ ဗျ။

အတိုချုပ်ရရင်တော့ဗျာ၊ ညခုနှစ်နာရီကျော်မှာ လက်ရွေးစင် လူငါးဆယ်လောက်န့အဲ တူ ကရင်ကြီးရဲ့အလောင်းကို သဖော့တောသုဿန်ကို သယ်ခြဲ့ ကရော ဆိုပါတော့။ အလောင်းဘေးမှာ ကရင်ကြီး မိန်းမလေးကလည်း တရှုံ့ရှုံ့န့ငဲိုပြီး လိုက်လာတာပေါ့ဗျာ။ တခုထူးခြားတာကဗျာ၊ အသုဘပို့လိုက်လာကြတဲ့လူတွေဟာ တိုင်းပြည်အတွက် အသက်စနွ့် သွားရှာတဲ့ သူရဲကောင်းတယောက်ရဲ့နောက်ဆုံးခရီးကို ဂုဏ်ပြုလိုက်ပါ ပို့ဆောင်နေကြတဲ့ပုံစံဗျ။ ဟုတ်တယ်။ ကျနော့် စိတ်ထဲမှာလည်း ဒီအတိုင်းပဲဗျာ။ ဘဝဆိုတာ တိုက်ပွဲမကင်းဘူး။ တိုက်ပွဲမှာ သူရဲကောင်းပီသစွာ ကျဆုံးရတာမျိုးကို ကျနော် နှစ်သက် တယ်။ ကျနော်တင်မကပါဘူးဗျာ။ ကျနော်အမေပါ ပါလိုက်သေးလို့ဆိုရမယ်ဗျာ။

ကရင်ကြီး အသုဘကို သဖော့တောပို့ခါနီးလေးမှာ ကျနော် အမေ့ဆီ ခဏဝင်လိုက်တယ်ဗျ။ အမေ ကျနော့်ကို စိတ်ပူ နေမှာစိုးလို့ပေါ့ဗျာ။ ကျနော်က အမေ စစ်သားတွေန့ရဲ င်ဆိုင်တိုက်တာ ဒီဖက်က ကျသွားတဲ့ ရဲဘော်အလောင်းကို ကျနော် သွားမြှုပ်ပေးမလို့ဆိုတော့ အမေက သူသိပြီးပြီဆိုပဲ။ နောက် စကားဆက်သေးတယ်။ အမေစိတ်မကောင်းဘူး။ သတ္တိကောင်းချက်ကတော့ သူသေကိုယ်သေကို တိုက်ရဲတ့လဲူတွေ၊ အံ့ချက်တ့။ဲ

တကယ်တော့ အမေဟာ စစ်ကို ဆန်းတယ်မှတ်တ့ထဲ မပါဘူးဗျ။ အမေ ခဏခဏ ပြောဖူးတာတွေ ရှိတယ်။ လွတ်လပ် ရေး အကြို ကာလတွေတုန်းက ကျနော်တို့ရွာဘက်ကို မဟာမိတ်လေထီးတပ်တွေ ဆင်းဖူးတယ် တဲ့။ ဂျပန်တပ်တွေနဲ့ ဗမာ့တော်လှန်ရေးတပ်တွေ ရွာနားမှာ တိုက်ပွဲဖြစ်ဖူးတယ်တ့။ဲ နောက် ကျနော်တို့ဒေသတဝိုက်မှာ ... မထူးထ,ဖူးသတဲ့။ မထူးထ,တယ်ဆိုတာ အဲဒီ ဒေသတဝိုက်မှာ ဆင်းရဲကြပ်တည်းလွန်းလို့၊ စစ်ဘေးစစ်ဒဏ်ပြင်းထန်လွန်းလို့ ကိုယ်ပိုင် တပ်တွေထောင်ပြီး မထူးတော့ပါဘူးဆိုပြီး လုကြယက်ကြ၊ တိုက်ကြခိုက်ကြတာတဲ့။ နတ်မောက်ဘက်က ဂျပန် တော်လှန်ရေးဟာ မထူးတပ်တွေ တိုက်တာလည်း ပါတယ် တဲ့။

သဖော့တော ရောက်တော့ သုဿန်လူကြီး ဦးကျော်ခင်ကို အကူအညီတောင်းတယ်။ ဦးကျော်ခင်လို လူကတောင် လှိုက်လှိုက်လှဲလှဲ ကူညီသဗျာ။ ပိုက်ဆံတွေ ဘာတွေ လုပ်မနေပါနဲ့ဆရာတဲ့။ ဆရာကြိုက်တ့ေဲ နရာပြောပါတဲ့။ သူက ကျနော့်ကို သုဿန်ထဲခေါ်သွားပြီး တွင်းသစ်တွင်းဟောင်းလိုက်ခွဲပြနေသေးတယ်။ အေးလေ၊ ကရင်ကြီး အလောင်းက သရဏဂုံတင်တဲ့ ဇရပ်ပေါ်က ခုံတခုပေါ်မှာ ရှိနေတယ်။ နေဦးဗျာ၊ မေ့နေလို့။ အသုဘ ချလာရင်း မီးရထားလမ်း

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.