ThetKhineofMinDin

Page 186

rif; 'if&JUoufcdkif (twJG - 2)

186

နေရာကလား။ အမှန်တော့ ထွန်းထွန်း ကျနော့်ကို အဲဒီဆေးလိပ် အလကားတိုက်တယ်ဆိုတာ ဘားလားနဲ့ ညှိပြီး ကျနော့်ကို လိုင်းစသွင်းတာပါပဲ။ ကျနော်ဆိုတ့ေဲ ကာင်ကလဲ ယောက်ျားဆိုတာ စုံလေကောင်းလေပဲလို့ခံယူထားသူဖြစ်လေတော့၊ ဘာမပြော ညာမပြော နဲ့ ကောက်ဖွာလိုက်ရောပေါ့။ တလိပ်ကုန်သွား၊ နောက်တလိပ်ထပ်ပေးနဲ့ သုံးလိပ်လောက်ကုန်သွားပါလေရောဗျာ။ အရက်နဲ့ အပင်လိမ်နေလို့လားတော့ မသိဘူး ဗျ။ သောက်တုန်းက ဘာမှမဖြစ်ပေမဲ့ နောက်တနေ့မနက်လည်း မိုးလင်းရော

ထူးထူးဆန်းဆန်း

ကျနော်ဟာ

နှစ်ကိုယ်ကွဲနေသဗျ။

သိပ်သေချာတယ်ဗျာ၊

မနက်မိုးလင်းတာနဲ့

ကျနော်ဟာ နှစ်ကိုယ်ကွဲပြီး ကျနော့်ကိုယ်ကျနော် ကျနော့်စိတ်ထဲမှာ ပြန်မြင်နေရသလိုဖြစ်နေခဲ့ပါတယ်။

ဆန်းတော့အဆန်းသား၊ ကျနော် ခါတိုင်းနေ့တွေလို လုပ်မြဲအလုပ်တွေ လုပ်နေပေမယ့် ရှေ့ကကျနော် လုပ်နေတာကို နောက်ကကျနော်က အသေးစိတ်လိုက်ကြည့်နေသလိုဖြစ်နေတယ်။ ဟေ့ကောင်၊ သတိနဲ့နေ၊ မင်းတခုခုဖြစ်နေတာ ဘေးက ရိပ်မိသွားလိမ့်မယ်။ မင်းလမ်းလျှောက်တာ ပုံမှန်သိပ်မဖြစ်ဘူး၊ ပြင်လျှောက်လိုက်။ ပတ်ဝန်းကျင်ကို သိပ်ဂရု မထားနဲ့ကွ။ ရိပ်မိကုန်လိမ့်မယ် ... တဲ့။ တနေကုန် အဲသလိုဖြစ်နေတော့တာပဲဗျာ။ နောက်နေ့ကျတော့ ပုံမှန် ပြန်ဖြစ် သွားတယ်။ ထပ်သောက်ချင်စိတ် ပြင်းပြင်းပြပြလည်း မပေါ်မိပါဘူး။ ဘိန်းဖြူတော့ ကျနော်မစွဲလိုက်ဖူးပေါ့ဗျာ။ ထား လိုက်ပါတော့ဗျာ၊ အတုယူဖို့မကောင်းတဲ့ အတတ်ကောင်းတွေပါလေ။

အခုလားရှိုးမှာခပ်ပုံဆိုတာလာတွေ့နေတော့ရှူဖူးတယ်ရှိအောင်ရှူကြည့်လိုက်အုံးမှဆိုပြီး မြို့ခံနီးစပ်တ့အဲ ဆက်အသွယ် ကနေ တဆင့် ခပ်ပုံဝယ်ခိုင်းလိုက်ရောဆိုပါတော့။ လားရှိုးက မူးယစ်ဆေးဝါးတော်တော်ပေါပုံရတယ်ဗျ။ မူးယစ်ဆေးဝါး အရောင်းအဝယ်ကိစ္စနဲ့ ရပ်ကွက်(၄)တို့ ရပ်ကွက်(၅)တို့မှာ သတ်တြဲ့ ဖတ်တ့သဲ တင်းတွေလည်း ခဏခဏ ကြားကြား နေရတယ်။ ဒီတော့ခပ်ပုံကို ကိုယ်တိုင်တော့ဝယ်ဖို့စိတ်မကူးဘူးဗျ။ ဟိုတယ်မှာရှိတဲ့ ဝန်ထမ်းကို အကူအညီတောင်းရ တာပေါ့ဗျာ။

