ThetKhineofMinDin

Page 154

rif; 'if&JUoufcdkif (twJG - 2)

154

ကျနော်က ကြီးကြီးကျယ်ကျယ်န့လဲူခန့်ညားတဲ့အလုပ်မျိုးကိုမျှော်မှန်းနေခဲ့တာ။ အေးလွင်ကတော့ ငယ်ငယ်ကတည်း က အလောင်းအစား ဝါသနာကြီးတယ်။ သီရိလမ်းထိပ်က ကျွဲခေါင်းသီးတွေစိုက်တ့ကဲ န်ဘေးမှာ ဖဲရိုက်နေတုန်း သူ့အဖေ ဦးခင်မောင်မြ နောက်က ရောက်လာပြီး သူ့ဂုတ်ကိုဆွဲတာ ... ဖဲဝိုင်းမှာ အာရုံများနေတော့ အသာနေစမ်းပါ ကွာ ဆိုပြီး သူ့အဖေ လက်ကို ထိုင်လျက်နောက်ပြန်ပုတ်ထုတ်လိုက်လို့ သူ့အဖေက ရေကန်ထဲ ကန်ချလိုက်တာမျိုး တောင် ဖြစ်တ့အဲ ထိ။ တင်လှ ကတော့ မလုပ်မရှုပ်မပြုတ်ထကဲ ပဲ။ မှတ်မှတ်ရရ အဲဒီနေ့က ကျနော်တို့လက်ဘက်ရည်ဆိုင်ထိုင်ရင်းပြောဖြစ်တာက လောကကြီးအကြောင်းပဲဗျာ။ ထူးဆန်း တာက သူတို့သုံးယောက်စလုံးဟာ

လူ့ဘဝ၊

လူ့လောကကြီး

ဘယ်လောက်

ညစ်ညူးဘို့ကောင်းတဲ့အကြောင်း၊

ပြဿနာများတဲ့အကြောင်း၊ ဘဝကိုရှေ့ဆက်ဖို့ဆိုတာခက်ခဲတ့အဲ ကြောင်း စိတ်ပျက်လက်ပျက် ညည်းညူလိုက်ကြတာ စုံလို့ ပါပဲဗျာ။ ကျနော် သူတို့ပြောတာကို အကြာကြီး ငြိမ်ပြီး နားထောင်နေရာက ကျနော့်အလှည့်လည်း ရောက်ရော ... ငါကတော့ လူ့ဘဝကို မင်းတို့ပြောသလို မခံစားမိဘူးကွ။ လူဘဝဆိုတာ ရခဲသတဲ့။ အခုဘဝသာ လူလာဖြစ်တာ နောက် ဘယ်လောက်ကြာမှ လူ့ဘဝပြန်ရမယ် ဆိုတာလည်း မှန်းဆလို့မရဘူး။ ဒီတော့ လူဘဝရောက်ခိုက် လောကကြီးကို စိန်ခေါ်လိုက်တာ အကောင်းဆုံးပဲ။ ဖြစ်လာသမျှ ဒုက္ခမျိုးစုံကို ရင်ဆိုင်မယ်၊ ကျော်ဖြတ်မယ်၊ အောင်မြင်မှု မျိုးစုံရအောင် ကြိုးစားမယ်၊ ဘဝကို ပျော်ပျော်ကြီးရင်ဆိုင်မယ်။ ကုန်ကုန်ပြောမယ်ကွာ၊ ငါနားမလည်တ့နဲိဗ္ဗာန်ဆိုတာလည်း ငါ မရောက်ချင်ဘူး။ တကယ်လို့ ဖြစ်ခွင့်ရမယ်ဆိုရင် လူဘဝတွေချည်း အဖန်ဖန်တလဲလဲ ပြန်ရချင်တယ်။ လူ့ဘဝကို ခဏခဏကို ပြန်ရောက်ချင်တယ်။ ကြိုးစားရုန်းကန်လိုက်၊ အောင်မြင်မှုရအောင်လုပ်လိုက်၊ အဲဒီကနေ သေသွားလိုက်၊ နောက်တခါ လူပြန်ဖြစ်လိုက်၊ ထပ်ပြီး ကြိုးစားရုန်းကန်လိုက်၊ ထိပ်ဆုံးရောက်အောင် မျှော်မှန်းပြီး လုပ်စရာတွေ လုပ်လိုက်၊ နောက်ပြန်သေသွားလိုက် ... အဲဒီလို ဘဝမျိုးကိုပဲ ငါကြိုက်တယ်၊ ငါမြတ်နိုးတယ် .... လို့လည်း စွတ်ပြော ချလိုက်ရော သူတို့အားလုံးကကျနော့်ကို ပြူးကြောင်ကြောင်မျက်လုံးတွေနဲ့ အရူးတစ်ယောက်ကိုကြည့်သလို ပြန်ကြည့် ကြတာ အခုထက်ထိ ကျနော့်မျက်လုံးထဲက မထွက်သေးပါဘူးဗျာ။

