ThetKhineofMinDin

Page 18

rif; 'if&JUoufcdkif (twJG - 2)

18

tcef; (39) - rkefwdkif;ESifh vufwurf;tvdk

၁၉၈၈ ခုနှစ်ဟာ တော်တော် ရှုပ်ရှုပ်ထွေးထွေး နှစ် ပါပဲ ဗျာ။ အစိုးရရဲ့ ထူးထူးဆန်းဆန်းလုပ်ရပ်ကတော့ လက်ရှိသုံးနေတဲ့ ငွေစက္ကူတွေ တရားမဝင်တော့ဘူးလို့ ကြေညာလိုက်တာ ပါပဲဗျာ။ ခုနှစ်ဆယ်ငါးကျပ်တန်တို့၊ သုံးဆယ့်ငါးကျပ်တန်တို့၊ ငါးဆယ်တန်တို့ပေါ့။ ပထမတကြိမ်က ပြန်လဲ ပေးတယ်ဗျ။ ဒုတိယအကြိမ်မှာ လဲမပေးတော့ဘူး။ အေးဗျ၊ ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ ကျနော်လို လူလည်တောင် နားမလည်နိုင် တော့ဘူး။ အော် ... လက်စသတ်တော့ ငါ့လက်ထဲက ပိုက်ဆံတွေဟာ အစိုးရ တရားမဝင်ဘူး ကြေညာလိုက်ရင် ပါနီ ဖြစ်သွားတာ ပါလား လို့ ဗဟုသုတ ရလိုက်တော့တာပဲ၊ မသိဘူးလေဗျာ။ ကျနော်တို့ ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ငွေစက္ကူတွေမှာ စံလင်းတို့၊ မောင်ကောင်းတို့ လက်မတှ်တွေနဲ့ ပိုက်ဆံတွေက မည်သည့် ငွေစက္ကူထုတ်လုပ်ရာဌာနတိုင်း၌မဆို ငွေဒင်္ဂါး (---) နှင့် လဲလှယ်ခွင့်ရှိကြောင်း အာမခံသည် လို့ ရေးထားတာကိုး။ ဘယ်ချိန်က ဘယ်လို အာမ မခံတော့တာလည်း ကျနော်လည်း မသိလိုက်ပါဘူးဗျာ။ နောင် သိရတာတော့ ဟိုတုန်းက မြန်မာငွေတွေ အားလုံးက ကမ္ဘာ့ဘဏ်မှာ ရွှေချောင်းတွေနဲ့ အာမခံ တင်ထားတာတဲ့။ နောက်တော့ ဦးနေဝင်းက ရွှေချောင်းတွေ ပြန်ထုတ်ပြီး တိုင်းပြည်ကို တံခါးပိတ်စံနစ် ကျင့်သုံးလိုက်တာတဲ့။ ထုတ်နေတဲ့ ငွေစက္ကူတွေက ဘာမှ အာမခံချက် မရှိတော့ဘူးတဲ့ ။ စက္ကူသာသာ ငွေစက္ကူတွေနဲ့ တိုင်းပြည်ကြီးဗျ။ သိပ်တော့မနိပ်လှဘူး။

ကျနော်လည်း ကြံကြံဖန်ဖန် စဉ်းစားမိသေးတယ်။ သူတောင်းစားတွေ လက်ထဲက ပိုက်ဆံတော့ဒုက္ခပဲ လို့။ စဉ်းစား ကြည့်လေဗျာ။ စားစရာမရှိလို့ သနားတတ်တ့သဲူတွေဆီက တောင်းထားတဲ့ ရှိစုမ့စဲု ပိုက်ဆံလေးက တရားမဝင်တော့ ဘူးလေ။ တနေ့လုပ် တနေ့စားတဲ့ လူတွေလည်း ရှိတ့ေဲ ငွလေး သုံးမရတော့ ခွက်ပျောက်တာပဲ။ နေအုံးဗျ၊ အဲဒီ တရားမဝင်တော့ပါဘူး ဆိုတ့ေဲ ငွစက္ကူတွေက အရောင်းအဝယ်ဖြစ်နေသေးတယ်ဗျ။ ဥပမာ ဗျာ၊ တရားမဝင်တ့ေဲ ငွ တသိန်းကို တရားဝင်သုံးလို့ရတဲ့ ငွေနှစ်သောင်းနဲ့ဝယ်တာမျိုးပေါ့။ တချို့ကလည်း ပြန်လဲနိုင်တဲ့ ခွင် ရှိတယ် ထင်ပါ့ဗျာ။ တချို့ကတော့ ပြန်လဲပေးခဲ့ရင် ထောကြောဆိုပြီး မျှော်လင့်ချက်န့၊ဲ ငွေ ငွေချင်းတင် မကဘူးဗျို့၊ အိမ်တွေ၊ ခြံတွေ၊ ကားတွေပါ တရားမဝင်ငွေနဲ့ အရောင်းအဝယ် ဖြစ်နေကြသေးဗျာ။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.