ထောင့်နှစ်ရာလောက်ပေးရတဲ့၊

အညာနှမ်းပျစ်နှစ်ခုစာလောက်ရှိတဲ့

ခပ်ပြားပြားအဝိုင်းလေးတဝိုင်းဆို

နှစ်ရက်စာလောက် ရှူလို့ရတယ်ဗျာ။ သေချာမေးကြည့်တော့ ငှက်ပျောရွက်ကို ပါးပါးလေးဖြစ်အောင် လှီးထားပြီး ဘိန်းသုတ်အခြောက်ခံထားတာ လို့ဆိုသဗျ။ အဲဒီ ခပ်ပုအံ ပြားကနေ လက်မလောက်မရှိမရှိ အစလေးဖဲ့ပြီး ပြောင်း အဝလေးမှာတင်၊ နောက်တော့ မီးခြစ်နဲ့တေ့ပြီးညှိရင်း ရှူရတာပါ။ မြို့ခံလူတယောက်ကိုပဲ ရှူနည်းသင်ခိုင်းပြီး ဘိန်းရှူလိုက်တာ အမယ် ... တယ်လည်း ဇိမ်ကျသကိုး။ ထူးခြားချက်က ဘိန်းရှူပြီးရင် သိသိသာသာဗိုက်ဆာလာတယ်ဗျ။ ဘိန်းရှူပြီး ထမင်းစားရတာ ကျနော့်စိတ်ထဲပိုဝင်သလိုထင်မိတာပါပဲ။ မိုးရွာရင်လည်း မိုးရွာလို့ဆိုပြီးဘိန်းပြောင်းလေးနဲ့မှေးလိုက်၊ အေးလွန်းတော့လည်း အေးလွန်းတယ်ဆိုပြီး ဘိန်းပြောင်း လေး ထုတ်လိုက်၊ ပူလွန်းတော့လည်း ပူလွန်းတယ်ဆိုပြီး ခပ်ပုံဝယ်ခိုင်းလိုက်နဲ့ ပျက်စီးခြင်းငါးပါး ဆိုက်နေတော့​တာ ပေါ့ဗျာ။ ကျနော်ဘယ်လောက်တောင် ဘိန်းရှူခဲ့သလဲဆိုရင် ကျနော့်အခန်းထဲက မျက်နှာကြက်မှာရှိတဲ့ အိမ်မြှောင်တွေ တောင် ဘိန်းစွဲသွားတဲ့အထိဗျာ။ တကယ်ဗျ။ ညဘက်ခုနစ်နာရီဝန်းကျင် ကျနော်ဘိန်းရှူတာ နောက်ကျရင် အိမ်မြှောင် တွေက တကျွတ်ကျွတ်နဲ့ မနားတမ်း စုတ်ထိုးတော့တာပဲဗျ။ လူအရက်သမားတွေ နေညိုရင်လေပြိုတယ် ဆိုတာနဲ့ တူပါ့ဗျာ။ ဘိန်းငွေ့မရမချင်း စုတ်ထိုးသံမရပ်တော့ဘူး။ ကျနော်လေးငါးဖွာလောက် ရှိုက်လိုက်တော့မှ မောင်မင်းကြီး သားတွေ အသံတိတ်တော့သဗျ။ မယုံချင်လည်း နေပေတော့၊ တကယ့်ကို ကိုယ်တွေ့ဗျား။ အောင်မင်းကလည်း အားကျမခံ၊ သူလည်း ရှူကြည့်အုံးမယ်ဆိုပြီး တခါတခါတော့ ဝင်လုပ်လေရဲ့။ ကိုမြင့်ဌေးကတော့ မလုပ်ဘူးဗျ။ ကျနော်ကတော့ ဘယ်သူ့ကိုမှ လုပ်ဖို့ အဖော်မစပ်ဘူး။ ဒါလည်း ကျနော့်မူပဲ။ ကျနော်က အရက်သောက် တာက အစ၊ တခြားမူးယစ်ဆေးဝါးသုံးတာ၊ ရှူတာအဆုံး ဘယ်တော့မှအဖော်မစပ်ဘူး။ နောက်တချက်၊ ကျနော့် အကျင့်တခုက ကျနော့်တပည့်တွေ၊ ကျနော့်ညီအကိုတွေနဲ့ ကျနော်ဘယ်တော့မှ အရက်အတူတူ မသောက်ဘူးဗျာ။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.