အေးပေါ့ဗျာ၊ ခင်ဗျားအနေနဲ့ ကလေးဘဝကပြောခဲ့တာများရေးကြီးခွင်ကျယ်လုပ်လို့ ဆိုတာမျိုးတွေးမိပေမပေါ့။ ကျနော့် အနေနဲ့ကတော့ အခုလို ငရဲခန်းရောက်နေချိန်မှာ ဖြတ်သန်းခဲ့တ့ဘဲ ဝတွေကို ရုပ်ရှင်အနှေးပြကွက်တွေလို ပြန်ရစ်ကြည့် နေမိတာဆိုတော့ ကျနော့်ဘဝခြေလှမ်းတွေတလှမ်းချင်းပြန်မြင်နေရသလိုပါပဲဗျာ။ တလှမ်းတည်းလည်းမဟုတ်၊ တခရီး တည်းလည်းမဟုတ်ခ့ပဲါဘူး။ ပြန်ပြင်ဘို့ဆိုတာလည်းမဖြစ်နိုင်တော့ပါဘူး။ ကျနော်ဟာ အရူးအမူးကို အောင်မြင်ကြီးပွား ချင်ခ့ပဲါတယ်။ ဒါကြောင့်လည်း ဘဝမျိုးစုံကို ဖြတ်သန်းခဲ့ပါတယ်။

မူလတန်းပြဆရာလုပ်သက်သုံးနှစ်၊ အလယ်တန်းပြဆရာလုပ်သက်ငါးနှစ်၊ စုစုပေါင်း ပညာရေးလုပ်သက် ရှစ်နှစ်မှာ ကျနော် ကျောင်းဆရာအလုပ်က ထွက်လိုက်တယ်။ မှတ်မှတ်ရရပြောရရင် ၁၉၈၆ ခုနှစ်ပေါ့။ ကျနော့် မြို့နယ်ပညာ ရေးမှူးရဲ့မှတ်ချက်ကို ကျနော်သတိရမိသေးတယ်။ သက်ခိုင် ... ပညာရေးဌာနဟာ မင်းပျော်မွေ့ရမယ့် နေရာဌာန မဟုတ်ဘူး။ မင်းနဲ့ သင့်တော်မယ့်ဘဝတခုကို ရွေးချယ်ပါတော့ ... တဲ့။ တကယ်ကို မှတ်သားထိုက်တဲ့ စကားပါပဲ။ ကျနော်န့သဲ င့်တော်မယ့်ဘဝကို ကျနော် မနေမနားလိုက်လံရှာဖွေ ရွေးချယ်ခ့ရဲ ပြန်ပါတယ်။ အလုပ်ကထွက်လိုက်တော့ ချက်ချင်း အလုပ်အသစ်တစ်ခု ဘယ်ရနိုင်မလဲဗျာ။ အလုပ်မရှိဘဲ ယောက္ခမအိမ်မှာ ထိုင်နေ လို့ မဖြစ်တာကြောင့် မနက်လင်းတာနဲ့ ဇနီးသည်ကို ထမင်းချိုင့်ထည့်ခိုင်းပြီး တနေကုန်အလုပ်ရှာတယ်။ တချို့နေ့တွေ ဆို ရွှေတိဂုံဘုရားမှာ တနေကုန် သွားထိုင်နေရတဲ့ ရက်တွေလည်းရှိရဲ့။ ဘယ်ကလာ ... ဘုရားမှာအဓိဋ္ဌာန်ရမှာလည်းဗျာ။ ကျနော်န့ဥဲ ပဒေစာပေးစာယူ အတူတက်ခ့တဲ့ဲ မျိုးဝင်းညွန့် ဆိုတဲ့ မောင်က ဘုရားမှာ ဘုရားရဲ တပ်ကြပ်ကြီးလုပ်နေလို့ သူ့ဆီ သွားသွားထိုင်ပြီး အချိန်ဖြုန်း နေခဲ့တာပါဗျာ။ သူကလည်း တကောင်ကြွက် တကိုယ်တည်းသမားဆိုတော့ အံကိုက်ပဲ။

http://www.mindin.info/


Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.